[Unicode]

အမေရိကန်ရေတပ် (U.S. Navy) ဟာ Esports ကုမ္ပဏီကြီးများဖြစ်ကြတဲ့ Twitch, Electronic Sports League (ESL) နဲ့ DBLTAP တို့နဲ့ ပူးပေါင်းမှုများ ပြုလုပ်ပြီး Esports လောကအတွင်းဝင်ရောက်ဖို့ ခြေလှမ်းသစ်ကို စတင်လိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်ရေတပ်ဟာ မြောက်အမေရိက Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Evil Geniuses (EG) ရဲ့ အကူအညီနဲ့ ကိုယ်ပိုင် CS: GO အသင်းကိုလည်း ထူထောင်ဦးမှာဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့ပါတယ်။

အမေရိကန်ရေတပ်ဟာ ယင်းတို့ရဲ့ တပ်သားသစ်စုဆောင်းရေးကြော်ငြာများ ထည့်သွင်းဖို့အတွက် ရုပ်မြင်သံကြား၊ ကြော်ငြာဆိုင်းဘုတ် စတဲ့ သမားရိုးကျနည်းလမ်းများအစား Twitch နဲ့ YouTube တို့လို ဒီဂျစ်တယ်ပလက်ဖောင်းများကို ဦးစားပေးအသုံးပြုသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းတုန်းက ကြေညာခဲ့ဖူးပါတယ်။ ဒါကြောင့် ယခု Esports ခြေလှမ်းများဟာ တပ်သားသစ်စုဆောင်းရေးအတွက် ကြိုးပမ်းချက်များဖြစ်ကြောင်း သိသာထင်ရှားလှပါတယ်။

ပူးပေါင်းမှုအတွင်းမှာ Twitch ဟာ အပိုင်း ၆ ခု ပါဝင်တဲ့ ဗီဒီယိုစီးရီးငယ်တစ်ခုကို ပြုလုပ်ဖန်တီးရမှာဖြစ်ပြီး ယင်းဗီဒီယိုများထဲမှာတော့ အမေရိကန်ရေတပ်သားများဟာ ပရော်ဖက်ရှင်နယ်ဂိမ်မာများအတိုင်း ဂိမ်းကို ကျွမ်းကျင်စွာကစားနိုင်ကြောင်း ရိုက်ကူးပြသသွားမှာပါ။ ESL နဲ့ ပူးပေါင်းချက်ထဲမှာတော့ DreamHack ပွဲများအတွင်းမှာပြုလုပ်မယ့် BYOC (bring your own computer) event များအတွက် စပွန်ဆာပေးသွားမယ့်အစီအစဉ်များ ပါဝင်ပါတယ်။

DBLTAP ကတော့ အမေရိကန်ရေတပ်အတွင်းမှာ တာဝန်ထမ်းဆောင်နိုင်တဲ့ ရာထူးနေရာများနဲ့ Esports အသင်းတစ်သင်းမှာပါဝင်တဲ့ ကစားသမားနေရာများ အလားသဏ္ဍန်တူကြောင်း နှိုင်းယှဉ်ပြမယ့်ဗီဒီယိုများ ဖန်တီးရဖို့ ရှိပါတယ်။ အမေရိကန်ရေတပ်ဟာ ယင်းတို့ရဲ့ CS: GO အသင်းကို TwitchCon 2020 မတိုင်မီ အပြီးသတ်ဖွဲ့စည်းပြီး Evil Geniuses အသင်းသားများနဲ့အတူ ယင်းပွဲအတွင်းမှာ ထုတ်ဖော်ကြေညာလိုကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။

ဂိမ်းလောကရဲ့တိုးတက်လာမှုနဲ့အတူ နယ်ပယ်ပေါင်းစုံမှ စိန်ခေါ်မှုများကို ဂိမ်းလောကအတွင်းမှာ လာရောက်အဖြေရှာခြင်းများ ပြုလုပ်လာကြပါတယ်။ အမေရိကန်ရေတပ်ဟာလည်း လူငယ်များကြားမှာ လွန်စွာခေတ်စားနေတဲ့ Esports ကို အသုံးပြုကာ ယင်းတို့ရဲ့ အနာဂတ်သစ်ကိုတည်ဆောက်ဖို့ ကြိုးပမ်းနေခဲ့ပြီပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

 

[Zawgyi]

