[Unicode]

Valve ရဲ့ စနစ်သစ်ကြောင့် ၆ လ ဘန်းခံလိုက်ရတဲ့ EternaLEnVy (EE)

 

ကမ္ဘာပေါ်မှာ Toxic အဖြစ်ဆုံး နဲ့ အသင်းဖော်တွေကို ဒုက္ခအပေးဆုံး Dota2 ပရိုကစာသမား လို့ အများစုက သတ်မှတ်ကြတဲ့ ကနေဒါနိုင်ငံသား Jacky Mao ခေါ် EternaLEnVy (EE) ဟာ မကြာသေးမီကပဲ Dota2 ကနေ ၆လ ဘန်းခံလိုက်ရပါတယ်။

အသက် ၂၈ ရှိပြီဖြစ်တဲ့ EternaLEnVy ဟာ လက်ရှိမှာ “FightingPandaS” အသင်းမှာကစားနေပြီး ပထမဆုံး Major ဖြစ်တဲ့ MDL Chendu Major ကိုလည်း မြောက်အမေရိက လက်ရည်စစ်ပွဲကနေ တက်ရောက်ခွင့် ရရှိထားတပါတယ်။

 

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်ကပဲ အသစ်ပြင်ဆင်လိုက်တဲ့ Valve ရဲ့ Dota2 အတွက် Matchmaking Update မှာ Behavior Score နိမ့်သူတွေ ကိုယ်ရွေးထားတဲ့ role အတိုင်း မဆော့တဲ့ သူတွေကို ဘန်းပြီး အပြစ်ပေးခဲ့တဲ့ထဲမှာ ဇာတ်လိုက်ကျော် EternaLEnVy လည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။

 

 

EternalEnVy ဟာ သူ့ရဲ့ smurf account Stream နေတုန်းမှာပဲ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ Smurf account ဟာလည်း report များစွာ ပြုလုပ်ခြင်း ခံခဲ့ရလို့ behavior score “1” အထိ ရောက်ခဲ့ဖူးပြီး ယခု ဘန်းခံရတဲ့ အချိန်မှာလည်း Behavior score “568” သာ ရှိနေပါတယ်။ EternalEnVy ဟာ pub game များမှာ အမြဲလိုလို မိမိရွေးချယ်ထားတဲ့ role ကိုမဆော့တဲ့ အတွက် အသင်းဖော်တွေမှ report များစွာလုပ်ခဲ့ခြင်းကြောင့် ယခုလိုအခြေအနေအထိ ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

 

သူရဲ့ Stream မှာတော့ သူဟာ နောက်ဆုံးကစားတဲ့ပွဲကို အနိုင်ရရှိခဲ့သော်လည်း ပွဲပြီးပြီးချင်းမှာပဲ သူ့ရဲ့ smurf account ဟာ ၂၀၂၀ ဧပြီလ ၈ ရက်နေ့အထိ ဘန်းခံရကြောင်း သတိပေးချက်ကို တွေ့ရှိခဲ့တာပါ။

EternalEnVy ကတော့ အခုလို ဘန်းခံရခြင်းဟာ မကြာသေးမီကမှ Valve ရဲ့ အသစ်ထည့်သွင်းခဲ့တဲ့ “Failure to play the selected role” (ရွေးထားတဲ့ role ကိုဆော့ရန် ပျက်ကွက်ခြင်း) ဆိုတဲ့ ပွဲမစခင်မှာ ပြုလုပ်လို့ရတဲ့ report စနစ်ကို ထည့်သွင်းခဲ့ခြင်းကြောင့်လို့ အပြစ်တင်ပြောဆိုထားပါတယ်။ Valve အနေနဲ့လည်း သူတို့ရဲ့ Matchmaking system ကို ကောင်းသထက်ကောင်းအောင် ပြုပြင်နေချိန်မှာ ယခုကဲ့သို့ Toxic player များကို ထိရောက်အောင် အပြစ်ပေးခြင်းဖြင့် ပျော်ရွင်ပြီး တရားမျှတသော community ဖြစ်အောင် ကြိုးစားနေတာကို တွေ့ရှိနိုင်ပါတယ်။
EternaLEnVy အနေနဲ့လည်း talent ရှိတဲ့ ကစားသမားကောင်းတစ်ဦးဖြစ်ပေမယ့်လည်း ယခုကဲ့သို့ ဘန်းခံရခြင်းကြောင့် pub game များမှာ ပိုမိုကောင်းမွန်အောင် ပြုမူနေထိုင်သွားမှာလားဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။


[Zawgyi]

Valve ရဲ႕ စနစ္သစ္ေၾကာင့္ ၆ လ ဘန္းခံလိုက္ရတဲ့ EternaLEnVy (EE)

 

