[Unicode]

(၆) နှစ်အတွင်း ကစားသူအရေအတွက် အနည်းဆုံးထိ ကျဆင်းသွားတဲ့ Dota2

 

Valve ရဲ့ free to play ဂိမ်းတစ်ခုဖြစ်တဲ့ Dota 2 ဟာ ဆယ်စုနှစ်တစ်ခုနီးပါး ရပ်တည်လာခဲ့တဲ့ နာမည်ကျော် MOBA ဂိမ်းတစ်ခုပါ။ မကြာသေးခင်ကမှ Hero အသစ် ၂ ကောင်အပါအဝင် အကြီးစား Update ကိုထုတ်ပေးခဲ့ပေမယ့် Dota 2 ကစားသူများဟာ တစ်နေ့တခြား လျော့နည်းလာလျက် ရှိပါတယ်။

၂၀၁၄ ဇန်နဝါရီက စလို့ ၂၀၁၉ ထိ ၅ နှစ်တာ ကာလအတွင်း ယခုအချိန်မှာ ကစားသူအရေအတွက် အနည်းဆုံးထိ ကျဆင်းနေသလို Peak Player အရေအတွက်ဟာလည်း အနိမ့်ဆုံးဖြစ်လာခဲ့ပါတယ်။

SteamDB ရဲ့ ဒေတာများအရ နိုဝင်ဘာ ၂၃ ရက်နေ့မှာ Dota 2 ရဲ့ peak player အရေအတွက် ၆၈၃,၀၀ ကျော် ရှိရာကနေ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ၅၁၀,၀၀၀ ကျော်သာ ကျန်ပါတော့တယ်။ ၂ ပတ်ကျော်အတွင်း peak player အရေအတွက် ၂၀၀,၀၀၀ လောက် ဆုံးရှုံးခဲ့ရလို့ နိုဝင်ဘာ ၂၅ ရက်နေ့က ထွက်ရှိခဲ့တဲ့ Outlanders Update ဟာ အခြေအနေကို ပိုမိုဆိုးရွားသွားစေခဲ့တယ်လို့ပဲ ဆိုရမှာပါ။

အချိန်အတော်ကြာ Dota 2 ကို စွဲစွဲမြဲမြဲ ကစားလာခဲ့သူတွေအတွက် ကစားသမားနည်းလာတဲ့ကိစ္စဟာ စိုးရိမ်စရာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း Dota 2 ဟာ သမိုင်းကြောင်းတစ်လျှောက် အနည်းဆုံး ကစားအရေအတွက်ဖြစ်တဲ့ ၃၈၈,၀၀၀ ကျော်အထိ ကျဆင်းခဲ့တာပါ။ အခုတော့ ဒီစံချိန်ကိုတောင် ထပ်ချိုးသွားပြီး Valve ဟာ ကစားသမားတွေ Dota 2 ကနေ စွန့်ခွာတဲ့ ပြဿနာကို အခုထိ မဖြေရှင်းနိုင် ဖြစ်နေပါတယ်။

ဒါပေမယ့် Dota 2 Pro ကစားတွေ ယှဉ်ပြိုင်ကြတဲ့ ပွဲများကို platform မျိုးစုံကနေ ကြည့်ရှုသူအင်အားကတော့ များပြားနေဆဲပါ။ The International ပွဲများ ကျင်းပလေ့ရှိတဲ့ နှစ်တစ်နှစ်ရဲ့ နှောင်းပိုင်းကာလများမှာ ကြည့်ရှုသူ အရေအတွက်မြင့်တက်လာနေသေးသလို major ပွဲများကိုလည်း အားပေးကြတဲ့ ပရိသတ်များလည်း ရှိနေဆဲပဲ ဖြစ်ပါတယ်။

ပရိသတ်အများ ကိုယ်တိုင်ဆော့ကစားဖို့ထက် အားပေးကြည့်ရှုတာက ပိုများတဲ့ အားကစားများကို Spectator sports လို့ ခေါ်ပါတယ်။ ဘောလုံး၊ တင်းနစ်၊ ဘေ့စ်ဘော စတဲ့ အားကစားများကို ကိုယ်တိုင်ဝင်ရောက်ကစားသူထက် Spectator sports များအဖြစ် ကြည့်ရှုသူပရိသတ်က ပိုမိုများပြားလှပါတယ်။

ကစားသူလျော့နည်းလာတဲ့ Dota 2 ဟာလည်း Spectator Esports အသွင် ဖြစ်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

Source: afkgaming


[ZawGyi]

(၆) ႏွစ္အတြင္း ကစားသူအေရအတြက္ အနည္းဆုံးထိ က်ဆင္းသြားတဲ့ Dota2

 

