[Unicode]

Artezzy ပြောပြတဲ့ Dota2 သင်ခန်းစာတချို့

 

Google မှာ Dota 2 Guide (သို့မဟုတ်) Dota 2 Tips and Tricks လို့ရိုက်လိုက်ရင် ဗီဒီယိုတွေ၊ ဆောင်းပါးတွေ အများကြီးကိုရှာတွေ့မှာဖြစ်ပေမယ့် အများစုကတော့ Gameleap ရဲ့ အဓိက Content Creator “Speed” လို Coach တွေနဲ့ BSJ လို semi-pro တွေရဲ့ Content တွေသာဖြစ်ပြီး လက်ရှိပြိုင်ပွဲကြီးတွေမှာကစားနေတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတွေကိုယ်တိုင်မျှဝေထားတာကတော့ မရှိသလောက်နည်းပါးပါလိမ့်မယ်။

အထူးသဖြင့် OG, Secret, EG လိုအသင်းကြီးက ကစားသမားတွေမျှဝေတဲ့ In-game Knowledge တွေကြားရမြင်ရဖို့ဆိုတာ ပိုလို့တောင်ရှားပါဦးမယ်။ ဒါပေမယ့် ကစားစရာပြိုင်ပွဲကြီးကြီးမားမားမရှိသေးလို့ ဒီဘက်ရက်ပိုင်းမှာ နေ့စဉ်ရက်ဆက် Stream နေတဲ့ Arteezy ကတော့ သူ့ရဲ့ In-game Knowledge တွေနဲ့ သူ့အမြင်တချို့ကို Viewer တွေနဲ့မျှဝေခဲ့ပါတယ်။ NA Rank 1, EU Rank 5 ရရှိထားသလို လက်ရှိကမ္ဘာ့အကောင်းဆုံး Position 1 ကစားသမားတွေထဲကတစ်ယောက်ဖြစ်တဲ့ Arteezy ဘာတွေမျှဝေခဲ့သလဲဆိုတာကိုတော့ အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

(1) Melee Carry တိုင်း Battlefury ဝယ်သင့်သလား?


Viewer တစ်ယောက်မေးထားတဲ့ ဒီမေးခွန်းကိုတော့ Arteezy က Melee Carry ဆိုတိုင်း Battlefury ဝယ်စရာမလိုဘူးလို့ ဖြေကြားခဲ့ပါတယ်။ Antimage, Ursa လို Hero တွေအနေနဲ့ လိုချင်တဲ့ Item Timing ကိုအမြန်ဆုံးရောက်နိုင်ဖို့ Battlefury လိုပေမယ့် လက်ရှိ Meta မှာ Hot နေတဲ့ Carry Hero တွေအတွက်တော့မလိုဘူးဆိုပါတယ်။ အထူးသဖြင့် Illusion ထုတ်တဲ့ Phantom Lance, Terrorblade, Naga Siren လို Hero တွေအတွက်ကတော့ ထည့်တောင်စဉ်းစားစရာမလိုတဲ့ Item တစ်ခုပါတဲ့။

သူ့အနေနဲ့ Terrorblade ကို Battlefury ထည့်ကစားခဲ့ရတာဟာလည်း ပွဲချိန် ၂၅ မိနစ်မှာ Item 4,5 ကွက်မရရင် ပွဲနိုင်ဖို့မဖြစ်နိုင်လို့ ထည့်ရတာဖြစ်တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် Faceless Void, Phantom Assassin နဲ့ Troll Warlord တို့အနေနဲ့လည်း Battlefury မလိုအပ်ဘူးလို့ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

(2) Public ပွဲတွေကိုဘယ်လိုနိုင်အောင်ဆော့မလဲ?


Public ပွဲတော်တော်များများဟာ Draft မှာတင်အနိုင်အရှုံးပေါ်နေတတ်ပေမယ့် ပွဲချိန် ၁၅ မိနစ် (Mid Game) ဝန်းကျင်မှာ တစ်ဘက်အသင်းကို လိုက်ချပြီး Late Game အတွက် Win Condition ကောင်းအောင်လုပ်နိုင်ရင်တော့ နိုင်ဖို့အခွင့်အရေးများတယ်လို့ ဆိုပါတယ်။

