[Unicode]

အသင်းပိုင်ရှင်ကိုယ်တိုင် ပါဝင်လာတဲ့ EVOS SG ရဲ့ MPL လူစာရင်း

 

EVOS Esports ရဲ့ တည်ထောင်သူနဲ့ ဥက္ကဌဖြစ်သူ Ivan “ToxiCEO” Yeo ဟာ EVOS SG ရဲ့ ပြိုင်ပွဲဝင်အသင်းသားတစ်ဦးအနေနဲ့ ပါဝင်လာတော့မှာပါ။ MPL MY/SG Season 6 ကို ဝင်ရောက်မယ့် EVOS SG ရဲ့ အသင်းသားစာရင်းမှာ သူ့ရဲ့နာမည် ပါဝင်လာတာကို ပရိသတ်များ မြင်တွေ့ခဲ့ရပြီးနောက် အံ့အားသင့်ခဲ့ကြရပါတယ်။

ဒီအကြောင်းကို မလေးရှားနဲ့ စင်ကာပူ MPL ပြိုင်ပွဲများကို တာဝန်ယူကျင်းပနေတဲ့ MPL MY/SG ရဲ့ တရားဝင် Instagram အကောင့်ပေါ်မှာ မကြာသေးမီက ကြေညာခဲ့တာပါ။ ယင်းကြေညာချက်အရ လာမယ့် MPL MY/SG Season 6 အတွင်းမှာ EVOS SG အသင်းသားများအဖြစ် ToxiCEO, Soul, JPL, Pokemon, Potato နဲ့ AEON တို့ ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။

ToxiCEO အနေနဲ့ ဘယ် role ကနေ ပါဝင်မယ်ဆိုတာကိုတော့ ကြေညာချက်အတွင်း ရေးသားထားခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် သူဟာ အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်နေနိုင်သလို နည်းပြတစ်ဦးလည်း ဖြစ်နေနိုင်ပါသေးတယ်။

MPL MY/SG Season 6 ကို ယခုလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမှာပါ။ ယင်းပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ဖို့အတွက် Team Bosskurr, Geek Fam, Todak, Orange Louvre Esports, Resurgence နဲ့ EVOS SG တို့ဟာ တိုက်ရိုက်ဖိတ်ကြားခြင်း ခံထားရပြီး Team SMG, Bella Ciao, Forsaken နဲ့ Divinity Esports တို့ကတော့ qualifier ပွဲစဉ်များကနေ ဝင်​ရောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

အုပ်စုပွဲစဉ်များကို သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့များမှာ အပတ်စဥ် ၆ ပတ်ကြာ ကျင်းပသွားမှာဖြစ်ပြီး ရှုံးထွက်အဆင့်ပွဲစဉ်များကိုတော့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။ Esports အသင်းပိုင်ရှင်တစ်ဦးအနေနဲ့ အသင်းသားအဖြစ်ပါဝင်လာခြင်းဟာ ထူးခြားတဲ့ကိစ္စဖြစ်လို့ ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: oneesports.gg


[ZawGyi]

အသင္းပိုင္ရွင္ကိုယ္တိုင္ ပါဝင္လာတဲ့ EVOS SG ရဲ႕ MPL လူစာရင္း

 

EVOS Esports ရဲ႕ တည္ေထာင္သူနဲ႔ ဥကၠဌျဖစ္သူ Ivan “ToxiCEO” Yeo ဟာ EVOS SG ရဲ႕ ၿပိဳင္ပြဲဝင္အသင္းသားတစ္ဦးအေနနဲ႔ ပါဝင္လာေတာ့မွာပါ။ MPL MY/SG Season 6 ကို ဝင္ေရာက္မယ့္ EVOS SG ရဲ႕ အသင္းသားစာရင္းမွာ သူ႔ရဲ႕နာမည္ ပါဝင္လာတာကို ပရိသတ္မ်ား ျမင္ေတြ႕ခဲ့ရၿပီးေနာက္ အံ့အားသင့္ခဲ့ၾကရပါတယ္။

ဒီအေၾကာင္းကို မေလးရွားနဲ႔ စင္ကာပူ MPL ၿပိဳင္ပြဲမ်ားကို တာဝန္ယူက်င္းပေနတဲ့ MPL MY/SG ရဲ႕ တရားဝင္ Instagram အေကာင့္ေပၚမွာ မၾကာေသးမီက ေၾကညာခဲ့တာပါ။ ယင္းေၾကညာခ်က္အရ လာမယ့္ MPL MY/SG Season 6 အတြင္းမွာ EVOS SG အသင္းသားမ်ားအျဖစ္ ToxiCEO, Soul, JPL, Pokemon, Potato နဲ႔ AEON တို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္။

ToxiCEO အေနနဲ႔ ဘယ္ role ကေန ပါဝင္မယ္ဆိုတာကိုေတာ့ ေၾကညာခ်က္အတြင္း ေရးသားထားခဲ့ျခင္း မရွိပါဘူး။ ဒါေၾကာင့္ သူဟာ အသင္းရဲ႕ ကစားသမားတစ္ဦးျဖစ္ေနႏိုင္သလို နည္းျပတစ္ဦးလည္း ျဖစ္ေနႏိုင္ပါေသးတယ္။

MPL MY/SG Season 6 ကို ယခုလ ၂၈ ရက္ေန႔မွာ စတင္က်င္းပမွာပါ။ ယင္းၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔အတြက္ Team Bosskurr, Geek Fam, Todak, Orange Louvre Esports, Resurgence နဲ႔ EVOS SG တို႔ဟာ တိုက္႐ိုက္ဖိတ္ၾကားျခင္း ခံထားရၿပီး Team SMG, Bella Ciao, Forsaken နဲ႔ Divinity Esports တို႔ကေတာ့ qualifier ပြဲစဥ္မ်ားကေန ဝင္​ေရာက္ခြင့္ရခဲ့တာျဖစ္ပါတယ္။

အုပ္စုပြဲစဥ္မ်ားကို ေသာၾကာ၊ စေနနဲ႔ တနဂၤေႏြေန႔မ်ားမွာ အပတ္စဥ္ ၆ ပတ္ၾကာ က်င္းပသြားမွာျဖစ္ၿပီး ရႈံးထြက္အဆင့္ပြဲစဥ္မ်ားကိုေတာ့ ေအာက္တိုဘာလ ၂၃ ရက္ေန႔မွာ စတင္က်င္းပမွာျဖစ္ပါတယ္။ Esports အသင္းပိုင္ရွင္တစ္ဦးအေနနဲ႔ အသင္းသားအျဖစ္ပါဝင္လာျခင္းဟာ ထူးျခားတဲ့ကိစၥျဖစ္လို႔ ေဖာ္ျပလိုက္ရပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: oneesports.gg