[Zawgyi]

Dota2 ရဲ႕ Feature တစ္ခု ျဖဳတ္လိုက္ၿပီးမွ ကစားသမားေတြေတာင္းဆိုလို႔ ျပန္ထည့္ေပးလိုက္ရတဲ့ Valve

 

Dota 2: ဂိမ္းထဲက မလိုတာေတြ ျဖဳတ္ပစ္မယ္!
ကစားသမားမ်ား: ျပန္ထည့္ေပးပါ၊ ျပန္ထည့္ေပးပါ!
Dota 2: အင္းပါ ျပန္ထည့္လိုက္ျပီေနာ္!

TI9 ျပိဳင္ပြဲၾကီး က်င္းပေတာ့မယ့္ ယခု ၾသဂုတ္လ အစမွာ Valve ဟာ Dota 2 update တစ္ခုကို ထုတ္ခဲ့ျပီး ဂိမ္းရဲ႕ feature တစ္ခုျဖစ္တဲ့ optional unit query panel ကို ျဖဳတ္ထုတ္ခဲ့ပါတယ္။ Update အသစ္ထဲမွာ အဲဒီ feature ကို ျဖဳတ္တာက လြဲရင္ တျခားဘာမွ မပါဝင္ခဲ့ပါဘူး။

Valve Update

Optional unit query panel ဟာ အသုံးျပဳသူကို ကိုယ္ ကိုင္တြယ္ကစားေနတဲ့ hero ကို မေျပာင္းမလဲ အေသထားျပီး အျခားအရာမ်ားကို ေထာက္ၾကည့္လို႔ ရေအာင္ ကူညီေပးႏိုင္ပါတယ္။ ေထာက္ၾကည့္ခံရတဲ့ unit ရဲ႕ အခ်က္အလက္ေတြဟာ screen ရဲ႕ ညာဘက္ေဘးမွာ pop up တစ္ခုပုံစံနဲ႔ ေပၚလာမွာ ျဖစ္ပါတယ္။ Alternative UI လုိ႔လည္း ေခၚပါတယ္။

ဒီ panel ဟာ Heroes of Newerth ဂိမ္းထဲမွာလည္း ပါဝင္ျပီး အဲဒီဂိမ္းကေန Dota 2 ကို ေျပာင္းလဲကစားၾကတဲ့ ကစားသမားမ်ားအတြက္ အသားက် အဆင္ေျပေအာင္ ထည့္ထားေပးခဲ့တာပါ။ ဒီလို ထည့္ေပးခဲ့တဲ့ အတြက္ Valve ဟာ bug မ်ားစြာကို ေျဖရွင္းခဲ့ရပါတယ္။ Backpack မ်ား အသစ္ထည့္သြင္းခ်ိန္နဲ႔ teleport scroll slot ကိုပါ သပ္သပ္ထည့္သြင္းခဲ့ခ်ိန္ေတြမွာ panel ဟာ မွန္မွန္ကန္ကန္ျပသျခင္း မရွိခဲ့လုိ႔ ျပႆနာမ်ားစြာ ရင္ဆိုင္ခဲ့ရပါတယ္။

Alternative UI Feature

“Bug မ်ားကို ျပင္ဆင္ၾကည့္ျပီးေနာက္ ဒီ feature ဟာ ကစားသမားအမ်ားစု အသုံးျပဳႏိုင္ဖုိ႔အတြက္ design ပိုင္းဆိုင္ရာ ျပဳျပင္ဖို႔ ၾကီးၾကီးမားမား လိုအပ္တယ္လုိ႔ ခံစားလာမိပါတယ္။ စ ထည့္သြင္းျပီးထဲက ဒီ feature ကို အသုံးျပဳတဲ့သူဟာ ကစားသမားအားလုံးရဲ႕ ၁၀၀ ပုံ ၁ ပုံ ပဲရွိတယ္” လုိ႔႔ update မွာ ေရးသားျပီး ျဖဳတ္ထုတ္ခဲ့တာပါ။ Heroes of Newerth ကေန ေျပာင္းလာၾကတဲ့ professional ကစားသမားေတြအတြက္ အခက္အခဲမ်ားျဖစ္ေပၚလာခဲ့ပါတယ္။

