[Unicode]

ယနေ့ Dota Summit 12 ပြိုင်ပွဲရှိသည်

 

Beyond the Summit က ဦးစီတဲ့ Dota Summit 12 ကို ယနေ့စတင်ကျင်းပမှာဖြစ်ပါတယ်။ ကြိုတင်စီစဉ်ထားခြင်းမရှိပဲ ပွဲမစခင် (၁၀) အလိုမှ ရုတ်တရက် ကြေညာခဲ့တဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။ Starladder ImbaTV Minor အပြီး Los Angeles Major မစခင် မတ်လ (၁၀) ရက်မှ (၁၃) ရက်အထိ Los Angeles က Beyond The Summit ရဲ့ Game House မှာ ကျင်းပမှာပါ။

ဘယ်သူတွေပါဝင်ကြမှာလဲ?

အသင်း (၆) သင်းပါဝင်မှာဖြစ်ပြီး အားလုံးကို Direct Invite လုပ်ခဲ့တာပါ။ လာမယ့် LA Major က (၃) သင်းပါဝင်ပါတယ်။

US မှာဆော့မှာဖြစ်လို့ ပထမဆုံး ပါဝင်လာတာကတော့ Evil Geniuses ပါ။ ပြည်တွင်း ပရိသတ် အခိုင်အမာရှိပြီးသားမလို့ ဒါဟာ Dota Summit 12 ကို စောင့်ကြည့်သင့်တဲ့ တစ်ချက်ဖြစ်လာမှာပါ။ ဒီပြိုင်ပွဲရဲ့ ရေပန်းအစားဆုံးအသင်းဆိုလည်း မမှားပါဘူး။

​EG အပြင် နောက်ထပ် LA Major အသင်းတွေအနေနဲ့ SEA က Fnatic နဲ့ တောင်အမေရိကက Thunder Predator တို့ပါဝင်ပါတယ်။ ဒါ့အပြင် ဒီတစ်ခါ Minor ရော Major ရော Qualifier မအောင်ထားတဲ့ Team Liquid ရယ် OG ရဲ့ ဒုတိယအသင်း OG Seed ရယ် ပါဝင်မှာပါ။

Classic iceiceice 😀

နောက်ဆုံးတစ်သင်းကတော့ EE-Sama ရဲ့ အသင်းသစ် Cloud9 ပါ။ နာမည်သာကျန်ပြီး လက်စွမ်းပြောက်နေတဲ့ Cloud9 Dota2 ဟာ မကြာခင်ကမှ SEA က လူတွေကို Bench ပြီး အရင် ၂၀၁၇ လောက် ခေတ်ကောင်းတုန်းက လူဟောင်းတွေဖြစ်တဲ့ Ace, EternaLEnvy နဲ့ pieliedie တို့ကို ပြန်လည်ခေါ်ယူထားပါတယ်။

အနီးကပ်မှ စီစဉ်တဲ့ ဖိတ်ခေါ်ပြိုင်ပွဲဖြစ်ပေမယ့် ဆုကြေးကတော့ ဒေါ်လာ ၁၅၀,၀၀၀ အထိ ပေးမှာဖြစ်လို့ LA Major အတွက် လက်သွေးမယ့်သူတွေရော ကျန်တဲ့အသင်းတွေရောကပါ သေချာဆော့ကြမှာပါ။ ပြိုင်ပွဲတွေက US အချိန်ဖြစ်နေတော့ မြန်မာအချိန်နဲ့ ပြောင်းပြန် ဖြစ်နေတာကြောင့် ညဖက်အိပ်မပျော်တဲ့သူတွေအတွက် အခွင့်ကောင်းပါပဲ။

ပထမဆုံးပွဲစဉ်အဖြစ် ယနေ့ည (၁၀:၃၀) မှာ Fnatic နဲ့ Team Liquid တို့ စတင်ယှဉ်ပြိုင်ကြမှာပါ။ Dota Summit ရဲ့ ထုံးစံအတိုင်း Team House တစ်ခုထဲမှာ စုနေကြပြီး Guest Panelist တွေအများကြီး ပါဝင်ကြမှာပါ။ အသင်းစွဲနဲ့ အားပေးတဲ့ ပရိသတ်တွေပဲဖြစ်ဖြစ် EE-Sama ရဲ့ အမာခံပရိသတ်ပဲ ဖြစ်ဖြစ် Dota2 ကိုချစ်မြတ်နိုးတဲ့သူတွေပဲဖြစ်ဖြစ် အိပ်ရေးပျက်ဖို့ ထိုက်တန်တယ်လို့ ယူဆရမယ့် ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။


[ZawGyi]

ယေန႔ Dota Summit 12 ၿပိဳင္ပြဲရွိသည္

 

Beyond the Summit က ဦးစီတဲ့ Dota Summit 12 ကို ယေန႔စတင္က်င္းပမွာျဖစ္ပါတယ္။ ႀကိဳတင္စီစဥ္ထားျခင္းမရွိပဲ ပြဲမစခင္ (၁၀) အလိုမွ ႐ုတ္တရက္ ေၾကညာခဲ့တဲ့ ၿပိဳင္ပြဲလည္းျဖစ္ပါတယ္။ Starladder ImbaTV Minor အၿပီး Los Angeles Major မစခင္ မတ္လ (၁၀) ရက္မွ (၁၃) ရက္အထိ Los Angeles က Beyond The Summit ရဲ႕ Game House မွာ က်င္းပမွာပါ။

ဘယ္သူေတြပါဝင္ၾကမွာလဲ?

