[Unicode]

ESL Los Angeles Dota2 Major ဖျက်သိမ်းလိုက်ပြီ

 

LA Major ကို ဦးဆောင်ကျင်းပမယ့် အဖွဲ့အစည်းဖြစ်တဲ့ ESL ဟာ လွန်ခဲ့တဲ့ နာရီပိုင်းအလိုကမှ LA Dota2 Major ကို ပွဲကြည့်ပရိသတ် မပါဝင်ပဲ ယှဉ်ပြိုင်ရမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးသတင်းတွေအရ Valve နဲ့ ESL တို့ဟာ တတိယ Major ဖြစ်တဲ့ ESL LA Dota2 ပြိုင်ပွဲကို ဖျက်သိမ်းကြောင်း အတည်ပြုလိုက်ပါပြီ။

ပါဝင်ယှဉ်ပြိုင်မယ့် အသင်းတွေနဲ့ ပြိုင်ပွဲမှ Caster, Analyst အစရှိတဲ့ Talent တွေကိုလည်း အသိပေးထားပြီးပြီလို့ သိရပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မကြာသေးမီကမှ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ “ဥရောပမှ USA သို့ လာရောက်ခွင့် ပိတ်ပင်”လိုက်တဲ့ကြေညာချက်အသစ်ကြောင့်လို့ ဂျာနယ်လစ် Rod “Slasher” Breslau ကပြောကြားခဲ့ပါတယ်။

လာမယ့် March 16 မှာ စတင်မယ့် အမေရိကန် ကော်လိုရာဒိုမြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ESL Pro League Season-11 CSGO ပြိုင်ပွဲကတော့ Online ပြိုင်ပွဲအဖြစ် ပြောင်းလဲလိုက်ပြီး ဥရောပမှာရှိတဲ့ ESL Studio ကနေပဲ တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ESL LA Major ကတော့ ထိုပြိုင်ပွဲလိုမဟုတ်ပဲ လုံးဝ ဖျက်သိမ်းလိုက်ပြီပဲ ဖြစ်ပါတယ်။ ထို့အတွက် မတ်လ ၁၅ ကနေ ၂၂ အထိ စီစဉ်ထားတဲ့ Dota2 ပွဲက ဖြစ်မြောက်တော့မှာ မဟုတ်ပါဘူး။

ဂျာနယ်လစ် Slasher ရဲ့ ထပ်မံပြောကြားချက်အရ US အစိုးရဟာ ဥရောပနိုင်ငံအချို့မှာ နေထိုင်ခဲ့တဲ့သူတွေကို ၁၄ ရက်ကြာမှ US ကို ဝင်ရောက်ခွင့်ပေးမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် ဥရောပအသင်းတွေဖြစ်တဲ့ NIP နဲ့ Team Secret တို့လို အသင်းမျိုးကို အခက်တွေ့စေခဲ့ပါတယ်။

ထို့အပြင် Visa ပြဿနာနဲ့ ကြုံတွေ့နေတဲ့ Team Aster နဲ့ Adroit တို့ရဲ့ အခက်အခဲတွေလည်း ရှိနေပါသေးတယ်။ (Adroit ကတော့ Ninjaboogie ကို အစားထိုးခေါ်ယူခဲ့ပြီး USA ကို ရောက်ရှိနေပါပြီ။ အခြား SEA အသင်းတစ်သင်းဖြစ်တဲ့ Geekfam လည်း ရောက်နေပါပြီ)

Adriot Dota with Stand-in ninjaboogie at USA

Dota Pro Circuit ကတော့ ဘယ်လိုစီစဉ်ထားလည်းဆိုတာ မထုတ်ပြန်သေးပေမယ့် Starladder ImbaTV Minor ကတော့ ကျင်းပပြီးစီးပြီး DPC Point တွေ ခွဲဝေပြီးပါပြီ။ မကြာခင် Valve နဲ့ ESL တို့မှ တရားဝင် သတင်းထုတ်ပြန်မယ်လို့ ယူဆရပါတယ်။ Update သတင်းများအားလုံးကို Gaming Noodle Facebook Page ကနေ အချိန်နဲ့ တပြေးညီ တင်ဆက်ပေးမှာမလို့ Like and See Firstလုပ်ထားပြီး စောင့်ကြည့်ပေးကြပါ ခင်ဗျာ။

Source : Dotesports


[ZawGyi]

ESL Los Angeles Dota2 Major ဖ်က္သိမ္းလိုက္ၿပီ

 

