[Unicode]

တရုတ်နိုင်ငံတွင် Esports ဂိမ်းကစားခြင်းကို အလုပ်အကိုင်တစ်ခုအဖြစ် တရားဝင်သတ်မှတ်

 

Covid-19 ရဲ့ရိုက်ခတ်မှုကြောင့် တစ်ကမ္ဘာလုံး အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာနေတဲ့ ယခုအချိန်မှာ တရုတ်အစိုးရဟာ အလုပ်အကိုင်များနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ မူဝါဒအချို့ကို ပြောင်းလဲပေးခဲ့ပါတယ်။ အဲဒါကကတော့ Esports ဂိမ်းကစားခြင်း၊ အွန်လိုင်းမှ စျေးရောင်းချခြင်း၊ အွန်လိုင်း blog ပြုလုပ်ခြင်း စ တာတွေကို အလုပ်အကိုင်များအဖြစ် တရားဝင်သတ်မှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

Chinese Esports Players

ဒီလိုသတ်မှတ်ပေးလိုက်ခြင်းဟာ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးလိုက်သလိုဖြစ်သွားပြီး နိုင်ငံတွင်းအလုပ်လက်မဲ့ဦးရေကို လျော့ချနိုင်မှာဖြစ်ကြောင်း တရုတ်အစိုးရက မျှော်လင့်လျက်ရှိပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံသားများဟာ တစ်ပတ်ကို အနည်းဆုံး ၁ နာရီ အလုပ်လုပ်ကိုင်ပြီး ဝင်ငွေရရှိမှသာ အလုပ်လက်မဲ့အဖြစ် သတ်မှတ်ခံရခြင်းကနေ ရှောင်ရှားနိုင်ကြမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက တရုတ်နိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာနဟာ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ အချက်အလက်များကို စစ်တမ်းကောက်ယူခဲ့ပြီး မမှန်မကန်ဖြေကြားသူများကို ပြင်းထန်စွာ အပြစ်ပေးမှာဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။။ ဒါ့အပြင် တက္ကသိုလ်များနဲ့ ကောလိပ်များကိုလည်း သတ်မှတ်ချက်များကို လိုက်နာကြဖို့ တိုက်တွန်းနိုးဆော်ခဲ့ပါတယ်။

စစ်တမ်းများအရတော့ တရုတ်နိုင်ငံအတွင်း တက္ကသိုလ်များကနေ ဘွဲ့ရလို့ ယခုနှစ်နွေရာသီအမီ အလုပ်ခွင် ဝင်ကြရတော့မယ့်သူဦးရေ စုစုပေါင်း ၈.၇၄ သန်းကျော်အထိ ရှိနေပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံသား သန်း ၁၃၀ ကျော်ဟာလည်း လက်ရှိအချိန်မှာ အလုပ်အကိုင်ရှာဖွေဖို့ ခက်ခဲနေဆဲပါ။ ဒါကြောင့် Covid-19 ရဲ့ ဒဏ်ကြောင့် အလုပ်အကိုင်ရှားပါးနေတဲ့ ပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် တရုတ်အစိုးရက ယခုလိုသတ်မှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ယနေ့ခေတ် ကောလိပ်ကျောင်းသားတွေဟာ အလုပ်လုပ်ဖို့အတွက် နေရာတစ်ခုကို တကူးတကသွားနေစရာမလိုတော့ပါဘူး။ Freelance လုပ်ကိုင်ခြင်း အပါအဝင် ရွေးချယ်စရာအလုပ်တွေ အများကြီး ရှိလာလို့ပါ။ Taobao အွန်လိုင်းစတိုးတစ်ခု ဖွင့်လှစ်ခြင်းလိုမျိုး အွန်လိုင်းစီးပွားရေးတွေလုပ်နိုင်ဖို့အတွက် ကွန်ပြူတာတစ်လုံးသာ လိုအပ်တော့တာဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းသစ်တွေကို ကိုယ်တိုင်ဖန်တီးနေနိုင်ကြပါပြီ” လို့ ပြောသွားခဲ့ပါတယ်။

Esports ဂိမ်းကစားခြင်းကို အလုပ်အကိုင်တစ်ခုအဖြစ် သတ်မှတ်ပေးလိုက်ခြင်းဟာ တရုတ်နိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေကို လျော့ချနိုင်ရုံသာမက တရုတ် Esprots လောက ပိုမိုထွန်းကားလာစေဖို့အတွက်လည်း ဦးတည်လျက် ရှိပါတယ်။ ဂိမ်းကို အလုပ်တစ်ခုအဖြစ် စွဲစွဲမြဲမြဲကစားနေကြတဲ့ မျိုးဆက်သစ် တရုတ်လူငယ် များကိုလည်း အနာဂတ်မှာ ယခုထက်ပိုပြီး တွေ့မြင်လာရဦးမှာလည်း ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: bloomberg


[ZawGyi]

တ႐ုတ္ႏိုင္ငံတြင္ Esports ဂိမ္းကစားျခင္းကို အလုပ္အကိုင္တစ္ခုအျဖစ္ တရားဝင္သတ္မွတ္

 

Covid-19 ရဲ႕႐ိုက္ခတ္မႈေၾကာင့္ တစ္ကမာၻလုံး အလုပ္အကိုင္အခြင့္အလမ္းမ်ား ရွားပါးလာေနတဲ့ ယခုအခ်ိန္မွာ တ႐ုတ္အစိုးရဟာ အလုပ္အကိုင္မ်ားနဲ႔ ပတ္သက္ၿပီး သတ္မွတ္ထားတဲ့ မူဝါဒအခ်ိဳ႕ကို ေျပာင္းလဲေပးခဲ့ပါတယ္။ အဲဒါကကေတာ့ Esports ဂိမ္းကစားျခင္း၊ အြန္လိုင္းမွ ေစ်းေရာင္းခ်ျခင္း၊ အြန္လိုင္း blog ျပဳလုပ္ျခင္း စ တာေတြကို အလုပ္အကိုင္မ်ားအျဖစ္ တရားဝင္သတ္မွတ္ေပးလိုက္တာပဲ ျဖစ္ပါတယ္။

