[Unicode]

VAC Ban ခံထားရတဲ့ CS: GO ကစားသမားကို ခေါ်ယူခဲ့တဲ့ ENCE

 

ဖင်လန် CS: GO အသင်းတစ်သင်းဖြစ်တဲ့ ENCE ဟာ ယင်းတို့ရဲ့ကစားသမားသစ်အဖြစ် Elias “Jamppi” Olkkonen ကို ခေါ်ယူလိုက်ပါတယ်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ Jamppi ကို ENCE ဟာ ၂ နှစ်တာ စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းရဲ့ ၆ ယောက်မြောက်ကစားသမားအဖြစ်ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

Jamppi

Jamppi ဟာ ဥရောပ CS: GO လောကမှာ ကောင်းမွန်တဲ့လက်စွမ်းများကြောင့် နာမည်ကျော်ကြားနေတဲ့ တက်သစ်စလူငယ်ကစားသမားတစ်ဦးဖြစ်ပြီး OG အသင်းနဲ့တောင် စာချုပ်ချုပ်ဆိုလုနီးပါး အခြေအနေထိရောက်ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် Jamppi ဟာ VAC Ban ခံထားရတဲ့အတွက် Valve က ကျင်းပတဲ့ Major နဲ့ Minor ပွဲများကို တစ်သက်တာလုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရတဲ့ ကြီးမားတဲ့ ပြဿနာတစ်ခုရှိလို့နေပါတယ်။

Jamppi တစ်ယောက် VAC Ban ခံထားရတဲ့အကြောင်းအရင်းနဲ့ ပတ်သက်လို့ ကောလဟာလ အမျိုးမျိုးထွက်ပေါ်ခဲ့ဖူးပါတယ်။ အချို့က Jamppi ဟာ CS: GO ပွဲတစ်ပွဲထဲမှာ cheat လုပ်ခဲ့လို့ ban ခံခဲ့ရတာဖြစ်ကြောင်း ယူဆကြသလို အချို့ကလည်း အကောင့် လွှဲပြောင်းမှု များကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

Jamppi ကိုယ်တိုင်ကတော့ သူဟာ ပြိုင်ပွဲတစ်ခုမှာ အကောင့်ဟောင်းနဲ့ ဆော့ကစားခဲ့ပြီးနောက် သူငယ်ချင်းတစ်ယောက်ဆီ ယင်းအကောင့်ကို ရောင်းချခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ သူငယ်ချင်းဖြစ်သူဟာ ယင်းအကောင့်နဲ့ ဆော့ကစားနေချိန်မှာ VAC Ban ခံလိုက်ရတာဖြစ်ပြီး Jamppi ရဲ့နာမည်ဟာ အကောင့်နဲ့ အတူတွဲလျက် ရှိနေခဲ့တဲ့အတွက် Valve က သူ့ကို ရာသက်ပန် ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

Current ENCE CSGO Roster

ENCE ကတော့ Jamppi ကို ခေါ်ယူလိုက်ခြင်းနဲ့ ပတ်သက်လို့ ယင်းတို့ရဲ့ တရားဝင်ဝက်ဘ်စာမျက်နှာပေါ်မှာ “ကျွန်တော်တို့ဟာ Jamppi ရဲ့ VAC Ban ခံထားရတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက် ကူညီပေးသွားမှာပါ။ သူတွေ့ကြုံခံစားခဲ့ရတဲ့ ဒုက္ခတွေဟာ သူပြုလုပ်ခဲ့တဲ့အမှားထက် အများကြီးပိုများနေပြီဖြစ်ကြောင်းကိုလည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။
“Jamppi ရဲ့ကိစ္စကို လေးလေးနက်နက်သုံးသပ်ပေးဖို့အတွက် Counter-Strike Professional Players’ Association (CSSPA) ကိုလည်း တင်ပြတောင်းဆိုသွားမှာပါ။ ဒီကိစ္စတစ်ခုထဲတင် မဟုတ်ပဲ နောင်အနာဂတ်မှာဖြစ်လာမယ့် အလားတူကိစ္စများအားလုံးမှာ သက်သက်ညှာညှာဖြစ်လာစေဖို့ ကျွန်တော်တို့ ကြိုးပမ်းသွားမှာပါ” အစရှိသဖြင့် ရေးသားထားခဲ့ပါတယ်။

လာမယ့် DreamHack Masters Spring နဲ့ BLAST Premier Qualifier ပွဲစဉ်များမှာ Jamppi ကို ENCE အသင်းနဲ့အတူ ပရိသတ်များ တွေ့မြင်ကြရမှာပါ။ ပြီးခဲ့တဲ့မတ်လအတွင်းမှာ Jamppi ဟာ VAC Ban ခံထားရတာနဲ့ ပတ်သက်ပြီး Valve ကို တရားစွဲဆိုထားခဲ့ပါသေးတယ်။ Esports အကြောင်းအရာ များနဲ့သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: dailtyesports, dotesports, ence.gg


[ZawGyi]

VAC Ban ခံထားရတဲ့ CS: GO ကစားသမားကို ေခၚယူခဲ့တဲ့ ENCE

 

ဖင္လန္ CS: GO အသင္းတစ္သင္းျဖစ္တဲ့ ENCE ဟာ ယင္းတို႔ရဲ႕ကစားသမားသစ္အျဖစ္ Elias “Jamppi” Olkkonen ကို ေခၚယူလိုက္ပါတယ္။ အသက္ ၁၈ ႏွစ္အ႐ြယ္သာရွိေသးတဲ့ Jamppi ကို ENCE ဟာ ၂ ႏွစ္တာ စာခ်ဳပ္နဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး အသင္းရဲ႕ ၆ ေယာက္ေျမာက္ကစားသမားအျဖစ္ေခၚယူခဲ့တာလည္း ျဖစ္ပါတယ္။

