ESL Pro League S9 Finals Preview (CSGO)
ကဲ စလိုက်ရအောင်
G2
Liquid
MIBR
Faze
North
Hell Raisers
Heroic
Mouz
NRG
Astralis
Noodle’s Picks
Kyitha – Team Liquid
Jerry – North
KoBoo – Mouz
#Fairy #Preview #CSGO #ESL
17.6.2019 ညနေ 4.30 မှာစမယ့် ESL Pro League Season9 Finals အတွက် preview လေးကို အနှစ်ချုပ်ပဲ တင်ဆက်ပေးသွားပါမယ်။ အဓိက စောင့်ကြည့်ရမယ့် အသင်းတွေနဲ့ သတိထားရမယ့် အသင်းတွေကိုတော့ အသေးစိတ် ရေးပေးသွားမှာပါ။ အိမ်ဖြည့်လိုဖြစ်မယ့်အသင်းတွေနဲ့ ပြိုင်ပွဲမှာပါပေမယ့် အသေးစိတ်ထဲမပါတဲ့ အသင်းတွေကတော့ အရင် preview က အတိုင်းပါပဲဗျာ။ ကျွန်တော် နောက်ဆုံးလုပ်ပေးခဲ့တဲ့ preview ကတော့ ဒီမှာကြည့်လို့ရပါတယ်
www.gamingnoodle.com/dreamhack-masters-dallas-2019-csgo-tournament-review/
ESL Pro League Season9 Finals ဟာ ပြင်သစ်နိုင်ငံ Montpellier မြို့မှာကျင်းပမှာဖြစ်ပြီး DH master တုန်းကလိုပဲ Group A Group B နဲ့ double elimination သွားမှာပါ။ Seeding တွေကိုတော့ ESL World Ranking အတိုင်း ချမှတ်ထားတာပါ။ https://www.eslgaming.com/worldranking/csgo#/ မှာ သွားကြည့်နိုင်ပါတယ်။ အင်္ဂါနေ့ကနေ စလိုက်တဲ့ ဒီ tournament ဟာ တနင်္ဂနွေမှာ Grand final BO5 ဆော့မှာဖြစ်လို့ bet တဲ့လူတွေအနေနဲ့ ကျည်အပြည့်ဖြည့်ထားသင့်ပါတယ်။
ကဲ စလိုက်ရအောင်
G2
ကိုယ်က fangay လည်းဖြစ် Home Crowd Team လည်းဖြစ်နေတဲ့ အသင်း G2 က တော့ ဒီရက်ပိုင်း အခြေအနေကောင်းနေပြီး နောက်ဆုံးမှဝင်လာတဲ့ Amanek ကလည်း အတော်လက်စွမ်းပြနေပါတယ်။ IGL တဖြစ်လဲ ကျတော်အကြိုက်ဆုံး Player Shoxie ကလည်း fragging power အတော်ကောင်းနေပါတယ်။ အားမရတာက တော့ Jackz ပါပဲ။ Lucky ကတော့ site hold တွေမှာ ကောင်းနေဆဲပါ။ အနည်းဆုံးတော့ အိမ်ကွင်းအသင်းဖြစ်နေလို့ Grandfinal မှာမြင်ချင်မိပါတယ် (just fangay hope)
Liquid
Stewie2k ရောက်ပြီးနောက်ပိုင်းမှာ world rank 1 ထိ တက်လှမ်းနိုင်ခဲ့တဲ့ liquid အတွက်ကတော့ များများစားစားပြောစရာမရှိပါဘူး။ Astralis မပါတဲ့ Group B မှာရှိနေပေမယ့် MIBR FAZE ကို ကျော်ဖြတ်ရဦးမှာဖြစ်သလို BO1 ဖြစ်တဲ့ ပွဲဦးထွက်မှာ လက်စွာနေတဲ့ North နဲ့ရင်ဆိုင်ရာမှာလည်း အမှားနည်းဦးမှပါ။
MIBR
အောင်မြင်မှုပိုင်းမှာ သိပ်မကောင်းတော့ပဲ Furia လောက်တောင် Firepower မရှိသလိုခံစားနေရလို့ Coldzera ရဲ့တစ်ကိုယ်တော် show တွေပဲစောင့်ကြည့်ကြမယ်လေ။
Luminosity (Mibr dropouts)
Mibr က kick ခံလိုက်ရတဲ့လူတွေနဲ့ ဖွဲ့စည်းထားတာမို့ Mibr ထပ်ဆိုးတဲ့ အခြေအနေမှာပါ။ Revenge နိုင်မလားဆိုတာတော့ စောင့်ကြည့်သင့်ပါတယ်။
Faze
သူတို့ကတော့ Neo ရဲ့ Ingame Leading အောက်မှာ တော်တော်လေး ကောင်းလာတာကိုတွေ့ရမှာပါ။ DH တုန်းက Ence ကို နိုင်ဖို့ ခြေချော်လက်ချော် (Train မှာပြုတ်ကျပြီးတောင် သေသေးတယ်ထင်တယ်) ဖြစ်ပြီး ရှုံးခဲ့တာပါ။ Guardian အတွက် ဆက်ဆော့ဖို့ motivation လည်းရရှိပြီး Rain နဲ့ Niko က တော့ ပြောစရာ မလိုလောက်အောင်ကောင်းပါတယ်။ အခုပြင်ဆင်ချိန်ပိုရလာတော့ ပိုကောင်းလာဖို့ပဲရှိပြီး နောက်ဆုံးလေးသင်းထိ ထိမှန်းပါတယ်။
