North America Esport Organization တစ္ခုျဖစ္တဲ့ Evil Genuses ကုိ Chicago အေျခဆုိက္ PEAK6 Technology and Investments Firm က ဝယ္ယူလုိက္ျပီျဖစ္ပါတယ္။

EG ရဲ႕ လက္ရွိ COO (Chief Operations Officer) ျဖစ္တဲ့ Phillip Aram ဟာ EG ရဲ႕ COO အျဖစ္ ဆက္လက္ တာဝန္ယူသြားမွာျဖစ္ျပီး EG ရဲ႕ CEO ရာထူးကိုေတာ့ PEAK6 Inventment Firm ရဲ႕ ရင္းႏွီးေငြ နည္းဗ်ဴဟာခ်မွတ္ေရး ဌာနခြဲ မွ Nicole LaPointe Jameson က တာဝန္ယူထမ္းေဆာင္သြားမွာျဖစ္ပါတယ္။

Evil Geniuses ဟာ 2016 ခုႏွစ္ကတည္းက Twitch ၏ Ownership လက္ေအာက္မွ ခြဲထြက္ကာ ယေန႔အထိ COO Phillip Aram ရဲ႕ ဦးေဆာင္မႈျဖင့္ ရပ္တည္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ Technology ႏွင့္ ရင္းႏွီးျမဴတ္ႏွံ႕မႈဆုိင္ရာ ကုမၼဏီၾကီးတစ္ခုျဖစ္တဲ့ PEAK6 က ဝယ္ယူလုိက္တဲ့အတြက္ EG ရဲ႕ ေရွ႕ဆက္အနာဂတ္ဟာ ပုိမုိေကာင္းမြန္တဲ့ လမ္းေၾကာင္းေပၚသုိ႔ ေရာက္ရွိသြားနုိင္ပါတယ္။

 

Nicole LaPointe Jameson ႏွင့္ Phillip Aram 

 

CEO အသစ္ျဖစ္တဲ့ Nicole LaPointe Jameson ဟာ ရင္းႏွီးျမဴတ္ႏွ႔ံမႈဆုိင္ရာ နယ္ပယ္မွာ အခ်ိန္ၾကာျမင့္စြာ က်ဥ္လည္ခဲ့သူတစ္ဦးျဖစ္ျပီး စီးပြားေရးလုပ္ငန္းမ်ား ေကာင္းစြာလည္ပတ္ေရးကုိ အဓိက ကြ်မ္းက်င္သူ တစ္ေယာက္ဟု ဆုိပါတယ္။

ကြ်န္မက Esports နယ္ပယ္ရဲ႕ အလားအလာကို မ်ားစြာ ေမွ်ာ္လင့္ထားသူတစ္ေယာက္ျဖစ္ျပီး EG ရဲ႕ Big Fan တစ္ဦးျဖစ္ပါတယ္။ အခုဆုိရင္ Evil Geniuses ကုိ CEO တစ္ေယာက္အေနနဲ႕ ဆက္လက္တာဝန္ယူသြားရမယ့္အတြက္ လြန္စြာ စိတ္လႈပ္ရွားမိပါတယ္” ဟု Nicole LaPointe Jameson ဆုိပါတယ္။

Evil Geniuses x PEAK6 နဲ႕ ပတ္သတ္ျပီး သိခ်င္သမွ်ေတြကုိ ေမးျမန္းဖုိ႔အတြက္ AMA “Ask Me Anything” အစီအစဥ္ကုိ လာမယ့္ ေမလ (၃ဝ) ရက္ေန႔ 12PM PST (ျမန္မာစံေတာ္ခ်ိန္ ၾကာသပေတးေန႔ မနက္ ၁း၃ဝ) တြင္ Evil Geniuses ရဲ႕ reddit စာမ်က္ႏွာျဖစ္တဲ့ www.reddit.com/r/evilgeniuses မွာ ေျဖၾကားသြားမယ္လုိ႔လည္း ဆုိပါတယ္။