(3) Core တွေ Meteor Hammer ထည့်တဲ့အပေါ်


နောက်ပိုင်းတွေ့လာရတဲ့ Spectre, Arc Warden တို့ Meteor Hammer ကို Item တစ်ခုအဖြစ်ရွေးချယ်လာကြတာကို Arteezy ကတော့သိပ်သဘောကျပုံမရပါဘူး။ Spectre အနေနဲ့ Mana Regen, Health Regen လိုချင်ရင် Basi(Ring of Basilius) နဲ့ Ring of Tarrasque ကိုရွေးချယ်နိုင်ကြောင်း၊ Spectral Dagger လို Creep တစ်အုပ်လုံးကို သွေးတစ်ဝက်လျော့အောင်လုပ်နိုင်တဲ့ Abilty ရှိတဲ့အတွက် Flash Farm နိုင်ဖို့ Meteor Hammer ကိုထပ်ထည့်နေစရာလိုကြောင်းနဲ့ Arc Warden အတွက် 2500 gold (2350) ကုန်မယ့် Meteor Hammer အစား Maelstorm ကိုသာဝယ်သင့်ကြောင်း စသဖြင့်သူ့အမြင်ကိုမျှဝေခဲ့ပါတယ်။

(4) Ranged Creep စားရဖို့ဘယ်လောက်အထိစတေးသင့်သလဲ?


Laning Stage မှာ Gold ရော Exp ရောအများဆုံးပေးတဲ့ Ranged Creep ကို Deny အပေးမခံရဖို့က ဘယ်လောက်အရေးကြီးကြောင်း Dota 2 ကစားသူတိုင်းနီးပါးသိကြမှာပါ။ အထူးသဖြင့် Early Wave တွေမှာ တစ်ကောင်ဆိုရင်ဆိုသလောက် Level ပြတ်တဲ့အထိ Impact ကြီးမားတာကြောင့် နောက်ပိုင်း Ranged Creep အတွက် overcommit လုပ်တဲ့သူတွေများလာပါတယ်။ Arteezy ကတော့ Ranged Creep စားရဖို့ Hp တစ်ဝက်လောက်အကုန်ခံတာဟာ မလုပ်သင့်တဲ့အပြုအမူတစ်ခုဖြစ်ပြီး အဲဒီလိုအလကားစတေးခံမယ့်အစား Enemy နဲ့ Regen ချင်း Trade သင့်ကြောင်းပြောပြခဲ့ပါတယ်။

(5) အသုံးဝင်တဲ့ Mid Hero ဆိုတာ


Arteezy ဟာ Carry ကစားသမားဖြစ်ပေမယ့်လည်း ဂိမ်းရဲ့ Tempo ကိုထိန်းညှိပေးရတဲ့ Mid Hero တွေအပေါ် သူ့အမြင်ကိုလည်းပြောပြခဲ့ပါသေးတယ်။ လက်ရှိ Meta မှာ Mid အတွက်ဆိုရင် 2000 Gold လောက်နဲ့ Power Spike ရတဲ့ Hero မျိုး (ဥပမာ- Batrider with Boots of Travel) နဲ့ Power Rune တစ်ခုလောက်နဲ့ Effective ဖြစ်မယ့် Void Spirit, Ember Spirit လို Hero မျိုးတွေသာကိုင်သင့်တယ်လို့ ဆိုပါတယ်။

Tinker လို Boots of Travel နဲ့ Blink Dagger ရဖို့ 14 မိနစ်လောက် afk farm နေရတဲ့ Hero မျိုးကိုင်ထားတဲ့အသင်းနဲ့ Batrider လို Boots of Travel တစ်ရံလောက်နဲ့ တစ်သင်းလုံးကိုဒုက္ခလိုက်ပေးနိုင်မယ့် Mid Hero ကိုင်ထားတဲ့အသင်းယှဉ်မယ်ဆိုရင် Batrider ပါတဲ့အသင်းက Early Game မှာ Kill ရပြီး Snowball နိုင်မှာဖြစ်လို့ အနိုင်ရဖို့အခွင့်အလမ်းပိုသာကြောင်း ရှင်းပြခဲ့ပါတယ်။


[ZawGyi]

Artezzy ေျပာျပတဲ့ Dota2 သင္ခန္းစာတခ်ိဳ႕

 

