[Zawgyi]

“Evil Geniuses ရဲ႕ Counter-Strike: Global Offensive (CS: GO) အသင္းသစ္”

 

ေျမာက္အေမရိက esports အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Evil Geniuses ဟာ CS: GO အသင္းကို ကစားသမားသစ္မ်ားနဲ႕ ဖြဲ႔စည္းလိုက္ျပီပဲ ျဖစ္ပါတယ္။ ကာလအေတာ္ၾကာ Counter-Stike ေလာကကို ေျခဦးမလွည့္ျဖစ္ခဲ့တဲ့ Evil Geniuses ဟာ သူတို႔ရဲ႕ ပထမဆံုး Cs :GO အသင္းအျဖစ္ NRG အသင္းရဲ႕ ကစားသမားမ်ားကို ေခၚယူျပီး အသင္းသစ္ ျပဳလုပ္ခဲ့တာပါ။

မၾကာေသးမီက FaZe နဲ႔ ယွဥ္ျပိဳင္ကစားခဲ့တဲ့ ESL One New York ျပိဳင္ပြဲတစ္ခုမွာ NRG အသင္းသားေဟာင္းမ်ားဟာ Evil Geniuses banner နဲ႔ ကစားျပီး အသင္းသစ္ကို ေျပာင္းလဲသြားျပီျဖစ္ေၾကာင္း စတင္ ေဖာ္ျပခဲ့တာပါ။ Evil Geniuses အသင္းသားသစ္မ်ားကေတာ့ Stanislaw, Tarik, Brehze, Ethan နဲ႔ CeRq တို႔ျဖစ္ျပီး နည္းျပကေတာ့ ImAPet ျဖစ္ပါတယ္။

Evil Geniuses ဟာ Counter-Strike သမိုင္းေၾကာင္း တစ္ေလွ်ာက္မွာ အစဥ္အလာၾကီးခဲ့တဲ့ အဖြဲ႔အစည္းတစ္ခုပါ။ ၂၀၁၂ ထဲက CS:GO အသင္းမရွိခဲ့တဲ့ Evil Geniuses ဟာ ယခုလို NRG အသင္းသားမ်ားနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုျခင္းအားျဖင့္ CS: GO ျပိဳင္ပြဲမ်ားဆီကို တစ္ဖန္ျပန္လည္ ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။

၂၀၁၂ အထိ တည္ရွိခဲတဲ့ Evil Geniuses Counter Strike 1.6 (CS 1.6) ရဲ႕အသင္းထဲမွာေတာ့ shGuar, fRoD, Warden, Lurppis နဲ႔ n0thing တို႔ ပါဝင္ခဲ့ပါတယ္။ ၇ ႏွစ္အၾကာမွာမွ ျပန္လည္ဖြဲ႔စည္းခဲ့တဲ့ Counter-Strike အသင္းအေၾကာင္းကို Evil Geniuses က ေၾကညာခဲ့ျပီး NRG ကို ေက်းဇူးတင္ေၾကာင္းကိုလည္း Twitter မွာ ေရးသားခဲ့ပါေသးတယ္။

 

Evil Geniuses လိုပဲ Dignitas, Misfits, 100 Thieves နဲ႔ TSM တို႔လို ေျမာက္အေမရိက အင္အားၾကီး esports အဖြဲ႔အစည္းမ်ားဟာလည္း ထိပ္တန္းကစားသမားမ်ားကို ေခၚယူျပီး Counter-Strike အသင္းသစ္ဖြဲ႔ဖုိ႔ ၾကိဳးပမ္းမႈမ်ား ျပဳလုပ္ခဲ့ၾကပါေသးတယ္။ ၂၀၁၄ တုန္းက Evil Geniuses ဟာ iBUYPOWER အသင္းသားေဟာင္းမ်ားကို ေခၚယူဖုိ႔ ၾကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ထိုအခ်ိန္တည္းက Evil Geniuses ရဲ႕ CS: GO ေလာကကို ဝင္ေရာက္ဖုိ႔ အၾကံအစည္ဟာ ေပၚလြင္ေနခဲ့တာျဖစ္ပါတယ္။

