[Zawgyi]

Evil Geniuses မွ SEA Games 2019 ျပိဳင္ပြဲဝင္အသင္းမ်ားကို စင္ကာပူႏိုင္ငံတြင္ လာေရာက္ေလ့က်င့္ေပးမည္

 

ယခုႏွစ္ကုန္ပိုင္းေလာက္မွာ က်င္းပမယ့္ SEA Games 2019 မွာ Dota 2 အပါအဝင္ esports ျပိဳင္ပြဲမ်ားကို ထည့္သြင္းထားလို႔ ဝင္ေရာက္ယွဥ္ျပိဳင္ၾကမယ့္ ကစားသမားမ်ားဟာ အျပင္းအထန္ေလ့က်င့္ရမယ့္ အခ်ိန္ကို ေရာက္ရွိေနပါျပီ။ TI5 ခ်န္ပီယံေဟာင္းအသင္းျဖစ္သလို ေျမာက္အေမရိကရဲ႕အင္အားၾကီး Dota 2 အသင္းလည္းျဖစ္တဲ့ Evil Geniuses ဟာ ျပိဳင္ပြဲဝင္အသင္းမ်ားကို ေလ့က်င့္ေပးဖုိ႔ စင္ကာပူႏိုင္ငံရဲ႕ Razer’s SEA Games Esports Bootcamp ကို စက္တင္ဘာလ ၁ ရက္ေန႔မွာ ေရာက္ရွိလာမွာပါ။

လက္ရွိ Evil Geniuses အသင္းမွာ ကစားသမားမ်ားအျဖစ္ Arteezy, Fly, Cr1t, TI3 ခ်န္ပီယံေဟာင္းျဖစ္သူ s4 နဲ့ TI5 ခ်န္ပီယံေဟာင္းျဖစ္သူ SumaiL တို့ ပါဝင္ပါတယ္။ Evil Geniuses အသင္းဟာ TI9 ျပိဳင္ပြဲၾကီးကို ဝင္ေရာက္ယွဥ္ျပိဳင္ျပီး ရက္ပိုင္းပဲ ၾကာေသးတဲ့ အခ်ိန္ ေရာက္လာမွာ ျဖစ္သလုိ အသင္းရဲ႕ နည္းျပျဖစ္သူ Bulba နဲ႕ အျခားတာဝန္ရွိသူမ်ားလည္း လိုက္ပါလာမွာျဖစ္ပါတယ္။

“SEA Games 2019 ဟာ esports သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ အေရးပါတဲ့ ျပိဳင္ပြဲၾကီးတစ္ခုျဖစ္လာမွာပါ။ Evil Geniuses အေနနဲ႔ ျပိဳင္ပြဲဝင္အသင္းသားမ်ားကို ေလ့က်င့္ေပးဖုိ႔ စိတ္လႈပ္ရွားျပီး ဝမ္းေျမာက္ဝမ္းသာျဖစ္ေနပါတယ္။” လုိ႔ Evil Geniuses ရဲ႕ နည္းျပ Bulba က ေျပာၾကားခဲ့ပါတယ္။ Bootcamp မွာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားျဖစ္တဲ့ စင္ကာပူ၊ မေလးရွား၊ အင္ဒိုနီးရွား၊ ထိုင္း နဲ႔ ဖိလစ္ပိုင္ တို႔ရဲ႕ ႏိုင္ငံကိုယ္စားျပဳအသင္းမ်ား ဝင္ေရာက္ေလ့က်င့္ၾကမွာျဖစ္ျပီး စိတ္မေကာင္းစြာနဲ႔ပဲ ျမန္မာအသင္းေတာ့ ပါဝင္ခဲ့ျခင္း မရွိပါဘူး။ MESL ၿပိဳင္ပြဲမွာ အႏိုင္ရရွိၿပီး SEA Game 2019 မွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရမယ္လို႔ ၾကားသိထားရတဲ့ Reckoning Esports အတြက္ကေတာ့ EG နဲ႔ ပူးေပါင္းေလ့က်င့္ေနမယ့္ ကိုယ့္ရဲ႕ ေဒသတြင္း အနီးကပ္ဆံုးၿပိဳင္ဖက္ အသင္းေတြကို ပိုမိုခက္ခဲစြာ ရင္ဆိုင္ရဖြယ္ ရွိေနပါတယ္။

