DPC Lower Division မှာ ပွဲဦးထွက်ဆော့ကစားရမယ့် YG နဲ့ အုပ်စုတွင်း အသင်းများအကြောင်း

 

Galaxy Racer

Galaxy Racer အသင်းဟာ မလေးရှားနိုင်ငံသားငါးယောက် စုစည်းထားတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ Galaxy Racer ဟာ ဒူဘိုင်းအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ တခြား Games အသင်းတွေလည်း အများကြီးရှိပြီး အင်အားအတော်လေးတောင့်တင်းပါတယ်။

Group Stage A ရဲ့ Bo2 ပွဲစဉ်တွေ မှာတော့ သုံးပွဲနိုင်၊ နှစ်ပွဲသရေ ရရှိပြီး ထိပ်ဆုံးက ဦးဆောင်ထားတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ အသင်းရဲ့ လူစာရင်းတွေကတော့ Ghost, Alacrity, Kyxy, Destrice, 343 တို့ပဲဖြစ်ပါတယ်။ Alacrity နဲ့ Destrice ဟာ ၂၀၂၀ ခုနှစ်ရဲ့ မေလလောက်မှာ 10k mmr ရောက်ရှိထားတဲ့ ကစားနှစ်ယောက်ပဲဖြစ်ပါတယ်။

343 ဟာ Fnatic အသင်းနဲ့ TI4 မှာ 4th ရခဲ့တဲ့အထိ ကစားသမားဘ၀မှာ အောင်မြင်မှုတွေရှိခဲ့ပါတယ်။ Coach ပိုင်းမှာလည်း Fnatic နဲ့ Complexity တို့ကို လအနည်းငယ် Coach လုပ်ခဲ့ဖူးပါတယ်။ 343 ဦးဆောင်မှုနဲ့အတူ Galaxy Racer ဟာ ပိုကောင်းအားကောင်းတဲ့ အသင်းတစ်သင်းဖြစ်လာမလား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Omega Esports

Omega Esports အသင်းကတော့ ဖိလစ်ပိုင်ငါးယောက်နဲ့ စုစည်းထားတဲ့ အသင်းတစ်သင်းပါ။ Group Stage B ရဲ့ Bo2 ပွဲစဉ်တွေမှာ တော့ သုံးပွဲနိုင်၊ သရေပွဲနှစ်ပွဲရရှိပြီး ထိပ်ဆုံးက ဦးဆောင်ထားတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ အသင်းရဲ့ လူစာရင်းတွေကတော့ Tino (Mcy), Mac, Bok, Boomy (Boombacs), Cml တို့ပဲဖြစ်ပါတယ်။

ကစားသမားတွေဟာ အရင် Adroit Team ရဲ့ ကစားသမားတွေပဲ ဖြစ်ပြီး Omega Esports အနေနဲ့ ပြန်လည်ခေါ်ယူထားပဲဖြစ်ပါတယ်။ ၂၀၂၀ နိုဝင်ဘာလ (၁၄)ရက်နေ့မှာ Adroit Esports ဟာ ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ Offlane ကစားတဲ့ Bok ဟာ experiences တော်တော်များတဲ့ player တစ်ယောက်ဖြစ်ပြီး ၂၀၁၆ လောက်မှာကတည်းက Mineski အသင်းမှာ ၅လလောက်ကစားခဲ့ဖူးပါတယ်။

HOYO

HOYO အသင်းကတော့ ထိုင်းနှစ်ယောက်၊ စင်ကာပူတစ်ယောက်၊ အင်ဒိုနီးရှားတစ်ယောက်၊ ကိုရီးယားတစ်ယောက်နဲ့ ပေါင်းစပ်ထားတဲ့အသင်းတစ်သင်းပဲဖြစ်ပါတယ်။ Public stars တွေပဲ ဖွဲ့စည်းထားတဲ့ အသင်းလို့လည်းဆိုနိုင်ပါတယ်။ Group Stage A ရဲ့ Bo2 ပွဲစဉ်တွေမှာတော့ သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်နဲ့ အုပ်စုဒုတိယအဆင့်ကနေ Lower Division ကို တက်ရောက်လာတဲ့ အသင်းတစ်သင်းပါ။

အသင်းရဲ့ လူစာရင်းတွေကတော့ Meracle, Fearless, Forev, Jhocam, Bombell တို့ပဲဖြစ်ပါတယ်။ Meracle ဟာ units control heros တွေမှာ တော်တော်ကောင်းတဲ့ player တစ်ယောက်ပဲဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် enemy အသင်း တော်တော်များများဟာ Meracle ပါတာနဲ့ Naga Siren ကို first ban အနေနဲ့ respect ပေးပြီး ban ခဲ့ကြရတာပါ။