Valve ရဲ႕ free to play ဂိမ္းတစ္ခုျဖစ္တဲ့ Dota 2 ဟာ ဆယ္စုႏွစ္တစ္ခုနီးပါး ရပ္တည္လာခဲ့တဲ့ နာမည္ေက်ာ္ MOBA ဂိမ္းတစ္ခုပါ။ မၾကာေသးခင္ကမွ Hero အသစ္ ၂ ေကာင္အပါအဝင္ အႀကီးစား Update ကိုထုတ္ေပးခဲ့ေပမယ့္ Dota 2 ကစားသူမ်ားဟာ တစ္ေန႔တျခား ေလ်ာ့နည္းလာလ်က္ ရွိပါတယ္။

၂၀၁၄ က စလုိ႔ ၂၀၁၉ ထိ ၅ ႏွစ္တာ ကာလအတြင္း ယခုအခ်ိန္မွာ ကစားသူအေရအတြက္ အနည္းဆုံးထိ က်ဆင္းေနသလို Peak Player အေရအတြက္ဟာလည္း အနိမ့္ဆုံးျဖစ္လာခဲ့ပါတယ္။

SteamDB ရဲ႕ ေဒတာမ်ားအရ ႏိုဝင္ဘာ ၂၃ ရက္ေန႔မွာ Dota 2 ရဲ႕ peak player အေရအတြက္ ၆၈၃,၀၀ ေက်ာ္ ရွိရာကေန ဒီဇင္ဘာ ၁၁ ရက္ေန႔မွာ ၅၁၀,၀၀၀ ေက်ာ္သာ က်န္ပါေတာ့တယ္။ ၂ ပတ္ေက်ာ္အတြင္း peak player အေရအတြက္ ၂၀၀,၀၀၀ ေလာက္ ဆုံးရႈံးခဲ့ရလုိ႔ ႏိုဝင္ဘာ ၂၅ ရက္ေန႔က ထြက္ရွိခဲ့တဲ့ Outlanders Update ဟာ အေျခအေနကို ပိုမိုဆိုးရြားသြားေစခဲ့တယ္လုိ႔ပဲ ဆုိရမွာပါ။

အခ်ိန္အေတာ္ၾကာ Dota 2 ကို စြဲစြဲျမဲျမဲ ကစားလာခဲ့သူေတြအတြက္ ကစားသမားနည္းလာတဲ့ကိစၥဟာ စိုးရိမ္စရာပါ။ ျပီးခဲ့တဲ့ ေအာက္တိုဘာလကလည္း Dota 2 ဟာ သမိုင္းေၾကာင္းတစ္ေလွ်ာက္ အနည္းဆုံး ကစားအေရအတြက္ျဖစ္တဲ့ ၃၈၈,၀၀၀ ေက်ာ္အထိ က်ဆင္းခဲ့တာပါ။ အခုေတာ့ ဒီစံခ်ိန္ကိုေတာင္ ထပ္ခ်ဳိးသြားၿပီး Valve ဟာ ကစားသမားေတြ Dota 2 ကေန စြန္႔ခြာတဲ့ ျပႆနာကို အခုထိ မေျဖရွင္းႏိုင္ ျဖစ္ေနပါတယ္။

ဒါေပမယ့္ Dota 2 Pro ကစားေတြ ယွဥ္ျပိဳင္ၾကတဲ့ ပြဲမ်ားကို platform မ်ိဳးစုံကေန ၾကည့္ရႈသူအင္အားကေတာ့ မ်ားျပားေနဆဲပါ။ The International ပြဲမ်ား က်င္းပေလ့ရွိတဲ့ ႏွစ္တစ္ႏွစ္ရဲ႕ ေႏွာင္းပိုင္းကာလမ်ားမွာ ၾကည့္ရႈသူ အေရအတြက္ျမင့္တက္လာေနေသးသလို major ပြဲမ်ားကိုလည္း အားေပးၾကတဲ့ ပရိသတ္မ်ားလည္း ရွိေနဆဲပဲ ျဖစ္ပါတယ္။

ပရိသတ္အမ်ား ကိုယ္တုိင္ေဆာ့ကစားဖို႔ထက္ အားေပးၾကည့္ရႈတာက ပိုမ်ားတဲ့ အားကစားမ်ားကို Spectator sports လုိ႔ ေခၚပါတယ္။ ေဘာလုံး၊ တင္းနစ္၊ ေဘ့စ္ေဘာ စတဲ့ အားကစားမ်ားကို ကိုယ္တိုင္ဝင္ေရာက္ကစားသူထက္ Spectator sports မ်ားအျဖစ္ ၾကည့္ရႈသူပရိသတ္က ပိုမိုမ်ားျပားလွပါတယ္။

ကစားသူေလ်ာ့နည္းလာတဲ့ Dota 2 ဟာလည္း Spectator Esports အသြင္ ျဖစ္လာမလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ၾကရမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကုိ Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

Source: afkgaming