[Unicode]

COVID-19 ကိုရှေ့တန်းကနေ တိုက်ဖျက်သွားမယ့် CSGO Pro ဟောင်း

 

COVID-19 ကပ်ဘေးကြောင့် ဂိမ်မာတွေ အိမ်တွင်းအောင်းပြီး မိမိနှစ်သက်ရာဂိမ်းကို ဆော့ကစားခြင်းဖြင့် အခြားလူတွေနဲ့ Social Distancing လုပ်နေရချိန်မှာ ဆေးဘက်ဆိုင်ရာနယ်ပယ်ထဲက ဂိမ်မာတွေကတော့ ဒီရောဂါကို တိုက်ဖျက်ဖို့ ရှေ့တန်းထွက်နေရပါတယ်။ ဒီထဲမှာ လက်ရှိအနားယူထားတဲ့ CSGO Pro ဟောင်း အိန္ဒိယနိုင်ငံသား ဒေါက်တာ Gokul Sagar လည်းအပါအဝင်ပါ။

Source – AFK Gaming in 2016

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာ Gokul Sagar ဟာ ၂၀၁၇ ခုနှစ်ကမှ Pro ပလေယာအဖြစ်မှ အနားယူခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ In-game Name က ‘dnm’ ဖြစ်ပြီး အိန္ဒိယရဲ့အကြီးမားဆုံးအသင်းတွေဖြစ်တဲ့ Invictus, Entity Gaming နဲ့ Virtual Impact တို့မှာဆော့ကစားခဲ့ကာ အိန္ဒိယနိုင်ငံကိုယ်စားပြု CSGO ကစားသမားအဖြစ်လည်း အကြိမ်ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာတော့ COVID-19 ထိုးနှက်မှု ပြင်းထန်စွာခံစားနေရတဲ့ UK နိုင်ငံမှာ အချိန်ပြည့်အရေးပေါ်ကုသခန်း ဆရာဝန်တစ်ဦးအဖြစ် တာဝန်ယူထားပြီး ရှေ့ဆုံးကနေ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ သူ့ကို AFK Gaming က အားလပ်ချိန်မှာ အင်တာဗျူးခဲ့ပြီး ဂိမ်မာတွေကို ဘေးကင်းစွာနေထိုင်ဖို့လည်း အကြံဉာဏ်တောင်းခံခဲ့ပါတယ်။

Gokul at the India Gaming Show 2017 (From Nodwin Gaming)

သူု့ရဲ့အလုပ်သဘောအရ နေ့စဉ်နေ့တိုင်း ဆိုးရွားစွာ နေထိုင်မကောင်းတဲ့ လူနာတွေကို ကုသပေးရပေမယ့် COVID-19 ကတော့ မျက်ကန်းတိုက်ပွဲလိုဖြစ်ပြီး လုပ်ပေးလို့ရတာ အနည်းငယ်သာရှိတယ်လို့ သူက ညည်းတွားခဲ့ပါတယ်။ ဒီဘေးကို ရှောင်လွဲနိုင်ဖို့ လူတိုင်းသီးသန့်ခွဲနေကြပြီး ထိတွေ့မှုကန့်သတ်ကြဖို့ သူက လေးလေးနက်နက်တိုက်တွန်းပါတယ်။ ဒါ့အပြင် ဂိမ်မာတွေဟာ အခုကပ်ဘေးမှာ အန္တရာယ်အကင်းဆုံးလူတန်းစားဖြစ်နိုင်တယ်လို့လည်း သူက အကောင်းမြင်လျက်ရှိပြီး အိမ်မှာပဲ ဗီဒီယိုဂိမ်းကစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လက်ရှိမှာ ရောဂါဆိုးကပ်ဘေးနဲ့တိုက်ပွဲဝင်နေရပေမယ့် Dr. Sagar ကတော့ မျှော်လင့်ချက်နဲ့ ပြည့်ဝလျက်ရှိပြီး ဒီကပ်ဘေးကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒီရောဂါဆိုးကြီးပြီးသွားရင်တော့ လန်ဒန်မြို့မှာ ဂိမ်းပြိုင်ပွဲကြီးတွေကို သွားရောက်ကြည့်ရှုလိုပြီး ကိုယ်ပိုင်စက်တစ်လုံးဆင်ကာ အားလပ်ချိန်မှာ သူငယ်ချင်းတွေနဲ့ ပြန်ဆော့ကစားဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