LA Major ကို ဦးေဆာင္က်င္းပမယ့္ အဖြဲ႕အစည္းျဖစ္တဲ့ ESL ဟာ လြန္ခဲ့တဲ့ နာရီပိုင္းအလိုကမွ LA Dota2 Major ကို ပြဲၾကည့္ပရိသတ္ မပါဝင္ပဲ ယွဥ္ၿပိဳင္ရမယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ဆုံးသတင္းေတြအရ Valve နဲ႔ ESL တို႔ဟာ တတိယ Major ျဖစ္တဲ့ ESL LA Dota2 ၿပိဳင္ပြဲကို ဖ်က္သိမ္းေၾကာင္း အတည္ျပဳလိုက္ပါၿပီ။

ပါဝင္ယွဥ္ၿပိဳင္မယ့္ အသင္းေတြနဲ႔ ၿပိဳင္ပြဲမွ Caster, Analyst အစရွိတဲ့ Talent ေတြကိုလည္း အသိေပးထားၿပီးၿပီလို႔ သိရပါတယ္။ ဒီဆုံးျဖတ္ခ်က္ဟာ မၾကာေသးမီကမွ အေမရိကန္သမၼတ ေဒၚနယ္ ထရန႔္ရဲ႕ “ဥေရာပမွ USA သို႔ လာေရာက္ခြင့္ ပိတ္ပင္”လိုက္တဲ့ေၾကညာခ်က္အသစ္ေၾကာင့္လို႔ ဂ်ာနယ္လစ္ Rod “Slasher” Breslau ကေျပာၾကားခဲ့ပါတယ္။

လာမယ့္ March 16 မွာ စတင္မယ့္ အေမရိကန္ ေကာ္လိုရာဒိုၿမိဳ႕မွာ က်င္းပဖို႔ စီစဥ္ထားတဲ့ ESL Pro League Season-11 CSGO ၿပိဳင္ပြဲကေတာ့ Online ၿပိဳင္ပြဲအျဖစ္ ေျပာင္းလဲလိုက္ၿပီး ဥေရာပမွာရွိတဲ့ ESL Studio ကေနပဲ တိုက္႐ိုက္ထုတ္လႊင့္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ESL LA Major ကေတာ့ ထိုၿပိဳင္ပြဲလိုမဟုတ္ပဲ လုံးဝ ဖ်က္သိမ္းလိုက္ၿပီပဲ ျဖစ္ပါတယ္။ ထို႔အတြက္ မတ္လ ၁၅ ကေန ၂၂ အထိ စီစဥ္ထားတဲ့ Dota2 ပြဲက ျဖစ္ေျမာက္ေတာ့မွာ မဟုတ္ပါဘူး။

ဂ်ာနယ္လစ္ Slasher ရဲ႕ ထပ္မံေျပာၾကားခ်က္အရ US အစိုးရဟာ ဥေရာပႏိုင္ငံအခ်ိဳ႕မွာ ေနထိုင္ခဲ့တဲ့သူေတြကို ၁၄ ရက္ၾကာမွ US ကို ဝင္ေရာက္ခြင့္ေပးမယ္လို႔ ထုတ္ျပန္ထားတဲ့အတြက္ ဥေရာပအသင္းေတြျဖစ္တဲ့ NIP နဲ႔ Team Secret တို႔လို အသင္းမ်ိဳးကို အခက္ေတြ႕ေစခဲ့ပါတယ္။

ထို႔အျပင္ Visa ျပႆနာနဲ႔ ႀကဳံေတြ႕ေနတဲ့ Team Aster နဲ႔ Adroit တို႔ရဲ႕ အခက္အခဲေတြလည္း ရွိေနပါေသးတယ္။ (Adroit ကေတာ့ Ninjaboogie ကို အစားထိုးေခၚယူခဲ့ၿပီး USA ကို ေရာက္ရွိေနပါၿပီ။ အျခား SEA အသင္းတစ္သင္းျဖစ္တဲ့ Geekfam လည္း ေရာက္ေနပါၿပီ)

Adriot Dota with Stand-in ninjaboogie at USA

Dota Pro Circuit ကေတာ့ ဘယ္လိုစီစဥ္ထားလည္းဆိုတာ မထုတ္ျပန္ေသးေပမယ့္ Starladder ImbaTV Minor ကေတာ့ က်င္းပၿပီးစီးၿပီး DPC Point ေတြ ခြဲေဝၿပီးပါၿပီ။ မၾကာခင္ Valve နဲ႔ ESL တို႔မွ တရားဝင္ သတင္းထုတ္ျပန္မယ္လို႔ ယူဆရပါတယ္။ Update သတင္းမ်ားအားလုံးကို Gaming Noodle Facebook Page ကေန အခ်ိန္နဲ႔ တေျပးညီ တင္ဆက္ေပးမွာမလို႔ Like and See Firstလုပ္ထားၿပီး ေစာင့္ၾကည့္ေပးၾကပါ ခင္ဗ်ာ။

 

Source: Dotesports