Alliance.Boxi Tweet

“ေက်းဇူးျပဳျပီး alternative UI ကို ျပန္ထည့္ေပးပါဗ်ာ။ ကြ်န္ေတာ္ေရာ Taiga ပါ Dota 2 စ ကစားထဲက အဲဒီအတိုင္းကစားလာခဲ့တာပါ။ TI9 ေရာက္ဖုိ႔ ၂ ပတ္ပဲ လိုမွ ဒါကိုျဖဳတ္ခ်လိုက္လို႔ ဒုကၡေရာက္ေနရပါျပီ။ အနည္းဆုံးေတာ့ ျပိဳင္ပြဲျပီးတဲ့အထိ ထားေပးပါ။ ” လုိ႔ Alliance အသင္းရဲ႕ကစားသမား Boxi က Twitter ကေန ေတာင္းဆိုေရးသားခဲ့သလုိ အျခားကစားသမားမ်ားကလည္း အသီးသီးေတာင္းဆိုခဲ့ၾကပါတယ္။

အဆိုပါ အေျပာင္းအလဲနဲ႔ ပါတ္သက္ၿပီး Royal Never Give Up (RNG) အသင္းက “LaNm” နဲ႔ “Monet” တို႔ကလည္း Weibo မွတဆင့္ ထုတ္ေဖာ္ ေျပာၾကားခဲ့ၾကပါတယ္။

RNG.monet is affected by the removal of the unit query panel from DotA2

ေတာင္းဆိုမႈမ်ားကို Valve ဟာ လ်စ္လ်ဴမရႈခဲ့ပဲ alternative UI ကို မၾကာေသးမီ ရက္ပိုင္းအတြင္းကပဲ အလ်င္အျမန္ ျပန္ထည့္ေပးလိုက္ပါေတာ့တယ္။ အေျပာင္းအလဲ ျပန္လုပ္ေပးတဲ့အတြက္ Boxi ကေတာ့ Dota 2 ကိုေရာ ဝိုင္းဝန္းေတာင္းဆိုေပးၾကတဲ့ ကစားသမားမ်ားကိုပါ ေက်းဇူးတင္ေၾကာင္း ထပ္မံေရးသား ေျပာၾကားခဲ့ပါတယ္။

Boxi thanks to Valve

ယခုဆိုရင္ ကစားသမားမ်ားအတြက္ ထူးထူးျခားျခားေျပာင္းလဲမႈ မရွိေတာ့ပဲ ၾသဂုတ္လ ၂၀ ရက္ေန႔မွာ က်င္းပမယ့္ TI9 ကုိ စိတ္ခ်လက္ခ် ဝင္ျပိဳင္ႏိုင္ၾကမွာပဲျဖစ္ပါေတာ့တယ္။ ကစားသမားမ်ားရဲ႕ ေတာင္းဆိုမႈကို အေလးထားခဲ့တဲ့ Valve ဟာလည္း community ထဲမွာ ပိုျပီး ေကာင္းသတင္းရခဲ့ပါေတာ့တယ္။ Dota 2 သတင္းနဲ႔ အျခားေသာ esport သတင္းမ်ားကို Gaming Noodle မွအျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

Dota2 ရဲ့ Feature တစ်ခု ဖြုတ်လိုက်ပြီးမှ ကစားသမားတွေတောင်းဆိုလို့ ပြန်ထည့်ပေးလိုက်ရတဲ့ Valve

Dota 2: ဂိမ်းထဲက မလိုတာတွေ ဖြုတ်ပစ်မယ်!
ကစားသမားများ: ပြန်ထည့်ပေးပါ၊ ပြန်ထည့်ပေးပါ!
Dota 2: အင်းပါ ပြန်ထည့်လိုက်ပြီနော်! :'(

TI9 ပြိုင်ပွဲကြီး ကျင်းပတော့မယ့် ယခု သြဂုတ်လ အစမှာ Valve ဟာ Dota 2 update တစ်ခုကို ထုတ်ခဲ့ပြီး ဂိမ်းရဲ့ feature တစ်ခုဖြစ်တဲ့ optional unit query panel ကို ဖြုတ်ထုတ်ခဲ့ပါတယ်။ Update အသစ်ထဲမှာ အဲဒီ feature ကို ဖြုတ်တာက လွဲရင် တခြားဘာမှ မပါဝင်ခဲ့ပါဘူး။

Valve Update

Optional unit query panel ဟာ အသုံးပြုသူကို ကိုယ် ကိုင်တွယ်ကစားနေတဲ့ hero ကို မပြောင်းမလဲ အသေထားပြီး အခြားအရာများကို ထောက်ကြည့်လို့ ရအောင် ကူညီပေးနိုင်ပါတယ်။ ထောက်ကြည့်ခံရတဲ့ unit ရဲ့ အချက်အလက်တွေဟာ screen ရဲ့ ညာဘက်ဘေးမှာ pop up တစ်ခုပုံစံနဲ့ ပေါ်လာမှာ ဖြစ်ပါတယ်။ Alternative UI လို့လည်း ခေါ်ပါတယ်။