အန္တရာယ်ဆိုးကိုကျော်လွန်နိုင်ခဲ့ရင် သူကစားချင်တဲ့ဂိမ်းငါးမျိုးကိုမေးမြန်းခဲ့ရာမှာတော့ CSGO, Dota 2, FIFA (Sony PlayStation), Fallout 4 နဲ့ Call of Duty 4 တို့ဖြစ်တယ်လို့ ဖြေခဲ့ပါတယ်။ ဂိမ်မာတွေလည်း ဒေါက်တာ Sagar ရဲ့ အကြံပြုချက်ကို နားထောင်ပြီး အိမ်မှာပဲနေကြဖို့နဲ့ တခြားလူတွေနဲ့ ထိတွေ့မှုတွေကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒေါက်တာ Sagar နဲ့ နိုင်ငံတကာက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအားလုံး ကျန်းကျန်းမာမာနဲ့ ဒီရောဂါကို အနိုင်တိုက်နိုင်ပါစေလို့လည်း Gaming Noodle က ဆုတောင်းလိုက်ပါတယ်။

Ref – AFK Gaming

၂၀၁၇ တုန်းက Red Bull က ဒေါက်တာ Sagar အကြောင်းကို “Doctor Headshot” ဆိုပြီး ရေးထားတဲ့ Article ကို ဒီ Link မှာ ဖတ်ရှုနိုင်ပါတယ်။


[ZawGyi]

COVID-19 ကိုေရွ႕တန္းကေန တိုက္ဖ်က္သြားမယ့္ CSGO Pro ေဟာင္း

 

COVID-19 ကပ္ေဘးေၾကာင့္ ဂိမ္မာေတြ အိမ္တြင္းေအာင္းၿပီး မိမိႏွစ္သက္ရာဂိမ္းကို ေဆာ့ကစားျခင္းျဖင့္ အျခားလူေတြနဲ႔ Social Distancing လုပ္ေနရခ်ိန္မွာ ေဆးဘက္ဆိုင္ရာနယ္ပယ္ထဲက ဂိမ္မာေတြကေတာ့ ဒီေရာဂါကို တိုက္ဖ်က္ဖို႔ ေရွ႕တန္းထြက္ေနရပါတယ္။ ဒီထဲမွာ လက္ရွိအနားယူထားတဲ့ CSGO Pro ေဟာင္း အိႏၵိယႏိုင္ငံသား ေဒါက္တာ Gokul Sagar လည္းအပါအဝင္ပါ။

Source – AFK Gaming in 2016

အသက္ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ့ ေဒါက္တာ Gokul Sagar ဟာ ၂၀၁၇ ခုႏွစ္ကမွ Pro ပေလယာအျဖစ္မွ အနားယူခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ In-game Name က ‘dnm’ ျဖစ္ၿပီး အိႏၵိယရဲ႕အႀကီးမားဆုံးအသင္းေတြျဖစ္တဲ့ Invictus, Entity Gaming နဲ႔ Virtual Impact တို႔မွာေဆာ့ကစားခဲ့ကာ အိႏၵိယႏိုင္ငံကိုယ္စားျပဳ CSGO ကစားသမားအျဖစ္လည္း အႀကိမ္ႀကိမ္ ယွဥ္ၿပိဳင္ခဲ့ဖူးပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ COVID-19 ထိုးႏွက္မႈ ျပင္းထန္စြာခံစားေနရတဲ့ UK ႏိုင္ငံမွာ အခ်ိန္ျပည့္အေရးေပၚကုသခန္း ဆရာဝန္တစ္ဦးအျဖစ္ တာဝန္ယူထားၿပီး ေရွ႕ဆုံးကေန တိုက္ပြဲဝင္ေနသူျဖစ္ပါတယ္။ သူ႔ကို AFK Gaming က အားလပ္ခ်ိန္မွာ အင္တာဗ်ဴးခဲ့ၿပီး ဂိမ္မာေတြကို ေဘးကင္းစြာေနထိုင္ဖို႔လည္း အႀကံဉာဏ္ေတာင္းခံခဲ့ပါတယ္။

