DPC EU Upper Division – Team Secret vs Mudgolems ပွဲပြီးသုံးသပ်ချက်

 

အားလုံးစောင့်မျှော်နေကြတဲ့ Dream League Season 14 DPC Europe Upper Division ဟာ စတင်ခဲ့ပြီဖြစ်ပါတယ်။ ပွဲဦးထွက်ပွဲစဉ်တွေမှာတော့ Liquid အသင်းဟာ Vikin.gg အသင်းကို 2-0 ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး Secret အသင်းကတော့ Mudgolems အသင်းကို 2-1 ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်း တွေ့ခဲ့ရပါတယ်။

Mudgolems အသင်းဟာ ၂၀၂၀ စက်တင်ဘာလလောက်ကမှ စတင်ထူထောင်ထားတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ BoraNija ထွက်သွားချိန်မှာတော့ Stromstomer, Supream စတဲ့ mid player တွေ အစားထိုးဆော့ခဲ့ပေမယ့်လည်း ရလဒ်တွေ ဆိုးရွာနေခဲ့ပါတယ်။ Position 4 ကစားသမား ဖြစ်တဲ့ MiLAN ဟာလည်း OGA Dota Pit ပွဲစဉ်ပြီးတော့ အသင်းကထွက်ခွာခဲ့ပါတယ်။ Mudgolems ရဲ့ အခုလက်ရှိ rosters တွေကတော့ Skiter, Nine, 33, Biver, Fata တို့ပဲဖြစ်ပါတယ်။ ပွဲဦးထွက်မှာပဲ Team Secret နဲ့ တွေ့ခဲ့ရတဲ့အတွက် Mudgolems အသင်းအတွက်တော့ အတော်လေး အခက်တွေ့ခဲ့ရပါတယ်။

Team Secret နဲ့ Mudgolems တို့ရဲ့ ပွဲစဉ်သုံးသပ်ချက်လေးကိုပါ ဖော်ပြပေးလိုက်ပါတယ် . . .

Game 1 – Mudgolems အသင်းဟာ Rubick, Riki, Grimstroke,Pangolier, Brewmaster တို့ကိုရွေးချယ်ခဲ့ပြီး Secret အသင်းကတော့ NYX Assassin, Chen, Nature Prophet, Monkey King, Outworld Destroyer တို့ကို ရွေးချယ်ခဲ့ပါတယ်။

OD ဟာ ဒီ Patch မှာတော့ အတော်လေး pick rate များနေတဲ့ hero တစ်ကောင်လည်း ဖြစ်ပါတယ်။ Puppey ရဲ့ Chen ဟာ ၄ မိနစ်လောက်မှာပဲ movement speed 380 ရှိတဲ့ nature creep တစ်ကောင်ကို ယူပြီး လှလှပပ body blocked လေးနဲ့ Rubick ကိုသတ်ပြီး Matubaman အတွက် first blood ကို ဖန်တီးပေးခဲ့ပါတယ်။ Nisha ရဲ့ OD ဟာလည်း ၅ မိနစ်၊ ၃၇ စက္ကန့်မှာပဲ Meteor Hammer ကို ရရှိခဲ့ပြီး တစ်ဖက်အသင်းရဲ့ mid pango ထက် outfarmed လုပ်နိုင်ခဲ့ပါတယ်။

Mudgolems အသင်းအတွက်တော့ Riki တစ်ယောက်ပဲ Secret အသင်းက cores တွေရဲ့ networth တွေကိုအမီ လိုက်နိုင်ခဲ့ပါတယ်။ Teamfights တွေ ကြီးကြီးမားမားမဖြစ်ပေမယ့်လည်း team networth ဟာ တဖြည်းဖြည်း ကွာလာခဲ့ပါတယ်။ ၂၈ မိနစ်လောက်မှာမှ team fights တစ်ခုစဖြစ်ခဲ့ပါတယ်။ Team Secret ဘက်က Chen ပဲ သေခဲ့ပြီး Mudgolems အသင်းကတော့ team wipe ဖြစ်ခဲ့တဲ့အပြင် Pangolier ပါ buyback ပေးခဲ့ရပါတယ်။ Highground pushing မှာပဲ battle ထပ်နိုင်ခဲ့ပြီး Team Secret အနေနဲ့ Game 1 ကို လွယ်ကူစွာပဲ အနိုင်ရရှိခဲ့ပါတယ်။

Game 2 – Mudgolems အသင်းဟာ Keeper of the Light, Mars, Wraith King, Grimstroke, Tusker တို့ကိုရွေးချယ်ခဲ့ပြီး Secret အသင်းကတော့ Void Spirit, Outworld Destroyer, Ancient Apparition, Tidehunter, Bloodseeker တို့ကိုရွေးချယ်ခဲ့ပါတယ်။ Biver ဟာ Puppey ကို သတ်ပြီး first blood revenge ကို ရယူနိုင်ခဲ့ပါတယ်။ OD ဟာ game 1 နည်းတူပဲ Metor Hammer ကို rush နိုင်ခဲ့ပြီး တစ်ဖက်က Grimstroke mid ထက် farming ပိုကောင်းခဲ့ပါတယ်။

