[Unicode]

ယခုလအတွင်း ထွက်ရှိလာမယ့် League of Legends: Wild Rift (Alpha ဗားရှင်း) ထဲမှာ ဘာတွေပါလာမလဲ?

 

မိုဘိုင်းလ်ဂိမ်းပရိသတ်များ ကာလရှည်ကြာစွာ စောင့်မျှော်နေခဲ့ကြတဲ့ League of Legends: Wild Rift ရဲ့ alpha ဗားရှင်းဟာ ယခုလအတွင်းမှာပဲ ထွက်ပေါ်လာတော့မှာပါ။ Riot ဟာ Wild Rift ကို အပြီးသတ်တရားဝင် မထုတ်သေးခင် ယခု alpha ဗားရှင်းနဲ့ စမ်းသပ်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဘရာဇီးနဲ့ ဖိလစ်ပိုင် ၂ နိုင်ငံမှာသာ ဖြန့်ချိသွားမှာလည်း ဖြစ်ပါတယ်။

Wild Rift ရဲ့ alpha စမ်းသပ်ကာလဟာ ဇွန်လ ၆ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး android ဖုန်းများပေါ်ကနေသာ ကစားခွင့်ရမှာလည်း ဖြစ်ပါတယ်။ Wild Rift ရဲ့ alpha ဝင်ရောက်ခွင့်အတွက် pre-register ကြိုတင်ပြုလုပ်ထားသူများအနက်မှ အချို့ကိုသာ ကန့်သတ်ပြီး ကျပန်းရွေးချယ်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့လအကုန်ပိုင်းမှာတော့ Riot ရဲ့ developer များဟာ Wild Rift အတွင်း ပါဝင်လာမယ့် အကြောင်းအရာ များကို ၁၄ မိနစ်စာ ဗီဒီယိုနဲ့ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။ ယင်းဗီဒီယိုအတွင်းမှာ Wild Rift ကို အခြားသော မိုဘိုင်းလ် MOBA ဂိမ်းများလိုပဲ dual stick control နဲ့ ကစားရမှာဖြစ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့သလို Wild Rift အတွင်း ပါဝင်လာမယ့် ချန်ပီယံများ၊ skill များ၊ summoner spell များ၊ rune များ၊ item များနဲ့ map အကြောင်းများတို့ကိုလည်း ပြောသွားခဲ့ပါတယ်။

Wild Rift ချန်ပီယံများ


League of Legends အတွင်းမှာ ကိုင်တွယ်ကစားနိုင်တဲ့ ဂိမ်းဇာတ်ကောင်များကို အခြား MOBA ဂိမ်းများမှာလို ဟီးရိုးလို့ မခေါ်ပဲ ချန်ပီယံလို့ ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။ PC ပေါ်က League of Legends အတွင်းမှာ ချန်ပီယံပေါင်း ၁၅၀ ကျော် ပါဝင်ပေမယ့် Wild Rift စတင်ထွက်ရှိစဉ်မှာတော့ ယင်းတို့ထဲက ၃၆ ကောင်သာ ပါဝင်လာဦးမယ်လို့ ဆိုပါတယ်။

Wild Rift ထဲမှာ ပါဝင်လာမယ့် ချန်ပီယံများစာရင်းကတော့
Top Lane – Garen, Fiora, Camille, Nasus, Jax, Malphite
Jungle – Master Yi, Vi, Graves, Olaf, Gragas, Shyvana, Tryndamere, Xin Zhao
Mid Lane – Ahri, Annie, Lux, Aurelion Sol, Orianna, Fizz, Twisted Fate, Yasuo, Ziggs
ADC – Jhin, Ezreal, Miss Fortune, Jinx, Ashe, Vayne
Support – Blitzcrank, Janna, Soraka, Nami, Braum, Alistar
တို့ပဲ ဖြစ်ကြပါတယ်။