အသင္း (၆) သင္းပါဝင္မွာျဖစ္ၿပီး အားလုံးကို Direct Invite လုပ္ခဲ့တာပါ။ လာမယ့္ LA Major က (၃) သင္းပါဝင္ပါတယ္။

US မွာေဆာ့မွာျဖစ္လို႔ ပထမဆုံး ပါဝင္လာတာကေတာ့ Evil Geniuses ပါ။ ျပည္တြင္း ပရိသတ္ အခိုင္အမာရွိၿပီးသားမလို႔ ဒါဟာ Dota Summit 12 ကို ေစာင့္ၾကည့္သင့္တဲ့ တစ္ခ်က္ျဖစ္လာမွာပါ။ ဒီၿပိဳင္ပြဲရဲ႕ ေရပန္းအစားဆုံးအသင္းဆိုလည္း မမွားပါဘူး။

​EG အျပင္ ေနာက္ထပ္ LA Major အသင္းေတြအေနနဲ႔ SEA က Fnatic နဲ႔ ေတာင္အေမရိကက Thunder Predator တို႔ပါဝင္ပါတယ္။ ဒါ့အျပင္ ဒီတစ္ခါ Minor ေရာ Major ေရာ Qualifier မေအာင္ထားတဲ့ Team Liquid ရယ္ OG ရဲ႕ ဒုတိယအသင္း OG Seed ရယ္ ပါဝင္မွာပါ။

Classic iceiceice 😀

ေနာက္ဆုံးတစ္သင္းကေတာ့ EE-Sama ရဲ႕ အသင္းသစ္ Cloud9 ပါ။ နာမည္သာက်န္ၿပီး လက္စြမ္းေျပာက္ေနတဲ့ Cloud9 Dota2 ဟာ မၾကာခင္ကမွ SEA က လူေတြကို Bench ၿပီး အရင္ ၂၀၁၇ ေလာက္ ေခတ္ေကာင္းတုန္းက လူေဟာင္းေတြျဖစ္တဲ့ Ace, EternaLEnvy နဲ႔ pieliedie တို႔ကို ျပန္လည္ေခၚယူထားပါတယ္။

အနီးကပ္မွ စီစဥ္တဲ့ ဖိတ္ေခၚၿပိဳင္ပြဲျဖစ္ေပမယ့္ ဆုေၾကးကေတာ့ ေဒၚလာ ၁၅၀,၀၀၀ အထိ ေပးမွာျဖစ္လို႔ LA Major အတြက္ လက္ေသြးမယ့္သူေတြေရာ က်န္တဲ့အသင္းေတြေရာကပါ ေသခ်ာေဆာ့ၾကမွာပါ။ ၿပိဳင္ပြဲေတြက US အခ်ိန္ျဖစ္ေနေတာ့ ျမန္မာအခ်ိန္နဲ႔ ေျပာင္းျပန္ ျဖစ္ေနတာေၾကာင့္ ညဖက္အိပ္မေပ်ာ္တဲ့သူေတြအတြက္ အခြင့္ေကာင္းပါပဲ။

ပထမဆုံးပြဲစဥ္အျဖစ္ ယေန႔ည (၁၀:၃၀) မွာ Fnatic နဲ႔ Team Liquid တို႔ စတင္ယွဥ္ၿပိဳင္ၾကမွာပါ။ Dota Summit ရဲ႕ ထုံးစံအတိုင္း Team House တစ္ခုထဲမွာ စုေနၾကၿပီး Guest Panelist ေတြအမ်ားႀကီး ပါဝင္ၾကမွာပါ။ အသင္းစြဲနဲ႔ အားေပးတဲ့ ပရိသတ္ေတြပဲျဖစ္ျဖစ္ EE-Sama ရဲ႕ အမာခံပရိသတ္ပဲ ျဖစ္ျဖစ္ Dota2 ကိုခ်စ္ျမတ္ႏိုးတဲ့ သူေတြပဲျဖစ္ျဖစ္ အိပ္ေရးပ်က္ဖို႔ ထိုက္တန္တယ္လို႔ ယူဆရမယ့္ ပြဲတစ္ပြဲပဲ ျဖစ္ပါတယ္။