[Unicode]

ePremier League ချန်ပီယံ Liverpool ကစားသမားဆီကနေ FIFA သင်တန်း တက်နိုင်ပြီ

 

၂၀၁၉ ခုနှစ် ePremier League ရဲ့ ချန်ပီယံ Liverpool အသင်းက “Tekkz” ရဲ့ Online FIFA သင်တန်း လာပါပြီ။ Fnatic အဖွဲ့အစည်းကြီးရဲ့အသင်းသားတစ်ဦးဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ Tekkz ဟာ FIFA ဂိမ်းလောကမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲက တစ်ဦးအဖြစ် အများက သတ်မှတ်ခြင်းကို ခံထားရသူပါ။

အသက်ငယ်ရွယ်သေးပေမယ့် Tekkz ဟာ ၂ နှစ်တာအတွင်းမှာ FUT Championship ဖလား ၅ ခု ရယူထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ထို့အပြင် အင်္ဂလန် ပရီးမီးယား လိဂ်မှာရှိတဲ့ အသင်း (၂၀) လုံး ပါဝင်ယှဉ်ပြိုင်တဲ့ ePremier League 2019 FIFA ပြိုင်ပွဲမှာလည်း Tekkz က Liverpool အသင်းကို ကိုယ်စားပြုပြီး ချန်ပီယံဆု ရယူထားနိုင်ပါတယ်။ အခုလာမယ့် ePremier League 2020 မှာလည်း Tekkz က Liverpool ကို ကိုယ်စားပြုခွင့်ရရှိထားလို့ ဘယ်လို လက်စွမ်းပြမယ်ဆိုတာ စောင့်ကြည့်ရမှာပါ။

မကြာသေးမီကတော့ သူဟာ FIFA 20 ပရိသတ်များအတွက် ကိုယ်တိုင်ပါဝင်သင်ကြားထားတဲ့ သင်ခန်းစာဗီဒီယိုများကို GamerzClass ပေါ်မှာ လွှင့်တင်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ သင်ခန်းစာဗီဒီယိုစုစုပေါင်း ၁၈ ခု ရှိပြီး ဂိမ်းရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ အဆင့်အမြင့်ဆုံးသင်ခန်းစာများဖြစ်ကြောင်း ညွှန်းဆိုချက်များလည်း ပါဝင်ပါတယ်။

အခြားဖော်ပြချက်များအနေနဲ့ကတော့ FIFA 20 ဂိမ်းအတွင်းမှာ တိုက်စစ်ဆင်ဖို့ ခက်ခဲနေခြင်းနဲ့ ကစားဖော်သူငယ်ချင်းများကို အမြဲရှုံးနိမ့်နေခြင်းပြဿနာများကို ဖြေရှင်းဖို့အတွက် ကျွမ်းကျင်သူတစ်ဦးရဲ့အကူအညီကို ယခုသင်ခန်းစာများအတွင်းက ရရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်နည်းဗျူဟာများ၊ ဖွဲ့စည်းပုံများ၊ ကျွမ်းကျင်စွာလှုပ်ရှားမှုများ၊ အားကောင်းတဲ့ ခံစစ်များ စ တာတွေကို ကောင်းစွာပြုလုပ်နိုင်ရန် ရှင်းလင်းပြထားကြောင်းကိုလည်း ဆိုထားပါတယ်။

“သင်ဟာ FIFA 20 မှာ pro ဖြစ်ဖို့ ကြိုးစားနေသူ မဟုတ်ရင်တောင် သူငယ်ချင်းများနဲ့ အတူတူကစားဖို့ ကြောက်လန့်မနေအောင် ဒီသင်ခန်းစာများက ကူညီပေးနိုင်ပါတယ်။ သူငယ်ချင်းတွေကြားမှာ နောက်ကောက်ကျ မနေကြာင်း ပြသလိုက်ပါ။ ဂိမ်းအတွင်းမှာရော အပြင်လောကမှာပါ ကြယ်တစ်ပွင့်အဖြစ် ထွန်းတောက်ပြလိုက်ပါ” အစရှိသဖြင့်လည်း ညွှန်းဆိုထားပါသေးတယ်။

Tekkz ရဲ့ FIFA 20 သင်ခန်းစာဗီဒီယိုများကိုတော့ လက်ရှိမှာတော့ ၄၉ ဒေါ်လာ အစား ဒေါ်လာ ၄၀ နဲ့ စျေးလျှော့ရောင်းချပေးလျက်ရှိပါတယ်။ Tekkz ဟာ ယူကေရဲ့ အကောင်းဆုံး FIFA ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်တာမို့ သူ့ရဲ့သင်ခန်းစာများကို လေ့လာနိုင်အောင် ပရိသတ်များအတွက် ဗဟုသုတအဖြစ် တင်ဆက်လိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

source: givemesport


[ZawGyi]

ePremier League ခ်န္ပီယံ Liverpool ကစားသမားဆီကေန FIFA သင္တန္း တက္ႏိုင္ၿပီ

 