Skill များ


Wild Rift ချန်ပီယံများရဲ့ skill များဟာ မူလ PC ဗားရှင်းပေါ်က ချန်ပီယံများနဲ့ အလွန်ဆင်တူပေမယ့် မိုဘိုင်းလ်ပလက်ဖောင်းနဲ့ ကိုင်ညီအောင် ပြောင်းလဲချက်များတော့ ရှိပါတယ်။ ကြီးမားတဲ့ ပြောင်းလဲမှုများအနက် ဥပမာထဲကတစ်ခုကတော့ Wild Rift ထဲက Shyvana ကို dragon များ kill ရင်း stack များနဲ့ မတူညီတဲ့ buff များ ရရှိလာအောင် ပြုပြင်ထားခြင်းပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Nasus ရဲ့ stack များကို ပိုမိုမြန်ဆန်စွာ ပြုလုပ်နိုင်အောင် ပြုပြင်ထားခြင်း၊ Miss Fortune ရဲ့ Q ကို ထောက်သုံး skill အဖြစ်ကနေ လွတ်လပ်စွာ ချိန်သုံးနိုင်အောင် ပြောင်းလဲထားခြင်း၊ Vayne ရဲ့ W ကို passive သီးသန့်အဖြစ်ကနေ passive လည်း ပါဝင်ပြီး နှိပ်သုံးလို့လည်းရတဲ့ skill အဖြစ် ပြောင်းလဲထားခြင်း စ တာတွေကိုလည်း ဗီဒီယိုအတွင်းမှာ ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် Nami လိုမျိုး လုံးဝမပြောင်းလဲတဲ့ ချန်ပီယံများ ရှိသေးကြောင်းကိုလည်း ဆိုထားပါတယ်။

Summoner spell များ


Summoner spell များကိုတော့ PC ဗားရှင်းအတိုင်း ကစားသမားတစ်ဦးလျှင် ၂ ခုစီ ယူပြီး အသုံးပြုနိုင်ကြမှာပါ။ Jungler များအတွက် smite ကို အနည်းငယ်ပြောင်းလဲထားပြီး teleport ကတော့ Wild Rift အတွင်းမှာ ပါဝင်လာခြင်း မရှိပါဘူး။

Rune များ


Wild Rift အတွင်း ပါဝင်လာမယ့် rune စနစ်ဟာ အလွန်ရိုးရှင်းပြီး major keystone စုစုပေါင်း ၈ ခုသာ ပါဝင်ပါတယ်။ ကစားသူဟာ ယင်း major keystone တစ်ခုကို minor keystone ၃ ခုနဲ့ တွဲဖက်ကစားနိုင်မှာဖြစ်ပြီး PC ဗားရှင်းမှာ မပါဝင်တဲ့ keystone သစ်များကိုလည်း Wild Rift အတွင်းထည့်သွင်းထားပါတယ်။

Item များ


ကစားသူများဟာ ယင်းတို့ရဲ့ ချန်ပီယံများအတွက် item များကို fountain ကို ပြန်ပြီးမှသာ ဝယ်ယူနိုင်ကြမှာပါ။ ကိုင်တွယ်ထားတဲ့ ချန်ပီယံနဲ့ သင့်တော်တဲ့ item ပေးချက်များ ပါဝင်မှာဖြစ်ပြီး အသုံးပြုလို့ရတဲ့ active item ကို ကစားသမားတစ်ဦးလျှင် တစ်ခုသာ ဝယ်ယူနိုင်အောင် ကန့်သတ်ထားပါတယ်။

ထူးခြားတာက ယင်း active item များဟာ ဖိနပ်များ (boots) များကို third tier အထိ အဆင့်မြှင့် ထားခြင်းများသာ ဖြစ်ပါတယ်။ ဒါကြောင့် active item ဝယ်ယူလိုသူများဟာ ဖိနပ်မဖြစ်မနေ ဝယ်ယူဖို့လိုပြီး ယင်းနောက်မှာမှ အခြေအနေအရ ထပ်မံအဆင့်မြှင့်သွားကြရမှာလည်း ဖြစ်ပါတယ်။

Map


Wild Rift အတွင်းမှာ nexus turrets များနဲ့ inhibitor များ ထည့်သွင်းထားခြင်း မရှိပါဘူး။ Inhibitor turret များကိုသာ inhibitor အသွင်ပြောင်းလဲထားပြီး nexus ကိုလည်း turret အသွင် ပစ်ခတ်နိုင်အောင် ပြုလုပ်ထားပါတယ်။

ဒါ့အပြင် blue buff နဲ့ red buff များဟာ ဂိမ်းရဲ့အချိန်ကြာမြင့်လာတာနဲ့အမျှ ပိုမိုအစွမ်းထက်တဲ့အသွင်ပုံစံကို ပြောင်းလဲလာကြမှာပါ။ Elder elemental dragon များ ပေါ်လာဖို့ အချိန်ကြာမြင့်ပေမယ့် ယင်းတို့ဟာ ထိရောက်ကောင်းမွန်လှတဲ့ buff များကို ပေးစွမ်းနိုင်ကြမှာလည်း ဖြစ်ပါတယ်။

