[Unicode]

Dota2 ပရိသတ်တွေရဲ့ အချစ်တော် Pindapanda အကြောင်း တစေ့တစောင်း

 

မျက်မှောက်ခေတ်ဂိမ်းလောကမှာ အမျိုးသားများသာ ကြီးစိုးနေကြပြီး အမျိုးသမီး gamer ဦးရေနည်းပါးလျက် ရှိပါတယ်။ ဒီလိုလူနည်းစုဖြစ်နေတဲ့ အမျိုးသမီး gamer များထဲမှာမှ ထင်ရှားကျော်ကြားပြီး အာရှတိုက်သား Dota 2 gamer အများစုရဲ့ စိတ်နှလုံးကို ဖမ်းစားထားနိုင်တာကတော့ Pindapanda လို့ လူသိများကြတဲ့ Pinda Rika Dorji ပဲဖြစ်ပါတယ်။ Pinda ကို လှပပြီး talent ရှိတဲ့ gamer နဲ့ content creator တစ်ဦးအဖြစ်ရော Astro eGG ချန်နယ် ရဲ့ host တစ်ဦးအဖြစ်ပါ လူသိများကြပါတယ်။ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ pindaPandaဟာ ဘူတန်နိုင်ငံသူတစ်ဦးလည်းဖြစ်ပြီး လက်ရှိ Fnatic အသင်းနဲ့ MSI တို့ရဲ့ Brand Ambassador အဖြစ်လည်း တာဝန်ယူဆောင်ရွက်နေပါသေးတယ်။

Pinda ဟာ သူမရဲ့ ဘဝဇာတ်ကြောင်းအချို့နဲ့ ဂိမ်းလောကအတွေ့အကြုံများကို World Of Buzz (WOB) website နဲ့ အင်တာဗျူးတစ်ခုမှာ အခုလို ဖြေကြားသွားခဲ့ပါတယ်။

စတင်ခဲ့တဲ့ ဘဝနဲ့ Dota2 ကစားခြင်း အတွေ့အကြုံများ

ပရိသတ်အများစုကတော့ Pinda ကို Dota 2 နယ်ပယ်မှာမှ စတင်တွေ့မြင်ဖူးကြတာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း သူမ စတင်ခဲ့တဲ့ ဂိမ်းနယ်ပယ်က Super Mario ပါ။ သူမ ငယ်စဉ်တည်းက အဖွားဖြစ်သူနဲ့အတူကစားလေ့ရှိတဲ့ဂိမ်းမို့ အဲဒီဂိမ်းနဲ့ပဲ ပထမဆုံးစတင်လာခဲ့တာလည်း ဖြစ်ပါတယ်။

ကောလိပ်ကျောင်းမတက်ရောက်ခင်အထိ Pinda ဟာ Dota 2 ကို မကစားဖူးသေးဘူးလို့ ဆိုပါတယ်။ ယောကျာ်းလေးအများစုသာ ကစားကြတဲ့ဂိမ်းဖြစ်လို့ မိန်းကလေးတစ်ဦးအနေနဲ့ ဝင်ရောက်ကစားဖို့ ခက်ခဲနေခဲ့တာပါ။

“Dota 2 ကို စ ကစားတုန်းက mic ကို လုံးဝမဖွင့်ပဲ ကစားခဲ့ပါတယ်။ ကိုယ့်ကို မိန်းကလေးတစ်ဦးလို့ သိသွားတာနဲ့ အာရုံစိုက်မှုအများအပြားခံရပြီး အပြစ်တင်ဝေဖန်မှုများ ရှိလာနိုင်လို့ ဒီလိုလုပ်ခဲ့တာပါ။ ကစားဖော်အများစုက ယောကျာ်းလေးတစ်ဦးလို့ပဲ ထင်ခဲ့ကြတယ်။” လို့ Pinda က ပြောပါတယ်။