၂၀၁၉ ခုႏွစ္ ePremier League ရဲ႕ ခ်န္ပီယံ Liverpool အသင္းက “Tekkz” ရဲ႕ Online FIFA သင္တန္း လာပါၿပီ။ Fnatic အဖြဲ႕အစည္းႀကီးရဲ႕အသင္းသားတစ္ဦးျဖစ္ၿပီး အသက္ ၁၈ ႏွစ္အ႐ြယ္သာရွိေသးတဲ့ Tekkz ဟာ FIFA ဂိမ္းေလာကမွာ ကမာၻ႔အေကာင္းဆုံးကစားသမားမ်ားထဲက တစ္ဦးအျဖစ္ အမ်ားက သတ္မွတ္ျခင္းကို ခံထားရသူပါ။

အသက္ငယ္႐ြယ္ေသးေပမယ့္ Tekkz ဟာ ၂ ႏွစ္တာအတြင္းမွာ FUT Championship ဖလား ၅ ခု ရယူထားႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ထို႔အျပင္ အဂၤလန္ ပရီးမီးယား လိဂ္မွာရွိတဲ့ အသင္း (၂၀) လုံး ပါဝင္ယွဥ္ၿပိဳင္တဲ့ ePremier League 2019 FIFA ၿပိဳင္ပြဲမွာလည္း Tekkz က Liverpool အသင္းကို ကိုယ္စားျပဳၿပီး ခ်န္ပီယံဆု ရယူထားႏိုင္ပါတယ္။ အခုလာမယ့္ ePremier League 2020 မွာလည္း Tekkz က Liverpool ကို ကိုယ္စားျပဳခြင့္ရရွိထားလို႔ ဘယ္လို လက္စြမ္းျပမယ္ဆိုတာ ေစာင့္ၾကည့္ရမွာပါ။

မၾကာေသးမီကေတာ့ သူဟာ FIFA 20 ပရိသတ္မ်ားအတြက္ ကိုယ္တိုင္ပါဝင္သင္ၾကားထားတဲ့ သင္ခန္းစာဗီဒီယိုမ်ားကို GamerzClass ေပၚမွာ လႊင့္တင္လိုက္ၿပီ ျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ သင္ခန္းစာဗီဒီယိုစုစုေပါင္း ၁၈ ခု ရွိၿပီး ဂိမ္းရဲ႕ သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ အဆင့္အျမင့္ဆုံးသင္ခန္းစာမ်ားျဖစ္ေၾကာင္း ၫႊန္းဆိုခ်က္မ်ားလည္း ပါဝင္ပါတယ္။

အျခားေဖာ္ျပခ်က္မ်ားအေနနဲ႔ကေတာ့ FIFA 20 ဂိမ္းအတြင္းမွာ တိုက္စစ္ဆင္ဖို႔ ခက္ခဲေနျခင္းနဲ႔ ကစားေဖာ္သူငယ္ခ်င္းမ်ားကို အၿမဲရႈံးနိမ့္ေနျခင္းျပႆနာမ်ားကို ေျဖရွင္းဖို႔အတြက္ ကြၽမ္းက်င္သူတစ္ဦးရဲ႕အကူအညီကို ယခုသင္ခန္းစာမ်ားအတြင္းက ရရွိႏိုင္မွာျဖစ္တယ္လို႔ ဆိုပါတယ္။ ကိုယ္ပိုင္နည္းဗ်ဴဟာမ်ား၊ ဖြဲ႕စည္းပုံမ်ား၊ ကြၽမ္းက်င္စြာလႈပ္ရွားမႈမ်ား၊ အားေကာင္းတဲ့ ခံစစ္မ်ား စ တာေတြကို ေကာင္းစြာျပဳလုပ္ႏိုင္ရန္ ရွင္းလင္းျပထားေၾကာင္းကိုလည္း ဆိုထားပါတယ္။

“သင္ဟာ FIFA 20 မွာ pro ျဖစ္ဖို႔ ႀကိဳးစားေနသူ မဟုတ္ရင္ေတာင္ သူငယ္ခ်င္းမ်ားနဲ႔ အတူတူကစားဖို႔ ေၾကာက္လန္႔မေနေအာင္ ဒီသင္ခန္းစာမ်ားက ကူညီေပးႏိုင္ပါတယ္။ သူငယ္ခ်င္းေတြၾကားမွာ ေနာက္ေကာက္က် မေနၾကာင္း ျပသလိုက္ပါ။ ဂိမ္းအတြင္းမွာေရာ အျပင္ေလာကမွာပါ ၾကယ္တစ္ပြင့္အျဖစ္ ထြန္းေတာက္ျပလိုက္ပါ” အစရွိသျဖင့္လည္း ၫႊန္းဆိုထားပါေသးတယ္။

Tekkz ရဲ႕ FIFA 20 သင္ခန္းစာဗီဒီယိုမ်ားကိုေတာ့ လက္ရွိမွာေတာ့ ၄၉ ေဒၚလာ အစား ေဒၚလာ ၄၀ နဲ႔ ေစ်းေလွ်ာ့ေရာင္းခ်ေပးလ်က္ရွိပါတယ္။ Tekkz ဟာ ယူေကရဲ႕ အေကာင္းဆုံး FIFA ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရသူျဖစ္တာမို႔ သူ႔ရဲ႕သင္ခန္းစာမ်ားကို ေလ့လာႏိုင္ေအာင္ ပရိသတ္မ်ားအတြက္ ဗဟုသုတအျဖစ္ တင္ဆက္လိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

source: givemesport