Google မွာ Dota 2 Guide (သို႔မဟုတ္) Dota 2 Tips and Tricks လို႔႐ိုက္လိုက္ရင္ ဗီဒီယိုေတြ၊ ေဆာင္းပါးေတြ အမ်ားႀကီးကိုရွာေတြ႕မွာျဖစ္ေပမယ့္ အမ်ားစုကေတာ့ Gameleap ရဲ႕ အဓိက Content Creator “Speed” လို Coach ေတြနဲ႔ BSJ လို semi-pro ေတြရဲ႕ Content ေတြသာျဖစ္ၿပီး လက္ရွိၿပိဳင္ပြဲႀကီးေတြမွာကစားေနတဲ့ ပေရာ္ဖက္ရွင္နယ္ကစားသမားေတြကိုယ္တိုင္မွ်ေဝထားတာကေတာ့ မရွိသေလာက္နည္းပါးပါလိမ့္မယ္။

အထူးသျဖင့္ OG, Secret, EG လိုအသင္းႀကီးက ကစားသမားေတြမွ်ေဝတဲ့ In-game Knowledge ေတြၾကားရျမင္ရဖို႔ဆိုတာ ပိုလို႔ေတာင္ရွားပါဦးမယ္။ ဒါေပမယ့္ ကစားစရာၿပိဳင္ပြဲႀကီးႀကီးမားမားမရွိေသးလို႔ ဒီဘက္ရက္ပိုင္းမွာ ေန႔စဥ္ရက္ဆက္ Stream ေနတဲ့ Arteezy ကေတာ့ သူ႔ရဲ႕ In-game Knowledge ေတြနဲ႔ သူ႔အျမင္တခ်ိဳ႕ကို Viewer ေတြနဲ႔မွ်ေဝခဲ့ပါတယ္။ NA Rank 1, EU Rank 5 ရရွိထားသလို လက္ရွိကမာၻ႔အေကာင္းဆုံး Position 1 ကစားသမားေတြထဲကတစ္ေယာက္ျဖစ္တဲ့ Arteezy ဘာေတြမွ်ေဝခဲ့သလဲဆိုတာကိုေတာ့ ေအာက္မွာဆက္လက္ဖတ္ရႈႏိုင္ပါတယ္။

(1) Melee Carry တိုင္း Battlefury ဝယ္သင့္သလား?


Viewer တစ္ေယာက္ေမးထားတဲ့ ဒီေမးခြန္းကိုေတာ့ Arteezy က Melee Carry ဆိုတိုင္း Battlefury ဝယ္စရာမလိုဘူးလို႔ ေျဖၾကားခဲ့ပါတယ္။ Antimage, Ursa လို Hero ေတြအေနနဲ႔ လိုခ်င္တဲ့ Item Timing ကိုအျမန္ဆုံးေရာက္ႏိုင္ဖို႔ Battlefury လိုေပမယ့္ လက္ရွိ Meta မွာ Hot ေနတဲ့ Carry Hero ေတြအတြက္ေတာ့မလိုဘူးဆိုပါတယ္။ အထူးသျဖင့္ Illusion ထုတ္တဲ့ Phantom Lance, Terrorblade, Naga Siren လို Hero ေတြအတြက္ကေတာ့ ထည့္ေတာင္စဥ္းစားစရာမလိုတဲ့ Item တစ္ခုပါတဲ့။

သူ႔အေနနဲ႔ Terrorblade ကို Battlefury ထည့္ကစားခဲ့ရတာဟာလည္း ပြဲခ်ိန္ ၂၅ မိနစ္မွာ Item 4,5 ကြက္မရရင္ ပြဲႏိုင္ဖို႔မျဖစ္ႏိုင္လို႔ ထည့္ရတာျဖစ္တယ္လို႔လည္း ရွင္းျပခဲ့ပါတယ္။ ဒါ့အျပင္ Faceless Void, Phantom Assassin နဲ႔ Troll Warlord တို႔အေနနဲ႔လည္း Battlefury မလိုအပ္ဘူးလို႔ ထပ္ေလာင္းေျပာၾကားခဲ့ပါေသးတယ္။

(2) Public ပြဲေတြကိုဘယ္လိုႏိုင္ေအာင္ေဆာ့မလဲ?