Gokul at the India Gaming Show 2017 (From Nodwin Gaming)

သူု႔ရဲ႕အလုပ္သေဘာအရ ေန႔စဥ္ေန႔တိုင္း ဆိုး႐ြားစြာ ေနထိုင္မေကာင္းတဲ့ လူနာေတြကို ကုသေပးရေပမယ့္ COVID-19 ကေတာ့ မ်က္ကန္းတိုက္ပြဲလိုျဖစ္ၿပီး လုပ္ေပးလို႔ရတာ အနည္းငယ္သာရွိတယ္လို႔ သူက ညည္းတြားခဲ့ပါတယ္။ ဒီေဘးကို ေရွာင္လြဲႏိုင္ဖို႔ လူတိုင္းသီးသန႔္ခြဲေနၾကၿပီး ထိေတြ႕မႈကန႔္သတ္ၾကဖို႔ သူက ေလးေလးနက္နက္တိုက္တြန္းပါတယ္။ ဒါ့အျပင္ ဂိမ္မာေတြဟာ အခုကပ္ေဘးမွာ အႏၲရာယ္အကင္းဆုံးလူတန္းစားျဖစ္ႏိုင္တယ္လို႔လည္း သူက အေကာင္းျမင္လ်က္ရွိၿပီး အိမ္မွာပဲ ဗီဒီယိုဂိမ္းကစားၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

လက္ရွိမွာ ေရာဂါဆိုးကပ္ေဘးနဲ႔တိုက္ပြဲဝင္ေနရေပမယ့္ Dr. Sagar ကေတာ့ ေမွ်ာ္လင့္ခ်က္နဲ႔ ျပည့္ဝလ်က္ရွိၿပီး ဒီကပ္ေဘးကို ေက်ာ္လႊားႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။ ဒီေရာဂါဆိုးႀကီးၿပီးသြားရင္ေတာ့ လန္ဒန္ၿမိဳ႕မွာ ဂိမ္းၿပိဳင္ပြဲႀကီးေတြကို သြားေရာက္ၾကည့္ရႈလိုၿပီး ကိုယ္ပိုင္စက္တစ္လုံးဆင္ကာ အားလပ္ခ်ိန္မွာ သူငယ္ခ်င္းေတြနဲ႔ ျပန္ေဆာ့ကစားျဖစ္လိမ့္မယ္လို႔ ဆိုပါတယ္။

အႏၲရာယ္ဆိုးကိုေက်ာ္လြန္ႏိုင္ခဲ့ရင္ သူကစားခ်င္တဲ့ဂိမ္းငါးမ်ိဳးကိုေမးျမန္းခဲ့ရာမွာေတာ့ CSGO, Dota 2, FIFA (Sony PlayStation), Fallout 4 နဲ႔ Call of Duty 4 တို႔ျဖစ္တယ္လို႔ ေျဖခဲ့ပါတယ္။ ဂိမ္မာေတြလည္း ေဒါက္တာ Sagar ရဲ႕ အႀကံျပဳခ်က္ကို နားေထာင္ၿပီး အိမ္မွာပဲေနၾကဖို႔နဲ႔ တျခားလူေတြနဲ႔ ထိေတြ႕မႈေတြကို ေရွာင္ၾကဥ္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။ ေဒါက္တာ Sagar နဲ႔ ႏိုင္ငံတကာက ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြအားလုံး က်န္းက်န္းမာမာနဲ႔ ဒီေရာဂါကို အႏိုင္တိုက္ႏိုင္ပါေစလို႔လည္း Gaming Noodle က ဆုေတာင္းလိုက္ပါတယ္။

Ref – AFK Gaming

၂၀၁၇ တုန္းက Red Bull က ေဒါက္တာ Sagar အေၾကာင္းကို “Doctor Headshot” ဆိုၿပီး ေရးထားတဲ့ Article ကို ဒီ Link မွာ ဖတ္ရႈႏိုင္ပါတယ္။