Patch အသစ် လူစာရင်းအသစ်တွေနဲ့ တဝကြီး အားပေးရမယ့် Dota Pro Circuit Season (2)

 

Singapore Major ပြိုင်ပွဲအပြီး သိပ်မကြာခင်မှာပဲ TI10 မကျင်းပခင် နောက်ဆုံး ယှဉ်ပြိုင်ရမယ့် DPC ဒုတိယရာသီ ကို ဧပြီ (၁၂) ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။ (DPC Season2 အပြီးမှာလည်း Major တစ်ခု လာဦးမှာပါ) 7.29 Patch အသစ်မှာ အပြောင်းအလဲပေါင်းများစွာနဲ့ နိုင်ငံတကာ Dota2 ပြိုင်ပွဲတွေကို ကြည့်ရတာ စိတ်မောပန်းမှုတွေကို ခဏတာ ပြေပျောက်စေမှာပါ။

SEA

ကံမကောင်းစွာနဲ့ပဲ မြန်မာ (၂) သင်းလုံးဖြစ်တဲ့ YG ရော Veteran ပါ Qualifier မအောင်မြင်ခဲ့ပါဘူး။ မြန်မာ Dota အတွက် အကောင်းမြင်စရာကတော့ YG က အာရှအဆင့် Tier-2 ပြိုင်ပွဲတွေကို ပုံမှန်ဖိတ်ခေါ်ခြင်းရခံနေရပြီး Veteran ကတော့ Acer Predator League 2021 (Asia) မှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုကြေးငွေ ဒေါ်လာ (၂၀,၀၀၀) ရရှိထားပါတယ်။

SEA DPC ဒုတိယရာသီရဲ့ Lower Region ကို Qualifier အောင်လာတဲ့ (၂) သင်းကတော့ ထိုင်း Motivate Trust နဲ့ မလေးအသင်း Team SMG တို့ပဲ ဖြစ်ပါတယ်။ Motivate Trust ကတော့ ၂၀၂၀ ခုနှစ်က သူတို့အောင်မြင်ခဲ့တဲ့ လူစာရင်းဖြစ်တဲ့ JaCkky, Fearless, Masaros, Q တို့ပါဝင်ပြီး အရင် Posn5 ဖြစ်တဲ့ bombell နေရာမှာ LionaX ပါဝင်လာမှာ ဖြစ်ပါတယ်။

Team SMG ကတော့ ဝါရင့် MuShi ဦးဆောင်ပြီး OG လူဟောင်း MidOne နဲ့ TNC လူဟောင်း kpii တို့အပြင် မလေးကစားသမားတွေဖြစ်တဲ့ ah fu နဲ့ Neah666 တို့ပါဝင်ပါတယ်။ DPC SEA Season (2) Lower Division အသင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

DPC SEA ရဲ့ Upper Division ကိုတော့ Season (1) Lower Division က တက်လာတဲ့ မွန်ဂိုအသင်း Lilgun ရယ် ဖိလစ်ပိုင်အသင်း Omega Esports တို့က Fnatic, Neon, TNC, BOOM, XctN, T1 တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

Lilgun ကတော့ Season (1) က YG နည်းတူ Open Qualifier ကတက်လာတာဖြစ်ပြီး အခု Season (2) မှာတော့ Upper Division အထိ ရောက်လာတာမလို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Omega Esports ကတော့ အရင် Adroit အသင်းဖြစ်ပြီး TNC အသင်းက သူတို့ရဲ့ Bok နဲ့ Boomy ကို ခေါ်ယူသွားတာကြောင့် TNC လူဟောင်း Sam_H နဲ့ RG အသင်းက Shanks တို့ကို ပြန်လည်ခေါ်ယူထားပါတယ်။

ကျန်အသင်းတွေအနေနဲ့ Fnatic က Offlaner နေရာကို Team Aster Mid Player ဟောင်း “ChYuan” ကို ခေါ်ယူပြီး Offlane ကစားခိုင်းမှာပါ။ T1 ကတော့ Carry Role အတွက် Singapore Major ကတည်းက 23savage ကို ခေါ်ယူထားပါတယ်။

BOOM ကတော့ မအောင်မြင်တဲ့ Carry ကစားသမားသစ်တွေကို အပြောင်းအလဲထပ်မလုပ်တော့ပဲ အရင်လူဟောင်း “Dreamocel” ကိုပဲ နေရာပြန်ပေးခဲ့ပါတယ်။ XctN ကတော့ Ken နဲ့ Rupido နေရာမှာ Palos နဲ့ Nando ကို အစားထိုးခဲ့ပါတယ်။ နောက်ပိုင်း စောင့်ကြည့်ရမယ့် လူငယ် (၂) ယောက်ဖြစ်တဲ့ Palos နဲ့ Yowe ကို တစ်သင်းထဲမှာ မြင်တွေ့ခွင့် ရတော့မှာပါ။ Neon ကတော့ လူစာရင်း အပြောင်းအလဲ မရှိပါဘူး။

