DreamHack Masters Dallas 2019 CSGO Tournament Review
[By Fairy]
(ZawGyi)
Group (A)
Liquid
Vitality
Vitality အနေနဲ့ကတော့ ပြင်သစ်နိုင်ငံ ရဲ့ Young and talented player Zywoo ရဲ့ လက်စွမ်းတွေနဲ့အတူ CS Summit-4 မှာ မြင်တွေ့  ရမှာဖြစ်ပါတယ် G2 ကစားသမားဟောင်း NBK APEX တို့ရဲ့ အတွေ့ အကြုံတွေနဲ့ အတူ တစ်ပါတ်အတွင်း competitive scene က pro player တွေရဲ့ KD Difference မှာ Top 1 က ဦးဆောင်နေတဲ့ Zywoo က ဘယ်လိုတွေလက်စွမ်းဆက်ပြမလဲဆိုတာ ကြည့်ရမှာပါ။
North
FaZe Clan
Windigo
NIP
Tyloo
Lucid Dream
————————————————–
Group(B)
ENCE
G2
Renegades
NRG
Furia
Fnatic
Cloud9
Isurus
Fairy’s Pick – FaZe Clan
Noodle Choice
Jerry – Vitality
KoBoo – Fnatic
KyiTha – Liquid
===================================
(Unicode)
Hi! အားလုံးပဲ ကျန်းမာရွှင်လန်းပါရဲ့လား ကျတော် Fairy ပါခင်ဗျာ။ မကြာခင်စတော့မယ့် DH Masters Dallas 2019 အတွက် အသင်းတွေရဲ့ အခြေအနေ လေးတွေ သုံးသပ်ပေးသွားပါမယ်။ Double Elimination ကို မှ Group A Group B ခွဲထားလို့ အပိုင်းနှစ်ပိုင်းခွဲပြီးတင်ပေးပါမယ်။
Group (A)
Liquid
Liquid ကတော့ Individual skill တွေ ထိပ်တန်းမှာ ဖြစ်နေဆဲပဲဖြစ်ပေမယ့် Vitality ကို CS Summit-4 semi-final မှာ 2-0 နဲ့ ရှုံးသွားတာက တော့ မယုံနိုင်လောက်အောင်ကောင်းခဲ့တဲ့ Vitality ကြောင့်လို့ပဲထင်ပါတယ် မကြေပွဲပြန်နှ ွဲမှာကို Bracket အရ စောစောတွေ့ ရမှာပဲဖြစ်ပါတယ်။ Onfire ဖြစ်နေတဲ့ Vitality ကိုသာ ကျော်ဖြတ်နိုင်ခဲ့ရင်တော့ DH Masters ဟာသူတို့လက်ထဲရောက်ဖို့များသွားပါပြီ။
Vitality
Vitality အနေနဲ့ကတော့ ပြင်သစ်နိုင်ငံ ရဲ့ Young and talented player Zywoo ရဲ့ လက်စွမ်းတွေနဲ့အတူ CS Summit-4 မှာ မြင်တွေ့ ရမှာဖြစ်ပါတယ် G2 ကစားသမားဟောင်း NBK APEX တု့ိရဲ့ အတွေ့အကြုံတွေနဲ့ အတူ တစ်ပါတ်အတွင်း competitive scene က pro player တွေရဲ့ KD Difference မှာ Top 1 က ဦးဆောင်နေတဲ့ Zywoo က ဘယ်လိုတွေလက်စွမ်းဆက်ပြမလဲဆိုတာ ကြည့်ရမှာပါ။
North
North အနေနဲ့ ပွဲဦးထွက်မှာ Vitality နဲ့တွေ့ ရမှာမို့ အခြေအနေက သိပ်မဟန်လှပါဘူး။ Jugi ကလည်း ဝင်လာတာသိပ်မကြာသေးတော့ အသင်းက stable မဖြစ်ပေမယ့် Aizy Kjarbye တို့ လို star player တွေရှိနေတော့ ပုံမှန် Tier 3 အသင်းတွေကိုတော့ နိုင်လောက်မှာဖြစ်ပါတယ်။