ပထမဆုံး ဂိမ်း စကစားခဲ့တုန်းက မိန်းကလေးဖြစ်တဲ့ Pinda ကို ကောင်းကောင်းကစားနိုင်မှာ မဟုတ်ဘူးလို့ပဲ လူအများစုက ထင်မြင်နေခဲ့ကြတာပါ။ မိန်းကလေးတစ်ဦးဖြစ်ကြောင်း သိသွားလို့ ဂိမ်းထဲမှာ အာရုံစိုက်အပြစ်တင်ခံရတာမျိုးတွေ ရှိခဲ့လားလို့ မေးမြန်းခဲ့ရာမှာ သူမ က “ဂိမ်းကို အာရုံစိုက်ဖို့ပဲ အဓိကကြိုးပမ်းပါတယ်။ ကိုယ့်ကို အာရုံစိုက် အပြစ်တင်တာတွေ ပြုလုပ်လာခဲ့သူရှိရင် သူတို့ကို mute လုပ်ပါတယ်။” လို့ ပြောပါတယ်။

လက်ရှိအချိန် ဂိမ်းလောကဟာ တက်သစ်စမိန်းကလေး gamer တစ်ဦး အခြေချဖို့ အခြေအနေကောင်းတွေ ပေးနေပြီလားလို့ မေးမြန်းခဲ့ရာမှာ “အပြည့်အဝတော့ မပေးသေးပါဘူး။” လို့ ဖြေခဲ့ပါတယ်။ ဒါပေမယ့် သူမ စတင်ခဲ့တဲ့ အရင်အချိန်တွေနဲ့ နှိုင်းယှဉ်ရင် အခုအချိန်မှာ အများကြီး ပိုအဆင်ပြေနေပါပြီလို့လည်း ထပ်လောင်းပြောခဲ့ပါတယ်။

Game လောကမှာ ဘယ်လိုစိန်ခေါ်မှုမျိုးတွေကို Pindapanda ကြုံတွေခဲ့ရလဲ?

“ပရိသတ်တွေက ကိုယ့်ကိုချောတယ် လှတယ်လို့ ချီးမွန်းရုံသက်သက်ကို သဘောကျနှစ်သက်မနေပါဘူး။ လက်ရှိမိန်းကလေး gamer အများစုဟာ ဒီလိုနည်းလမ်းနဲ့ပဲ ဆွဲဆောင်ပြီး စတင်နေကြလို့ပါ” လို့ Pinda က ပြောပါတယ်။ ဂိမ်းထဲမှာ အကောင်းဆုံးဖြစ်အောင် ကစားသလို content များ video များ ပြုလုပ်ရာမှာလည်း အရည်အသွေးကောင်းအောင် စနစ်တကျပြုလုပ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ဒါကြောင့်လည်း လူအများစုဟာ သူမ ရဲ့ ရုပ်ရည်သွင်ပြင်ထက် သူမ ပြုလုပ်လိုက်တဲ့ အလုပ်များကိုပဲ အာရုံစိုက်လာကြတယ်လို့ ဆိုပါတယ်။ အပြစ်တင်ဝေဖန်ခံရရင် ဘယ်လိုရင်ဆိုင်လဲ လို့ မေးမြန်းခဲ့ရာမှာတော့ “နေ့တစ်နေ့ရဲ့ အဆုံးမှာ ကိုယ့်ကိုယ်ကို ဘယ်လိုထင်မြင်မိလဲ ဆိုတာကပဲ အဓိကပါ။” လို့ ဖြေခဲ့ပါတယ်။

အင်ဂျင်နီယာတစ်ယောက် ဘဝကနေ pro ဂိမ်မာဘဝကို ပြောင်းလဲဖြစ်ခဲ့ပုံ

မလေးရှားနိုင်ငံကို စတင်ရောက်ရှိစဉ်က Pinda ဟာ civil engineering ကျောင်းသူတစ်ဦးပါ။ သူမရဲ့ မိသားစုဟာ သူမကို အင်ဂျင်နီယာတစ်ဦးဖြစ်စေချင်ခဲ့ကြပေမယ့် ဂိမ်းလောကဘက်ကို ရောက်ရှိလာဖို့ ကံတရားက ခေါ်ဆောင်လာခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက်က သူမ ကို Astro ရဲ့ TV host လူရွေးပွဲကို ဝင်ရောက်ဖို့ အကြံပေးခဲ့တာပါ။