ယခု Bootcamp ဟာ Evil Geniuses အသင္းရဲ႕ ပထမဆုံး အေရွ႕ေတာင္အာရွ ခရီးစဥ္ျဖစ္လာမွာပါ။ စင္ကာပူႏိုင္ငံမွာရွိေနၾကမယ့္ အေရွ႕ေတာင္အာရွပရိသတ္မ်ားအတြက္ Arteezy, SumaiL, S4 တို႔လို နာမည္ေက်ာ္ကစားသမားမ်ားနဲ႕ အားပါးတရ ေတြ႔ဆုံႏႈတ္ဆက္ခြင့္ရေစမယ့္ အစီအစဥ္မ်ား ျပဳလုပ္ေပးထားျပီး သူတို႕လက္မွတ္ေရးထိုးထားတဲ့ အသင္း jersey အက်ီ ၤမ်ားကိုလည္း အမွတ္တရအေနနဲ႔ ပိုင္ဆိုင္ခြင့္ ရၾကမွာပါ။

ယခု Razer’s SEA Games Esports Bootcamp ဟာ Razer ကုမၸဏီကေန အေရွ႕ေတာင္အာရွအတြက္ esports အေျခအေန ပိုမိုျမင့္မားလာေစဖုိ႔ ၾကံေဆာင္ခ်က္တစ္ခုျဖစ္ပါတယ္။ Razer ကုမၸဏီဟာ SEA games 2019 ရဲ႕ official esports partner လည္းျဖစ္လို႔ ျပိဳင္ပြဲဝင္မ်ားအတြက္ လိုအပ္တဲ့ high-performing esports ပစၥည္းမ်ားအားလုံးကို တပ္ဆင္ေပးသြားမွာပါ။ SEA games 2019 ရဲ႕ official gaming mouse ျဖစ္တဲ့ ေဒၚလာ ၈၀ တန္ဖိုးရွိ Razer Viper တုိ႔လို နည္းပညာအဆင့္ျမင့္ပစၥည္းမ်ား ပါဝင္ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံမွာ က်င္းပမယ့္ SEA Games 2019 ဟာ အေရွ႕ေတာင္အာရွမွာ ရွိေနၾကတဲ့ လူဦးေရ သန္း ၆၀၀ ေက်ာ္တို႕အတြက္ esports ကုိ mainstream ေပၚမွာ ျမင္ေတြ႕ရေစမယ့္ သမိုင္းဝင္ျပိဳင္ပြဲၾကီးတစ္ခု ျဖစ္လာမွာပါ။ ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္းအေရွ႕ေတာင္အာရွႏိုင္ငံမ်ားကေတာ့ esports ရဲ႕ အေရးပါမႈကို သိျပီး တက္ညီလက္ညီ ၾကိဳးစားေနၾကျပီပဲျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။


[Unicode]

Evil Geniuses မှ SEA Games 2019 ပြိုင်ပွဲဝင်အသင်းများကို စင်ကာပူနိုင်ငံတွင် လာရောက်လေ့ကျင့်ပေးမည်

 

ယခုနှစ်ကုန်ပိုင်းလောက်မှာ ကျင်းပမယ့် SEA Games 2019 မှာ Dota 2 အပါအဝင် esports ပြိုင်ပွဲများကို ထည့်သွင်းထားလို့ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကစားသမားများဟာ အပြင်းအထန်လေ့ကျင့်ရမယ့် အချိန်ကို ရောက်ရှိနေပါပြီ။ TI5 ချန်ပီယံဟောင်းအသင်းဖြစ်သလို မြောက်အမေရိကရဲ့အင်အားကြီး Dota 2 အသင်းလည်းဖြစ်တဲ့ Evil Geniuses ဟာ ပြိုင်ပွဲဝင်အသင်းများကို လေ့ကျင့်ပေးဖို့ စင်ကာပူနိုင်ငံရဲ့ Razer’s SEA Games Esports Bootcamp ကို စက်တင်ဘာလ ၁ ရက်နေ့မှာ ရောက်ရှိလာမှာပါ။