အခု DPC SEA Group Stage မှာလည်း Lone Druid ကို နှစ်ပွဲတိတိကစားခွင့်ရပြီး နှစ်ပွဲလုံး အနိုင်ရရှိထားတာလည်း တွေ့ရပါတယ်။ ” Killing heroes doesn’t win me the game, killing buildings wins me the game” ဆိုပြီးလည်း အရင်တုန်းက ပြောခဲ့ဖူးပါသေးတယ်။

Fearless ဟာ အရင် Motivated Trust မှာ အတော်လေး လူသိလာတဲ့ player တစ်ယောက်ပဲဖြစ်ပါတယ်။ ၂၀၂၀ ဩဂုတ်လမှာလည်း 10k mmr ကို ရောက်ရှိထားတဲ့ ကစားသမားတစ်ယောက်ပါ။ Forev က​တော့ အသင်းထဲမှာ experiences အရှိဆုံး player လို့ဆိုရမှာပါ။ MVP Phoenix အသင်းမှာလည်း နာမည်ရခဲ့သလို Team Secret, DC (Digital Chaos) တို့မှာ ကစားဖူးတဲ့ player တစ်ယောက်ပဲဖြစ်ပါတယ်။

Team Assault

Assault အသင်းကတော့ မလေးရှားနိုင်ငံသား ငါးယောက်နဲ့ စုစည်းထားတဲ့အသင်းတစ်သင်းပဲဖြစ်ပါတယ်။ BTS Qualifier မှာရော၊ DPC SEA Group Stage မှာရော YG ကိုနိုင်ခဲ့ပါသေးတယ်။ Group Stage B ရဲ့ Bo2 ပွဲစဉ်တွေမှာတော့ နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်နဲ့ အုပ်စုဒုတိယအဆင့်ကနေ Lower Division ကို တက်ရောက်လာတဲ့ အသင်းတစ်သင်းပါ။ အသင်းရဲ့ လူစာရင်းကတော့ kenNess, Kayh, Gy, JoHnNy, Rayy တို့ပဲဖြစ်ပါတယ်။

Assault အသင်းကို သိပ်မကြားဖူးပေမယ့် JoHnNy တစ်ယောက်ကိုတော့ ကောင်းကောင်းကြီး သိနေခဲ့ပါတယ်။ JoHnNy ဟာ ၂၀၁၃ လောက်မှာကတည်းက RattleSnake ဆိုတဲ့ တရုတ်အသင်းတစ်ခုကို စတင်ရောက်ရှိခဲ့ပါတယ်။ အဲ့နောက်မှာတော့ မလေးရှားအခြေစိုက်ဖြစ်တဲ့ Arrow Gaming ကို ရောက်ရှိခဲ့ပေမယ့်လည်း အောင်မြင်မှု ကြီးကြီးမားမား မရရှိခဲ့ပါဘူး။

JoHnNy’ Revenge ဆိုပြီး SEA က teams မရှိတဲ့ ကစားသမားလေးယောက်နဲ့ ဖွဲ့စည်းခဲ့ပေမယ့် လအနည်းငယ်မှာပဲ ပြန်ဖျက်သိမ်းခဲ့ရပါတယ်။ roles အနေနဲ့လည်း သူဟာ စွယ်စုံရတဲ့ player တစ်ယောက်လို့ဆိုရမှာပါ။ Mid player တစ်ယောက်အနေနဲ့ စတင်ရောက်ရှိခဲ့ပေမယ့်လည်း နောက်ပိုင်း တခြားအသင်းတွေမှာ Carry, Offlane, Suport တွေပါ ဆော့ခဲ့ဖူးတဲ့ player တစ်ယောက်ပါ။ JoHnNy’ Revenges လိုမျိုး နောက်တစ်ကြိမ်ပြန်လည် ကြိုးစားမှုမှာတော့ အောင်မြင်မှုတွေရမလားဆိုတာ အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ အသင်းတစ်သင်းပါ။

Cignal Ultra

Cignal Ultra အသင်းကတော့ ဖိလစ်ပိုင်နိုင်ငံသား ငါးယောက်နဲ့ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းပါ။ Group Stage A ရဲ့ Bo2 ပွဲစဉ်တွေမှာတော့ တစ်ပွဲနိုင်၊ သုံးပွဲသရေ၊ တစ်ပွဲရှုံးရလဒ်နဲ့ အုပ်စုတတိယအဆင့်ကနေ Lower Division ကို တက်ရောက်လာတဲ့ အသင်းတစ်သင်းပါ။ အသင်းရဲ့ လူစာရင်းတွေကတော့ Abat, Jamesy, Van, Erice, Grimzx တို့ပဲဖြစ်ပါတယ်။