“လူရွေးပွဲဝင်တဲ့အချိန်မှာ အခြေအနေဆိုးခဲ့ပါတယ်။ ဒါပေမယ့် အားမလျော့ပဲ အကောင်းဆုံးကြိုးပမ်းခဲ့ပါတယ်။ ပွဲက မထွက်ခွာမီမှာ တာဝန်ရှိသူများကို ကျွန်မရဲ့ channel ကို တစ်ချက်လောက် ကြည့်ရှုပေးဖို့ ပြောခဲ့ပါတယ်။” လို့ Pinda က ပြောပါတယ်။ ဒီလိုပြုလုပ်ခဲ့တဲ့အတွက်လည်း လူရွေးပွဲအပြီး ရက်အနည်းငယ်အကြာမှာ esports channel တစ်ခုရဲ့ host တစ်ဦးအနေနဲ့ သူမ လိုချင်တဲ့အလုပ်ကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ထူးခြားတာက အဲဒီအချိန်မှာ Pinda ရဲ့ မိသားစုဟာ သူမကို မကန့်ကွက်ပဲ ထောက်ခံပေးခဲ့တာပါ။ သူမရဲ့ အဖိုးက သူမ ဆန္ဒရှိပြီး ပျော်ရွှင်မယ့်အလုပ်ကို ရွေးချယ်ဖို့ အခွင့်အရေးပေးခဲ့လို့ အံ့အားသင့်ခဲ့ရတယ်လို့ Pinda က ပြောပါတယ်။ အဖိုးဖြစ်သူဟာ သူမ ရဲ့ မိဘတွေကိုတောင် ဒီလို အလိုမလိုက်ခဲ့လို့ အံသြခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ Channel မှာ ပရိသတ်ချက်ချင်းမရခဲ့ပေမယ့် အခြေချလိုက်တဲ့ အလုပ်ကို အကောင်းဆုံး ကြိုးပမ်းလာခဲ့ပါတယ်။

Esports လောကမှာရှင်သန်နေရတာ အများထင်သလို အမြဲတမ်း ပျော်ရွှင်စရာတွေ ပြည့်နေတာမဟုတ်ကြောင်း

ဆိုရှယ်မီဒီယာပေါ်က Content creator တစ်ဦးအဖြစ်ရော esports professional တစ်ဦးအဖြစ်ပါ တစ်ပြိုင်တည်း လုပ်ဆောင်ရတာဟာ အခက်အခဲများရှိကြောင်းကိုလည်း Pinda က ပြောပါတယ်။ အထူးသဖြင့် esports career အတွက် ဂိမ်းကစားရတာဟာ အလွန်အချိန်ပေးရလို့ အလုပ်နှစ်ခုကြား ရုန်းကန်ရကြောင်း ပြောခဲ့တာပါ။

“အချိန်တွေကြာလာတာနဲ့အမျှ ဂိမ်းလောကနဲ့ ကျွန်မဟာ ပိုမိုသက်ဆိုင်မှုရှိလာခဲ့သလို အရင်ကထက်လည်း အများကြီး ပိုကစားဖြစ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ၆ နာရီလောက် ဂိမ်းကစားဖြစ်ပါတယ်။” လို့ Pinda က ပြောပါတယ်။

 

ငယ်ရွယ်တဲ့ ဂိမ်မာတွေကို Pindapanda က ဘာတွေ အကြံပေးခဲ့လဲ

ဒီလို စိတ်ကူးနဲ့ တစ်ထပ်တည်းကျတဲ့အလုပ်ကို ရရှိတဲ့အတွက် Pinda ဟာ စိတ်ပျော်ရွှင်မှုရှိကြောင်း၊ စိတ်ကူးထဲကအလုပ်နဲ့ ရည်ရွယ်ချက်များကို လွတ်လပ်စွာ အကောင်အထည်ဖော်ရတာဟာ ဘဝမှာ ကြီးမားတဲ့ ဆုလဒ်တစ်ခုဖြစ်ကြောင်း တို့ကိုလည်း Pinda က ပြောပါတယ်။ “ဒီအလုပ်တွေကို လုပ်နိုင်တာဟာ အလုပ်အပေါ်မှာ ပျော်ရွှင်မှုရှိလို့ပါ။ လူအများစုဟာ ဒီလိုလုပ်ဖို့ အခွင့်အလမ်းတွေကို လက်ရှိအချိန်ထိ မရရှိကြသေးဘူး။” လို့လည်း ပြောခဲ့ပါတယ်။