လက်ရှိ Evil Geniuses အသင်းမှာ ကစားသမားများအဖြစ် Arteezy, Fly, Cr1t, TI3 ချန်ပီယံဟောင်းဖြစ်သူ s4 နဲ့ TI5 ချန်ပီယံဟောင်းဖြစ်သူ SumaiL တို့ ပါဝင်ပါတယ်။ Evil Geniuses အသင်းဟာ TI9 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ပြီး ရက်ပိုင်းပဲ ကြာသေးတဲ့ အချိန် ရောက်လာမှာ ဖြစ်သလို အသင်းရဲ့ နည်းပြဖြစ်သူ Bulba နဲ့ အခြားတာဝန်ရှိသူများလည်း လိုက်ပါလာမှာဖြစ်ပါတယ်။

“SEA Games 2019 ဟာ esports သမိုင်းကြောင်းတစ်လျှောက်မှာ အရေးပါတဲ့ ပြိုင်ပွဲကြီးတစ်ခုဖြစ်လာမှာပါ။ Evil Geniuses အနေနဲ့ ပြိုင်ပွဲဝင်အသင်းသားများကို လေ့ကျင့်ပေးဖို့ စိတ်လှုပ်ရှားပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေပါတယ်။” လို့ Evil Geniuses ရဲ့ နည်းပြ Bulba က ပြောကြားခဲ့ပါတယ်။ Bootcamp မှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း နဲ့ ဖိလစ်ပိုင် တို့ရဲ့ နိုင်ငံကိုယ်စားပြုအသင်းများ ဝင်ရောက်လေ့ကျင့်ကြမှာဖြစ်ပြီး စိတ်မကောင်းစွာနဲ့ပဲ မြန်မာအသင်းတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ MESL ပြိုင်ပွဲမှာ အနိုင်ရရှိပြီး SEA Game 2019 မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ်လို့ ကြားသိထားရတဲ့ Reckoning Esports အတွက်ကတော့ EG နဲ့ ပူးပေါင်းလေ့ကျင့်နေမယ့် ကိုယ့်ရဲ့ ဒေသတွင်း အနီးကပ်ဆုံးပြိုင်ဖက် အသင်းတွေကို ပိုမိုခက်ခဲစွာ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ယခု Bootcamp ဟာ Evil Geniuses အသင်းရဲ့ ပထမဆုံး အရှေ့တောင်အာရှ ခရီးစဉ်ဖြစ်လာမှာပါ။ စင်ကာပူနိုင်ငံမှာရှိနေကြမယ့် အရှေ့တောင်အာရှပရိသတ်များအတွက် Arteezy, SumaiL, S4 တို့လို နာမည်ကျော်ကစားသမားများနဲ့ အားပါးတရ တွေ့ဆုံနှုတ်ဆက်ခွင့်ရစေမယ့် အစီအစဉ်များ ပြုလုပ်ပေးထားပြီး သူတို့လက်မှတ်ရေးထိုးထားတဲ့ အသင်း jersey အကျီ ၤများကိုလည်း အမှတ်တရအနေနဲ့ ပိုင်ဆိုင်ခွင့် ရကြမှာပါ။

ယခု Razer’s SEA Games Esports Bootcamp ဟာ Razer ကုမ္ပဏီကနေ အရှေ့တောင်အာရှအတွက် esports အခြေအနေ ပိုမိုမြင့်မားလာစေဖို့ ကြံဆောင်ချက်တစ်ခုဖြစ်ပါတယ်။ Razer ကုမ္ပဏီဟာ SEA games 2019 ရဲ့ official esports partner လည်းဖြစ်လို့ ပြိုင်ပွဲဝင်များအတွက် လိုအပ်တဲ့ high-performing esports ပစ္စည်းများအားလုံးကို တပ်ဆင်ပေးသွားမှာပါ။ SEA games 2019 ရဲ့ official gaming mouse ဖြစ်တဲ့ ဒေါ်လာ ၈၀ တန်ဖိုးရှိ Razer Viper တို့လို နည်းပညာအဆင့်မြင့်ပစ္စည်းများ ပါဝင်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် SEA Games 2019 ဟာ အရှေ့တောင်အာရှမှာ ရှိနေကြတဲ့ လူဦးရေ သန်း ၆၀၀ ကျော်တို့အတွက် esports ကို mainstream ပေါ်မှာ မြင်တွေ့ရစေမယ့် သမိုင်းဝင်ပြိုင်ပွဲကြီးတစ်ခု ဖြစ်လာမှာပါ။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံများကတော့ esports ရဲ့ အရေးပါမှုကို သိပြီး တက်ညီလက်ညီ ကြိုးစားနေကြပြီပဲဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။