[Unicode]

အင်ဒိုနီးရှားမှာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီ

 

အင်ဒိုနီးရှားနိုင်ငံရဲ့ လူငယ်ရေးရာနဲ့ အီလက်ထရောနစ်အားကစားဝန်ကြီးဌာနဟာ အင်ဒိုနီးရှား အမျိုးသားအဆင့် အားကစားကော်မတီ (KONI) နဲ့အတူ ပူးပေါင်းပြီး ကြေညာချက်တစ်ရပ်ကို မကြာသေးမီက ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် အမျိုးသားအဆင့် ဗဟို KONI ကွန်ဖရင့်ပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ဒီကြေညာချက်အရ အင်ဒိုနီးရှားနိုင်ငံဟာ အီလက်ထရောနစ်အားကစား (Esports) ကို တရားဝင် အားကစားတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီပဲဖြစ်ပါတယ်။

ကွန်ဖရင့်ပွဲအတွင်းမှာ အင်ဒိုနီးရှားအစိုးရဟာ အင်ဒိုနီးရှားအီလက်ထရောနစ်အားကစားဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ (PB ESI) ကို နိုင်ငံရဲ့ Esports ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ဖို့အတွက် အသိအမှတ်ပြုတာဝန်ပေးသွားခဲ့ပါတယ်။ အင်ဒိုနီးရှားအစိုးရရဲ့ သတ်မှတ်ချက်အရ PB ESI ဟာ ဒီတာဝန်ကိုယူမယ့် နိုင်ငံရဲ့ တစ်ခုတည်းသော Esports ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သလို KONI ရဲ့ ကြီးကြပ်မှုအောက်မှာ ရှိနေရမှာလည်းဖြစ်ပါတယ်။

PB ESI

PB ESI ရဲ့ အရှည်စာလုံးများကတော့ Pengurus Besar Esports Indonesia ပါ။ PB ESI ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ပေါ်မှာတော့ ယင်းတို့ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်တွင်းပြည်ပ Esports ကိစ္စရပ်များ ပုံမှန်လည်ပတ်ရေး၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေး၊ နိုင်ငံရဲ့ Esports ကစားသမားများနဲ့ အသင်းများရဲ့ တိုးတက်ရေး၊ Esports ဆိုင်ရာ ခရီးသွားလာရေး၊ မျိုးဆက်သစ်လူငယ် Esports ကစားသမား လေ့ကျင့်မွေးထုတ်ပေးရေး စ တာတွေကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ PB ESI ရဲ့ လက်ရှိဦးဆောင်သူ ကတော့ အင်ဒိုနီးရှားရဲ့ အငြိမ်းစားရဲချုပ်ကြီးတစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာဒေါက်တာ Budi Gunawan S.H., M.Si ဖြစ်ကြောင်း၊ PB ESI ဟာ အင်ဒိုနီးရှားနိုင်ငံအတွင်းမှာ တည်ငြိမ်ကောင်းမွန်ပြီး ပုံမှန်လည်ပတ်နေတဲ့ Esports စနစ်ကြီးတစ်ခုပေါ်ထွန်းလာအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း အစရှိသဖြင့် ရေးသားထားခဲ့ပါတယ်။

M1 Champion EVOS Legends

ယင်းကွန်ဖရင့်ပွဲအတွင်းမှာပဲ PB ESI မှ တာဝန်ရှိသူတစ်ဦးက Esports ဟာ ကျွမ်းကျင်မှု၊ လျင်မြန်ဖြတ်လတ်မှုနဲ့ နည်းဗျူဟာများစွာလိုအပ်တဲ့အတွက် တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်ဖို့ ထိုက်တန်လှကြောင်း၊ ယခင်ကလည်း Esports ပြိုင်ပွဲများကို အမျိုးသားအဆင့်အနေနဲ့ရော နိုင်ငံတကာအဆင့်အနေနဲ့ပါ ကျင်းပခဲ့ဖူးကြောင်း၊ ၂၀၁၈ အာရှအားကစားပြိုင်ပွဲနဲ့ ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲများအတွင်း Esports ပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ခြင်းဟာ မျက်မြင်သက်သေတစ်ခုပင်ဖြစ်ကြောင်း၊ အချို့ အင်ဒိုနီးရှားအသင်းများဟာဆိုရင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကျင်းပတဲ့ Esports ပြိုင်ပွဲကြီးများမှာတောင် အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ ဥပမာကောင်းများအနေနဲ့ M1World Championship မှာ အနိုင်ရရှိခဲ့တဲ့ EVOS Esports အသင်းနဲ့ PUBG Mobile Open Fall Split Global Finals 2019 တို့မှာ အနိုင်ရခဲ့တဲ့ Bigetron Esports အသင်းများရှိကြောင်း အစရှိသဖြင့် ပြောကြားသွားခဲ့ပါတယ်။

