[Unicode]

Dota 2 Summer Event (Aghanim’s Labyrinth) ရောက်လာပြီ

 

Aghanim ဟာ တစ်ချိန်ကတော့ အလွန်ထူးချွန်တဲ့ မှော်ဆရာတစ်ယောက်ဖြစ်ပြီး နတ်ဘုရားတစ်ပါးနီးနီး အစွမ်းရှိသူလို့ လူတွေက ဆိုကြပါတယ်။ ဒါပေမယ့် သူဘယ်လိုသေဆုံးသွားတယ်ဆိုတာကို ဘယ်သူမှမသိဘဲ သူ့ရဲ့လက်စွဲတောင် Aghanim’s Scepter ကိုတော့ သူ့ရဲ့သား Rubick က ကိုင်ဆောင်ခဲ့တယ်။ Rubick ဟာ သူ့တစ်သက်လုံး ဖခင်ရဲ့ အရိပ်ထဲမှာပဲ နေထိုင်ခဲ့ပြီး ဖခင်ရဲ့ ကျော်ကြားမှုနဲ့ စွမ်းရည်ကို ကျော်လွန်နိုင်ဖို့ ကြိုးစားနေပေမယ့် အခုထိ လိုက်မမီခဲ့သေးပါဘူး။

အခုတော့ Aghanim ပြန်ရောက်လာခဲ့ပါပြီ! သေပြီလို့ ယူဆထားရတဲ့ Aghanim ဟာ Dimension တွေကြားမှာ ပျောက်ဆုံးနေတာဖြစ်ပြီး Dota 2 Realm ဆီကိုပြန်လာဖို့ စွမ်းအားနဲ့ ဉာဏ်ပညာတို့ကို ပိုင်ဆိုင်လာခဲ့ပြီ။ ဒါပေမယ့် သူတစ်ယောက်တည်းပြန်လာတာတော့ မဟုတ်ပါဘူး။

Aghanim’s Labyrinth ဟာ အသစ်ထွက်လာတဲ့ Event တစ်ခုဖြစ်ပြီး ကစားသမားလေးယောက်က Co-op ပူးပေါင်းဆော့ကစားရမယ့် Rogue-like RPG ဂိမ်းစတိုင်လ်ပါ။ ဒါမျိုးက ရှေ့မှာ Siltbreaker တို့ ဘာတို့မှာလည်း ဆော့ဖူးပြီး အခု ရန်သူတွေကလည်း Siltbreaker ထဲက ကောင်တွေနဲ့ Ability ကအစ တူညီပါတယ်။ Aghanim’s Labyrinth ကိုဆော့ဖို့ Battle pass မလိုပေမယ့် Battle Pass ရှိတဲ့သူတွေသာ Battle Point အကျိုးခံစားခွင့်ရမှာပါ။

ရှေ့ရက်က ဂိမ်းထဲမှာ Aghanim’s Scepter ရဲ့ Logo ပုံကို ပြောင်းလဲလိုက်တဲ့ အဓိပ္ပါယ်ကို အခုသိခွင့်ရပါပြီ။ Aghanim’s Labyrinth ထဲမှာ Aghanim’s Scepter ဝယ်လို့မရပါဘူး။ ဟီးရိုးလည်း သူပေးထားတဲ့အထဲက ရွေးရမှာပါ။ အရေးကြီးတာက ပွဲဆော့ပြီးတိုင်း Arcane Fragments အပြာရောင်လေးတွေ ရပြီး Talent Tree ကို Upgrade လုပ်ဖို့ အသုံးပြုရမှာဖြစ်ပါတယ်။ အဲ့ဒါကို မမေ့ပါနဲ့။

အခုထိ ဆော့ပြီးသလောက်တော့ Siltbreaker နဲ့ဆင်တူပြီး တူညီတဲ့ Feature, Creeps တွေ ပါပေမယ့် ပိုအာရုံစိုက်ရပါတယ်။ Creep အသေးတွေကအစ အလွတ်ပေးလို့မရဘဲ MMORPG တွေမှာ Dungeon Raid ဝင်ရသလိုပါပဲ။ ကျန်တာတွေကိုတော့ မရှင်းပြတော့ပါဘူး။ ဆော့သာကြည့်လိုက်ပါတော့။ Aghanim’s Labyrinth Event Page ကတော့ ဒီမှာပါ – http://www.dota2.com/aghanim

#KyiTha


[ZawGyi]

Dota 2 Summer Event (Aghanim’s Labyrinth) ေရာက္လာၿပီ

 