“ပတ်ဝန်းကျင်က လူတွေဟာ သင့်ဘဝကို ပဲ့ကိုင်သူတွေ မဟုတ်ပါဘူး။ သင်သည်သာ သင့်ဘဝကို ပဲ့ကိုင်သူပါ။ သူတို့ ဘယ်လိုပဲ ထင်မြင်ပါစေ။ ကိစ္စမရှိပါဘူး။ ကျရှုံးသွားခဲ့ရင်လည်း ပြဿနာ မရှိပါဘူး။” လို့ Pinda က ပြောပါတယ်။ Plan B တစ်ခုကို အမြဲထားရှိသင့်သလို ဆုံးရှုံးမှုတွေဖြစ်လာရင်လည်း ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားသင့်ကြောင်းလည်း လူငယ် gamer များအတွက် အကြံပေးခဲ့ပါတယ်။

 

Pindapanda ဟာ တက်သစ်စ gamer များအတွက် အားကျအတုယူစရာ gamer တစ်ဦးဖြစ်သလို အမျိုးသမီးရှားပါးတဲ့ ဂိမ်းလောကမှာ အခိုင်အမာရပ်တည်နေသူတစ်ဦးလည်း ဖြစ်တဲ့အတွက် သူမရဲ့ အင်တာဗျူးအဖြေအချို့ကို တင်ဆက်ပေးလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: Worldofbuzz
Photos: Pindapanda


[Zawgyi]

Dota2 ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ Pindapanda အေၾကာင္း တေစ့တေစာင္း

 

မ်က္ေမွာက္ေခတ္ဂိမ္းေလာကမွာ အမ်ိဳးသားမ်ားသာ ႀကီးစိုးေနၾကၿပီး အမ်ိဳးသမီး gamer ဦးေရနည္းပါးလ်က္ ရွိပါတယ္။ ဒီလိုလူနည္းစုျဖစ္ေနတဲ့ အမ်ိဳးသမီး gamer မ်ားထဲမွာမွ ထင္ရွားေက်ာ္ၾကားၿပီး အာရွတိုက္သား Dota 2 gamer အမ်ားစုရဲ႕ စိတ္ႏွလုံးကို ဖမ္းစားထားႏိုင္တာကေတာ့ Pindapanda လို႔ လူသိမ်ားၾကတဲ့ Pinda Rika Dorji ပဲျဖစ္ပါတယ္။ Pinda ကို လွပၿပီး talent ရွိတဲ့ gamer နဲ႔ content creator တစ္ဦးအျဖစ္ေရာ Astro eGG ခ်န္နယ္ ရဲ႕ host တစ္ဦးအျဖစ္ပါ လူသိမ်ားၾကပါတယ္။ အသက္ ၂၄ ႏွစ္ရွိၿပီျဖစ္တဲ့ pindaPandaဟာ ဘူတန္ႏိုင္ငံသူတစ္ဦးလည္းျဖစ္ၿပီး လက္ရွိ Fnatic အသင္းနဲ႔ MSI တို႔ရဲ႕ Brand Ambassador အျဖစ္လည္း တာဝန္ယူေဆာင္႐ြက္ေနပါေသးတယ္။

Pinda ဟာ သူမရဲ႕ ဘဝဇာတ္ေၾကာင္းအခ်ိဳ႕နဲ႔ ဂိမ္းေလာကအေတြ႕အႀကဳံမ်ားကို World Of Buzz (WOB) website နဲ႔ အင္တာဗ်ဴးတစ္ခုမွာ အခုလို ေျဖၾကားသြားခဲ့ပါတယ္။

စတင္ခဲ့တဲ့ ဘဝနဲ႔ Dota2 ကစားျခင္း အေတြ႕အႀကဳံမ်ား

ပရိသတ္အမ်ားစုကေတာ့ Pinda ကို Dota 2 နယ္ပယ္မွာမွ စတင္ေတြ႕ျမင္ဖူးၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ တကယ္တမ္း သူမ စတင္ခဲ့တဲ့ ဂိမ္းနယ္ပယ္က Super Mario ပါ။ သူမ ငယ္စဥ္တည္းက အဖြားျဖစ္သူနဲ႔အတူကစားေလ့ရွိတဲ့ဂိမ္းမို႔ အဲဒီဂိမ္းနဲ႔ပဲ ပထမဆုံးစတင္လာခဲ့တာလည္း ျဖစ္ပါတယ္။