ကမာၻေပၚမွာ Toxic အျဖစ္ဆံုး နဲ႔ အသင္းေဖာ္ေတြကို ဒုကၡအေပးဆံုး Dota2 ပ႐ိုကစာသမား လို႔ အမ်ားစုက သတ္မွတ္ၾကတဲ့ ကေနဒါႏိုင္ငံသား Jacky Mao ေခၚ EternaLEnVy (EE) ဟာ မၾကာေသးမီကပဲ Dota2 ကေန ၆လ ဘန္းခံလိုက္ရပါတယ္။

အသက္ ၂၈ ရွိၿပီျဖစ္တဲ့ EternaLEnVy ဟာ လက္ရွိမွာ “FightingPandaS” အသင္းမွာကစားေနၿပီး ပထမဆံုး Major ျဖစ္တဲ့ MDL Chendu Major ကိုလည္း ေျမာက္အေမရိက လက္ရည္စစ္ပြဲကေန တက္ေရာက္ခြင့္ ရရွိထားတပါတယ္။

လြန္ခဲ့တဲ့ ရက္ပိုင္းအတြင္ကပဲ အသစ္ျပင္ဆင္လိုက္တဲ့ Valve ရဲ႕ Dota2 အတြက္ Matchmaking Update မွာ Behavior Score နိမ့္သူေတြ ကိုယ္ေရြးထားတဲ့ role အတိုင္း မေဆာ့တဲ့ သူေတြကို ဘန္းၿပီး အျပစ္ေပးခဲ့တဲ့ထဲမွာ ဇာတ္လိုက္ေက်ာ္ EternaLEnVy လည္း တစ္ေယာက္အပါအဝင္ ျဖစ္ပါတယ္။

EternalEnVy ဟာ သူ႔ရဲ႕ smurf account Stream ေနတုန္းမွာပဲ ျဖစ္ပ်က္ခဲ့တာ ျဖစ္ပါတယ္။ သူရဲ႕ Smurf account ဟာလည္း report မ်ားစြာ ျပဳလုပ္ျခင္း ခံခဲ့ရလို႔ behavior score “1” အထိ ေရာက္ခဲ့ဖူးၿပီး ယခု ဘန္းခံရတဲ့ အခ်ိန္မွာလည္း Behavior score “568” သာ ရွိေနပါတယ္။ EternalEnVy ဟာ pub game မ်ားမွာ အၿမဲလိုလို မိမိေရြးခ်ယ္ထားတဲ့ role ကိုမေဆာ့တဲ့ အတြက္ အသင္းေဖာ္ေတြမွ report မ်ားစြာလုပ္ခဲ့ျခင္းေၾကာင့္ ယခုလိုအေျခအေနအထိ ေရာက္ခဲ့တာပဲ ျဖစ္ပါတယ္။

သူရဲ႕ Stream မွာေတာ့ သူဟာ ေနာက္ဆံုးကစားတဲ့ပြဲကို အႏိုင္ရရွိခဲ့ေသာ္လည္း ပြဲၿပီးၿပီးခ်င္းမွာပဲ သူ႔ရဲ႕ smurf account ဟာ ၂၀၂၀ ဧၿပီလ ၈ ရက္ေန႔အထိ ဘန္းခံရေၾကာင္း သတိေပးခ်က္ကို ေတြ႕ရွိခဲ့တာပါ။

EternalEnVy ကေတာ့ အခုလို ဘန္းခံရျခင္းဟာ မၾကာေသးမီကမွ Valve ရဲ႕ အသစ္ထည့္သြင္းခဲ့တဲ့ “Failure to play the selected role” (ေရြးထားတဲ့ role ကိုေဆာ့ရန္ ပ်က္ကြက္ျခင္း) ဆိုတဲ့ ပြဲမစခင္မွာ ျပဳလုပ္လို႔ရတဲ့ report စနစ္ကို ထည့္သြင္းခဲ့ျခင္းေၾကာင့္လို႔ အျပစ္တင္ေျပာဆိုထားပါတယ္။ Valve အေနနဲ႔လည္း သူတို႔ရဲ႕ Matchmaking system ကို ေကာင္းသထက္ေကာင္းေအာင္ ျပဳျပင္ေနခ်ိန္မွာ ယခုကဲ့သို႔ Toxic player မ်ားကို ထိေရာက္ေအာင္ အျပစ္ေပးျခင္းျဖင့္ ေပ်ာ္ရြင္ၿပီး တရားမွ်တေသာ community ျဖစ္ေအာင္ ႀကိဳးစားေနတာကို ေတြ႕ရွိႏိုင္ပါတယ္။
EternaLEnVy အေနနဲ႔လည္း talent ရွိတဲ့ ကစားသမားေကာင္းတစ္ဦးျဖစ္ေပမယ့္လည္း ယခုကဲ့သို႔ ဘန္းခံရျခင္းေၾကာင့္ pub game မ်ားမွာ ပိုမိုေကာင္းမြန္ေအာင္ ျပဳမူေနထိုင္သြားမွာလားဆိုတာ ဆက္လက္ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္ခင္ဗ်ာ။