Aghanim ဟာ တစ္ခ်ိန္ကေတာ့ အလြန္ထူးခြၽန္တဲ့ ေမွာ္ဆရာတစ္ေယာက္ျဖစ္ၿပီး နတ္ဘုရားတစ္ပါးနီးနီး အစြမ္းရွိသူလို႔ လူေတြက ဆိုၾကပါတယ္။ ဒါေပမယ့္ သူဘယ္လိုေသဆုံးသြားတယ္ဆိုတာကို ဘယ္သူမွမသိဘဲ သူ႔ရဲ႕လက္စြဲေတာင္ Aghanim’s Scepter ကိုေတာ့ သူ႔ရဲ႕သား Rubick က ကိုင္ေဆာင္ခဲ့တယ္။ Rubick ဟာ သူ႔တစ္သက္လုံး ဖခင္ရဲ႕ အရိပ္ထဲမွာပဲ ေနထိုင္ခဲ့ၿပီး ဖခင္ရဲ႕ ေက်ာ္ၾကားမႈနဲ႔ စြမ္းရည္ကို ေက်ာ္လြန္ႏိုင္ဖို႔ ႀကိဳးစားေနေပမယ့္ အခုထိ လိုက္မမီခဲ့ေသးပါဘူး။

အခုေတာ့ Aghanim ျပန္ေရာက္လာခဲ့ပါၿပီ! ေသၿပီလို႔ ယူဆထားရတဲ့ Aghanim ဟာ Dimension ေတြၾကားမွာ ေပ်ာက္ဆုံးေနတာျဖစ္ၿပီး Dota 2 Realm ဆီကိုျပန္လာဖို႔ စြမ္းအားနဲ႔ ဉာဏ္ပညာတို႔ကို ပိုင္ဆိုင္လာခဲ့ၿပီ။ ဒါေပမယ့္ သူတစ္ေယာက္တည္းျပန္လာတာေတာ့ မဟုတ္ပါဘူး။

Aghanim’s Labyrinth ဟာ အသစ္ထြက္လာတဲ့ Event တစ္ခုျဖစ္ၿပီး ကစားသမားေလးေယာက္က Co-op ပူးေပါင္းေဆာ့ကစားရမယ့္ Rogue-like RPG ဂိမ္းစတိုင္လ္ပါ။ ဒါမ်ိဳးက ေရွ႕မွာ Siltbreaker တို႔ ဘာတို႔မွာလည္း ေဆာ့ဖူးၿပီး အခု ရန္သူေတြကလည္း Siltbreaker ထဲက ေကာင္ေတြနဲ႔ Ability ကအစ တူညီပါတယ္။ Aghanim’s Labyrinth ကိုေဆာ့ဖို႔ Battle pass မလိုေပမယ့္ Battle Pass ရွိတဲ့သူေတြသာ Battle Point အက်ိဳးခံစားခြင့္ရမွာပါ။

ေရွ႕ရက္က ဂိမ္းထဲမွာ Aghanim’s Scepter ရဲ႕ Logo ပုံကို ေျပာင္းလဲလိုက္တဲ့ အဓိပၸါယ္ကို အခုသိခြင့္ရပါၿပီ။ Aghanim’s Labyrinth ထဲမွာ Aghanim’s Scepter ဝယ္လို႔မရပါဘူး။ ဟီး႐ိုးလည္း သူေပးထားတဲ့အထဲက ေ႐ြးရမွာပါ။ အေရးႀကီးတာက ပြဲေဆာ့ၿပီးတိုင္း Arcane Fragments အျပာေရာင္ေလးေတြ ရၿပီး Talent Tree ကို Upgrade လုပ္ဖို႔ အသုံးျပဳရမွာျဖစ္ပါတယ္။ အဲ့ဒါကို မေမ့ပါနဲ႔။

အခုထိ ေဆာ့ၿပီးသေလာက္ေတာ့ Siltbreaker နဲ႔ဆင္တူၿပီး တူညီတဲ့ Feature, Creeps ေတြ ပါေပမယ့္ ပိုအာ႐ုံစိုက္ရပါတယ္။ Creep အေသးေတြကအစ အလြတ္ေပးလို႔မရဘဲ MMORPG ေတြမွာ Dungeon Raid ဝင္ရသလိုပါပဲ။ က်န္တာေတြကိုေတာ့ မရွင္းျပေတာ့ပါဘူး။ ေဆာ့သာၾကည့္လိုက္ပါေတာ့။ Aghanim’s Labyrinth Event Page ကေတာ့ ဒီမွာပါ – http://www.dota2.com/aghanim

#KyiTha