Europe

Qualifier ကနေ တက်လာပြီး Lower Division မှာ စတင်ယှဉ်ပြိုင်မယ့် (၂) သင်းကတော့ Team Bald Reborn နဲ့ Ghost Frogs တို့ပဲ ဖြစ်ပါတယ်။ Team Reborn ကတော့ နာမည်ကျော် Dota2 Streamer “Gorgc” ဦးဆောင်ပြီး Pablo, Xcalibur, 5up နဲ့ Rajjix တို့ပါဝင်ပါတယ်။ Ghost Frogs ကတော့ ဝါရင့် Support Player “MiLAN” ဦးဆောင်ပြီး Vikin လူဟောင်း Tobi, B8 လူဟောင်း Crystallis, Mudgolems လူဟောင်း BoraNija
နဲ့ j4 တို့ ပါဝင်ပါတယ်။

အရင် Season-1 Upper Divison အသင်း Vikin ကတော့ Offlaner နေရာကို KheZu နဲ့ အားဖြည့်ထားပြီး No Bounty Hunter အသင်းမှာတော့ ထူးထူးခြားခြား မွန်ဂို ကစားသမား “Hustla” က ဝင်ရောက်ကစားမှာပါ။ EU Season (2) Lower Division အသင်းနဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

EU Upper Division Season-2 ကတော့ စိတ်ဝင်စားစရာ အပြည့်ပါပဲ။ Singapore Major ဝင်ခွင့် မရခဲ့တဲ့ OG ကတော့ ကြိုတင်ဇာတ်တိုက်ထားတဲ့အတိုင်း “ana” ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။ TI (2) ခါဆက်ရထားတဲ့ လူစာရင်းရဲ့ JerAx နေရာမှာ Saksa ပဲပြောင်းလဲထားပါတယ်။

SG Major မှာ အစေားဆုံး ထွက်ခွာခဲ့ရတဲ့ Nigma ကတော့ အားလုံး အားမလို အားမရဖြစ်နေတဲ့ W33 ကို ထုတ်ပယ်ပြီး ရုရှား Carry “iLTW” ကို ခေါ်ယူခဲ့ပါတယ်။ Miracle ရဲ့ Mid Gameplay တွေကို ပြန်လည် မြင်တွေ့ရနိုင်ပါတယ်။

Team Secret, Alliance, Team Liquid တို့ကတော့ လူစာရင်း အပြောင်းအလဲမရှိပဲ Tundra Esports (အရင် mudgolems) ကတော့ Biver နေရာမှာ US က Sneyking ကို အစားထိုးခဲ့ပါတယ်။

Season-1 Lower Division ကနေ တက်လာတဲ့ (၂) သင်းကတော့ Team Secret လူဟောင်း “Ace” ပါဝင်တဲ့ Hellbear Smashers နဲ့ အရင် Ad Finem က Skylark နဲ့ Ssapartan တို့ပါဝင်တဲ့ Brame တို့ပဲ ဖြစ်ပါတယ်။ EU Season (2) Upper Division အသင်းနဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

North America

DPC ဒုတိယ ရာသီမှာ အားပေးစရာ မြန်မာကစားသမား မရှိတော့ဘူးဆိုပြီး စိတ်မပျက်သွားပါနဲ့။ NA အသင်းတွေမှာ ကျဉ်လည်ခဲ့ဖူးပြီး Yangon Galaticos မှာလည်း ဆော့ခဲ့ဖူးတဲ့ မြန်မာ Player “thetoo” က 5ManMidas အသင်းမှာ ဝင်ရောက်ကစားသွားမှာပါ။

Qualifier ကနေ တက်လာတဲ့ (၂) သင်းကတော့ D2 Hustlers နဲ့ Pecado Squad Gaming တို့ဖြစ်ပြီး D2 Hustlers ကတော့ ဝါရင့် Support တစ်ဦးဖြစ်တဲ့ 1437 ဦးဆောင်မှာပါ။ NA Season (2) Lower Division အသင်းနဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