အေမရိကန္ေရတပ္ (U.S. Navy) ဟာ Esports ကုမၸဏီၾကီးမ်ားျဖစ္ၾကတဲ့ Twitch, Electronic Sports League (ESL) နဲ႔ DBLTAP တို႔နဲ႔ ပူးေပါင္းမႈမ်ား ျပဳလုပ္ျပီး Esports ေလာကအတြင္းဝင္ေရာက္ဖုိ႔ ေျခလွမ္းသစ္ကို စတင္လိုက္ပါတယ္။ ဒါ့အျပင္ အေမရိကန္ေရတပ္ဟာ ေျမာက္အေမရိက Esports အဖြဲ႔အစည္းတစ္ခုျဖစ္တဲ့ Evil Geniuses (EG) ရဲ႕ အကူအညီနဲ႔ ကိုယ္ပိုင္ CS: GO အသင္းကိုလည္း ထူေထာင္ဦးမွာျဖစ္ေၾကာင္း မၾကာေသးမီက ေၾကညာခဲ့ပါတယ္။

အေမရိကန္ေရတပ္ဟာ ယင္းတို႔ရဲ႕ တပ္သားသစ္စုေဆာင္းေရးေၾကာ္ျငာမ်ား ထည့္သြင္းဖုိ႔အတြက္ ရုပ္ျမင္သံၾကား၊ ေၾကာ္ျငာဆိုင္းဘုတ္ စတဲ့ သမားရိုးက်နည္းလမ္းမ်ားအစား Twitch နဲ႔႔ YouTube တို႔လို ဒီဂ်စ္တယ္ပလက္ေဖာင္းမ်ားကို ဦးစားေပးအသုံးျပဳသြားမွာျဖစ္ေၾကာင္း ျပီးခဲ့တဲ့ႏွစ္ေႏွာင္းပိုင္းတုန္းက ေၾကညာခဲ့ဖူးပါတယ္။ ဒါေၾကာင့္ ယခု Esports ေျခလွမ္းမ်ားဟာ တပ္သားသစ္စုေဆာင္းေရးအတြက္ ၾကိဳးပမ္းခ်က္မ်ားျဖစ္ေၾကာင္း သိသာထင္ရွားလွပါတယ္။

ပူးေပါင္းမႈအတြင္းမွာ Twitch ဟာ အပိုင္း ၆ ခု ပါဝင္တဲ့ ဗီဒီယိုစီးရီးငယ္တစ္ခုကို ျပဳလုပ္ဖန္တီးရမွာျဖစ္ျပီး ယင္းဗီဒီယိုမ်ားထဲမွာေတာ့ အေမရိကန္ေရတပ္သားမ်ားဟာ ပေရာ္ဖက္ရွင္နယ္ဂိမ္မာမ်ားအတိုင္း ဂိမ္းကို ကြ်မ္းက်င္စြာကစားႏိုင္ေၾကာင္း ရိုက္ကူးျပသသြားမွာပါ။ ESL နဲ႔ ပူးေပါင္းခ်က္ထဲမွာေတာ့ DreamHack ပြဲမ်ားအတြင္းမွာျပဳလုပ္မယ့္ BYOC (bring your own computer) event မ်ားအတြက္ စပြန္ဆာေပးသြားမယ့္အစီအစဥ္မ်ား ပါဝင္ပါတယ္။

DBLTAP ကေတာ့ အေမရိကန္ေရတပ္အတြင္းမွာ တာဝန္ထမ္းေဆာင္ႏိုင္တဲ့ ရာထူးေနရာမ်ားနဲ႔ Esports အသင္းတစ္သင္းမွာပါဝင္တဲ့ ကစားသမားေနရာမ်ား အလားသ႑န္တူေၾကာင္း ႏိႈင္းယွဥ္ျပမယ့္ဗီဒီယိုမ်ား ဖန္တီးရဖုိ႔ ရွိပါတယ္။ အေမရိကန္ေရတပ္ဟာ ယင္းတို႔ရဲ႕ CS: GO အသင္းကို TwitchCon 2020 မတိုင္မီ အျပီးသတ္ဖြဲ႔စည္းျပီး Evil Geniuses အသင္းသားမ်ားနဲ႔အတူ ယင္းပြဲအတြင္းမွာ ထုတ္ေဖာ္ေၾကညာလိုေၾကာင္းကိုလည္း ေျပာခဲ့ပါေသးတယ္။

ဂိမ္းေလာကရဲ႕တိုးတက္လာမႈနဲ႔အတူ နယ္ပယ္ေပါင္းစုံမွ စိန္ေခၚမႈမ်ားကို ဂိမ္းေလာကအတြင္းမွာ လာေရာက္အေျဖရွာျခင္းမ်ား ျပဳလုပ္လာၾကပါတယ္။ အေမရိကန္ေရတပ္ဟာလည္း လူငယ္မ်ားၾကားမွာ လြန္စြာေခတ္စားေနတဲ့ Esports ကို အသုံးျပဳကာ ယင္းတို႔ရဲ႕ အနာဂတ္သစ္ကိုတည္ေဆာက္ဖုိ႔ ၾကိဳးပမ္းေနခဲ့ျပီပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

\

source: talkesports