FaZe Clan
Neo ကိုခေါ ်ပြီးနောက်ပိုင်း အခြေအနေသိပ်မကောင်းတဲ့ Faze ကတော့ ဒီ ပွဲ မှာ ကစားသမားကောင်း တွေနဲ့ဖွဲ့ စည်းထားတဲ့ အသင်းဟာ ဒီလိုကောင်းပါတယ်ဆိုတာကို ပြသရမှာ ပဲဖြစ်ပါတယ်။ Neo အနေနဲ့လည်း လက်စွမ်းရော IGL ပိုင်းအရကော မပြသ နိုင်ခဲ့ရင် Pizza party ပေးရတော့မှာပါ ဒီပွဲမှာ အခြေအနေ မကောင်းခဲ့ ရင် နဂိုကတည်းက pro scene က ထွက်ဖို့လုပ်နေတဲ့ Guardian ကလည်း အနားယူ ဖို့အချိန်ပို ကပ်လာတော့မှာပါ။ One of the world best and talented player Niko ရဲ့ Play of the matches တွေကို မလွတ်တန်း Live ကြည့်ရဖို့တော့ မမေ့ကြပါနဲ့။
Windigo
Tier2 အသင်းတွေထဲ မှာတော်တော်ကောင်းတဲ့ အသင်းဖြစ်ပြီး space soldier က star player calyx ကိုအသစ်စက်စက် ခေါ ်ယူထားလို့ lineup အသစ်လိုဖြစ်နေပေမယ့် လျော့တွက်လို့မရတဲ့အသင်းဖြစ်ပါတယ်။
Faze နဲ့ ပွဲဦးထွက်တွေ့မှာဖြစ်လို့ upset လုပ်နိုင်မလား စွမ်းဆောင်ရည် ကစားပုံဘယ်လိုရှိလည်းဆိုတာကြည့်ရမှာဖြစ်ပါတယ်။
NIP
NIP အနေနဲ့ pistol god Dennis ဟာ ESTA(အလွယ်ပြောရရင် VISA ပေ့ါ) ပြသနာတစ်ခုကြောင့် DH ပထမရက်ကို မရောက်နိုင်ပဲ ဒုတိယ ရက်လည်း ပွဲချိန်အမှီ ရောက်နိုင်မလားဆိုတာ မသိရသေးပါဘူး အဲ့ဒါကြောင့် Coach Pita ကို အစားထိုးဆော့သွားမှာဖြစ်ပါတယ်။ Rez Get Right Forest နဲ့ Lekro တို့က Dennis တစ်ယောက်စာကို cover လုပ်ပြီးဆော့သွားနိုင်မလား Coach Pita က ပဲ Dennis နေရာ ကို အလုံအလောက် ဖြည့်ပေး သွားမလားဆိုတာ မကြာခင်ကြည့်ကြရတော့မှာပါ။ Dennis ပြန်ရောက်လာပြီး အသင်းလူပြည့်နဲ့ဆိုရင်တော့ Group A lower bracket Champion လောက်ထိမှန်းနိုင်ပါတယ်။
Tyloo
China top team ဖြစ်တဲ့ Tyloo ဟာ Asia အသင်းတွေကိုတောင် struggle လုပ်နေရပြီး ခု DH အတွက်ကိုတော့ ပြင်ဆင်လာမယ်လို့မျော်လင့်ရပါတယ်။Bntet ရဲ့ Genius plays တွေနဲ့ Xccurate ရဲ့ Tier 1 awp play တွေ က အသင်းကို china no 1 နေရာ ကိုဆက်ထိန်းထားနိုင်နေတာဖြစ်ပါတယ်။ စိတ်သက်သာရစရာကတော့ ပွဲဦးထွက်မှာ လူတစ်ယောက်လွတ် နေတဲ့ Nip ကို နိုင်သွား နိုင်မလားဆိုတာက တော့ မကြာခင်သိရမှာဖြစ်ပါတယ်။
Lucid Dream
