[Zawgyi]

2020 တိုက်ိဳ အိုလံပစ္ အႀကိဳက်င္းပမယ့္ ေဒၚလာ (၅)သိန္းတန္ Esports ၿပိဳင္ပြဲ


အျပည္ျပည္ဆိုင္ရာ အိုလံပစ္ေကာ္မတီ (IOC) နဲ႔ ကမၻာေက်ာ္ Intel ကုမၸဏီတို႔ဟာ esports ျပိဳင္ပြဲတစ္ခုကို ပူးေပါင္းက်င္းပဖုိ႔ အတြက္ သေဘာတူညီမႈတစ္ခုကို မၾကာေသးမီက ျပဳလုပ္ခဲ့ပါတယ္။ Intel World Open esports ျပိဳင္ပြဲကို ဂ်ပန္ႏိုင္ငံ တိုက်ိဳျမိဳ႕မွာ က်င္းပမွာျဖစ္ျပီး ၄င္းျပိဳင္ပြဲအျပီးမွာ 2020 summer Olympics ျပိဳင္ပြဲမ်ားကို တစ္ဆက္တည္းက်င္းပမွာ ျဖစ္ပါတယ္။



Intel World Open ျပဳိင္ပြဲမွာ Rocket League နဲ႔ Street Fighter V ဂိမ္းႏွစ္ခုကို ထည့္သြင္းျပီး Psyonix/Epic Games နဲ႔ Capcom တို႔နဲ႔လည္း ပူးေပါင္းမႈမ်ား ျပဳလုပ္ထားျပီးျဖစ္ပါတယ္။ တစ္ခုခ်င္းစီအတြက္ ဆုေငြ ေဒၚလာႏွစ္သိန္းခြဲစီခ်ီးျမွင့္မွာျဖစ္လို႔ ျပိဳင္ပြဲတစ္ခုလုံးအတြက္ ဆုေၾကးေငြ စုစုေပါင္း ငါးသိန္းခ်ီးျမွင့္မွာပါ။ Intel နဲ႔ IOC တို႔ ပူးေပါင္းထားတဲ့ ဒီျပိဳင္ပြဲရဲ႕ final ပြဲစဥ္မ်ားကို ၂၀၂၀ ခုႏွစ္ ဂ်ဴလိုင္လ ၂၂ ရက္ကေန ၂၄ ရက္ေန႔ထိ က်င္းပဖုိ႔ စီစဥ္ထားျပီး အိုလံပစ္ျပိဳင္ပြဲမ်ားကေတာ့ ၂၄ ရက္ေန႔ကေန စတင္မွာျဖစ္ပါတယ္။

မည္သူမဆို ဝင္ေရာက္ယွဥ္ျပိဳင္ႏိုင္တဲ့ online qualifier ပြဲစဥ္မ်ားနဲ႔ စတင္မွာျဖစ္ျပီး ဂ်ပန္ႏိုင္ငံ တိုက်ိဳျမိဳ႕ရဲ႕ main event ကို တက္ေရာက္ခြင့္ရဖုိ႔အတြက္ qualifying event တစ္ခုကိုလည္း ပိုလန္ႏိုင္ငံ Katowice မွာ ျပဳလုပ္ဦးမွာပါ။ Intel World Open ကို Intel ရဲ႕ ကမၻာလုံးဆိုင္ရာနည္းပညာ partner ျဖစ္တဲ့ ESL ကေန အဓိက တာဝန္ယူက်င္းပမွာလည္းျဖစ္ပါတယ္။

ဒီျပိဳင္ပြဲဟာ Intel နဲ႔ IOC တို႔ရဲ႕ တိုးတက္လာတဲ့ ပူးေပါင္းမႈတစ္ခုျဖစ္ပါတယ္။ ေတာင္ကိုရီးယားမွာ ျပဳလုပ္ခဲ့တဲ့ 2018 Winter Olympics မတိုင္မီ က်င္းပခဲ့တဲ့ Intel Extreme Masters (IEM) တုန္းကလည္း ဒီလိုပဲ ပူးေပါင္းျပဳလုပ္ခဲ့တာပါတယ္။ IEM မွာေတာ့ Blizzard Entertainment ရဲ႕ Starcraft II တစ္မ်ိဳးကိုသာ ယွဥ္ျပိဳင္ေစခဲ့တာျဖစ္ျပီး stream နဲ႔ သာ ထုတ္လႊင့္မႈျပဳလုပ္ခဲ့ပါတယ္။ ယခု တိုက်ိဳမွာ က်င္းပမယ့္ Intel World Open မွာေတာ့ ပရိသတ္မ်ား ဝင္ေရာက္ၾကည့္ရႈႏိုင္မွာပါ။