Bigetron Esports PUBGM

KONI ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Ade Lukman ကလည်း အင်ဒိုနီးရှားရဲ့ Esports လောကကို အပြည့်အဝပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်း၊ PB ESI ရဲ့ ကိုင်တွယ်ကြီးကြပ်မှုများအောက်မှာ အင်ဒိုနီးရှား Esports အားကစားသမားများနဲ့ အသင်းများဟာ နိုင်ငံတကာအဆင့်အထိ ထိုးဖောက်နိုင်ပြီး တိုင်းပြည်က ဂုဏ်ယူအားထားရသူများဖြစ်လာစေဖို့ မျှော်လင့်ကြောင်းတို့ကို ပြောကြားသွားခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ Esports လောကမှာ အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံများအားလုံးထက် ကျော်လွန်အောင် အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: vpesports


[ZawGyi]

အင္ဒိုနီးရွားမွာ Esports ကို တရားဝင္အားကစားတစ္ခုအျဖစ္ သတ္မွတ္လိုက္ၿပီ

 

အင္ဒိုနီးရွားႏိုင္ငံရဲ႕ လူငယ္ေရးရာနဲ႔ အီလက္ထေရာနစ္အားကစားဝန္ႀကီးဌာနဟာ အင္ဒိုနီးရွား အမ်ိဳးသားအဆင့္ အားကစားေကာ္မတီ (KONI) နဲ႔အတူ ပူးေပါင္းၿပီး ေၾကညာခ်က္တစ္ရပ္ကို မၾကာေသးမီက ထုတ္ျပန္ခဲ့ပါတယ္။ ၂၀၂၀ ခုႏွစ္ အမ်ိဳးသားအဆင့္ ဗဟို KONI ကြန္ဖရင့္ပြဲမွာ ထုတ္ျပန္ခဲ့တဲ့ ဒီေၾကညာခ်က္အရ အင္ဒိုနီးရွားႏိုင္ငံဟာ အီလက္ထေရာနစ္အားကစား (Esports) ကို တရားဝင္ အားကစားတစ္ခုအျဖစ္ သတ္မွတ္လိုက္ၿပီပဲျဖစ္ပါတယ္။

ကြန္ဖရင့္ပြဲအတြင္းမွာ အင္ဒိုနီးရွားအစိုးရဟာ အင္ဒိုနီးရွားအီလက္ထေရာနစ္အားကစားဆိုင္ရာ စီမံခန႔္ခြဲေရးေကာ္မတီ (PB ESI) ကို ႏိုင္ငံရဲ႕ Esports ကိစၥရပ္မ်ားအားလုံးကို ေဆာင္႐ြက္ဖို႔အတြက္ အသိအမွတ္ျပဳတာဝန္ေပးသြားခဲ့ပါတယ္။ အင္ဒိုနီးရွားအစိုးရရဲ႕ သတ္မွတ္ခ်က္အရ PB ESI ဟာ ဒီတာဝန္ကိုယူမယ့္ ႏိုင္ငံရဲ႕ တစ္ခုတည္းေသာ Esports ဆိုင္ရာအဖြဲ႕အစည္းတစ္ခုျဖစ္သလို KONI ရဲ႕ ႀကီးၾကပ္မႈေအာက္မွာ ရွိေနရမွာလည္းျဖစ္ပါတယ္။

PB ESI

PB ESI ရဲ႕ အရွည္စာလုံးမ်ားကေတာ့ Pengurus Besar Esports Indonesia ပါ။ PB ESI ရဲ႕ တရားဝင္ဝက္ဘ္ဆိုက္ေပၚမွာေတာ့ ယင္းတို႔ဟာ အင္ဒိုနီးရွားႏိုင္ငံရဲ႕ ျပည္တြင္းျပည္ပ Esports ကိစၥရပ္မ်ား ပုံမွန္လည္ပတ္ေရး၊ ၿပိဳင္ပြဲမ်ား က်င္းပႏိုင္ေရး၊ ႏိုင္ငံရဲ႕ Esports ကစားသမားမ်ားနဲ႔ အသင္းမ်ားရဲ႕ တိုးတက္ေရး၊ Esports ဆိုင္ရာ ခရီးသြားလာေရး၊ မ်ိဳးဆက္သစ္လူငယ္ Esports ကစားသမား ေလ့က်င့္ေမြးထုတ္ေပးေရး စ တာေတြကို ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း၊ PB ESI ရဲ႕ လက္ရွိဦးေဆာင္သူ ကေတာ့ အင္ဒိုနီးရွားရဲ႕ အၿငိမ္းစားရဲခ်ဳပ္ႀကီးတစ္ဦးျဖစ္တဲ့ ပေရာ္ဖက္ဆာေဒါက္တာ Budi Gunawan S.H., M.Si ျဖစ္ေၾကာင္း၊ PB ESI ဟာ အင္ဒိုနီးရွားႏိုင္ငံအတြင္းမွာ တည္ၿငိမ္ေကာင္းမြန္ၿပီး ပုံမွန္လည္ပတ္ေနတဲ့ Esports စနစ္ႀကီးတစ္ခုေပၚထြန္းလာေအာင္ ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း အစရွိသျဖင့္ ေရးသားထားခဲ့ပါတယ္။