Public ပြဲေတာ္ေတာ္မ်ားမ်ားဟာ Draft မွာတင္အႏိုင္အရႈံးေပၚေနတတ္ေပမယ့္ ပြဲခ်ိန္ ၁၅ မိနစ္ (Mid Game) ဝန္းက်င္မွာ တစ္ဘက္အသင္းကို လိုက္ခ်ၿပီး Late Game အတြက္ Win Condition ေကာင္းေအာင္လုပ္ႏိုင္ရင္ေတာ့ ႏိုင္ဖို႔အခြင့္အေရးမ်ားတယ္လို႔ ဆိုပါတယ္။

(3) Core ေတြ Meteor Hammer ထည့္တဲ့အေပၚ


ေနာက္ပိုင္းေတြ႕လာရတဲ့ Spectre, Arc Warden တို႔ Meteor Hammer ကို Item တစ္ခုအျဖစ္ေ႐ြးခ်ယ္လာၾကတာကို Arteezy ကေတာ့သိပ္သေဘာက်ပုံမရပါဘူး။ Spectre အေနနဲ႔ Mana Regen, Health Regen လိုခ်င္ရင္ Basi(Ring of Basilius) နဲ႔ Ring of Tarrasque ကိုေ႐ြးခ်ယ္ႏိုင္ေၾကာင္း၊ Spectral Dagger လို Creep တစ္အုပ္လုံးကို ေသြးတစ္ဝက္ေလ်ာ့ေအာင္လုပ္ႏိုင္တဲ့ Abilty ရွိတဲ့အတြက္ Flash Farm ႏိုင္ဖို႔ Meteor Hammer ကိုထပ္ထည့္ေနစရာလိုေၾကာင္းနဲ႔ Arc Warden အတြက္ 2500 gold (2350) ကုန္မယ့္ Meteor Hammer အစား Maelstorm ကိုသာဝယ္သင့္ေၾကာင္း စသျဖင့္သူ႔အျမင္ကိုမွ်ေဝခဲ့ပါတယ္။

(4) Ranged Creep စားရဖို႔ဘယ္ေလာက္အထိစေတးသင့္သလဲ?


Laning Stage မွာ Gold ေရာ Exp ေရာအမ်ားဆုံးေပးတဲ့ Ranged Creep ကို Deny အေပးမခံရဖို႔က ဘယ္ေလာက္အေရးႀကီးေၾကာင္း Dota 2 ကစားသူတိုင္းနီးပါးသိၾကမွာပါ။ အထူးသျဖင့္ Early Wave ေတြမွာ တစ္ေကာင္ဆိုရင္ဆိုသေလာက္ Level ျပတ္တဲ့အထိ Impact ႀကီးမားတာေၾကာင့္ ေနာက္ပိုင္း Ranged Creep အတြက္ overcommit လုပ္တဲ့သူေတြမ်ားလာပါတယ္။ Arteezy ကေတာ့ Ranged Creep စားရဖို႔ Hp တစ္ဝက္ေလာက္အကုန္ခံတာဟာ မလုပ္သင့္တဲ့အျပဳအမူတစ္ခုျဖစ္ၿပီး အဲဒီလိုအလကားစေတးခံမယ့္အစား Enemy နဲ႔ Regen ခ်င္း Trade သင့္ေၾကာင္းေျပာျပခဲ့ပါတယ္။

(5) အသုံးဝင္တဲ့ Mid Hero ဆိုတာ


Arteezy ဟာ Carry ကစားသမားျဖစ္ေပမယ့္လည္း ဂိမ္းရဲ႕ Tempo ကိုထိန္းညႇိေပးရတဲ့ Mid Hero ေတြအေပၚ သူ႔အျမင္ကိုလည္းေျပာျပခဲ့ပါေသးတယ္။ လက္ရွိ Meta မွာ Mid အတြက္ဆိုရင္ 2000 Gold ေလာက္နဲ႔ Power Spike ရတဲ့ Hero မ်ိဳး (ဥပမာ- Batrider with Boots of Travel) နဲ႔ Power Rune တစ္ခုေလာက္နဲ႔ Effective ျဖစ္မယ့္ Void Spirit, Ember Spirit လို Hero မ်ိဳးေတြသာကိုင္သင့္တယ္လို႔ ဆိုပါတယ္။

Tinker လို Boots of Travel နဲ႔ Blink Dagger ရဖို႔ 14 မိနစ္ေလာက္ afk farm ေနရတဲ့ Hero မ်ိဳးကိုင္ထားတဲ့အသင္းနဲ႔ Batrider လို Boots of Travel တစ္ရံေလာက္နဲ႔ တစ္သင္းလုံးကိုဒုကၡလိုက္ေပးႏိုင္မယ့္ Mid Hero ကိုင္ထားတဲ့အသင္းယွဥ္မယ္ဆိုရင္ Batrider ပါတဲ့အသင္းက Early Game မွာ Kill ရၿပီး Snowball ႏိုင္မွာျဖစ္လို႔ အႏိုင္ရဖို႔အခြင့္အလမ္းပိုသာေၾကာင္း ရွင္းျပခဲ့ပါတယ္။