Rank


Alpha ဗားရှင်းအတွင်းမှာ rank system ပါဝင်လာမှာဖြစ်ပြီး ယင်းမှတစ်ဆင့် Riot ဟာ ကစားသမားများရဲ့ ယှဉ်ပြိုင်ကစားနေမှုအခြေအနေများကို စောင့်ကြည့်တိုင်းတာသွားမယ်လို့ ဆိုပါတယ်။ Wild Rift ဟာ အခမဲ့ ကစားနိုင်မယ့် free to play ဂိမ်းဖြစ်ပေမယ့် ချန်ပီယံများကိုတော့ ဂိမ်းတွင်း currency နဲ့ ဝယ်ယူကြရမှာပါ။ Skin များနဲ့ cosmetic item များလည်း ပါဝင်လာမှာဖြစ်ပေမယ့် မဝယ်မဖြစ်အနေအထားမဟုတ်ပဲ ယှဉ်ပြိုင်ကစားမှု ကသာ အဓိကဖြစ်လာမယ်လို့လည်း ဆိုထားပါသေးတယ်။

Device လိုအပ်ချက်များ


Regional alpha အတွင်းမှာ ပါဝင်နိုင်ဖို့အတွက် minimum requirements အဖြစ်
• CPU: 8 Core, 1.5 GHz and above, 64-bit processors only
• RAM: 3GB and above
• Resolution: 1280 × 720 and above
တို့ လိုအပ်မှာဖြစ်ပြီး တရားဝင်ထွက်ရှိလာချိန်မှာတော့ minimum requirements
• CPU: 4-core, 1.5 Ghz and above, 32-bit or 64-bit processors
• RAM: 1.5GB and above
• Resolution: 1280 × 720 and above
သာ လိုအပ်မှာပါ။ iOS အသုံးပြုသူများကတော့ iPhone 6 နဲ့အထက်ရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ကြေညာချက်များအရ Wild Rift ဟာ လိုအပ်ချက် မများပြားလွန်းလှတဲ့ဂိမ်းတစ်ခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

/dev diary: May 2020 – Gameplay Reveal

Brand new gameplay, a limited Android alpha test for players in Brazil and the Philippines, and a whole lotta montages. Join exec producer Michael “Riot Paladin” Chow and the Wild Rift team for a deep dive /dev diary from home.TIMESTAMPS0:00 – Intro with Michael 0:22 – BR and PH Android alpha details1:46 – Champions update with David6:40 – Gameplay overview with Jonathan11:57 – Skins overview with Christina13:44 – Outro

Posted by League of Legends: Wild Rift on Thursday, 28 May 2020

အသေးစိတ်အချက်အလက်များကိုတော့ Riot က ထပ်မံကြေညာမှသာ သိရှိနိုင်ကြမှာပါ။ PC ပေါ်မှာ League of Legends အတွေ့အကြုံများပြားခဲ့တဲ့ Gaming Noodle ရဲ့ admin များကလည်း ချန်ပီယံ guide များ ရေးသားပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: win.gg, Wild Rift official facebook


[ZawGyi]

ယခုလအတြင္းထြက္ရွိလာမယ့္ League of Legends: Wild Rift (Alpha ဗားရွင္း) ထဲမွာ ဘာေတြပါလာမလဲ?

 

မိုဘိုင္းလ္ဂိမ္းပရိသတ္မ်ား ကာလရွည္ၾကာစြာ ေစာင့္ေမွ်ာ္ေနခဲ့ၾကတဲ့ League of Legends: Wild Rift ရဲ႕ alpha ဗားရွင္းဟာ ယခုလအတြင္းမွာပဲ ထြက္ေပၚလာေတာ့မွာပါ။ Riot ဟာ Wild Rift ကို အၿပီးသတ္တရားဝင္ မထုတ္ေသးခင္ ယခု alpha ဗားရွင္းနဲ႔ စမ္းသပ္ဖို႔ ရည္႐ြယ္ထားတာျဖစ္ၿပီး ဘရာဇီးနဲ႔ ဖိလစ္ပိုင္ ၂ ႏိုင္ငံမွာသာ ျဖန႔္ခ်ိသြားမွာလည္း ျဖစ္ပါတယ္။

