[Unicode]

Dota 2 ဟာ ဆဲဆိုမှုအများဆုံးဂိမ်းဖြစ်ကြောင်း လေ့လာမှုများအတွင်းတွေ့ရှိ

 

အွန်လိုင်းဂိမ်းများအတွင်း ဆဲဆိုခြင်းဟာ လူအများအတွက် မထူးဆန်းလှတဲ့အရာတစ်ခုပါ။ အထူးသဖြင့် ဂိမ်းကစားနေရင်း ဆိုးရွားတဲ့အသင်းသားများနဲ့ တွေ့ဆုံရချိန်များ၊ ရိုင်းပျတဲ့ ပြိုင်ဘက်အသင်းသားများနဲ့ ဆက်သွယ်စကားပြောချိန်များ စ တဲ့အခြေအနေများဟာ ယဉ်ကျေးတဲ့စကားများထက် ဆဲဆိုတဲ့စကားများကို ပြောဆိုကြဖို့ ဂိမ်းကစားသူအများစုကို တွန်းအားပေးသလိုဖြစ်နေပါတယ်။

အွန်လိုင်းဂိမ်းများအနက် Dota 2 ဟာ ဆဲဆိုကျိန်ဆဲသူ အများဆုံးဂိမ်းအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားလှပါတယ်။ Dota 2 အသိုင်းအဝိုင်းအတွင်းမှာ ဂိမ်းကစားရင်းနဲ့သာမဟုတ်ပဲ ဆိုရှယ်မီဒီယာများပေါ်မှာပါ ဆဲဆိုနေကြတာကို နိစ္စဓူဝတွေ့မြင်နိုင်သလို ဆဲဆိုကျိန်ဆဲနည်းများကလည်း အမျိုးအစားစုံလင်လှပါတယ်။

ဂိမ်းတွင်းစကားလုံးကန့်သတ်ထားခြင်း မရှိတဲ့ CSGO ဟာလည်း ဆဲဆိုလေ့ရှိတဲ့ ကစားသမားများကို ပိုင်ဆိုင်ထားပေမယ့် Dota 2 မှာတော့ ပိုများပါတယ်။ OnlineGambling ဝက်ဘ်ဆိုက်ဟာ ဗီဒီယိုဂိမ်းပေါင်းစုံတို့ရဲ့ subreddit များအတွင်း လေ့လာမှုတစ်ရပ်ကို မကြာသေးမီက ပြုလုပ်ခဲ့ပြီး ဂိမ်းအသိုင်းအဝိုင်းများအတွင်း ဆဲဆိုနေမှုများကို ဖော်ထုတ်ခဲ့ပါတယ်။

OnlineGambling ရဲ့အဆိုအရတော့ Overwatch, FIFA နဲ့ Call of Duty ဂိမ်းများမှာ ဆဲဆိုမှု များပြားပေမယ့် Dota 2 နဲ့ CSGO တို့ကိုတော့ လိုက်မမီဘူးလို့ ဆိုပါတယ်။ Dota 2 subreddit အတွင်း comment ပေါင်း ၃,၈၄၅ ခုမှာ ဆဲဆိုကျိန်ဆဲတဲ့စကားလုံးပေါင်း ၁၈၀ ကျော် တွေ့ရှိခဲ့ရပြီး s**t နဲ့ f**king တို့ကတော့ လူသုံးအများဆုံးစကားလုံးများဖြစ်ကြပါတယ်။

CSGO မှာလည်း s**t နဲ့ f**king ဟာ လူကြိုက်အများဆုံးစကားလုံးများဖြစ်ပြီး ဆဲဆိုကျိန်ဆဲတဲ့စကားလုံး ၁၇၁ ခုသာ တွေ့ရှိခဲ့ရပေမယ့် Dota 2 ထက် နည်းနေခဲ့ပါတယ်။ ဂိမ်းအသိုင်းအဝိုင်းများအနက်မှာတော့ Diablo အသိုင်းအဝိုင်းဟာ ဆဲဆိုကျိန်ဆဲမှုအနည်းဆုံးဂိမ်းဖြစ်ကြောင်းကိုလည်း OnlineGambling က ဖော်ပြခဲ့ပါတယ်။