ေကာလိပ္ေက်ာင္းမတက္ေရာက္ခင္အထိ Pinda ဟာ Dota 2 ကို မကစားဖူးေသးဘူးလို႔ ဆိုပါတယ္။ ေယာက်ာ္းေလးအမ်ားစုသာ ကစားၾကတဲ့ဂိမ္းျဖစ္လို႔ မိန္းကေလးတစ္ဦးအေနနဲ႔ ဝင္ေရာက္ကစားဖို႔ ခက္ခဲေနခဲ့တာပါ။

“Dota 2 ကို စ ကစားတုန္းက mic ကို လုံးဝမဖြင့္ပဲ ကစားခဲ့ပါတယ္။ ကိုယ့္ကို မိန္းကေလးတစ္ဦးလို႔ သိသြားတာနဲ႔ အာ႐ုံစိုက္မႈအမ်ားအျပားခံရၿပီး အျပစ္တင္ေဝဖန္မႈမ်ား ရွိလာႏိုင္လို႔ ဒီလိုလုပ္ခဲ့တာပါ။ ကစားေဖာ္အမ်ားစုက ေယာက်ာ္းေလးတစ္ဦးလို႔ပဲ ထင္ခဲ့ၾကတယ္။” လို႔ Pinda က ေျပာပါတယ္။

ပထမဆုံး ဂိမ္း စကစားခဲ့တုန္းက မိန္းကေလးျဖစ္တဲ့ Pinda ကို ေကာင္းေကာင္းကစားႏိုင္မွာ မဟုတ္ဘူးလို႔ပဲ လူအမ်ားစုက ထင္ျမင္ေနခဲ့ၾကတာပါ။ မိန္းကေလးတစ္ဦးျဖစ္ေၾကာင္း သိသြားလို႔ ဂိမ္းထဲမွာ အာ႐ုံစိုက္အျပစ္တင္ခံရတာမ်ိဳးေတြ ရွိခဲ့လားလို႔ ေမးျမန္းခဲ့ရာမွာ သူမ က “ဂိမ္းကို အာ႐ုံစိုက္ဖို႔ပဲ အဓိကႀကိဳးပမ္းပါတယ္။ ကိုယ့္ကို အာ႐ုံစိုက္ အျပစ္တင္တာေတြ ျပဳလုပ္လာခဲ့သူရွိရင္ သူတို႔ကို mute လုပ္ပါတယ္။” လို႔ ေျပာပါတယ္။

လက္ရွိအခ်ိန္ ဂိမ္းေလာကဟာ တက္သစ္စမိန္းကေလး gamer တစ္ဦး အေျခခ်ဖို႔ အေျခအေနေကာင္းေတြ ေပးေနၿပီလားလို႔ ေမးျမန္းခဲ့ရာမွာ “အျပည့္အဝေတာ့ မေပးေသးပါဘူး။” လို႔ ေျဖခဲ့ပါတယ္။ ဒါေပမယ့္ သူမ စတင္ခဲ့တဲ့ အရင္အခ်ိန္ေတြနဲ႔ ႏႈိင္းယွဥ္ရင္ အခုအခ်ိန္မွာ အမ်ားႀကီး ပိုအဆင္ေျပေနပါၿပီလို႔လည္း ထပ္ေလာင္းေျပာခဲ့ပါတယ္။

Game ေလာကမွာ ဘယ္လိုစိန္ေခၚမႈမ်ိဳးေတြကို Pindapanda ႀကဳံေတြခဲ့ရလဲ?

“ပရိသတ္ေတြက ကိုယ့္ကိုေခ်ာတယ္ လွတယ္လို႔ ခ်ီးမြန္း႐ုံသက္သက္ကို သေဘာက်ႏွစ္သက္မေနပါဘူး။ လက္ရွိမိန္းကေလး gamer အမ်ားစုဟာ ဒီလိုနည္းလမ္းနဲ႔ပဲ ဆြဲေဆာင္ၿပီး စတင္ေနၾကလို႔ပါ” လို႔ Pinda က ေျပာပါတယ္။ ဂိမ္းထဲမွာ အေကာင္းဆုံးျဖစ္ေအာင္ ကစားသလို content မ်ား video မ်ား ျပဳလုပ္ရာမွာလည္း အရည္အေသြးေကာင္းေအာင္ စနစ္တက်ျပဳလုပ္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။