Jamppi

Jamppi ဟာ ဥေရာပ CS: GO ေလာကမွာ ေကာင္းမြန္တဲ့လက္စြမ္းမ်ားေၾကာင့္ နာမည္ေက်ာ္ၾကားေနတဲ့ တက္သစ္စလူငယ္ကစားသမားတစ္ဦးျဖစ္ၿပီး OG အသင္းနဲ႔ေတာင္ စာခ်ဳပ္ခ်ဳပ္ဆိုလုနီးပါး အေျခအေနထိေရာက္ရွိခဲ့ဖူးပါတယ္။ ဒါေပမယ့္ Jamppi ဟာ VAC Ban ခံထားရတဲ့အတြက္ Valve က က်င္းပတဲ့ Major နဲ႔ Minor ပြဲမ်ားကို တစ္သက္တာလုံး ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္မရတဲ့ ႀကီးမားတဲ့ ျပႆနာတစ္ခုရွိလို႔ေနပါတယ္။

Jamppi တစ္ေယာက္ VAC Ban ခံထားရတဲ့အေၾကာင္းအရင္းနဲ႔ ပတ္သက္လို႔ ေကာလဟာလ အမ်ိဳးမ်ိဳးထြက္ေပၚခဲ့ဖူးပါတယ္။ အခ်ိဳ႕က Jamppi ဟာ CS: GO ပြဲတစ္ပြဲထဲမွာ cheat လုပ္ခဲ့လို႔ ban ခံခဲ့ရတာျဖစ္ေၾကာင္း ယူဆၾကသလို အခ်ိဳ႕ကလည္း အေကာင့္ လႊဲေျပာင္းမႈ မ်ားေၾကာင့္ျဖစ္တယ္လို႔ ဆိုပါတယ္။

Jamppi ကိုယ္တိုင္ကေတာ့ သူဟာ ၿပိဳင္ပြဲတစ္ခုမွာ အေကာင့္ေဟာင္းနဲ႔ ေဆာ့ကစားခဲ့ၿပီးေနာက္ သူငယ္ခ်င္းတစ္ေယာက္ဆီ ယင္းအေကာင့္ကို ေရာင္းခ်ခဲ့တာေၾကာင့္ျဖစ္တယ္လို႔ ဆိုပါတယ္။ သူငယ္ခ်င္းျဖစ္သူဟာ ယင္းအေကာင့္နဲ႔ ေဆာ့ကစားေနခ်ိန္မွာ VAC Ban ခံလိုက္ရတာျဖစ္ၿပီး Jamppi ရဲ႕နာမည္ဟာ အေကာင့္နဲ႔ အတူတြဲလ်က္ ရွိေနခဲ့တဲ့အတြက္ Valve က သူ႔ကို ရာသက္ပန္ ၿပိဳင္ပြဲဝင္ခြင့္ ပိတ္ပင္ခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ဖူးပါတယ္။

Current ENCE CSGO Roster

ENCE ကေတာ့ Jamppi ကို ေခၚယူလိုက္ျခင္းနဲ႔ ပတ္သက္လို႔ ယင္းတို႔ရဲ႕ တရားဝင္ဝက္ဘ္စာမ်က္ႏွာေပၚမွာ “ကြၽန္ေတာ္တို႔ဟာ Jamppi ရဲ႕ VAC Ban ခံထားရတဲ့ျပႆနာကိုေျဖရွင္းဖို႔အတြက္ ကူညီေပးသြားမွာပါ။ သူေတြ႕ႀကဳံခံစားခဲ့ရတဲ့ ဒုကၡေတြဟာ သူျပဳလုပ္ခဲ့တဲ့အမွားထက္ အမ်ားႀကီးပိုမ်ားေနၿပီျဖစ္ေၾကာင္းကိုလည္း ကြၽန္ေတာ္တို႔ ယုံၾကည္ပါတယ္။
“Jamppi ရဲ႕ကိစၥကို ေလးေလးနက္နက္သုံးသပ္ေပးဖို႔အတြက္ Counter-Strike Professional Players’ Association (CSSPA) ကိုလည္း တင္ျပေတာင္းဆိုသြားမွာပါ။ ဒီကိစၥတစ္ခုထဲတင္ မဟုတ္ပဲ ေနာင္အနာဂတ္မွာျဖစ္လာမယ့္ အလားတူကိစၥမ်ားအားလုံးမွာ သက္သက္ညႇာညႇာျဖစ္လာေစဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးပမ္းသြားမွာပါ” အစရွိသျဖင့္ ေရးသားထားခဲ့ပါတယ္။

လာမယ့္ DreamHack Masters Spring နဲ႔ BLAST Premier Qualifier ပြဲစဥ္မ်ားမွာ Jamppi ကို ENCE အသင္းနဲ႔အတူ ပရိသတ္မ်ား ေတြ႕ျမင္ၾကရမွာပါ။ ၿပီးခဲ့တဲ့မတ္လအတြင္းမွာ Jamppi ဟာ VAC Ban ခံထားရတာနဲ႔ ပတ္သက္ၿပီး Valve ကို တရားစြဲဆိုထားခဲ့ပါေသးတယ္။ Esports အေၾကာင္းအရာ မ်ားနဲ႔သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: dailtyesports, dotesports, ence.gg