North
DH တုန်းက ရေးထားတာလည်းဖတ်သင့်ပြီး အဆက်အနေနဲ့ onfire ဖြစ်နေတဲ့ North က DH Champion Vitality ကိုနိုင်ထားကာ အဲ့တုန်းက Furia ကိုတော့ မရပ်တန့်နိုင်ခဲ့လို့ နှုတ်ဆက်ခဲ့ရပါတယ်။ လက်တလော ရလဒ်တွေလည်းကောင်းနေပြီး နေရာတစ်ခုရောက်အောင်တော့ ဆော့နိုင်ကြမှာဖြစ်သလို မထင်မှတ်ပဲ Semifinal ရောက်နိုင်ပါတယ်။
Hell Raisers
ရောကြော်အသင်း HR က တော့ starplayer အနေနဲ့ Oskar နဲ့ young gun nukkey တို့ပါပါတယ်။ ISSA နဲ့ lowel တို့ကလည်း မဆိုးတဲ့ player တွေဖြစ်ပြီး Ange1 ကတော့ Old and Experienced player ပါ။ ပွဲဦးထွက်က lumi နဲ့မို့ ချောင်တယ်ဆိုပေမယ့် map pool တူတဲ့သူတို့ နှစ်သင်း အကြိတ်အနယ် ဆော့တာကြည့်ရ မှာပါ၊
Heroic
Heroic ကတော့ ဒီရက်ပိုင်း သိပ်သိကြဦးမယ် မထင်ဘူး။ Nip Old Player Friberg နဲ့ starplayer BlameF နဲ့အတူ နာမည်ရှိတဲ့ ES3tag Natosphix တို့နဲ့ ပွဲထွက်လာပါတယ်။ အသင်းအခြေအနေနဲ့ကတော့ Tier2 ထဲက အကောင်းဆုံးအသင်းတွေထဲပါပြီး Tier1 အကျတွေနဲ့ ယှဉ်ရင်တောင် တစ်ခုခု လိုနေသလိုခံစားရပါတယ်။ ဒါပေမယ့် potential ရှိတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။
Mouz
Map pool ကျယ်သလို အရင်က top5 အသင်းဝင် Mouz ကတော့ HR က Awper Woxic နဲ့ Nochance က Young Gun Frozen ကိုခေါ်ယူပြီး ရလဒ်ကောင်းတွေ ယူပြထားပါတယ်။ တစ်ချိန်က mirage god ဖြစ်ခဲ့ပေမယ့် အခုချိန်မှာ oskar နဲ့ sunny မရှိတော့လို့ mirage ဆိုတိုင်း mouz ကို မျက်စိမှိတ်ယုံလို့ မရတော့ပါဘူး။ Double awp အရမ်းကောင်းတဲ့အသင်းဖြစ်လို့ CT sided map တွေဆို ပြောစရာမလိုအောင်ကောင်းပါတယ်။ World Rank Top 10 ထဲ ပြန်ဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အသင်းတစ်သင်းပါ။ Semi Finalist ရောက်မယ်လို့ မျှော်မှန်းပါတယ်။
NRG
လောလောလတ်လတ်အနေနဲ့ Daps ကိုထုတ်ပြီး Liquid Old player Stanislaw ကိုခေါ်ယူခဲ့တာ အင်မတန်မှ ကောင်းတဲ့ခေါ်ယူမှုပါ။ အသင်းရဲ့နိုင်ချေအများကြီးတက်လာပါတယ်။ အခြားအနေနဲ့ကတော့ ထွေထွေထူးထူးပြောစရာမလိုပဲ Cerq နဲ့ Brezhe ရဲ့ ကစားပုံတွေနဲ့အတူ နိုင်ပွဲတွေရဦးမယ့်အသင်းဖြစ်ပါတယ်။
Astralis
နန်းကျဘုရင်ကြီးအတွက် နန်းပြန်လုဖို့အကောင်းဆုံး tournament ဖြစ်ပါတယ်။ ပွဲအရေအတွက်များပြီး bracket ကလည်း ချောင်တော့ Semifinal တော့ အသာလေးတက်လှမ်းလာမှာပါ။ တစ်ခုရှိတာက Too Much Knowledge Maketh Fool ဆိုသလို Top Ranking အသင်းတွေနဲ့ဆို ကိစ္စမရှိပေမယ့် Furia လို aim ကောင်းပြီး low tier တွေလို ပုံမှန်မဟုတ်ပဲ လုပ်ရဲကိုင်ရဲတဲ့အသင်းနဲ့တွေ့ရင်ခံရတတ်ပါတယ်။ အဲ့အတွက်လည်းပြင်ဆင်လာ ဦးမှာဖြစ်လို့ ထီးနန်းလုပွဲ ဖြစ်တဲ့ Liquid vs Astralis BO5 GrandFinal ကိုတော့ လူတိုင်းမျှော်လင့်နေမှာပါ (ကိုယ်ကတော့ G2 မှ G2 ပါပဲလို့)
Fnatic Cloud9 Tyloo ကတော့ DH တုန်းက preview အတိုင်းပါပဲ။ ဘရာဇီးအသင်း Detona နဲ့ Grayhound ကတော့ skip ပါမယ်။
My Pick-ရင်ဘတ်ကြီးက G2 ဆိုပေမယ့် unbiased ဆိုရင်တော့ Astralis ပါပဲ။
Noodle’s Picks
Kyitha – Team Liquid
Jerry – North
KoBoo – Mouz
#Fairy #Preview #CSGO #ESL