[Unicode]

Online ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပမယ့် ESL Los Angeles Dota2 Major

 

၂၀၂၀ မတ်လ ၁၅ ကနေ ၂၂ အတွင်း ကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ ESL Los Angeles 2020 Dota2 Major ဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားလာမှုကြောင့် မတ်လ ၁၂ ရက်နေ့မှာ ရွေ့ဆိုင်းခဲ့ပါတယ်။ ပြိုင်ပွဲကို ပြန်လည် ကျင်းပမယ့် အသေးစိတ်အချက်အလက်တွေကို မကြာခင်ကြေညာသွားမယ့်လို့ ဆိုထားခဲ့ပေမယ့် ယခုလို ၂ ပါတ်ခန့်ကြာမှ သတင်းထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

ကမ္ဘာတဝန်းမှာလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု မငြိမ်မသက် ဖြစ်နေသေးတာကြောင့် ESL က 2019-2020 Dota Pro Circuit ရဲ့ တတိယမြောက် Major ကို Online ပြိုင်ပွဲအနေနဲ့သာ ကျင်းပတော့မယ်လို့ ကြေညာခဲ့ပါတယ်။ စတုတ္ထမြောက် DPC Minor နဲ့ Major ကို ဖျက်သိမ်းလိုက်တဲ့ သတင်းနောက်မှာ ဒါပထမဆုံး ပြန်ကြားရတဲ့ ဒီနှစ် Dota Pro Circuit ရဲ့သတင်းကောင်းပါပဲ။

ESL ရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်မှာတော့ လာမယ့် မတ်လ ၂၈ ကနေ ဧပြီ ၁၉ အထိ အသင်း ၃၄ သင်းမှ ဒေသတွင်း Online League ၅ ခုခွဲပြီး ယှဉ်ပြိုင်သွားမယ်လို့ သိရှိရပါတယ်။ ထို Qualifier မှတက်လာတဲ့ အသင်းတွေနဲ့ Major တက်ရောက်ခွင့်ရတဲ့ အသင်းများ Minor မှ အကောင်းဆုံးအသင်းများဟာ ပတ်လည် Bo3 Format နဲ့ ဆုကြေငွေဒေါ်လာ ၃၇၅,၀၀၀ အထိပေးအပ်မယ့် ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

အဆိုပါဆုံးဖြတ်ချက်ဟာ ကစားသမားတွေ နည်းပြတွေ အသင်းဝန်ထမ်းတွေ ပရိသတ်တွေ ပွဲကျင်းပမယ့် Crew တွေအတွက် လုံခြုံမှုရှိပြီး Esports ကို ရှင်သန်နေစေမယ့် အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ESL က ရှင်းလင်းခဲ့ပါတယ်။ ထို့အပြင် အခက်ခဲဆုံးအချိန်တွေမှာ အခုလို ဖျော်ဖြေမှုပေးနိုင်တာကိုလည်း ပျော်ရွင်ကြောင်း ESL မှ ရေးသားထားပါတယ်။ အခုလက်ရှိမှာလည်း Final ကစားရမယ့် Tournament အတွက် စီစဉ်နေကြောင်းနဲ့ ပြိုင်ပွဲလက်မှတ်ဝယ်ယူထားသူများကို ငွေပြန်အမ်းသွားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ Major ပွဲဖြစ်ပေမယ့်လည်း DPC Point တွေ ဘယ်လိုခွဲဝေမလည်းဆိုတာတော့ မကြေညာထားပါဘူး။

