[Unicode]

ကစားသမားတွေ အသားကျခဲ့သည့် MMR တစ်ခုတည်းသာ ပြသတော့မယ့် Dota 2 Update အသစ်

 

Valve ကတော့ Dota 2 ဂိမ်းရဲ့ Ranked System ကို အခုထိ စိတ်တိုင်းမကျသေးဘဲ ပြောင်းလဲစမ်းသပ်ဖို့ နောက်ထပ်နည်းတစ်ခုကို ယူဆောင်လာပြန်ပါပြီ။ ဒီတစ်ခါ Update မှာတော့ ဟိုးအရင်လို Party/Solo MMR သို့ နောက်ဆုံး ပြောင်းလဲထားတုန်းကလို Core/Support MMR ဆိုပြီး မမြင်ရတော့ဘဲ ကိုယ့်ရဲ့ MMR က တစ်ခုတည်းဖြစ်သွားမှာပါ။

ကစားသမားတွေဟာ MMR Badge တစ်ခုပဲ မြင်ရတော့မှာဖြစ်ပြီး Core Medal နဲ့ Support Medal ကွဲနေမှာ မဟုတ်တော့ပါဘူး။ Role တစ်ခုချင်းစီမှာ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုလိုက်ပြီး Find Match လုပ်တဲ့အခါမှာ သင့်တော်တဲ့ MMR Pool နဲ့တွဲပေးမှာဖြစ်ပါတယ်။ ကိုယ်က Core MMR များပြီး Support သို့ Offlane သိပ်မဆော့ဘူးဆိုရင် Core အနေနဲ့ ဆော့တဲ့အခါမှာ MMR ပိုများတဲ့ပွဲထဲရောက်နေမှာဖြစ်ကာ Support/Offlane တစ်ခုခုနဲ့ ရှာရင်တော့ MMR ပိုနည်းတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့မှာဖြစ်ပါတယ်။

Role တစ်ခုချင်းအလိုက် ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုတော့ နောက်ဆုံးဆော့ကစားခဲ့တဲ့ ပွဲ ၁၀၀ ကို ပြန်လည်သုံးသပ်ပြီး ချမှတ်ပေးမှာဖြစ်တယ်လို့ Valve က ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ကိုယ်ဆော့တဲ့ ပွဲတိုင်းဟာ ကိုယ့်ရဲ့ Skill ကို ကိုယ်စားပြုမယ်လို့ လွယ်လွယ်ကူကူပြောနိုင်ပါတယ်။

ယနေ့မနက် Rank ဆော့ပြီးသွားတဲ့သူအချို့ကတော့ Hero Pick လုပ်နေတုန်းမှာ MMR or Rank မပေါ်ပဲ Uncalibrated လို့ပေါ်နေတယ်လို့ ဆိုပါတယ်။ ထို့အပြင် Pro Player များရဲ့ Ranked ပွဲများမှာလည်း Immortal Rank မပေါ်တာကိုလည်းတွေ့ရှိရတဲ့အတွက် Rank or Badge ထွက်အောင် TBD 10 ပွဲများ ပြန်ဆော့ရနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

From Kenji of Team Veteran

ဥပမာအရဆိုရင် Support MMR များနေတဲ့သူက Core ဆင်းဆော့တဲ့အခါ Low Rank Average ကစားသမားတွေနဲ့ တွေ့မှာပါ။ ဒါပေမယ့် အနိုင်အရှုံးအတွက် MMR တစ်ခုပဲရှိတဲ့အတွက် လက်ကောင်းရင်ကောင်းသလို MMR အတက်မြန်နိုင်ပါတယ်။

Ti1 ကနေ အခု Ti10 ထိ ရောက်တော့မှာဖြစ်ပေမယ့် Dota 2 ကစားသမားအားလုံးစိတ်ကျေနပ်မယ့်အပြင် သူကိုယ်တိုင်လည်းစိတ်တိုင်းကျမယ့် Ranked System တစ်ခုကိုတော့ Valve က အဖြေရှာမရသေးပါဘူး။ အခု ပြောင်းလိုက်တဲ့ စနစ်ဟာ အခြား Multi-player ဂိမ်းတွေလို Rank Medal တစ်ခုသာ ရှင်းရှင်းလင်းလင်းဖော်ပြတဲ့ ပုံစံမျိုး ဖြစ်အောင် အဆင်ပြေပြေကူးပြောင်းနိုင်မလားဆိုတာ ကြည့်ရမှာပါ။ Gaming Noodle မှ ဖျော်ဖြေရေးနဲ့ Esports ကဏ္ဍဆိုင်ရာ သတင်းနဲ့ဆောင်းပါးများကို အချိန်နဲ့တပြေးညီတင်ဆက်ပေးလျက်ရှိတာကြောင့် Like and Follow ထားဖို့ မမေ့ပါနဲ့နော်။


[Zawgyi]

ကစားသမားေတြ အသားက်ခဲ့သည့္ MMR တစ္ခုတည္းသာ ျပသေတာ့မယ့္ Dota 2 Update အသစ္

 