Abat ကလွဲရင် ကျန်တဲ့ လေးယောက်ဟာ Cignal Ultra မှာ ၂၀၁၉ လောက်မှာကတည်းက ဆော့ကစားလာခဲ့တာပါ။ Group Stage မှာတော့ Abat ဟာ X.Veteran နဲ့ဆော့ပြီး ခဏအကြာမှာပဲ LFT (Looking For Team) ဆိုပြီး social media မှာ post တင်ခဲ့ပါတယ်။

နောက်ထပ်ကျန်ရှိတဲ့ ပွဲစဉ်တွေကိုလည်း JAE (Coach)က Standin အနေနဲ့ ဝင်ရောက်ဆော့ကစားခဲ့ပါတယ်။ Lower Division ပွဲစဉ်တွေတော့ Abat အနေနဲ့ ပြန်လည်းကစားဖို့ရှိနေခဲ့ပြီး အသင်းရဲ့ active player အဖြစ်နဲ့လည်း ဆက်လက်ဖော်ပြနေဆဲပဲဖြစ်ပါတယ်။

Lilgun

ဒီအသင်းကတော့ အတော်လေးထူးခြားတဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။ မွန်ဂိုလီးယား ကစားသမား ငါးယောက်နဲ့ ဖွဲ့စည်းထားတဲ့အသင်းပါ။ Group Stage A ရဲ့ Bo2 ပွဲစဉ်တွေမှာလည်း နိုင်ပွဲတစ်ပွဲမှ မရရှိထားဘဲ လေးပွဲသရေ၊ တစ်ပွဲရှုံးရလဒ်နဲ့ အုပ်စုရဲ့ စတုတ္ထအဆင့်ကနေ Lower Division ကို တက်ရောက်လာတဲ့ အသင်းတစ်သင်းပါ။

Ranking တွေမှာလည်း အဲ့လောက် မများပေမယ့် အသင်းရဲ့ Strategy တွေက အရမ်းထူးခြားလွန်းနေပါတယ်။ 2nd pick Broodmother နဲ့ပဲ X.Verteran နဲ့ Cignal Ultra အသင်းတို့ကို Group Stage မှာ အနိုင်ယူခဲ့ပါသေးတယ်။

Lilgun အသင်းရဲ့ Carry player ဟာ Broodmother pick ရင် mid ဆော့ပြီးပြောင်းလေ့ရှိတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ဒီ Group Stage မှာတော့ Lilgun ဟာ Broodmother pick နဲ့ပဲ လူတွေ သတိထားမိလာတဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။

Zero Two

Zero Two အသင်းဟာ DPC SEA Open Qualifier 2 မှာ Team Cow ဆိုတဲ့နာမည်တဲ့ Qualified ဖြစ်လာခဲ့တဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ Group Stage B ရဲ့ Bo2 ပွဲစဉ်တွေမှာတော့ နိုင်ပွဲတစ်ပွဲ၊ သရေပွဲနိုင်ပွဲ ၊ ရှုံးပွဲနှစ်ပွဲရလဒ်နဲ့ အုပ်စုရဲ့ စတုတ္ထအဆင့်ကနေ Lower Division ကို တက်ရောက်လာတဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။

အသင်းရဲ့ လူစာရင်းတွေကတော့ Dreamocel, ChYuan, X1aOyU (afterrain), inYourdreaM, Poloson တို့ပဲဖြစ်ပါတယ်။ ​ChYuan ဟာ Team Aster မှာ ၂၀၁၉၊ စက်တင်ဘာလလောက်ကနေ ၂၀၂၀ ဩဂုတ်လလောက်ထိ ကစားခဲ့ပြီး နာမည်အတော်ရခဲ့တဲ့ player တစ်ယောက်ပဲဖြစ်ပါတယ်။

အသင်းရဲ့ လူစာရင်းကတော့ public matches တွေမှာ အတော်လေးလက်စွမ်းပြနေတဲ့ ကစားသမားတွေဖြစ်ပေမယ့် Group Stage မှာတော့ ရလဒ်တွေဆိုးရွားခဲ့ပြီး AG အသင်းနဲ့ အမှတ်တူကာ tiebreaker ပြန်ဆော့ခဲ့ရပါတယ်။ Tiebreaker ပွဲစဉ်မှာတော့ AG အသင်းကို အနိုင်ရရှိပြီး Lower Division ကို ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။