“ယခုအခ်ိန္မွာ Evil Geniuses ဟာ esports အဖြဲ႔အစည္းအေနနဲ႔ တည္ရွိေနခဲ့တာ အႏွစ္ ၂၀ တိုင္တိုင္ ရွိလာခဲ့ပါျပီ။ တစ္ခ်ိန္က Counter-Strike မွာ ရရွိခဲ့တဲ့ ေအာင္ျမင္မႈမ်ားဟာလည္း ကြ်န္ေတာ္တို႔ အတြက္ အေမြအႏွစ္သဖြယ္ တည္ရွိေနပါတယ္။ အခ်ိန္ေတြၾကာခဲ့ေပမယ့္ ယခုအခ်ိန္ Evil Geniuses ဟာ ရရွိခဲ့တဲ့ ေအာင္ျမင္မႈမ်ားနဲ႔ ထိုက္တန္ေသးေၾကာင္း၊ Counter-Strike ေလာကမွာ ျပန္လည္ထြန္းေတာက္လာႏိုင္ေသးေၾကာင္း သက္ေသျပဖုိ႔ ၾကိဳးပမ္းသြားမွာျဖစ္ပါတယ္။” လို႔ Evil Geniuses ရဲ႕ CEO ျဖစ္သူ Nicole Lapointe Jameson က ေျပာၾကားသြားခဲ့ပါတယ္။

Evil Geniuses ဟာ နာမည္ေက်ာ္ League of Legends ဂိမ္းကို ဝင္ေရာက္ယွဥ္ျပိဳင္ဖုိ႔ အသင္းကိုလည္း မၾကာေသးမီက ထူေထာင္ခဲ့ျပီးျဖစ္ပါတယ္။ မူလက Echo Fox ပိုင္ဆိုင္ထားခဲ့တဲ့ League of Legends Championship Series ဝင္ေရာက္ခြင့္ (LCS slot) ကို ေဒၚလာ ၃၀.၂၅ သန္းနဲ႔ Evil Geniuses က ဝယ္ယူခဲ့တာပါ။ Echo Fox ကေတာ့ ေျမာက္အေမရိကျပိဳင္ပြဲမ်ားကေန ထြက္ခြာသြားမွာျဖစ္ပါတယ္။

Dota 2 ကစားသမားသစ္မ်ားကိုလည္း ေၾကညာထားျပီးျဖစ္လို႔ Evil Geniuses ဟာ ဂိမ္းမ်ိဳးစုံရဲ႕ ျပိဳင္ပြဲမ်ားမွာ ဝင္ေရာက္ယွဥ္ျပိဳင္ဖုိ႔ အသင့္ျဖစ္ေနပါျပီ။ Dota 2 ေလာကမွာ ေနရာတစ္ခု ခိုင္ခုိင္မာမာရရွိထားျပီးသားျဖစ္တဲ့ Evil Geniuses ဟာ CS: GO နဲ႔ League of Legends တို့မွာ ေအာင္ျမင္မႈအတိုင္းအတာ ဘယ္ေလာက္ထိရရွိမယ္ဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ၾကရမွာပဲျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

“Evil Geniuses ရဲ့ Counter-Strike: Global Offensive (CS: GO) အသင်းသစ်”

 

မြောက်အမေရိက esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Evil Geniuses ဟာ CS: GO အသင်းကို ကစားသမားသစ်များနဲ့ ဖွဲ့စည်းလိုက်ပြီပဲ ဖြစ်ပါတယ်။ ကာလအတော်ကြာ Counter-Stike လောကကို ခြေဦးမလှည့်ဖြစ်ခဲ့တဲ့ Evil Geniuses ဟာ သူတို့ရဲ့ ပထမဆုံး Cs :GO အသင်းအဖြစ် NRG အသင်းရဲ့ ကစားသမားများကို ခေါ်ယူပြီး အသင်းသစ် ပြုလုပ်ခဲ့တာပါ။

မကြာသေးမီက FaZe နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ESL One New York ပြိုင်ပွဲတစ်ခုမှာ NRG အသင်းသားဟောင်းများဟာ Evil Geniuses banner နဲ့ ကစားပြီး အသင်းသစ်ကို ပြောင်းလဲသွားပြီဖြစ်ကြောင်း စတင် ဖော်ပြခဲ့တာပါ။ Evil Geniuses အသင်းသားသစ်များကတော့ Stanislaw, Tarik, Brehze, Ethan နဲ့ CeRq တို့ဖြစ်ပြီး နည်းပြကတော့ ImAPet ဖြစ်ပါတယ်။