ဒါေၾကာင့္လည္း လူအမ်ားစုဟာ သူမ ရဲ႕ ႐ုပ္ရည္သြင္ျပင္ထက္ သူမ ျပဳလုပ္လိုက္တဲ့ အလုပ္မ်ားကိုပဲ အာ႐ုံစိုက္လာၾကတယ္လို႔ ဆိုပါတယ္။ အျပစ္တင္ေဝဖန္ခံရရင္ ဘယ္လိုရင္ဆိုင္လဲ လို႔ ေမးျမန္းခဲ့ရာမွာေတာ့ “ေန႔တစ္ေန႔ရဲ႕ အဆုံးမွာ ကိုယ့္ကိုယ္ကို ဘယ္လိုထင္ျမင္မိလဲ ဆိုတာကပဲ အဓိကပါ။” လို႔ ေျဖခဲ့ပါတယ္။

အင္ဂ်င္နီယာတစ္ေယာက္ ဘဝကေန pro ဂိမ္မာဘဝကို ေျပာင္းလဲျဖစ္ခဲ့ပုံ

မေလးရွားႏိုင္ငံကို စတင္ေရာက္ရွိစဥ္က Pinda ဟာ civil engineering ေက်ာင္းသူတစ္ဦးပါ။ သူမရဲ႕ မိသားစုဟာ သူမကို အင္ဂ်င္နီယာတစ္ဦးျဖစ္ေစခ်င္ခဲ့ၾကေပမယ့္ ဂိမ္းေလာကဘက္ကို ေရာက္ရွိလာဖို႔ ကံတရားက ေခၚေဆာင္လာခဲ့ပါတယ္။ သူငယ္ခ်င္းတစ္ေယာက္က သူမ ကို Astro ရဲ႕ TV host လူေ႐ြးပြဲကို ဝင္ေရာက္ဖို႔ အႀကံေပးခဲ့တာပါ။

“လူေ႐ြးပြဲဝင္တဲ့အခ်ိန္မွာ အေျခအေနဆိုးခဲ့ပါတယ္။ ဒါေပမယ့္ အားမေလ်ာ့ပဲ အေကာင္းဆုံးႀကိဳးပမ္းခဲ့ပါတယ္။ ပြဲက မထြက္ခြာမီမွာ တာဝန္ရွိသူမ်ားကို ကြၽန္မရဲ႕ channel ကို တစ္ခ်က္ေလာက္ ၾကည့္ရႈေပးဖို႔ ေျပာခဲ့ပါတယ္။” လို႔ Pinda က ေျပာပါတယ္။ ဒီလိုျပဳလုပ္ခဲ့တဲ့အတြက္လည္း လူေ႐ြးပြဲအၿပီး ရက္အနည္းငယ္အၾကာမွာ esports channel တစ္ခုရဲ႕ host တစ္ဦးအေနနဲ႔ သူမ လိုခ်င္တဲ့အလုပ္ကို ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

ထူးျခားတာက အဲဒီအခ်ိန္မွာ Pinda ရဲ႕ မိသားစုဟာ သူမကို မကန္႔ကြက္ပဲ ေထာက္ခံေပးခဲ့တာပါ။ သူမရဲ႕ အဖိုးက သူမ ဆႏၵရွိၿပီး ေပ်ာ္႐ႊင္မယ့္အလုပ္ကို ေ႐ြးခ်ယ္ဖို႔ အခြင့္အေရးေပးခဲ့လို႔ အံ့အားသင့္ခဲ့ရတယ္လို႔ Pinda က ေျပာပါတယ္။ အဖိုးျဖစ္သူဟာ သူမ ရဲ႕ မိဘေတြကိုေတာင္ ဒီလို အလိုမလိုက္ခဲ့လို႔ အံၾသခဲ့တာျဖစ္တယ္လို႔လည္း ဆိုပါတယ္။ Channel မွာ ပရိသတ္ခ်က္ခ်င္းမရခဲ့ေပမယ့္ အေျခခ်လိုက္တဲ့ အလုပ္ကို အေကာင္းဆုံး ႀကိဳးပမ္းလာခဲ့ပါတယ္။

 

Esports ေလာကမွာရွင္သန္ေနရတာ အမ်ားထင္သလို အၿမဲတမ္း ေပ်ာ္႐ႊင္စရာေတြ ျပည့္ေနတာမဟုတ္ေၾကာင္း

