၇ နှစ်အကြာမှာ ပြန်လည်ရောက်ရှိလာတဲ့ Dota 2 ရဲ့ Diretide

 

၂၀၁၃ ခုနှစ်တုန်းက နောက်ဆုံးပြုလုပ်ခဲ့ပြီး ခေတ်ဟောင်း Dota 2 ပရိသတ်များ အလွန်နှစ်သက် သဘောကျခဲ့ကြတဲ့ Diretide event ဟာ ယခုအချိန်မှာ ဂိမ်းတွင်းကို တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ Dota 2 အသိုင်းအဝိုင်းအတွင်းက ပရိသတ်များဟာ ༼ つ ◕_◕ ༽つ Give DIRETIDE ဆိုတဲ့ စာကြောင်းလေးကို ဆိုရှယ်မီဒီယာများပေါ်မှာတင်ပြီး ၇ နှစ်ခန့်တောင်းဆိုခဲ့ကြလို့ ယခုလို ပြန်လည်မြင်တွေ့ လာရတာလည်းဖြစ်ပါတယ်။

Halloween ဟောလိုးဝင်း event တစ်ခုဖြစ်တဲ့ Diretide 2020 မှာ ပါဝင်လာတဲ့ cosmetic item အရေအတွက်ဟာ ထုတ်ပြီးခဲ့သမျှ TI Battle Pass တစ်ခုချင်းစီရဲ့ အရေအတွက်ထက် သာလွန်ပါတယ်။ ယခု Diretide 2020 မှာ ဝင်ရောက်ကစားလို့ရတဲ့ ဂိမ်းတွင်း custom mode တစ်ခုပါဝင်လာရုံသာမက normal နဲ့ ranked match များကနေ drop များ ကျလာနိုင်တဲ့ ထူးခြားချက်လည်းရှိပါတယ်။

Hallowed Chest of the Diretide လို့ အမည်ပေးထားတဲ့ သေတ္တာများကို ယင်း drop များကနေ ရရှိနိုင်ကြမှာဖြစ်ပြီး ယင်းကိုဖွင့်နိုင်ဖို့အတွက် ၂.၅ ဒေါ်လာတန် chest key တစ်ချောင်းစီ လိုအပ်မှာပါ။ သေတ္တာဖွင့်ရာကနေ ရရှိလာနိုင်တဲ့ treat များအတွင်းမှာတော့ immortal item များ, immortal set များ, contributors set များနဲ့ အရောင် ၄ မျိုး ကွဲပြားတဲ့ ultra rare emblem များ ပါဝင်လာမှာဖြစ်ပါတယ်။

ဒါပေမယ့် courier, ward နဲ့ mega-kill announcer များကလွဲရင် ကျန် free drop အများစုကတော့ seasonal item များသာဖြစ်နေတာကို တွေ့ရပါတယ်။ ယင်းတို့ဟာ ဟီးရိုးများ၊ courier များ၊ death နဲ့ kill streak များကို တစ္ဆေသရဲဆန်ဆန် အလှဆင်စေနိုင်မှာဖြစ်ပြီး ကံကောင်းသူများကတော့ drop များကနေ mystery item များ၊ spooky emoticon များနဲ့ spray များ ရရှိကြမှာပါ။

Treat များကို tier ၅ ခု ခွဲခြားထားပြီး ပါဝင်တဲ့ cosmetic item အမျိုးအစား ၆၀ အထိရှိပါတယ်။ Tier အလိုက် treat များကနေ ရရှိနိုင်တဲ့ item များကတော့

Tier 1 treat – contributors item set ၃၂ မျိုး

Tier 2 treat – ambient effect များ ပါဝင်တဲ့ set ၁၆ မျိုး

Tier 3 treat – Shadow Shaman, Undying, Phantom Assassin, Phantom Lancer, Omniknight, Mars, Bane နဲ့ Grimstroke ဟီးရိုးများအတွက် immortal item ၈ မျိုး

Tier 4 treat – Juggernaut, Slark, Snapfire နဲ့ Sniper ဟီးရိုးများအတွက် immortal set ၄ မျိုး

Tier 5 treat – မတူညီတဲ့အရောင်များနဲ့ ultra rare Emblems of the Diretide ၄ မျိုး တို့ပဲဖြစ်ကြပါတယ်။

Diretide 2020 ကနေ ရရှိတဲ့ cosmetic item များကို Steam market ပေါ်မှာ တင်ရောင်းခွင့် ပေးထားပါတယ်။ ဒါပေမယ့် recycle ပြုလုပ်လိုသူများအတွက် item ၁၀ ခုထည့်သွင်းလိုက်ရင် တူညီတဲ့ tier အတွင်းက ကျပန်း item တစ်ခုပြန်လည်ရရှိနိုင်မယ့်စနစ်ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

အောက်တိုဘာ ၂၉ ရက်နေ့ကနေ ဒီဇင်ဘာ ၂၂ ရက်နေ့အထိကြာမြင့်မယ့် ယခု Diretide 2020 ဟာ ခေတ်ဟောင်း Dota 2 ပရိသတ်များအတွက် အတိတ်ဟောင်းကို ပြန်ပြောင်းသတိရဖွယ်ဖြစ်တာမို့ ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

Gaming Noodle’s First Impression

အပေါ်ယံကြည့်ရသလောက်ကတော့ CSGO က key စနစ်ကို Dota မှာ လာသုံးတာပဲ။ Free-to-play event ကနေ လူတိုင်းအတွက် ပုံတွေ ဖောဖောသီသီကျမယ်။ အဲ့ဒီပုံးတစ်ပုံးချင်းစီကို ဖွင့်ဖို့ 2.5$ တန် Key လိုလာပါလိမ့်မယ်။

ပုံးတွေဈေးက ၂ ရက်အတွင်းမှာ 0.3$ လောက်အထိ ကျသွားနိုင်ပါတယ်။ Whale တွေက Key တွေဝယ်ပြီးဖောက်ကြမယ်။ ဖောက်ရသမျှ item drop အားလုံးက 2.5$ ရင်းထားရတာဖြစ်တဲ့အတွက် အထိုက်အလျောက် ဈေးက ကောင်းနေမယ်။ အကောင်းစား drop တွေကတော့ CSGO knife တွေ glove တွေလို ဈေးတွေခေါင်ခိုက်နေမယ်။ Gaben က သူလည်း ပိုက်ဆံရပြီး item တွေက ဈေးကောင်းလည်း မရဘူးလို့ အပြောမခံရအောင် ရိုးရိုးလေး ဖန်တီးသွားတာပါပဲ။

အဲ့တော့ ကျွန်တော် အကြံပေးချင်တာက ဘဒိုတို့ ဒီရက်ပိုင်း Box တွေကျရင် ဈေးကွက်သာ ချက်ချင်းတင်ရောင်းကြဗျာ။ ရက်ပိုင်းအတွင်း Box ပလိန်းကြီးတွေရဲ့ ဈေးတွေက ထိုးကျသွားဖို့ အများကြီး ဖြစ်နိုင်ခြေ ရှိပါတယ်။

source: vpesports