Chinese Esports Players

ဒီလိုသတ္မွတ္ေပးလိုက္ျခင္းဟာ အလုပ္အကိုင္အခြင့္အလမ္းသစ္မ်ား ဖန္တီးေပးလိုက္သလိုျဖစ္သြားၿပီး ႏိုင္ငံတြင္းအလုပ္လက္မဲ့ဦးေရကို ေလ်ာ့ခ်ႏိုင္မွာျဖစ္ေၾကာင္း တ႐ုတ္အစိုးရက ေမွ်ာ္လင့္လ်က္ရွိပါတယ္။ ဒါေပမယ့္ တ႐ုတ္ႏိုင္ငံသားမ်ားဟာ တစ္ပတ္ကို အနည္းဆုံး ၁ နာရီ အလုပ္လုပ္ကိုင္ၿပီး ဝင္ေငြရရွိမွသာ အလုပ္လက္မဲ့အျဖစ္ သတ္မွတ္ခံရျခင္းကေန ေရွာင္ရွားႏိုင္ၾကမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လက တ႐ုတ္ႏိုင္ငံရဲ႕ ပညာေရးဝန္ႀကီးဌာနဟာ အလုပ္အကိုင္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္မ်ားကို စစ္တမ္းေကာက္ယူခဲ့ၿပီး မမွန္မကန္ေျဖၾကားသူမ်ားကို ျပင္းထန္စြာ အျပစ္ေပးမွာျဖစ္ေၾကာင္း ေၾကညာ ခဲ့ပါတယ္။။ ဒါ့အျပင္ တကၠသိုလ္မ်ားနဲ႔ ေကာလိပ္မ်ားကိုလည္း သတ္မွတ္ခ်က္မ်ားကို လိုက္နာၾကဖို႔ တိုက္တြန္းႏိုးေဆာ္ခဲ့ပါတယ္။

စစ္တမ္းမ်ားအရေတာ့ တ႐ုတ္ႏိုင္ငံအတြင္း တကၠသိုလ္မ်ားကေန ဘြဲ႕ရလို႔ ယခုႏွစ္ေႏြရာသီအမီ အလုပ္ခြင္ ဝင္ၾကရေတာ့မယ့္သူဦးေရ စုစုေပါင္း ၈.၇၄ သန္းေက်ာ္အထိ ရွိေနပါတယ္။ ဒါ့အျပင္ တ႐ုတ္ႏိုင္ငံသား သန္း ၁၃၀ ေက်ာ္ဟာလည္း လက္ရွိအခ်ိန္မွာ အလုပ္အကိုင္ရွာေဖြဖို႔ ခက္ခဲေနဆဲပါ။ ဒါေၾကာင့္ Covid-19 ရဲ႕ ဒဏ္ေၾကာင့္ အလုပ္အကိုင္ရွားပါးေနတဲ့ ျပႆနာကို ရင္ဆိုင္ေျဖရွင္းႏိုင္ဖို႔အတြက္ တ႐ုတ္အစိုးရက ယခုလိုသတ္မွတ္ေပးလိုက္တာလည္း ျဖစ္ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး တ႐ုတ္အစိုးရရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “ယေန႔ေခတ္ ေကာလိပ္ေက်ာင္းသားေတြဟာ အလုပ္လုပ္ဖို႔အတြက္ ေနရာတစ္ခုကို တကူးတကသြားေနစရာမလိုေတာ့ပါဘူး။ Freelance လုပ္ကိုင္ျခင္း အပါအဝင္ ေ႐ြးခ်ယ္စရာအလုပ္ေတြ အမ်ားႀကီး ရွိလာလို႔ပါ။ Taobao အြန္လိုင္းစတိုးတစ္ခု ဖြင့္လွစ္ျခင္းလိုမ်ိဳး အြန္လိုင္းစီးပြားေရးေတြလုပ္ႏိုင္ဖို႔အတြက္ ကြန္ျပဴတာတစ္လုံးသာ လိုအပ္ေတာ့တာျဖစ္ၿပီး အလုပ္အကိုင္ အခြင့္အလမ္းသစ္ေတြကို ကိုယ္တိုင္ဖန္တီးေနႏိုင္ၾကပါၿပီ” လို႔ ေျပာသြားခဲ့ပါတယ္။

Esports ဂိမ္းကစားျခင္းကို အလုပ္အကိုင္တစ္ခုအျဖစ္ သတ္မွတ္ေပးလိုက္ျခင္းဟာ တ႐ုတ္ႏိုင္ငံရဲ႕ အလုပ္လက္မဲ့ဦးေရကို ေလ်ာ့ခ်ႏိုင္႐ုံသာမက တ႐ုတ္ Esprots ေလာက ပိုမိုထြန္းကားလာေစဖို႔အတြက္လည္း ဦးတည္လ်က္ ရွိပါတယ္။ ဂိမ္းကို အလုပ္တစ္ခုအျဖစ္ စြဲစြဲၿမဲၿမဲကစားေနၾကတဲ့ မ်ိဳးဆက္သစ္ တ႐ုတ္လူငယ္ မ်ားကိုလည္း အနာဂတ္မွာ ယခုထက္ပိုၿပီး ေတြ႕ျမင္လာရဦးမွာလည္း ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: bloomberg