Credit: DioriteEsports

ထို့အပြင် မေလအတွင်း ကျင်းပဖို့ စီစဉ်ထားတဲ့ ESL ရဲ့ နောက်ထပ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ESL One Birmingham 2020 ကိုလည်း Online Tournament အဖြစ်ပြောင်းလဲလိုက်ပြီး တကယ့် LAN Event ကို 2021 သို့ ပြောင်းရွေ့ကြောင်း ကြေညာခဲ့ပါတယ်။ ESL One Birmingham ကိုလည်း ESL LA နည်းတူ ဒေသတွင်း Online League အဖြစ် မေလမှ ဇွန်လအထိ ကျင်းပသွားမှာဖြစ်ပြီး ဆုကြေးကိုလည်း ဒေါ်လာ ၃၃၅,၀၀၀ အထိ ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။ Main Event ကို ပြုလုပ်တော့မည်မဟုတ်ပဲ ဆုကြေးကို Online League ၅ ခုကို ခွဲဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် Quarantine လုပ်နေတဲ့သူတွေ Social Distancing လုပ်ပြီး အိမ်တွင်းအောင်းနေတဲ့သူတွေ အများအပြားရှိနေပေမယ့် Esports ကတော့ မရပ်တန့်သွားပါဘူး။ အခုလည်း WeSave! Charity Play နောက်ပိုင်း ကြည့်စရာ မရှိဘူးထင်နေတဲ့ Dota2 ဟာ ပြန်လည် အသက်ဝင်လာပါတောမယ့်။ COVID-19 ကိုရိုနာဗိုင်းရပ် ဖြစ်ပွားနေပေမယ့်လည်း Gaming Noodle ကနေ သတင်းတွေနဲ့ အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာအသစ်တွေကို တင်ဆက်ပေးသွားဦးမှာမလို့ စောင့်မျှော်ကြည့်ရှုပေးကြပါ ခင်ဗျာ။


[ZawGyi]

Online ၿပိဳင္ပြဲအျဖစ္ ေျပာင္းလဲက်င္းပမယ့္ ESL Los Angeles Dota2 Major

 

၂၀၂၀ မတ္လ ၁၅ ကေန ၂၂ အတြင္း က်င္းပဖို႔ စီစဥ္ထားခဲ့တဲ့ ESL Los Angeles 2020 Dota2 Major ဟာ ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားလာမႈေၾကာင့္ မတ္လ ၁၂ ရက္ေန႔မွာ ေ႐ြ႕ဆိုင္းခဲ့ပါတယ္။ ၿပိဳင္ပြဲကို ျပန္လည္ က်င္းပမယ့္ အေသးစိတ္အခ်က္အလက္ေတြကို မၾကာခင္ေၾကညာသြားမယ့္လို႔ ဆိုထားခဲ့ေပမယ့္ ယခုလို ၂ ပါတ္ခန႔္ၾကာမွ သတင္းထုတ္ျပန္ခဲ့တာပဲ ျဖစ္ပါတယ္။

ကမာၻတဝန္းမွာလည္း ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားမႈ မၿငိမ္မသက္ ျဖစ္ေနေသးတာေၾကာင့္ ESL က 2019-2020 Dota Pro Circuit ရဲ႕ တတိယေျမာက္ Major ကို Online ၿပိဳင္ပြဲအေနနဲ႔သာ က်င္းပေတာ့မယ္လို႔ ေၾကညာခဲ့ပါတယ္။ စတုတၳေျမာက္ DPC Minor နဲ႔ Major ကို ဖ်က္သိမ္းလိုက္တဲ့ သတင္းေနာက္မွာ ဒါပထမဆုံး ျပန္ၾကားရတဲ့ ဒီႏွစ္ Dota Pro Circuit ရဲ႕သတင္းေကာင္းပါပဲ။

ESL ရဲ႕ တရားဝင္သတင္းထုတ္ျပန္ခ်က္မွာေတာ့ လာမယ့္ မတ္လ ၂၈ ကေန ဧၿပီ ၁၉ အထိ အသင္း ၃၄ သင္းမွ ေဒသတြင္း Online League ၅ ခုခြဲၿပီး ယွဥ္ၿပိဳင္သြားမယ္လို႔ သိရွိရပါတယ္။ ထို Qualifier မွတက္လာတဲ့ အသင္းေတြနဲ႔ Major တက္ေရာက္ခြင့္ရတဲ့ အသင္းမ်ား Minor မွ အေကာင္းဆုံးအသင္းမ်ားဟာ ပတ္လည္ Bo3 Format နဲ႔ ဆုေၾကေငြေဒၚလာ ၃၇၅,၀၀၀ အထိေပးအပ္မယ့္ ၿပိဳင္ပြဲကို ဆက္လက္ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။

