[ZawGyi]




https://dreamhack.com/showdown/


 

[Unicode]

ဆွီဒင် Organization တစ်ခုဖြစ်တဲ့ DreamHack ဟာ စပိန်နိုင်ငံ၊ ဗလင်စီယာ မှာကျင်းပမယ့် ပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် DreamHack Showdown ဆိုပြီး မိန်းကလေးသီးသန့် CSGO ပြိုင်ပွဲတစ်ခု ပြုလုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

DreamHack ဟာ Gaming Gear Brand တစ်ခုဖြစ်တဲ့ ထိုင်ဝမ်ကုမ္ပဏီပိုင် Zowie နဲ့ပူးပေါင်းပြီး တစ်ကမ္ဘာလုံးက အမျိုးသမီး CSGO Player များပြားလာစေဖို့နဲ့ သူတို့ရဲ့ Professional ကစားသမားဘဝကို အထောက်အကူဖြစ်ဖို့ ရည်ရွယ်ပြီး ဒီပြိုင်ပွဲကို စီစဉ်ခဲ့ကြောင်းဖော်ပြထားပါတယ်။ စပိန်နိုင်ငံမှာ ကျင်းပမယ့် Main Event မှာ အသင်း (၈) သင်းပါဝင်မှာဖြစ်ပြီး ၂ သင်းကို Direct Invite အနေနဲ့ ဖိတ်ကြားမှာပါ။

မြောက်အမေရိကနဲ့ ဥရောပလက်ရည်စစ်ပွဲကိုတော့ Online Tournement အနေနဲ့ June 8-9 မှာ ပြုလုပ်မှာဖြစ်ကာ အာရှအတွက် လက်ရည်စစ်ပွဲကိုတော့ Zowie က တာဝန်ယူကျင်းပမှာပါ။ အာရှလက်ရည်စစ်ပွဲမှာ Online တင်မကဘဲ တရုတ်နိုင်ငံ ရှန်ဟဲမြို့မှာ LAN Event ပါ ကျင်ပပေးသွားမှာ ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်လိုသူများ အနေနဲ့ အောက်ပါ Link မှာ Register ပြုလုပ်နိုင်ပါတယ်။

DreamHack Showdown

ထိုပြိုင်ပွဲအတွက် ဆုကြေး US ဒေါ်လာ 100,000 ပေးအပ်သွားမှာ ဖြစ်ပြီး အမျိုးသမီးသီးသန့်ပြိုင်ပွဲအနေနဲ့ ဆုကြေးအများဆုံး ပြိုင်ပွဲတွေထဲ တစ်ခုအဖြစ် ယူဆနိုင်ပါတယ်။

#CSGO #Women #DreamHack #Zowie