[Unicode]

Twitch နဲ့ နှစ်ရှည်စာချုပ် ချုပ်လိုက်တဲ့ Dr.Disrespect

 

အမေရိကန် ဂိမ်း streaming ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Twitch ဟာ နာမည်ကြီးဂိမ်း streamer တစ်ဦးဖြစ်တဲ့ Dr. Disrespect နဲ့ သဘောတူစာချုပ်တစ်ခုကို မကြာသေးမီက ချုပ်ဆိုလိုက်ပါတယ်။ ယင်းစာချုပ်အရတော့ Dr. Disrespect ဟာ သူ stream နေကျ Twitch ပလက်ဖောင်းပေါ်ကနေ မပြောင်းမရွှေ့ပဲ နှစ်အတန်ကြာ ဆက်လက်ရပ်တည်နေဦးမှာ ဖြစ်ပါတယ်။

ယင်းစာချုပ်ပါ အချက်အလက်များကို အသေးစိတ်ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေမယ့် Twitch ဟာ Dr. Disrespect ကို များပြားတဲ့ ငွေကြေးပမာဏနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း အများကသုံးသပ်ကြပါတယ်။ Dr. Disrespect ဟာ လက်ရှိအချိန် Twitch ပေါ်မှာ follower ၄ သန်းကျော်ရရှိထားပြီး PUBG, Call of Duty အစရှိတဲ့ဂိမ်းများကို နေ့စဉ်ကစားကာ stream လွှင့်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ၆ လလောက်အတွင်းမှာ Twitch ဟာ အမျိုးသမီး streamer တစ်ဦးဖြစ်တဲ့ Pokimane (Twitch follower ၃.၉ သန်းကျော်)၊ TimTheTatman (Twitch follower ၄ သန်းကျော်)၊ DrLupo (Twitch follower ၃.၆ သန်းကျော်)၊ LIRIK (Twitch follower ၂.၃ သန်းကျော်) အစရှိသူတို့နဲ့ သဘောတူစာချုပ်များ ချုပ်ဆိုပြီး ယင်းတို့ ပလက်ဖောင်းပေါ်မှာ ဆက်ရှိနေအောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒီဆောင်ရွက်ချက်များဟာ Twitch ပေါ်ကနေ Shroud နဲ့ Ninja တို့ကို ပြိုင်ဘက် streaming ပလက်ဖောင်းဖြစ်တဲ့ Mixer က ခေါ်ယူသွားခဲ့ပြီးနောက်ပိုင်း ကာကွယ်ပြုလုပ်ခဲ့ခြင်းများလည်း ဖြစ်ပါတယ်။

Dr. Disrespect ဟာ Call of Duty: Advanced Warfare ကို ထုတ်လုပ်ဖို့အတွက် Developer တစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ Dexerto ရဲ့ အင်တာဗျူးတစ်ခုမှာတော့ သူဟာ ဒီအကြောင်းများကို ထုတ်ဖော်ပြောကြားခဲ့ပြီး Developer အဖြစ် အလုပ်လုပ်ခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်းမှာ ဒေါ်လာ ၅၆,၀၀၀ နဲ့ အပိုငွေအနည်းငယ်သာရရှိခဲ့ကြောင်း၊ streamer အဖြစ်ရပ်တည်ချိန်မှာတော့ ဒေါ်လာသန်းပေါင်းများစွာ ရရှိနေကြောင်း အစရှိသဖြင့်လည်း နှိုင်းယှဉ်ပြောကြားခဲ့ပါတယ်။

Dr.Disrespect with Shroud and Ninja

Shroud နဲ့ Ninja တို့ Mixer က ရရှိခဲ့တဲ့ပြောင်းရွှေ့ကြေးထက် ပိုများတဲ့ငွေပမာဏနဲ့ Twitch က သူ့ကို ဆက်လက်ခေါ်ယူထားမှာဖြစ်ကြောင်းကိုလည်း Dr. Disrespect က ယင်းအင်တာဗျူးအတွင်းမှာ အရိပ်အမြွတ်ပြောခဲ့ဖူးပါသေးတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: esportsobserver, dexerto


[ZawGyi]

Twitch နဲ႔ ႏွစ္ရွည္စာခ်ဳပ္ ခ်ဳပ္လိုက္တဲ့ Dr.Disrespect

 