တစ်ခုတည်းသော SEA အသင်းဖြစ်ပါတယ် လက်စွမ်းတွေကတော့ သေချာမသိရပေမယ့် မတည်ငြိမ်ပါဘူး Thailand အခြေစိုက်အသင်းဖြစ် ပြီး Thailand မှာတောင် No.1 နေရာကို ရဖို့ Alpha Red ကို မနိုင်သေးပါဘူး။ ဒီပွဲမှာ ဘယ်လိုအတွေ့အကြုံတွေရသွားမလဲ ဒါမှမဟုတ် နိုင်ပွဲတွေရနိုင်မလားဆိုတာကတော့….. First match is against liquid ပါခင်ဗျာ။
———————————————-
Group(B)
ENCE
Ence အနေနဲ့ကတော့ သူတို့ကို underestimate လုပ်သွားတဲ့ Astralis ကိုကောင်းကောင်းကြီး 2-0 နဲ့ အနိုင်ယူပြီးနောက်မှာတော့ Player တွေရဲ့ ဆက်သွယ်မှုတွေ ယုံကြည်မှု တိုးတက်လာတာကိုမြင်ခဲ့ရပါတယ် ထို့အတူ Allu က လည်းသူ့ ရဲ့ consistency ပိုကောင်းလာတာတွေ့ ရပါတယ် Summit 4 တုန်းက Vitality ကို အကြိတ်အနယ်ဆော့ခဲ့ပြီး ရှုံးခဲ့တာဖြစ်လို့ လက်စားချေဖို့ဆိုရင်တော့ Group B lower bracket winner တော့ ဖြစ် မှရမှာပါ။EZ4Ence မလားမထင်မှတ်ပဲ Round1-2 မှာတင်ပြုတ်မလား ကြည့်ကြရအောင်
G2
ဟုတ်ကဲ့ကျတော် G2 fan ပါ KennyS မရောက်ခင်ကတည်းက Scream+Shox ကိုကြိုက်ခဲ့တာပါ NBK နဲ့ Apex ကိုလည်းကြိုက်ပါတယ် လက်ရှိ Lineup ကိုတော့ တော်တော် သဘောမတွေ့ တာပါ ကျတော်သဘောမတွေ့သလို အသင်း အခြေအနေကလည်း Tier3 လောက်ထိကိုဆိုးရွားနေပါတယ် ကောင်းပြီဆိုရင်လည်း ထိန်းလို့မရအောင်ကောင်းကြပါတယ် KennyS ကတော့ Allu ထက် unstable ဖြစ်ပါတယ် Lucky ကတော့ CT site hold မှာအတော်ကောင်းပြီး Jacks နဲ့ Shox က တော့ Strategy နဲ့ aim ကောင်းတဲ့ player တွေပါ။ Shox က ပဲ IGL လုပ်ပေးနေရပြီး Clutches တွေကိုလည်း အောင်မြင် အောင်ဆော့ပေးနိုင်ပါတယ်။ သူတို့ရဲ့ French counterpart ဖြစ်တဲ့ Vitality ကတော့ သူတို့ ကို competitive scene မှာမျက်ချေဖြတ် ခဲ့တာအတော်ကြာခဲ့ပါပြီးတစ်ချိန်က Top 1-G2 ကိုပြန်မြင်ရဖို့ကတော့ Fan တစ်ယောက်အနေနဲ့မမျှော်လင့်နိုင်တော့ပါဘူး။
Renegades
Renegades ဟာဆိုရင်လည်း G2 ပြီးရင်ကျတော်အတော်ကြိုက်တဲ့အသင်းတွေထဲကတစ်ခုပါ old awper Nifty ရဲ့ ကစားပုံ တွေကို Gratisfaction ထက်ပိုသဘောကျပါတယ် Rifle ဆော့တာလည်း အတော် ကောင်းပါတယ် လက်ရှိတော့ Envy us မှာ secondary awper/rifler အနေနဲ့ဆော့နေပါတယ် ပြန်လာစေချင်တာမှန်ပေမယ့် Gratisfaction မရှိတဲ့ ကာလမှာ Smooya လို Star Player ကိုခေါ ်ဆော့ပေမယ့် သိပ်အလုပ်မဖြစ်ခဲ့ပါဘူး အခု ပြန်ရောက်လာခဲ့ပြီဆိုတော့ Aussie Number1 ကြီး လက်စွမ်းပြ ပြီး Aussie အတွက်မရတာကြာပြီဖြစ်တဲ့ Trophy ယူနိုင်လေမလား?