Yangon Galacticos

YG Dota2

YG အသင်းဟာ DPC SEA Qualifier 4 မှာမှ Qualified ဖြစ်ခဲ့တဲ့အသင်းတစ်သင်းပဲဖြစ်ပါတယ်။ Qualifier 1,2,3 တို့ကို ဆော့ကစားခဲ့ပေမယ့်လည်း ရလဒ်တွေဆိုးရွားခဲ့ပါတယ်။ ဒါပေမဲ့ DPC SEA Season 1- Lower Division ကို တက်ရောက်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အသင်းတစ်သင်းပဲဖြစ်ပါတယ်။ Group Stage B ရဲ့ Bo2 ပွဲစဉ်တွေမှာတော့ နိုင်ပွဲနှစ်ပွဲ၊ သရေပွဲနိုင်ပွဲ ၊ ရှုံးပွဲတစ်ပွဲဆိုတဲ့ရလဒ်နဲ့ အုပ်စုရဲ့ တတိယ အဆင့်ကနေ Lower Division ကို တက်ရောက်လာတဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။

Yangon Galaticos ရဲ့ DPC SEA Lower Division ပွဲစဉ်တွေအားလုံးကို Gaming Noodle Facebook Page က Live ပြသ သွားမှာဖြစ်ပြီး Pro ကစားသမားနဲ့ Dota2 Streamer ဖြစ်သူ “Luffy” က Cast ပေးသွားမှာ ဖြစ်ပါတယ်။

Group Stage တွေမှာ အသင်းတော်တော်များများဟာ YG အသင်းရဲ့ ကစားပုံတွေကို အိမ်စာလုပ်လာကြလို့ YG အသင်းအနေနဲ့ ကစားရတာ အတော်လေး ခက်ခဲ့ရတာလည်း တွေ့ရပါတယ်။ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ Team SMG နဲ့ဆို ဒါဟာ တော်တော် လေးသိသာပါတယ်။ Vtfaded (11k mmr) hard core carry တစ်ယောက် ပိုင်ဆိုင်ထားတာတောင်မှ Mushi ဟာ Vtfaded အတွက် Dragon Knight, Death Prophet တို့လို hero တွေကို ပေးပြီး early ပိုင်းထဲက လိုက်ချတဲ့ ပုံစံမျိုးတွေနဲ့ ပွဲထွက်လာတာကိုလည်း တွေ့ခဲ့ရပါတယ်။

YG အသင်းကလည်း early ပိုင်းတွေမှာ နိမ့်တဲ့ပုံစံမျိုးတွေဖြစ်ပေမယ့် mid game တွေမှာ teamwork ညီညီ၊ အမှားနည်းနည်းနဲ့ပဲ တစ်ဖက်အသင်းရဲ့ teamfights တွေကို ပြန်လည်ခုခံပြီး ပွဲကို အနိုင်ရရှိခဲ့ပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့မှာတော့ Assault ဆိုတဲ့အသင်းဟာ Account Sharing ဆိုတဲ့ ပြဿနာကြောင့် PGL DPC 2021 SEA Lower Division ကနေ Disqualified ဖြစ်ခဲ့ရပြီး Assault အသင်းနေရာမှာ AG အသင်းက ဝင်ရောက်ယှဉ်ပြိုင်မှာပဲ ဖြစ်ပါတယ်။

Army Geniuses

AG အသင်းဟာ အင်ဒိုနီးရှားနိုင်ငံသား ငါးယောက်နဲ့ စုစည်းထားတဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။ Group Stage B ရဲ့ Bo2 ပွဲစဉ်တွေမှာတော့ နိုင်ပွဲတစ်ပွဲမှ မရရှိဘဲ၊ သရေပွဲလေးပွဲ ၊ ရှုံးပွဲတစ်ပွဲရလဒ်တို့ကို ရရှိခဲ့ပါတယ်။ AG အသင်းရဲ့ လူစာရင်းတွေကတော့ db, Mamang Daya, woMy, Lym, You-K တို့ပဲဖြစ်ပါတယ်။

YG အသင်းဟာ ဇန်နဝါရီလ ၁၈ ရက်နေ့မှာပဲ ပွဲဦးထွက်အနေနဲ့ Team HOYO နဲ့ ကစားရမှာဖြစ်ပါတယ်။ Lower Division ရဲ့ ပုံစံဟာ single round robin ပုံစံမျိုးဖြစ်ပြီး ပွဲစဉ်တိုင်းဟာ Bo3 ကစားရမှာဖြစ်ပါတယ်။ ဆုကြေးကလည်း USD $75,000 တိတိပေးမှာဖြစ်ပြီး အောက်ဆုံးနှစ်သင်းသာလျှင် စိတ်မကောင်းစွာနဲ့ လက်ဗလာ ထွက်ခွာရမှာပဲဖြစ်ပါတယ်။

ထိပ်ဆုံးအသင်းနှစ်သင်းကတော့ Season 2 ကျရင် Upper Bracket ကို ရောက်ရှိမှာပါ။ ကျန်တဲ့လေးသင်း ကတော့ Season 2 မှာ current division ကနေ ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်ပြီး Open Qualifier ပွဲစဉ်တွေကို ဆော့စရာ လိုတော့မှာမဟုတ်ပါဘူး။

#palatar