တစ္ခ်ိန္က ကေလးသူငယ္မ်ားအတြက္သာ ျဖစ္တယ္လို႔ ရည္ရြယ္ထားတဲ့ ဂိမ္းမ်ားဟာ ဦးေႏွာက္ကို အသုံးျပဳျပီး ကစားရတဲ့ အီလက္ထေရာနစ္ အားကစားမ်ားအျဖစ္ေျပာင္းလဲလာခဲ့ျပီး ျဖစ္ပါတယ္။ Esports ရဲ႕ အေရးပါမႈကို ယခုလို အိုလံပစ္ေကာ္မတီနဲ႔ ပူးေပါင္းျပဳလုပ္တဲ့ပြဲမ်ားနဲ႔ ေနာင္အနာဂတ္မွာ က်င္းပဦးမယ့္ပြဲမ်ားက သက္ေသခံဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

2020 တိုကျို အိုလံပစ် အကြိုကျင်းပမယ့် ဒေါ်လာ (၅)သိန်းတန် Esports ပြိုင်ပွဲ

 

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) နဲ့ ကမ္ဘာကျော် Intel ကုမ္ပဏီတို့ဟာ esports ပြိုင်ပွဲတစ်ခုကို ပူးပေါင်းကျင်းပဖို့ အတွက် သဘောတူညီမှုတစ်ခုကို မကြာသေးမီက ပြုလုပ်ခဲ့ပါတယ်။ Intel World Open esports ပြိုင်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမှာဖြစ်ပြီး ၎င်းပြိုင်ပွဲအပြီးမှာ 2020 summer Olympics ပြိုင်ပွဲများကို တစ်ဆက်တည်းကျင်းပမှာ ဖြစ်ပါတယ်။

 

Intel World Open ပြိုင်ပွဲမှာ Rocket League နဲ့ Street Fighter V ဂိမ်းနှစ်ခုကို ထည့်သွင်းပြီး Psyonix/Epic Games နဲ့ Capcom တို့နဲ့လည်း ပူးပေါင်းမှုများ ပြုလုပ်ထားပြီးဖြစ်ပါတယ်။ တစ်ခုချင်းစီအတွက် ဆုငွေ ဒေါ်လာနှစ်သိန်းခွဲစီချီးမြှင့်မှာဖြစ်လို့ ပြိုင်ပွဲတစ်ခုလုံးအတွက် ဆုကြေးငွေ စုစုပေါင်း ငါးသိန်းချီးမြှင့်မှာပါ။ Intel နဲ့ IOC တို့ ပူးပေါင်းထားတဲ့ ဒီပြိုင်ပွဲရဲ့ final ပွဲစဉ်များကို ၂၀၂၀ ခုနှစ် ဂျူလိုင်လ ၂၂ ရက်ကနေ ၂၄ ရက်နေ့ထိ ကျင်းပဖို့ စီစဉ်ထားပြီး အိုလံပစ်ပြိုင်ပွဲများကတော့ ၂၄ ရက်နေ့ကနေ စတင်မှာဖြစ်ပါတယ်။

မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ online qualifier ပွဲစဉ်များနဲ့ စတင်မှာဖြစ်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ main event ကို တက်ရောက်ခွင့်ရဖို့အတွက် qualifying event တစ်ခုကိုလည်း ပိုလန်နိုင်ငံ Katowice မှာ ပြုလုပ်ဦးမှာပါ။ Intel World Open ကို Intel ရဲ့ ကမ္ဘာလုံးဆိုင်ရာနည်းပညာ partner ဖြစ်တဲ့ ESL ကနေ အဓိက တာဝန်ယူကျင်းပမှာလည်းဖြစ်ပါတယ်။

ဒီပြိုင်ပွဲဟာ Intel နဲ့ IOC တို့ရဲ့ တိုးတက်လာတဲ့ ပူးပေါင်းမှုတစ်ခုဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ 2018 Winter Olympics မတိုင်မီ ကျင်းပခဲ့တဲ့ Intel Extreme Masters (IEM) တုန်းကလည်း ဒီလိုပဲ ပူးပေါင်းပြုလုပ်ခဲ့တာပါတယ်။ IEM မှာတော့ Blizzard Entertainment ရဲ့ Starcraft II တစ်မျိုးကိုသာ ယှဉ်ပြိုင်စေခဲ့တာဖြစ်ပြီး stream နဲ့ သာ ထုတ်လွှင့်မှုပြုလုပ်ခဲ့ပါတယ်။ ယခု တိုကျိုမှာ ကျင်းပမယ့် Intel World Open မှာတော့ ပရိသတ်များ ဝင်ရောက်ကြည့်ရှုနိုင်မှာပါ။

တစ်ချိန်က ကလေးသူငယ်များအတွက်သာ ဖြစ်တယ်လို့ ရည်ရွယ်ထားတဲ့ ဂိမ်းများဟာ ဦးနှောက်ကို အသုံးပြုပြီး ကစားရတဲ့ အီလက်ထရောနစ် အားကစားများအဖြစ်ပြောင်းလဲလာခဲ့ပြီး ဖြစ်ပါတယ်။ Esports ရဲ့ အရေးပါမှုကို ယခုလို အိုလံပစ်ကော်မတီနဲ့ ပူးပေါင်းပြုလုပ်တဲ့ပွဲများနဲ့ နောင်အနာဂတ်မှာ ကျင်းပဦးမယ့်ပွဲများက သက်သေခံဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။