NA Season (2) Upper Division ကိုတော့ Singapore Major ဒုတိယဆုရှင် Evil Geniuses ဦးဆောင်မှာ ဖြစ်ပါတယ်။ ppd အနားယူသွားတဲ့အတွက် သူနဲ့ Fear တို့ရဲ့ Sadboys နေရာမှာတော့ PentAce ဆိုပြီး Fear, Ryoya, Monster, ZFreek နဲ့ Moo တို့ပါ ပါဝင်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး “EternalEnvy” ကိုတော့ Black N Yellow အသင်းမှာတွေ့နိုင်ပါတယ်။

China

Qualifier ကနေ Lower Division Season (2) ကို Aster.Aries နဲ့ Demon Slayer တို့ တက်ရောက်လာပြီး Upper Divison အနေ Team Magma နဲ့ LBZS တို့တော့ တန်းဆင်းလာခဲ့ရပါတယ်။ ထူးထူးခြားခြား ပြောစရာမရှိပေမယ့် ဗဟုသုတအနေနဲ့ ပြောရရင် Team Magma ဆိုတာ တရုတ် Pro ကစားသမားဟောင်းတွေပါဝင်တဲ့ OB အဖွဲ့က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

OB ဆိုတာက OldBoys လို့ခေါ်ပြီး တရုတ် Dota2 Legends တွေဖြစ်တဲ့ Zhou, Hao, ZSMJ, Mu, YYF, DD, LongDD, 820, SanSheng တို့နဲ့ ဖွဲ့စည်းထားတာပါ။ China Season (2) Lower Division အသင်းနဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

China DPC Upper Division ကတော့ အပြောင်းအလဲ ကြီးကြီးမားမား မရှိပါဘူး။ rOtK ကတော့ ကာအတော်ကြာ နာမည်ထွက်ခဲ့တဲ့အတိုင်း Elephant အသင်းကို နည်းပြအဖြစ် ရောက်ရှိသွားပါတယ်။ နာမည်ကြီး Carry “Sylar” ကတော့ EHOME အသင်းမှာ Ahjit ရဲ့နေရာ အစားထိုးသွားမှာပါ။

CIS

Lower Division မှာတော့ Dendi ရဲ့ B8 က XactJIepbl ရဲ့ NoFear ကို ခေါ်ယူပြီး အသင်းပါ အစားထိုး ဝင်ရောက်ကစားမှာဖြစ်ပါတယ်။ (ပုံမှန်ဆိုရင် Open Qualifier က ပြန်ဆော့ရမှာပါ) အရင် Gambit Esports အသင်း​ဟောင်းကတော့ Prosti Esli ဆိုတဲ့ နာမည်နဲ့ ဆော့မှာပါ။

NaVi လူဟောင်း Zayac ကတော့ HellRaisers အသင်းကို ရောက်ရှိသွားပါတယ်။ Qualifier ကနေ တက်လာနဲ့ (၂) သင်းကတော့ Trident Clan နဲ့ Nemiga Gaming ပါ။

CIS Upper Division ကတော့ VP, NaVi တို့အပြင် Live to Win ကို ခေါ်ယူခဲ့တဲ့ AS Monaco Gambit တို့ပါ ပါဝင်လာတာမလို့ အကြိတ်အနယ် ဖြစ်လာနိုင်ပါတယ်။ Online ပွဲတွေမှာလက်စွမ်းပြခဲ့ပေမယ့် SG Major မှာ အလုပ်မဖြစ်ခဲ့တဲ့ Virtus Pro ကတော့ ဘယ်လို ပြန်လာမလဲ စောင့်ကြည့်ရမှာပါ။

NaVi ကတော့ GeneraL ရဲ့နေရာမှာ RAMZEES ကို ပြောင်းလဲထားပြီး AS Monaco Gambit ကတော့ အရင် Standin ဝင်ဆော့ခဲ့တဲ့ No[o]ne ကို တရားဝင် ခေါ်ယူခဲ့ပါတယ်။ အရင်ကစားခဲ့တဲ့ fn ကတော့ Team Unique ကို ရောက်ရှိသွားပါတယ်။

South America

ဘရာဇီး၊ ပီရူး၊ ဘိုလီးဗီးယား ကစားသမားတွေနဲ့ ပြည့်နှက်နေတဲ့ SA Region ကတော့ Region (6) ခုထဲမှာ အသင်းကောင်းအရှားပါးဆုံး Region ဖြစ်ပေမယ့် Singapore Major မှာ Thunder Predator ကြောင့် အာရုံစိုက်မှု ပိုမိုရရှိခဲ့ပါတယ်။ ထူးထူးခြားခြား ပြောစရာမရှိဘဲ Thunder Predator ရယ်ဘယ်အသင်းတွေရယ် Major ကို တက်ရောက်ခွင့်မရလဲဘဲ စောင့်ကြည့်ရမှာပါ။