Game 2 မှာတော့ နှစ်သင်းလုံးဟာ မိနစ် ၂၀ လောက်ထိ team networth 1k အသာပဲရှိပြီး hero kills ကလည်း 8- 7 နဲ့ ပွဲဟာအတော်လေးမျှနေခဲ့ပါတယ်။ mid game အကုန် late game ဝင်ခါနီးတွေမှာတော့ Mudgolems ဟာ battle တွေမှာ အနည်းငယ် စသာလာခဲ့ပါတယ်။ ဒါကလည်း Bloodseeker ထက် Wraith King ဟာ battle တွေမှာ မသေဘဲ damage တော်တော်များများကို ထုတ်နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ Mudgolems ရဲ့ Highground Pushing တွေကို Secret ဟာ အကောင်းမွန်ဆုံး defend ပြနိုင်ခဲ့ပြီး ပွဲဟာလည်း အတော်ကြာသွားခဲ့ပါတယ်။

မိနစ်၆၀လောက်ထိ နှစ်သင်းလုံးဟာ mega တစ်လမ်းမှ မရရှိဘဲ battle တွေဟာ နှစ်ဖက်လုံး အကျအရှုံးများနေခဲ့ပါတယ်။ Tier 5 items တွေကျတဲ့အချိန်မှာတော့ Mudgolems ဘက်က Wraith King ဟာ Giant’s Ring ကို ရရှိခဲ့ပြီး ပွဲရဲ့အခြေအနေဟာ ပိုကောင်းလာခဲ့ပါတယ်။ WK ဟာ ၆၅ မိနစ်မှာပဲ Divine Rapier ကို ဆက်ခဲ့ပြီး damage ပိုမိုထုတ်နိုင်ခဲ့ပါတယ်။

Secret အသင်းကတော့ Damage မလောက်တဲ့အပြင် Tide Ravage Surprise တွေနဲ့ backline က heros တွေကို သတ်နိုင်ခဲ့ပေမယ့်လည်း WK ရဲ့ agham’s ကြောင့် teammates တွေဟာ တန်းမသေခဲ့ဘဲ spells တွေ ပြန်ထွက်ခဲ့ပြီး WK အတွက်တော့ free attack တွေ ရနေခဲ့ပါတယ်။ ၇၂ မိနစ်မှာပဲ WK ဟာ double damage runes နဲ့အတူ ပွဲကို end နိုင်ခဲ့ပါတယ်။

Game 3 – Secret အသင်းဟာ Keeper of the Light, Terrorblade, Rubick, Beastmaster, Invoker တို့ကိုရွေးချယ်ခဲ့ပြီး Mudgolems အသင်းကတော့ Void Spirit, Dark Seeker, Phoenix, Treant Protector, Phantom Assassin တို့ကို ရွေးချယ်ခဲ့ပါတယ်။

Game 3 မှာတော့ နှစ်သင်းလုံးဟာ carry တွေကို farming space တွေ ပေးနေခဲ့ပြီး ပွဲဟာလည်း အတော်လေး ငြိမ်နေခဲ့ပါတယ်။ ၂၄ မိနစ်ထိတောင်မှ hero kills ဟာ 6-6 ဆိုတဲ့ရလဒ်ပဲ ရှိခဲ့ပါတယ်။ PA နဲ့ TB ကတော့ networth တွေ တူနေခဲ့ပြီး လုံလောက်တဲ့ farming space တွေကို ရရှိခဲ့ပါတယ်။

Mid game တွေမှာ Team Secret ဟာ Primal Roar, Cataclysm combo နဲ့ပဲ Void Spirit ကို အရင်သတ်ပြီး battle တွေကို လွယ်ကူစွာပဲ အနိုင်ရရှိခဲ့ပါတယ်။ PA အနေနဲ့တော့ supports တွေကို pick up လုပ်နိုင်ခဲ့ပေမယ့် TB ရဲ့ ပစ်ချက်တွေကို မခံနိုင်ခဲ့ပါဘူး။ ၃၅ မိနစ်မှာတော့ Mudgolems ဟာ smoke gank နဲ့အတူ Beast Master ကို သတ်နိုင်ခဲ့ပေမယ့်လည်း BM ရဲ့ buyback နဲ့အတူ PA, Void Spirit တို့ကို ပြန်ရရှိခဲ့ပါတယ်။

Team Secret ဟာ အဲဒီ battle advantages ကနေပဲ roshan ရယူပြီး metamorphosis နဲ့ TB ဟာ solar crest, inner beast buffs တွေနဲ့ပဲ all mega ရယူနိုင်ခဲ့ပါတယ်။ Mudgolems အသင်းဟာ နောက်ဆုံး battle မှာလည်း Void Spirit, Dark Seeker တို့ကိုပါ ထပ်သေပေးခဲ့ရပါတယ်။ ၃၈ မိနစ်မှာတော့ Mudgolems အသင်းဟာ GG ခေါ်ခဲ့ပြီး game 3 ကို အရှုံးပေးခဲ့ရပါတယ်။
#palatar