Valve ကေတာ့ Dota 2 ဂိမ္းရဲ႕ Ranked System ကို အခုထိ စိတ္တိုင္းမက်ေသးဘဲ ေျပာင္းလဲစမ္းသပ္ဖို႔ ေနာက္ထပ္နည္းတစ္ခုကို ယူေဆာင္လာျပန္ပါၿပီ။ ဒီတစ္ခါ Update မွာေတာ့ ဟိုးအရင္လို Party/Solo MMR သို႔ ေနာက္ဆုံး ေျပာင္းလဲထားတုန္းကလို Core/Support MMR ဆိုၿပီး မျမင္ရေတာ့ဘဲ ကိုယ့္ရဲ႕ MMR က တစ္ခုတည္းျဖစ္သြားမွာပါ။

ကစားသမားေတြဟာ MMR Badge တစ္ခုပဲ ျမင္ရေတာ့မွာျဖစ္ၿပီး Core Medal နဲ႔ Support Medal ကြဲေနမွာ မဟုတ္ေတာ့ပါဘူး။ Role တစ္ခုခ်င္းစီမွာ ကိုယ့္ရဲ႕စြမ္းေဆာင္ရည္ကိုလိုက္ၿပီး Find Match လုပ္တဲ့အခါမွာ သင့္ေတာ္တဲ့ MMR Pool နဲ႔တြဲေပးမွာျဖစ္ပါတယ္။ ကိုယ္က Core MMR မ်ားၿပီး Support သို႔ Offlane သိပ္မေဆာ့ဘူးဆိုရင္ Core အေနနဲ႔ ေဆာ့တဲ့အခါမွာ MMR ပိုမ်ားတဲ့ပြဲထဲေရာက္ေနမွာျဖစ္ကာ Support/Offlane တစ္ခုခုနဲ႔ ရွာရင္ေတာ့ MMR ပိုနည္းတဲ့ ၿပိဳင္ဘက္ေတြနဲ႔ ေတြ႕မွာျဖစ္ပါတယ္။

Role တစ္ခုခ်င္းအလိုက္ ကိုယ့္ရဲ႕စြမ္းေဆာင္ရည္ကိုေတာ့ ေနာက္ဆုံးေဆာ့ကစားခဲ့တဲ့ ပြဲ ၁၀၀ ကို ျပန္လည္သုံးသပ္ၿပီး ခ်မွတ္ေပးမွာျဖစ္တယ္လို႔ Valve က ထုတ္ျပန္ထားပါတယ္။ ဒါေၾကာင့္ ကိုယ္ေဆာ့တဲ့ ပြဲတိုင္းဟာ ကိုယ့္ရဲ႕ Skill ကို ကိုယ္စားျပဳမယ္လို႔ လြယ္လြယ္ကူကူေျပာႏိုင္ပါတယ္။

ယေန႔မနက္ Rank ေဆာ့ၿပီးသြားတဲ့သူအခ်ိဳ႕ကေတာ့ Hero Pick လုပ္ေနတုန္းမွာ MMR or Rank မေပၚပဲ Uncalibrated လို႔ေပၚေနတယ္လို႔ ဆိုပါတယ္။ ထို႔အျပင္ Pro Player မ်ားရဲ႕ Ranked ပြဲမ်ားမွာလည္း Immortal Rank မေပၚတာကိုလည္းေတြ႕ရွိရတဲ့အတြက္ Rank or Badge ထြက္ေအာင္ TBD 10 ပြဲမ်ား ျပန္ေဆာ့ရႏိုင္မလား ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပါ။

From Kenji of Team Veteran

ဥပမာအရဆိုရင္ Support MMR မ်ားေနတဲ့သူက Core ဆင္းေဆာ့တဲ့အခါ Low Rank Average ကစားသမားေတြနဲ႔ ေတြ႕မွာပါ။ ဒါေပမယ့္ အႏိုင္အရႈံးအတြက္ MMR တစ္ခုပဲရွိတဲ့အတြက္ လက္ေကာင္းရင္ေကာင္းသလို MMR အတက္ျမန္ႏိုင္ပါတယ္။

Ti1 ကေန အခု Ti10 ထိ ေရာက္ေတာ့မွာျဖစ္ေပမယ့္ Dota 2 ကစားသမားအားလုံးစိတ္ေက်နပ္မယ့္အျပင္ သူကိုယ္တိုင္လည္းစိတ္တိုင္းက်မယ့္ Ranked System တစ္ခုကိုေတာ့ Valve က အေျဖရွာမရေသးပါဘူး။ အခု ေျပာင္းလိုက္တဲ့ စနစ္ဟာ အျခား Multi-player ဂိမ္းေတြလို Rank Medal တစ္ခုသာ ရွင္းရွင္းလင္းလင္းေဖာ္ျပတဲ့ ပုံစံမ်ိဳး ျဖစ္ေအာင္ အဆင္ေျပေျပကူးေျပာင္းႏိုင္မလားဆိုတာ ၾကည့္ရမွာပါ။ Gaming Noodle မွ ေဖ်ာ္ေျဖေရးနဲ႔ Esports က႑ဆိုင္ရာ သတင္းနဲ႔ေဆာင္းပါးမ်ားကို အခ်ိန္နဲ႔တေျပးညီတင္ဆက္ေပးလ်က္ရွိတာေၾကာင့္ Like and Follow ထားဖို႔ မေမ့ပါနဲ႔ေနာ္။