Wild Rift ရဲ႕ alpha စမ္းသပ္ကာလဟာ ဇြန္လ ၆ ရက္ေန႔ကေန ၂၇ ရက္ေန႔အထိ ၾကာျမင့္မွာျဖစ္ၿပီး android ဖုန္းမ်ားေပၚကေနသာ ကစားခြင့္ရမွာလည္း ျဖစ္ပါတယ္။ Wild Rift ရဲ႕ alpha ဝင္ေရာက္ခြင့္အတြက္ pre-register ႀကိဳတင္ျပဳလုပ္ထားသူမ်ားအနက္မွ အခ်ိဳ႕ကိုသာ ကန႔္သတ္ၿပီး က်ပန္းေ႐ြးခ်ယ္သြားမွာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ၿပီးခဲ့တဲ့လအကုန္ပိုင္းမွာေတာ့ Riot ရဲ႕ developer မ်ားဟာ Wild Rift အတြင္း ပါဝင္လာမယ့္ အေၾကာင္းအရာ မ်ားကို ၁၄ မိနစ္စာ ဗီဒီယိုနဲ႔ ရွင္းလင္းေျပာၾကားသြားခဲ့ပါတယ္။ ယင္းဗီဒီယိုအတြင္းမွာ Wild Rift ကို အျခားေသာ မိုဘိုင္းလ္ MOBA ဂိမ္းမ်ားလိုပဲ dual stick control နဲ႔ ကစားရမွာျဖစ္ေၾကာင္း အတည္ျပဳ ေျပာၾကားသြားခဲ့သလို Wild Rift အတြင္း ပါဝင္လာမယ့္ ခ်န္ပီယံမ်ား၊ skill မ်ား၊ summoner spell မ်ား၊ rune မ်ား၊ item မ်ားနဲ႔ map အေၾကာင္းမ်ားတို႔ကိုလည္း ေျပာသြားခဲ့ပါတယ္။

Wild Rift ခ်န္ပီယံမ်ား


League of Legends အတြင္းမွာ ကိုင္တြယ္ကစားႏိုင္တဲ့ ဂိမ္းဇာတ္ေကာင္မ်ားကို အျခား MOBA ဂိမ္းမ်ားမွာလို ဟီး႐ိုးလို႔ မေခၚပဲ ခ်န္ပီယံလို႔ ေခၚေဝၚသုံးႏႈန္းၾကပါတယ္။ PC ေပၚက League of Legends အတြင္းမွာ ခ်န္ပီယံေပါင္း ၁၅၀ ေက်ာ္ ပါဝင္ေပမယ့္ Wild Rift စတင္ထြက္ရွိစဥ္မွာေတာ့ ယင္းတို႔ထဲက ၃၆ ေကာင္သာ ပါဝင္လာဦးမယ္လို႔ ဆိုပါတယ္။

Wild Rift ထဲမွာ ပါဝင္လာမယ့္ ခ်န္ပီယံမ်ားစာရင္းကေတာ့
Top Lane – Garen, Fiora, Camille, Nasus, Jax, Malphite
Jungle – Master Yi, Vi, Graves, Olaf, Gragas, Shyvana, Tryndamere, Xin Zhao
Mid Lane – Ahri, Annie, Lux, Aurelion Sol, Orianna, Fizz, Twisted Fate, Yasuo, Ziggs
ADC – Jhin, Ezreal, Miss Fortune, Jinx, Ashe, Vayne
Support – Blitzcrank, Janna, Soraka, Nami, Braum, Alistar
တို႔ပဲ ျဖစ္ၾကပါတယ္။