ဆိုရွယ္မီဒီယာေပၚက Content creator တစ္ဦးအျဖစ္ေရာ esports professional တစ္ဦးအျဖစ္ပါ တစ္ၿပိဳင္တည္း လုပ္ေဆာင္ရတာဟာ အခက္အခဲမ်ားရွိေၾကာင္းကိုလည္း Pinda က ေျပာပါတယ္။ အထူးသျဖင့္ esports career အတြက္ ဂိမ္းကစားရတာဟာ အလြန္အခ်ိန္ေပးရလို႔ အလုပ္ႏွစ္ခုၾကား ႐ုန္းကန္ရေၾကာင္း ေျပာခဲ့တာပါ။

“အခ်ိန္ေတြၾကာလာတာနဲ႔အမွ် ဂိမ္းေလာကနဲ႔ ကြၽန္မဟာ ပိုမိုသက္ဆိုင္မႈရွိလာခဲ့သလို အရင္ကထက္လည္း အမ်ားႀကီး ပိုကစားျဖစ္ပါတယ္။ တစ္ေန႔ကို အနည္းဆုံး ၆ နာရီေလာက္ ဂိမ္းကစားျဖစ္ပါတယ္။” လို႔ Pinda က ေျပာပါတယ္။

ငယ္႐ြယ္တဲ့ ဂိမ္မာေတြကို Pindapanda က ဘာေတြ အႀကံေပးခဲ့လဲ

ဒီလို စိတ္ကူးနဲ႔ တစ္ထပ္တည္းက်တဲ့အလုပ္ကို ရရွိတဲ့အတြက္ Pinda ဟာ စိတ္ေပ်ာ္႐ႊင္မႈရွိေၾကာင္း၊ စိတ္ကူးထဲကအလုပ္နဲ႔ ရည္႐ြယ္ခ်က္မ်ားကို လြတ္လပ္စြာ အေကာင္အထည္ေဖာ္ရတာဟာ ဘဝမွာ ႀကီးမားတဲ့ ဆုလဒ္တစ္ခုျဖစ္ေၾကာင္း တို႔ကိုလည္း Pinda က ေျပာပါတယ္။ “ဒီအလုပ္ေတြကို လုပ္ႏိုင္တာဟာ အလုပ္အေပၚမွာ ေပ်ာ္႐ႊင္မႈရွိလို႔ပါ။ လူအမ်ားစုဟာ ဒီလိုလုပ္ဖို႔ အခြင့္အလမ္းေတြကို လက္ရွိအခ်ိန္ထိ မရရွိၾကေသးဘူး။” လို႔လည္း ေျပာခဲ့ပါတယ္။

“ပတ္ဝန္းက်င္က လူေတြဟာ သင့္ဘဝကို ပဲ့ကိုင္သူေတြ မဟုတ္ပါဘူး။ သင္သည္သာ သင့္ဘဝကို ပဲ့ကိုင္သူပါ။ သူတို႔ ဘယ္လိုပဲ ထင္ျမင္ပါေစ။ ကိစၥမရွိပါဘူး။ က်ရႈံးသြားခဲ့ရင္လည္း ျပႆနာ မရွိပါဘူး။” လို႔ Pinda က ေျပာပါတယ္။ Plan B တစ္ခုကို အၿမဲထားရွိသင့္သလို ဆုံးရႈံးမႈေတြျဖစ္လာရင္လည္း ရဲရဲဝံ့ဝံ့ရင္ဆိုင္ႏိုင္ေအာင္ ျပင္ဆင္ထားသင့္ေၾကာင္းလည္း လူငယ္ gamer မ်ားအတြက္ အႀကံေပးခဲ့ပါတယ္။

Pindapanda ဟာ တက္သစ္စ gamer မ်ားအတြက္ အားက်အတုယူစရာ gamer တစ္ဦးျဖစ္သလို အမ်ိဳးသမီးရွားပါးတဲ့ ဂိမ္းေလာကမွာ အခိုင္အမာရပ္တည္ေနသူတစ္ဦးလည္း ျဖစ္တဲ့အတြက္ သူမရဲ႕ အင္တာဗ်ဴးအေျဖအခ်ိဳ႕ကို တင္ဆက္ေပးလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: Worldofbuzz
Photos: Pindapanda