ဒီ panel ဟာ Heroes of Newerth ဂိမ်းထဲမှာလည်း ပါဝင်ပြီး အဲဒီဂိမ်းကနေ Dota 2 ကို ပြောင်းလဲကစားကြတဲ့ ကစားသမားများအတွက် အသားကျ အဆင်ပြေအောင် ထည့်ထားပေးခဲ့တာပါ။ ဒီလို ထည့်ပေးခဲ့တဲ့ အတွက် Valve ဟာ bug များစွာကို ဖြေရှင်းခဲ့ရပါတယ်။ Backpack များ အသစ်ထည့်သွင်းချိန်နဲ့ teleport scroll slot ကိုပါ သပ်သပ်ထည့်သွင်းခဲ့ချိန်တွေမှာ panel ဟာ မှန်မှန်ကန်ကန်ပြသခြင်း မရှိခဲ့လို့ ပြဿနာများစွာ ရင်ဆိုင်ခဲ့ရပါတယ်။

Alternative UI Feature

“Bug များကို ပြင်ဆင်ကြည့်ပြီးနောက် ဒီ feature ဟာ ကစားသမားအများစု အသုံးပြုနိုင်ဖို့အတွက် design ပိုင်းဆိုင်ရာ ပြုပြင်ဖို့ ကြီးကြီးမားမား လိုအပ်တယ်လို့ ခံစားလာမိပါတယ်။ စ ထည့်သွင်းပြီးထဲက ဒီ feature ကို အသုံးပြုတဲ့သူဟာ ကစားသမားအားလုံးရဲ့ ၁၀၀ ပုံ ၁ ပုံ ပဲရှိတယ်” လို့ update မှာ ရေးသားပြီး ဖြုတ်ထုတ်ခဲ့တာပါ။ Heroes of Newerth ကနေ ပြောင်းလာကြတဲ့ professional ကစားသမားတွေအတွက် အခက်အခဲများဖြစ်ပေါ်လာခဲ့ပါတယ်။

Alliance.Boxi Tweet

“ကျေးဇူးပြုပြီး alternative UI ကို ပြန်ထည့်ပေးပါဗျာ။ ကျွန်တော်ရော Taiga ပါ Dota 2 စ ကစားထဲက အဲဒီအတိုင်းကစားလာခဲ့တာပါ။ TI9 ရောက်ဖို့ ၂ ပတ်ပဲ လိုမှ ဒါကိုဖြုတ်ချလိုက်လို့ ဒုက္ခရောက်နေရပါပြီ။ အနည်းဆုံးတော့ ပြိုင်ပွဲပြီးတဲ့အထိ ထားပေးပါ။ ” လို့ Alliance အသင်းရဲ့ကစားသမား Boxi က Twitter ကနေ တောင်းဆိုရေးသားခဲ့သလို အခြားကစားသမားများကလည်း အသီးသီးတောင်းဆိုခဲ့ကြပါတယ်။

အဆိုပါ အပြောင်းအလဲနဲ့ ပါတ်သက်ပြီး Royal Never Give Up (RNG) အသင်းက “LaNm” နဲ့ “Monet” တို့ကလည်း Weibo မှတဆင့် ထုတ်ဖော် ပြောကြားခဲ့ကြပါတယ်။

RNG.monet is affected by the removal of the unit query panel from DotA2

တောင်းဆိုမှုများကို Valve ဟာ လျစ်လျူမရှုခဲ့ပဲ alternative UI ကို မကြာသေးမီ ရက်ပိုင်းအတွင်းကပဲ အလျင်အမြန် ပြန်ထည့်ပေးလိုက်ပါတော့တယ်။ အပြောင်းအလဲ ပြန်လုပ်ပေးတဲ့အတွက် Boxi ကတော့ Dota 2 ကိုရော ဝိုင်းဝန်းတောင်းဆိုပေးကြတဲ့ ကစားသမားများကိုပါ ကျေးဇူးတင်ကြောင်း ထပ်မံရေးသား ပြောကြားခဲ့ပါတယ်။

Boxi thanks to Valve

ယခုဆိုရင် ကစားသမားများအတွက် ထူးထူးခြားခြားပြောင်းလဲမှု မရှိတော့ပဲ သြဂုတ်လ ၂၀ ရက်နေ့မှာ ကျင်းပမယ့် TI9 ကို စိတ်ချလက်ချ ဝင်ပြိုင်နိုင်ကြမှာပဲဖြစ်ပါတော့တယ်။ ကစားသမားများရဲ့ တောင်းဆိုမှုကို အလေးထားခဲ့တဲ့ Valve ဟာလည်း community ထဲမှာ ပိုပြီး ကောင်းသတင်းရခဲ့ပါတော့တယ်။ Dota 2 သတင်းနဲ့ အခြားသော esport သတင်းများကို Gaming Noodle မှအမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။