ေကာင္းမြန္တဲ့ အေရြ႕တစ္ခုျဖစ္တဲ့အတြက္ အျပည္ျပည္ဆုိင္ရာ ႏွင့္ ျမန္မာနုိင္ငံမွ Evil Geniuses ပရိတ္သတ္မ်ားအတြက္ သတင္းေကာင္းတစ္ခုပဲ ျဖစ္ပါေတာ့တယ္။

#GamingNoodle #EG #KoBoo #Dota2

 

======================================================

 

[Unicode]

North America Esport Organization တစ်ခုဖြစ်တဲ့ Evil Genuses ကို Chicago အခြေဆိုက် PEAK6 Technology and Investments Firm က ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။

EG ရဲ့ လက်ရှိ COO (Chief Operations Officer) ဖြစ်တဲ့ Phillip Aram ဟာ EG ရဲ့ COO အဖြစ် ဆက်လက် တာဝန်ယူသွားမှာဖြစ်ပြီး EG ရဲ့ CEO ရာထူးကိုတော့ PEAK6 Inventment Firm ရဲ့ ရင်းနှီးငွေ နည်းဗျူဟာချမှတ်ရေး ဌာနခွဲ မှ Nicole LaPointe Jameson က တာဝန်ယူထမ်းဆောင်သွားမှာဖြစ်ပါတယ်။

Evil Geniuses ဟာ 2016 ခုနှစ်ကတည်းက Twitch ၏ Ownership လက်အောက်မှ ခွဲထွက်ကာ ယနေ့အထိ COO Phillip Aram ရဲ့ ဦးဆောင်မှုဖြင့် ရပ်တည်ခဲ့ပါတယ်။ အခုချိန်မှာတော့ Technology နှင့် ရင်းနှီးမြူတ်နှံ့မှုဆိုင်ရာ ကုမ္မဏီကြီးတစ်ခုဖြစ်တဲ့ PEAK6 က ဝယ်ယူလိုက်တဲ့အတွက် EG ရဲ့ ရှေ့ဆက်အနာဂတ်ဟာ ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားနိုင်ပါတယ်။

Nicole LaPointe Jameson နှင့် Phillip Aram

CEO အသစ်ဖြစ်တဲ့ Nicole LaPointe Jameson ဟာ ရင်းနှီးမြူတ်နှံ့မှုဆိုင်ရာ နယ်ပယ်မှာ အချိန်ကြာမြင့်စွာ ကျဉ်လည်ခဲ့သူတစ်ဦးဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ ကောင်းစွာလည်ပတ်ရေးကို အဓိက ကျွမ်းကျင်သူ တစ်ယောက်ဟု ဆိုပါတယ်။

” ကျွန်မက Esports နယ်ပယ်ရဲ့ အလားအလာကို များစွာ မျှော်လင့်ထားသူတစ်ယောက်ဖြစ်ပြီး EG ရဲ့ Big Fan တစ်ဦးဖြစ်ပါတယ်။ အခုဆိုရင် Evil Geniuses ကို CEO တစ်ယောက်အနေနဲ့ ဆက်လက်တာဝန်ယူသွားရမယ့်အတွက် လွန်စွာ စိတ်လှုပ်ရှားမိပါတယ်” ဟု Nicole LaPointe Jameson ဆိုပါတယ်။

Evil Geniuses x PEAK6 နဲ့ ပတ်သတ်ပြီး သိချင်သမျှတွေကို မေးမြန်းဖို့အတွက် AMA “Ask Me Anything” အစီအစဉ်ကို လာမယ့် မေလ (၃ဝ) ရက်နေ့ 12PM PST (မြန်မာစံတော်ချိန် ကြာသပတေးနေ့ မနက် ၁း၃ဝ) တွင် Evil Geniuses ရဲ့ reddit စာမျက်နှာဖြစ်တဲ့ www.reddit.com/r/evilgeniuses မှာ ဖြေကြားသွားမယ်လို့လည်း ဆိုပါတယ်။

ကောင်းမွန်တဲ့ အရွေ့တစ်ခုဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ နှင့် မြန်မာနိုင်ငံမှ Evil Geniuses ပရိတ်သတ်များအတွက် သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတော့တယ်။

#GamingNoodle #EG #KoBoo #Dota2