Skill မ်ား


Wild Rift ခ်န္ပီယံမ်ားရဲ႕ skill မ်ားဟာ မူလ PC ဗားရွင္းေပၚက ခ်န္ပီယံမ်ားနဲ႔ အလြန္ဆင္တူေပမယ့္ မိုဘိုင္းလ္ပလက္ေဖာင္းနဲ႔ ကိုင္ညီေအာင္ ေျပာင္းလဲခ်က္မ်ားေတာ့ ရွိပါတယ္။ ႀကီးမားတဲ့ ေျပာင္းလဲမႈမ်ားအနက္ ဥပမာထဲကတစ္ခုကေတာ့ Wild Rift ထဲက Shyvana ကို dragon မ်ား kill ရင္း stack မ်ားနဲ႔ မတူညီတဲ့ buff မ်ား ရရွိလာေအာင္ ျပဳျပင္ထားျခင္းပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ Nasus ရဲ႕ stack မ်ားကို ပိုမိုျမန္ဆန္စြာ ျပဳလုပ္ႏိုင္ေအာင္ ျပဳျပင္ထားျခင္း၊ Miss Fortune ရဲ႕ Q ကို ေထာက္သုံး skill အျဖစ္ကေန လြတ္လပ္စြာ ခ်ိန္သုံးႏိုင္ေအာင္ ေျပာင္းလဲထားျခင္း၊ Vayne ရဲ႕ W ကို passive သီးသန႔္အျဖစ္ကေန passive လည္း ပါဝင္ၿပီး ႏွိပ္သုံးလို႔လည္းရတဲ့ skill အျဖစ္ ေျပာင္းလဲထားျခင္း စ တာေတြကိုလည္း ဗီဒီယိုအတြင္းမွာ ေျပာသြားခဲ့ပါတယ္။ ဒါေပမယ့္ Nami လိုမ်ိဳး လုံးဝမေျပာင္းလဲတဲ့ ခ်န္ပီယံမ်ား ရွိေသးေၾကာင္းကိုလည္း ဆိုထားပါတယ္။

Summoner spell မ်ား


Summoner spell မ်ားကိုေတာ့ PC ဗားရွင္းအတိုင္း ကစားသမားတစ္ဦးလွ်င္ ၂ ခုစီ ယူၿပီး အသုံးျပဳႏိုင္ၾကမွာပါ။ Jungler မ်ားအတြက္ smite ကို အနည္းငယ္ေျပာင္းလဲထားၿပီး teleport ကေတာ့ Wild Rift အတြင္းမွာ ပါဝင္လာျခင္း မရွိပါဘူး။

Rune မ်ား


Wild Rift အတြင္း ပါဝင္လာမယ့္ rune စနစ္ဟာ အလြန္႐ိုးရွင္းၿပီး major keystone စုစုေပါင္း ၈ ခုသာ ပါဝင္ပါတယ္။ ကစားသူဟာ ယင္း major keystone တစ္ခုကို minor keystone ၃ ခုနဲ႔ တြဲဖက္ကစားႏိုင္မွာျဖစ္ၿပီး PC ဗားရွင္းမွာ မပါဝင္တဲ့ keystone သစ္မ်ားကိုလည္း Wild Rift အတြင္းထည့္သြင္းထားပါတယ္။

Item မ်ား


ကစားသူမ်ားဟာ ယင္းတို႔ရဲ႕ ခ်န္ပီယံမ်ားအတြက္ item မ်ားကို fountain ကို ျပန္ၿပီးမွသာ ဝယ္ယူႏိုင္ၾကမွာပါ။ ကိုင္တြယ္ထားတဲ့ ခ်န္ပီယံနဲ႔ သင့္ေတာ္တဲ့ item ေပးခ်က္မ်ား ပါဝင္မွာျဖစ္ၿပီး အသုံးျပဳလို႔ရတဲ့ active item ကို ကစားသမားတစ္ဦးလွ်င္ တစ္ခုသာ ဝယ္ယူႏိုင္ေအာင္ ကန႔္သတ္ထားပါတယ္။

ထူးျခားတာက ယင္း active item မ်ားဟာ ဖိနပ္မ်ား (boots) မ်ားကို third tier အထိ အဆင့္ျမႇင့္ ထားျခင္းမ်ားသာ ျဖစ္ပါတယ္။ ဒါေၾကာင့္ active item ဝယ္ယူလိုသူမ်ားဟာ ဖိနပ္မျဖစ္မေန ဝယ္ယူဖို႔လိုၿပီး ယင္းေနာက္မွာမွ အေျခအေနအရ ထပ္မံအဆင့္ျမႇင့္သြားၾကရမွာလည္း ျဖစ္ပါတယ္။

Map


Wild Rift အတြင္းမွာ nexus turrets မ်ားနဲ႔ inhibitor မ်ား ထည့္သြင္းထားျခင္း မရွိပါဘူး။ Inhibitor turret မ်ားကိုသာ inhibitor အသြင္ေျပာင္းလဲထားၿပီး nexus ကိုလည္း turret အသြင္ ပစ္ခတ္ႏိုင္ေအာင္ ျပဳလုပ္ထားပါတယ္။