Dota 2 မှာ ဆဲဆိုကျိန်ဆဲသူများပြားရခြင်းရဲ့ အကြောင်းအရင်းများကလည်း စုံလင်လှပါတယ်။ ယင်းအကြောင်းအရင်းများထဲမှာတော့ ဂိမ်းတွင်းစကားလုံးကန့်သတ်ထားခြင်းမရှိတဲ့အချက်အပါအဝင် ဆဲဆိုသူ များကို အပြစ်ဒဏ်ပေးတဲ့စနစ် ပေါ့လျော့နေခြင်း၊ ပြောဆိုလိုက်တဲ့စကားလုံးများအပေါ် အရေးယူမှု နည်းပါးခြင်း၊ အချိန်ကြာမြင့်ပြီး အခြေအနေမကောင်းတဲ့ပွဲများကို Dota 2 အတွင်း ​စောစီးစွာ surrender ပြုလုပ်ခွင့်မပေးထားခြင်း၊ ဘာသာစကားမတူညီသူများနဲ့ ယှဉ်တွဲကစားရလေ့ရှိလို့ ကစားသူများ စိတ်တိုင်းမကျ ဖြစ်လေ့ရှိခြင်း၊ အခမဲ့ကစားနိုင်တဲ့ဂိမ်းဖြစ်လို့ လူပေါင်းစုံ စုဝေးနေခြင်း စတာတွေ ပါဝင်ပါတယ်။

OnlineGambling ရဲ့ လေ့လာမှုဟာ subreddit များအပေါ်မှာသာ အခြေခံထားတာဖြစ်ပြီး ဂိမ်းတွင်း စကားပြောဆိုမှုများ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့် ဂိမ်မာပရိသတ်များအနေနဲ့ ဂိမ်းတွင်းဆဲဆိုမှုများကို အတွင်းကျကျ သိရှိလိုရင်တော့ ယင်းဂိမ်းများကို ဝင်ရောက်ဆော့ကစားကြည့်ဖို့ လိုအပ်မှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: win.gg, talkesports


[ZawGyi]

Dota 2 ဟာ ဆဲဆိုမႈအမ်ားဆုံးဂိမ္းျဖစ္ေၾကာင္း ေလ့လာမႈမ်ားအတြင္းေတြ႕ရွိ

 

အြန္လိုင္းဂိမ္းမ်ားအတြင္း ဆဲဆိုျခင္းဟာ လူအမ်ားအတြက္ မထူးဆန္းလွတဲ့အရာတစ္ခုပါ။ အထူးသျဖင့္ ဂိမ္းကစားေနရင္း ဆိုး႐ြားတဲ့အသင္းသားမ်ားနဲ႔ ေတြ႕ဆုံရခ်ိန္မ်ား၊ ႐ိုင္းပ်တဲ့ ၿပိဳင္ဘက္အသင္းသားမ်ားနဲ႔ ဆက္သြယ္စကားေျပာခ်ိန္မ်ား စ တဲ့အေျခအေနမ်ားဟာ ယဥ္ေက်းတဲ့စကားမ်ားထက္ ဆဲဆိုတဲ့စကားမ်ားကို ေျပာဆိုၾကဖို႔ ဂိမ္းကစားသူအမ်ားစုကို တြန္းအားေပးသလိုျဖစ္ေနပါတယ္။

အြန္လိုင္းဂိမ္းမ်ားအနက္ Dota 2 ဟာ ဆဲဆိုက်ိန္ဆဲသူ အမ်ားဆုံးဂိမ္းအျဖစ္ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားလွပါတယ္။ Dota 2 အသိုင္းအဝိုင္းအတြင္းမွာ ဂိမ္းကစားရင္းနဲ႔သာမဟုတ္ပဲ ဆိုရွယ္မီဒီယာမ်ားေပၚမွာပါ ဆဲဆိုေနၾကတာကို နိစၥဓူဝေတြ႕ျမင္ႏိုင္သလို ဆဲဆိုက်ိန္ဆဲနည္းမ်ားကလည္း အမ်ိဳးအစားစုံလင္လွပါတယ္။

ဂိမ္းတြင္းစကားလုံးကန္႔သတ္ထားျခင္း မရွိတဲ့ CSGO ဟာလည္း ဆဲဆိုေလ့ရွိတဲ့ ကစားသမားမ်ားကို ပိုင္ဆိုင္ထားေပမယ့္ Dota 2 မွာေတာ့ ပိုမ်ားပါတယ္။ OnlineGambling ဝက္ဘ္ဆိုက္ဟာ ဗီဒီယိုဂိမ္းေပါင္းစုံတို႔ရဲ႕ subreddit မ်ားအတြင္း ေလ့လာမႈတစ္ရပ္ကို မၾကာေသးမီက ျပဳလုပ္ခဲ့ၿပီး ဂိမ္းအသိုင္းအဝိုင္းမ်ားအတြင္း ဆဲဆိုေနမႈမ်ားကို ေဖာ္ထုတ္ခဲ့ပါတယ္။