NRG
NRG အနေနဲ့ကထွေထွေထူးထူးပြောစရာမရှိပဲ အမှားနည်းရင်ပဲ အသာလေး Final ကိုရောက်နိုင်ပါတယ်။
Furia
ဘရာဇီးက လူငယ်အသင်းလေး တစ်သင်းက Tier2 အသင်းတွေရဲ့ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ အကယ်လို့ဒီပွဲမှာ ရလဒ်ကောင်းတွေရခဲ့ ရင် Mibr က Yuurih နဲ့ kcerato လို့ potential ရှိတဲ့လူငယ်တွေကိုခေါ ်ယူသွားနိုင်ပါတယ်။ Winrate တော်တော် များပြီး Teamwork လည်းကောင်းသလို ခုန က ပြောသွားတဲ့ player 2 ယောက်ရဲ့ individual skill ကောင်းတာကြောင့် Darkhorse အသင်းလို့သတ်မှတ်ချင်ပါတယ်။
Fnatic
Fnatic အနေနဲ့ကတောက်လျောက်ကောင်းခဲပြီးမှ အရေးကြီးတဲ့ပွဲတွေမှာ အမှားတစ်ချို့ ကြောင့်အောင်မြင်မှုတွေကနေလွှဲချော်နေခဲ့ပါတယ်။ တိုးတက်ဖို့ဆိုရင် တော့ Xizt ကိုထုတ်ပြီး potential ရှိတဲ့ လူငယ်ကစားသမားတစ်ယောက်ကိုထပ်ခေါ ်သင့်တယ်လို့မြင်ပါတယ်။ဒါမှမဟုတ်လည်း IGL ကောင်းကောင်းလုပ် နိုင်တဲ့ player တစ်ယောက်ယောက်ပေါ့။
Cloud9
ဘယ်လိုပြောရမှန်းကိုမသိတော့တာပါခင်ဗျာ။ Organization အနေနဲ့က Merchandise တွေရောင်းရ ရုံလောက်ပဲ အသင်းကိုဆက်ထားနေတယ်လို့ ခံစားရတယ် ဘာလို့လဲဆိုတော့ ဖိတ်ခေါ ်တဲ့ပြိုင်ပွဲတွေလောက်ပဲ ဝင်ပြိုင် အသင်းငယ်တွေကိုနိုင်ပြီး အသင်းကြီးတွေအကုန်ရှုံးနေလို့ပါ Vice နဲ့ cajunb က အသင်းအတွက် အတော်မသင့်တော်ဘူးလို့ ထင်နေရပါတယ်။
Isurus
ဒီအသင်းကတော့ Tier3-4 လောက်ကအသင်းဖြစ်လို့ ထွေထွေထူးထူးပြောစရာမရှိပါဘူး strong နေတဲ့ပုံလည်းမပေါက်တဲ့အတွက် upset ဖို့ကလည်းမမျော်လင့်နိုင်ပါဘူးခင်ဗျာ။
ကဲအသင်းတွေလည်းစုံပြီးပွဲမစခင် အမြန်အပြီးရေးလိုက်ရလို့ လိုအပ်ချက်တွေများသွားရင်တောင်းပန်ရင်း
June လ 18 ရက်မှာစမယ့် ESL Pro League Season 9 Finals မတိုင်ခင်ပြန်ဆုံကြမယ်နော်။
Fairy’s Pick – FaZe Clan
Noodle Choice
Jerry – Vitality
KoBoo – Fnatic
KyiTha – Liquid
#Fairy #DreamHack #Dallas #CSGO