အဆိုပါဆုံးျဖတ္ခ်က္ဟာ ကစားသမားေတြ နည္းျပေတြ အသင္းဝန္ထမ္းေတြ ပရိသတ္ေတြ ပြဲက်င္းပမယ့္ Crew ေတြအတြက္ လုံၿခဳံမႈရွိၿပီး Esports ကို ရွင္သန္ေနေစမယ့္ အေကာင္းဆုံးနည္းလမ္းျဖစ္တယ္လို႔ ESL က ရွင္းလင္းခဲ့ပါတယ္။ ထို႔အျပင္ အခက္ခဲဆုံးအခ်ိန္ေတြမွာ အခုလို ေဖ်ာ္ေျဖမႈေပးႏိုင္တာကိုလည္း ေပ်ာ္႐ြင္ေၾကာင္း ESL မွ ေရးသားထားပါတယ္။ အခုလက္ရွိမွာလည္း Final ကစားရမယ့္ Tournament အတြက္ စီစဥ္ေနေၾကာင္းနဲ႔ ၿပိဳင္ပြဲလက္မွတ္ဝယ္ယူထားသူမ်ားကို ေငြျပန္အမ္းသြားမယ့္အေၾကာင္း ေၾကညာခဲ့ပါတယ္။ Major ပြဲျဖစ္ေပမယ့္လည္း DPC Point ေတြ ဘယ္လိုခြဲေဝမလည္းဆိုတာေတာ့ မေၾကညာထားပါဘူး။

Credit: DioriteEsports

ထို႔အျပင္ ေမလအတြင္း က်င္းပဖို႔ စီစဥ္ထားတဲ့ ESL ရဲ႕ ေနာက္ထပ္ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ ESL One Birmingham 2020 ကိုလည္း Online Tournament အျဖစ္ေျပာင္းလဲလိုက္ၿပီး တကယ့္ LAN Event ကို 2021 သို႔ ေျပာင္းေ႐ြ႕ေၾကာင္း ေၾကညာခဲ့ပါတယ္။ ESL One Birmingham ကိုလည္း ESL LA နည္းတူ ေဒသတြင္း Online League အျဖစ္ ေမလမွ ဇြန္လအထိ က်င္းပသြားမွာျဖစ္ၿပီး ဆုေၾကးကိုလည္း ေဒၚလာ ၃၃၅,၀၀၀ အထိ ေပးအပ္သြားမွာပဲ ျဖစ္ပါတယ္။ Main Event ကို ျပဳလုပ္ေတာ့မည္မဟုတ္ပဲ ဆုေၾကးကို Online League ၅ ခုကို ခြဲေဝေပးသြားမွာပဲ ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ Quarantine လုပ္ေနတဲ့သူေတြ Social Distancing လုပ္ၿပီး အိမ္တြင္းေအာင္းေနတဲ့သူေတြ အမ်ားအျပားရွိေနေပမယ့္ Esports ကေတာ့ မရပ္တန႔္သြားပါဘူး။ အခုလည္း WeSave! Charity Play ေနာက္ပိုင္း ၾကည့္စရာ မရွိဘူးထင္ေနတဲ့ Dota2 ဟာ ျပန္လည္ အသက္ဝင္လာပါေတာမယ့္။ COVID-19 ကို႐ိုနာဗိုင္းရပ္ ျဖစ္ပြားေနေပမယ့္လည္း Gaming Noodle ကေန သတင္းေတြနဲ႔ အျခားစိတ္ဝင္စားဖြယ္ရာ အေၾကာင္းအရာအသစ္ေတြကို တင္ဆက္ေပးသြားဦးမွာမလို႔ ေစာင့္ေမွ်ာ္ၾကည့္ရႈေပးၾကပါ ခင္ဗ်ာ။