OnlineGambling ရဲ႕အဆိုအရေတာ့ Overwatch, FIFA နဲ႔ Call of Duty ဂိမ္းမ်ားမွာ ဆဲဆိုမႈ မ်ားျပားေပမယ့္ Dota 2 နဲ႔ CSGO တို႔ကိုေတာ့ လိုက္မမီဘူးလို႔ ဆိုပါတယ္။ Dota 2 subreddit အတြင္း comment ေပါင္း ၃,၈၄၅ ခုမွာ ဆဲဆိုက်ိန္ဆဲတဲ့စကားလုံးေပါင္း ၁၈၀ ေက်ာ္ ေတြ႕ရွိခဲ့ရၿပီး s**t နဲ႔ f**king တို႔ကေတာ့ လူသုံးအမ်ားဆုံးစကားလုံးမ်ားျဖစ္ၾကပါတယ္။

CSGO မွာလည္း s**t နဲ႔ f**king ဟာ လူႀကိဳက္အမ်ားဆုံးစကားလုံးမ်ားျဖစ္ၿပီး ဆဲဆိုက်ိန္ဆဲတဲ့စကားလုံး ၁၇၁ ခုသာ ေတြ႕ရွိခဲ့ရေပမယ့္ Dota 2 ထက္ နည္းေနခဲ့ပါတယ္။ ဂိမ္းအသိုင္းအဝိုင္းမ်ားအနက္မွာေတာ့ Diablo အသိုင္းအဝိုင္းဟာ ဆဲဆိုက်ိန္ဆဲမႈအနည္းဆုံးဂိမ္းျဖစ္ေၾကာင္းကိုလည္း OnlineGambling က ေဖာ္ျပခဲ့ပါတယ္။

Dota 2 မွာ ဆဲဆိုက်ိန္ဆဲသူမ်ားျပားရျခင္းရဲ႕ အေၾကာင္းအရင္းမ်ားကလည္း စုံလင္လွပါတယ္။ ယင္းအေၾကာင္းအရင္းမ်ားထဲမွာေတာ့ ဂိမ္းတြင္းစကားလုံးကန္႔သတ္ထားျခင္းမရွိတဲ့အခ်က္အပါအဝင္ ဆဲဆိုသူ မ်ားကို အျပစ္ဒဏ္ေပးတဲ့စနစ္ ေပါ့ေလ်ာ့ေနျခင္း၊ ေျပာဆိုလိုက္တဲ့စကားလုံးမ်ားအေပၚ အေရးယူမႈ နည္းပါးျခင္း၊ အခ်ိန္ၾကာျမင့္ၿပီး အေျခအေနမေကာင္းတဲ့ပြဲမ်ားကို Dota 2 အတြင္း ​ေစာစီးစြာ surrender ျပဳလုပ္ခြင့္မေပးထားျခင္း၊ ဘာသာစကားမတူညီသူမ်ားနဲ႔ ယွဥ္တြဲကစားရေလ့ရွိလို႔ ကစားသူမ်ား စိတ္တိုင္းမက် ျဖစ္ေလ့ရွိျခင္း၊ အခမဲ့ကစားႏိုင္တဲ့ဂိမ္းျဖစ္လို႔ လူေပါင္းစုံ စုေဝးေနျခင္း စတာေတြ ပါဝင္ပါတယ္။

OnlineGambling ရဲ႕ ေလ့လာမႈဟာ subreddit မ်ားအေပၚမွာသာ အေျခခံထားတာျဖစ္ၿပီး ဂိမ္းတြင္း စကားေျပာဆိုမႈမ်ား မပါဝင္ခဲ့ပါဘူး။ ဒါေၾကာင့္ ဂိမ္မာပရိသတ္မ်ားအေနနဲ႔ ဂိမ္းတြင္းဆဲဆိုမႈမ်ားကို အတြင္းက်က် သိရွိလိုရင္ေတာ့ ယင္းဂိမ္းမ်ားကို ဝင္ေရာက္ေဆာ့ကစားၾကည့္ဖို႔ လိုအပ္မွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: win.gg, talkesports