Evil Geniuses ဟာ Counter-Strike သမိုင်းကြောင်း တစ်လျှောက်မှာ အစဉ်အလာကြီးခဲ့တဲ့ အဖွဲ့အစည်းတစ်ခုပါ။ ၂၀၁၂ ထဲက CS:GO အသင်းမရှိခဲ့တဲ့ Evil Geniuses ဟာ ယခုလို NRG အသင်းသားများနဲ့ စာချုပ်သစ်ချုပ်ဆိုခြင်းအားဖြင့် CS: GO ပြိုင်ပွဲများဆီကို တစ်ဖန်ပြန်လည် ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

၂၀၁၂ အထိ တည်ရှိခဲတဲ့ Evil Geniuses Counter Strike 1.6 (CS 1.6) ရဲ့အသင်းထဲမှာတော့ shGuar, fRoD, Warden, Lurppis နဲ့ n0thing တို့ ပါဝင်ခဲ့ပါတယ်။ ၇ နှစ်အကြာမှာမှ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ Counter-Strike အသင်းအကြောင်းကို Evil Geniuses က ကြေညာခဲ့ပြီး NRG ကို ကျေးဇူးတင်ကြောင်းကိုလည်း Twitter မှာ ရေးသားခဲ့ပါသေးတယ်။

Evil Geniuses လိုပဲ Dignitas, Misfits, 100 Thieves နဲ့ TSM တို့လို မြောက်အမေရိက အင်အားကြီး esports အဖွဲ့အစည်းများဟာလည်း ထိပ်တန်းကစားသမားများကို ခေါ်ယူပြီး Counter-Strike အသင်းသစ်ဖွဲ့ဖို့ ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ကြပါသေးတယ်။ ၂၀၁၄ တုန်းက Evil Geniuses ဟာ iBUYPOWER အသင်းသားဟောင်းများကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ထိုအချိန်တည်းက Evil Geniuses ရဲ့ CS: GO လောကကို ဝင်ရောက်ဖို့ အကြံအစည်ဟာ ပေါ်လွင်နေခဲ့တာဖြစ်ပါတယ်။

“ယခုအချိန်မှာ Evil Geniuses ဟာ esports အဖွဲ့အစည်းအနေနဲ့ တည်ရှိနေခဲ့တာ အနှစ် ၂၀ တိုင်တိုင် ရှိလာခဲ့ပါပြီ။ တစ်ချိန်က Counter-Strike မှာ ရရှိခဲ့တဲ့ အောင်မြင်မှုများဟာလည်း ကျွန်တော်တို့ အတွက် အမွေအနှစ်သဖွယ် တည်ရှိနေပါတယ်။ အချိန်တွေကြာခဲ့ပေမယ့် ယခုအချိန် Evil Geniuses ဟာ ရရှိခဲ့တဲ့ အောင်မြင်မှုများနဲ့ ထိုက်တန်သေးကြောင်း၊ Counter-Strike လောကမှာ ပြန်လည်ထွန်းတောက်လာနိုင်သေးကြောင်း သက်သေပြဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။” လို့ Evil Geniuses ရဲ့ CEO ဖြစ်သူ Nicole Lapointe Jameson က ပြောကြားသွားခဲ့ပါတယ်။

Evil Geniuses ဟာ နာမည်ကျော် League of Legends ဂိမ်းကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အသင်းကိုလည်း မကြာသေးမီက ထူထောင်ခဲ့ပြီးဖြစ်ပါတယ်။ မူလက Echo Fox ပိုင်ဆိုင်ထားခဲ့တဲ့ League of Legends Championship Series ဝင်ရောက်ခွင့် (LCS slot) ကို ဒေါ်လာ ၃၀.၂၅ သန်းနဲ့ Evil Geniuses က ဝယ်ယူခဲ့တာပါ။ Echo Fox ကတော့ မြောက်အမေရိကပြိုင်ပွဲများကနေ ထွက်ခွာသွားမှာဖြစ်ပါတယ်။

Dota 2 ကစားသမားသစ်များကိုလည်း ကြေညာထားပြီးဖြစ်လို့ Evil Geniuses ဟာ ဂိမ်းမျိုးစုံရဲ့ ပြိုင်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ Dota 2 လောကမှာ နေရာတစ်ခု ခိုင်ခိုင်မာမာရရှိထားပြီးသားဖြစ်တဲ့ Evil Geniuses ဟာ CS: GO နဲ့ League of Legends တို့မှာ အောင်မြင်မှုအတိုင်းအတာ ဘယ်လောက်ထိရရှိမယ်ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရမှာပဲဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။