ဒါ့အျပင္ blue buff နဲ႔ red buff မ်ားဟာ ဂိမ္းရဲ႕အခ်ိန္ၾကာျမင့္လာတာနဲ႔အမွ် ပိုမိုအစြမ္းထက္တဲ့အသြင္ပုံစံကို ေျပာင္းလဲလာၾကမွာပါ။ Elder elemental dragon မ်ား ေပၚလာဖို႔ အခ်ိန္ၾကာျမင့္ေပမယ့္ ယင္းတို႔ဟာ ထိေရာက္ေကာင္းမြန္လွတဲ့ buff မ်ားကို ေပးစြမ္းႏိုင္ၾကမွာလည္း ျဖစ္ပါတယ္။

Rank


Alpha ဗားရွင္းအတြင္းမွာ rank system ပါဝင္လာမွာျဖစ္ၿပီး ယင္းမွတစ္ဆင့္ Riot ဟာ ကစားသမားမ်ားရဲ႕ ယွဥ္ၿပိဳင္ကစားေနမႈအေျခအေနမ်ားကို ေစာင့္ၾကည့္တိုင္းတာသြားမယ္လို႔ ဆိုပါတယ္။ Wild Rift ဟာ အခမဲ့ ကစားႏိုင္မယ့္ free to play ဂိမ္းျဖစ္ေပမယ့္ ခ်န္ပီယံမ်ားကိုေတာ့ ဂိမ္းတြင္း currency နဲ႔ ဝယ္ယူၾကရမွာပါ။ Skin မ်ားနဲ႔ cosmetic item မ်ားလည္း ပါဝင္လာမွာျဖစ္ေပမယ့္ မဝယ္မျဖစ္အေနအထားမဟုတ္ပဲ ယွဥ္ၿပိဳင္ကစားမႈ ကသာ အဓိကျဖစ္လာမယ္လို႔လည္း ဆိုထားပါေသးတယ္။

Device လိုအပ္ခ်က္မ်ား


Regional alpha အတြင္းမွာ ပါဝင္ႏိုင္ဖို႔အတြက္ minimum requirements အျဖစ္
• CPU: 8 Core, 1.5 GHz and above, 64-bit processors only
• RAM: 3GB and above
• Resolution: 1280 × 720 and above
တို႔ လိုအပ္မွာျဖစ္ၿပီး တရားဝင္ထြက္ရွိလာခ်ိန္မွာေတာ့ minimum requirements
• CPU: 4-core, 1.5 Ghz and above, 32-bit or 64-bit processors
• RAM: 1.5GB and above
• Resolution: 1280 × 720 and above
သာ လိုအပ္မွာပါ။ iOS အသုံးျပဳသူမ်ားကေတာ့ iPhone 6 နဲ႔အထက္ရွိဖို႔ လိုအပ္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ေၾကညာခ်က္မ်ားအရ Wild Rift ဟာ လိုအပ္ခ်က္ မမ်ားျပားလြန္းလွတဲ့ဂိမ္းတစ္ခုျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္။

/dev diary: May 2020 – Gameplay Reveal

Brand new gameplay, a limited Android alpha test for players in Brazil and the Philippines, and a whole lotta montages. Join exec producer Michael “Riot Paladin” Chow and the Wild Rift team for a deep dive /dev diary from home.TIMESTAMPS0:00 – Intro with Michael 0:22 – BR and PH Android alpha details1:46 – Champions update with David6:40 – Gameplay overview with Jonathan11:57 – Skins overview with Christina13:44 – Outro

Posted by League of Legends: Wild Rift on Thursday, 28 May 2020

အေသးစိတ္အခ်က္အလက္မ်ားကိုေတာ့ Riot က ထပ္မံေၾကညာမွသာ သိရွိႏိုင္ၾကမွာပါ။ PC ေပၚမွာ League of Legends အေတြ႕အႀကဳံမ်ားျပားခဲ့တဲ့ Gaming Noodle ရဲ႕ admin မ်ားကလည္း ခ်န္ပီယံ guide မ်ား ေရးသားေပးသြားဦးမွာျဖစ္လို႔ ေစာင့္ေမွ်ာ္ဖတ္ရႈၾကဖို႔ တိုက္တြန္းလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: win.gg, Wild Rift official facebook