အေမရိကန္ ဂိမ္း streaming ပလက္ေဖာင္းတစ္ခုျဖစ္တဲ့ Twitch ဟာ နာမည္ႀကီးဂိမ္း streamer တစ္ဦးျဖစ္တဲ့ Dr. Disrespect နဲ႔ သေဘာတူစာခ်ဳပ္တစ္ခုကို မၾကာေသးမီက ခ်ဳပ္ဆိုလိုက္ပါတယ္။ ယင္းစာခ်ဳပ္အရေတာ့ Dr. Disrespect ဟာ သူ stream ေနက် Twitch ပလက္ေဖာင္းေပၚကေန မေျပာင္းမေ႐ႊ႕ပဲ ႏွစ္အတန္ၾကာ ဆက္လက္ရပ္တည္ေနဦးမွာ ျဖစ္ပါတယ္။

ယင္းစာခ်ဳပ္ပါ အခ်က္အလက္မ်ားကို အေသးစိတ္ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမရွိေပမယ့္ Twitch ဟာ Dr. Disrespect ကို မ်ားျပားတဲ့ ေငြေၾကးပမာဏနဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ေၾကာင္း အမ်ားကသုံးသပ္ၾကပါတယ္။ Dr. Disrespect ဟာ လက္ရွိအခ်ိန္ Twitch ေပၚမွာ follower ၄ သန္းေက်ာ္ရရွိထားၿပီး PUBG, Call of Duty အစရွိတဲ့ဂိမ္းမ်ားကို ေန႔စဥ္ကစားကာ stream လႊင့္ေလ့ရွိပါတယ္။

ၿပီးခဲ့တဲ့ ၆ လေလာက္အတြင္းမွာ Twitch ဟာ အမ်ိဳးသမီး streamer တစ္ဦးျဖစ္တဲ့ Pokimane (Twitch follower ၃.၉ သန္းေက်ာ္)၊ TimTheTatman (Twitch follower ၄ သန္းေက်ာ္)၊ DrLupo (Twitch follower ၃.၆ သန္းေက်ာ္)၊ LIRIK (Twitch follower ၂.၃ သန္းေက်ာ္) အစရွိသူတို႔နဲ႔ သေဘာတူစာခ်ဳပ္မ်ား ခ်ဳပ္ဆိုၿပီး ယင္းတို႔ ပလက္ေဖာင္းေပၚမွာ ဆက္ရွိေနေအာင္ ေဆာင္႐ြက္ခဲ့ပါတယ္။ ဒီေဆာင္႐ြက္ခ်က္မ်ားဟာ Twitch ေပၚကေန Shroud နဲ႔ Ninja တို႔ကို ၿပိဳင္ဘက္ streaming ပလက္ေဖာင္းျဖစ္တဲ့ Mixer က ေခၚယူသြားခဲ့ၿပီးေနာက္ပိုင္း ကာကြယ္ျပဳလုပ္ခဲ့ျခင္းမ်ားလည္း ျဖစ္ပါတယ္။

Dr.Disrespect with Shroud and Ninja

Dr. Disrespect ဟာ Call of Duty: Advanced Warfare ကို ထုတ္လုပ္ဖို႔အတြက္ Developer တစ္ဦးအျဖစ္လည္း တာဝန္ထမ္းေဆာင္ခဲ့ဖူးပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ျပဳလုပ္ခဲ့တဲ့ Dexerto ရဲ႕ အင္တာဗ်ဴးတစ္ခုမွာေတာ့ သူဟာ ဒီအေၾကာင္းမ်ားကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး Developer အျဖစ္ အလုပ္လုပ္ခဲ့တဲ့ ၃ ႏွစ္တာ ကာလအတြင္းမွာ ေဒၚလာ ၅၆,၀၀၀ နဲ႔ အပိုေငြအနည္းငယ္သာရရွိခဲ့ေၾကာင္း၊ streamer အျဖစ္ရပ္တည္ခ်ိန္မွာေတာ့ ေဒၚလာသန္းေပါင္းမ်ားစြာ ရရွိေနေၾကာင္း အစရွိသျဖင့္လည္း ႏႈိင္းယွဥ္ေျပာၾကားခဲ့ပါတယ္။

Shroud နဲ႔ Ninja တို႔ Mixer က ရရွိခဲ့တဲ့ေျပာင္းေ႐ႊ႕ေၾကးထက္ ပိုမ်ားတဲ့ေငြပမာဏနဲ႔ Twitch က သူ႔ကို ဆက္လက္ေခၚယူထားမွာျဖစ္ေၾကာင္းကိုလည္း Dr. Disrespect က ယင္းအင္တာဗ်ဴးအတြင္းမွာ အရိပ္အႁမြတ္ေျပာခဲ့ဖူးပါေသးတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: esportsobserver, dexerto