[ZawGyi]


 








=============================================

[Unicode]

 

Dota 2 Battle Pass ပိုင်ရှင်တွေ Underlords ကိုဆော့လို့ရပြီ

 

ပြီးခဲ့တဲ့အပတ်တုန်းက Auto Chess နဲ့ပတ်သက်တဲ့ သတင်းတွေပေါင်းစုံ ထွက်ခဲ့ပြီးနောက်မှာတော့ Valve ဟာ သူတို့ရဲ့ကိုယ်ပိုင် Auto Chess Stanalone ဗားရှင်းအတွက် သတင်းကိုခပ်မြန်မြန်ပဲ ထုတ်ပြန်လာခဲ့ပါတယ်။

ဒီဂိမ်းကို အားလုံးထင်တဲ့အတိုင်း Dota Underlords လို့ပဲ နာမည်ပေးလာပြီး Tactics ဦးစားပေး Auto-battlers ဂိမ်းအမျိုးအစားပဲဖြစ်မှာပါ။ ရှိပြီးသား Dota 2 Auto Chess ကိုပဲ တိုက်ရိုက်မွေးစားလာမယ်လို့ ယူဆရတယ်။ ပိုစတာထဲမှာလည်း Dota 2 Hero တွေကိုပဲ ပြထားပါတယ်။

Open Beta ရဲ့ ပုံစံကတော့ အခြားကစားသူ ၇ ယောက်နဲ့ပဲ ယှဉ်ပြိုင်ရမှာဖြစ်သလို
* Game Mode ကတော့ (၃) မျိုး ရှိပါတယ်။ Player အချင်းချင်းဆော့ရမယ့် Ranked ရယ် Bot တွေနဲ့ ဆော့ရမယ့် Practice ရယ် Tutorial Mode ရယ် ပါပါတယ်။


* Difficulty ကိုလည်း Easy – Hardcore အထိ ၄ ဆင့် ရွေးချယ်နိုင်မှာပါ။
* Item ဝယ်ရတဲ့ အပိုင်းမှာတော့ သိသိသာသာ ကောင်းမွန်သွားပြီး Creep Round ပြီးတာနဲ့ ဝယ်လို့ရမယ့် Item ကို ရွေးချယ်ခွင့်ရရှိမှာပါ။
* Item တွေကိုလည်း Tier 1-5 အထိသတ်မှတ်ပြီး Divine လို Item မျိုး အထိ ပါဝင်ပါတယ်။
* အရင် Auto Chess တွေမှာ မပါတဲ့ Hero အသစ်တွေလည်း ပါဝင်လာပါတယ် (Pudge, Arc Warden)
* အခြားကစားသမားတွေနဲ့ ပါတီဖွဲ့ပြီး ပွဲကစားတာ၊ AI နဲ့ကစားတာ လုပ်လို့ရပါတယ်။
* Dota 2 Battle Pass ဝယ်ယူထားသူတွေဟာ Steam library ထဲက Dota 2 Dashboard ပေါ်မှာ Dota Underlords Install လုပ်ဖို့ လင့်လာပေးမှာ ဖြစ်ပါတယ်။

Open Beta စတင်ချိန်မှာတော့ Dota Underlords ဂိမ်းဟာ Steam ရှိတဲ့သူတိုင်း အခမဲ့ဆော့ကစားနိုင်မှာ ဖြစ်ပြီး Windows, Mac, Linux OS တွေမှာသာမက Android, iOS အတွက်ပါ ပါဝင်မှာပါ။ Ranked Matchmaking နဲ့ မတူညီတဲ့ပလက်ဖောင်းတွေပေါ်မှာ Cross-play ကစားနိုင်စွမ်းပါ ပါဝင်မှာဖြစ်တာကြောင့် ပီစီနဲ့ကစားသူဟာလည်း ဖုန်းနဲ့ကစားသူကို ပါတီဖွဲ့ပြီး ဆော့လို့ရမယ့် သဘောပါပဲ။ Rank ကိုလည်း ဆော့တဲ့ ပလက်ဖောင်းပေါ်အခြေမခံဘဲ အတူတူထားပေးမှာဖြစ်ပါတယ်။

ဆော့ပြီးတဲ့သူတွေရှိရင်လည်း Feedback လေးပေးခဲ့ပါဦး ခင်ဗျာ။