M1 Champion EVOS Legends

ယင္းကြန္ဖရင့္ပြဲအတြင္းမွာပဲ PB ESI မွ တာဝန္ရွိသူတစ္ဦးက Esports ဟာ ကြၽမ္းက်င္မႈ၊ လ်င္ျမန္ျဖတ္လတ္မႈနဲ႔ နည္းဗ်ဴဟာမ်ားစြာ လိုအပ္တဲ့အတြက္ တရားဝင္အားကစားတစ္ခုအျဖစ္ သတ္မွတ္ဖို႔ ထိုက္တန္လွေၾကာင္း၊ ယခင္ကလည္း Esports ၿပိဳင္ပြဲမ်ားကို အမ်ိဳးသားအဆင့္အေနနဲ႔ေရာ ႏိုင္ငံတကာအဆင့္အေနနဲ႔ပါ က်င္းပခဲ့ဖူးေၾကာင္း၊ ၂၀၁၈ အာရွအားကစားၿပိဳင္ပြဲနဲ႔ ၂၀၁၉ ဆီးဂိမ္းၿပိဳင္ပြဲမ်ားအတြင္း Esports ၿပိဳင္ပြဲမ်ား ထည့္သြင္းက်င္းပခဲ့ျခင္းဟာ မ်က္ျမင္သက္ေသတစ္ခုပင္ျဖစ္ေၾကာင္း၊ အခ်ိဳ႕ အင္ဒိုနီးရွားအသင္းမ်ားဟာဆိုရင္ တစ္ကမာၻလုံးအတိုင္းအတာနဲ႔ က်င္းပတဲ့ Esports ၿပိဳင္ပြဲႀကီးမ်ားမွာေတာင္ အႏိုင္ရေအာင္စြမ္းေဆာင္ႏိုင္ခဲ့ေၾကာင္း၊ ဥပမာေကာင္းမ်ားအေနနဲ႔ M1World Championship မွာ အႏိုင္ရရွိခဲ့တဲ့ EVOS Esports အသင္းနဲ႔ PUBG Mobile Open Fall Split Global Finals 2019 တို႔မွာ အႏိုင္ရခဲ့တဲ့ Bigetron Esports အသင္းမ်ားရွိေၾကာင္း အစရွိသျဖင့္ ေျပာၾကားသြားခဲ့ပါတယ္။

Bigetron Esports PUBGM

KONI ရဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္ျဖစ္သူ Ade Lukman ကလည္း အင္ဒိုနီးရွားရဲ႕ Esports ေလာကကို အျပည့္အဝပံ့ပိုးကူညီေပးသြားမွာျဖစ္ေၾကာင္း၊ PB ESI ရဲ႕ ကိုင္တြယ္ႀကီးၾကပ္မႈမ်ားေအာက္မွာ အင္ဒိုနီးရွား Esports အားကစားသမားမ်ားနဲ႔ အသင္းမ်ားဟာ ႏိုင္ငံတကာအဆင့္အထိ ထိုးေဖာက္ႏိုင္ၿပီး တိုင္းျပည္က ဂုဏ္ယူအားထားရသူမ်ားျဖစ္လာေစဖို႔ ေမွ်ာ္လင့္ေၾကာင္းတို႔ကို ေျပာၾကားသြားခဲ့ပါတယ္။ အင္ဒိုနီးရွားဟာ Esports ေလာကမွာ အိမ္နီးခ်င္းအေရွ႕ေတာင္အာရွႏိုင္ငံမ်ားအားလုံးထက္ ေက်ာ္လြန္ေအာင္ အစြမ္းကုန္ႀကိဳးပမ္းလုပ္ေဆာင္လ်က္ရွိပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: vpesports