[Zawgyi]
1. Avoid Players
၁။ Slardar – 75000 shards
by KoBoo yahooyeeha
[Unicode]
Season 4 အတွက် Dota Plus Update ထွက်ပေါ်လာခဲ့ပါပြီ။
Dota Plus ဟာ ယခင်က Role Queue လို့ ရခဲ့တဲ့အတွက် လူအများစိတ်ဝင်စားခဲ့ပြီး အခုအခါမှာ Player တိုင်း Role Queue လို့ ရသွားတဲ့အတွက် Dota Plus Update မှာ ဘယ်လိုမျိူး လူကြိုက်များတဲ့ ဆွဲဆောင်မှုအသစ်ကို အသုံးပြုမလဲဆိုတာ လူတိုင်းစိတ်ဝင်စားခဲ့ပါတယ်။ မနက်က ထွက်လာတဲ့ Dota Plus update မှာတော့ အောက်ပါ Features များ ပါဝင်လာခဲ့ပါတယ်။
1. Avoid Players
TI9 Battle Pass နဲ့အတူ ပါဝင်ခဲ့တဲ့ Avoid Player Feature ဟာ လူကြိုက်များခဲ့တဲ့ Features တစ်ခုဖြစ်ခဲ့ပါတယ်။ မိမိအသင်းမှာ Thrower တွေပါလာခဲ့ရင်၊ တစ်ဖက်အသင်းမှာ Smurf/ Booster တွေ ပါလာခဲ့ရင် အဆိုပါ လူမျိူးတွေနဲ့ နောက်တစ်ခါမတွေ့ရလေအောင် ရှောင်ရှားလို့ရမယ့် Ban List တစ်ခုကို Avoid Player Feature အဖြစ် Battle Pass နဲ့အတူ ထည့်သွင်းခဲ့ဖူးပါတယ်။ လူကြိုက်များခဲ့တဲ့ အဆိုပါ Feature ဟာ TI9 Battle Pass အပြီးမှာ ပျောက်ကွယ်သွားခဲ့ပြီး Player များက အဆိုပါစနစ်ကို ပြန်ထည့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ Valve ဟာ လူကြိုက်များတဲ့ အကြောင်းအရာကို Dota Plus နဲ့ အတူ ပြန်လည်ထည့်သွင်းပေးခဲ့ပါတယ်။
2. Creep Pull Timer/ Ward Place Suggestion/ Incoming Damage
ပြီးခဲ့တဲ့ရက်ပိုင်းအတွက်က ပျောက်ကွယ်သွားခဲ့တဲ့ Creep Pull Timer Indicator ဟာ Dota Plus ဝယ်ယူသူများအတွက် ပြန်လည်ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။ ဘယ်နှစ်စက္ကန့်အတိမှာ Neutral Creep ကို Attack ပြီး ဘယ် Direction ကို ဆွဲခေါ်သွားရင် Creep Stack လို့ရမလဲဆိုတာကို အတိအကျဖော်ပြပေးတဲ့ Features ဖြစ်ပြီး Ward Place Suggestion နဲ့ မိမိ ဘယ်လို သေသွားသလဲဆိုတာကို ဂဏန်းအတိအကျ သိနိုင်မယ့် Incoming Damage Number ကတော့ အားလုံးသိပြီးသား Features များအဖြစ် အတူတကွ ပါဝင်လာခဲ့ပါတယ်။
3. Friends and Foes Feature
TI9 Battle Pass တုန်းက ပါဝင်ခဲ့တဲ့ Feature တစ်ခုဖြစ်ပါတယ်။ Picking Phase မှာ နှစ်ဖက်အသင်းရဲ့ ယူထားတဲ့ Hero တွေကို လိုက်ပြီး Win Rate တွေကို တွက်ချက်ပေးမှာ ဖြစ်ပါတယ်။ ခြုံငုံပြီး တွက်ချက်ပေးထားတာဖြစ်ပေမယ့် တွဲယူလို့ကောင်းတဲ့ Hero တွေ၊ Counter Pick ပြီးသားဖြစ်တဲ့ Hero တွေပေါ်ကို လိုက်ပြီး Win Rate အနည်းအများကို တွက်ချက်ပေးတာဖြစ်လို့ စက္ကန့်အနည်းငယ်ပဲ ရတဲ့ Picking Phase အတွက် အထိုက်အလျောက် အထောက်အကူဖြစ်စေတဲ့ Feature လည်းဖြစ်ပါတယ်။
4. TI9 Battle Pass Chat Wheel and Emoticons Feature.
Human Voice All Chat Wheel များတော့ မပါဝင်ပေမယ့် TI9 တုန်းက လူကြိုက်များခဲ့တဲ့ Mosquito Buzz, Kookaburra Laugh တို့လို Chat Wheel များကို ဝယ်ယူနိုင်မှာဖြစ်ပြီး မိမိရဲ့ Chat Wheel နဲ့အတူ Emoticon များပါ ပေါင်းထည့်နိုင်မယ့် Feature ကိုလည်း Dota Plus နဲ့အတူ ပြန်လည် ရရှိမှာဖြစ်ပါတယ်။
5. Bonus Shards for Hard Support Players.
ဒါကတော့ စိတ်ဝင်စားဖို့အကောင်းဆုံးအချက်ပါ။ Dota Plus ဝယ်ယူထားပြီး Hard Support အနေနဲ့လည်း ဆော့မယ့် ကစားသမားဆိုရင်တော့ Bonus Dota Plus Shard များကို ရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် Dota Shard များကို ရယူရာမှာ ပိုများတဲ့ ပမာဏများနဲ့ ရရှိစေနိုင်မယ့် New Quest များကိုလည်း ထည့်သွင်းပေးထားကြောင်း ဖော်ပြထားပါသေးတယ်။
6. Slardar/ Crystal Maiden and Lion Plus Rewards
Ambient Effect တွေ အလွန်အကျွံထည့်သွင်းပေးလေ့ရှိတဲ့ Dota Plus Set တွေအတိုင်း ဒီ Season 4 အတွက် Dota Shards နဲ့ ဝယ်ယူရမယ့် ပုံမှာ မြင်ရတဲ့အတိုင်း Set အသစ် (၃) ခုကိုလည်း ထည့်သွင်းပေးထားပါတယ်။
၁။ Slardar – 75000 shards
၂။ Crystal Maiden – 75000 shards
၃။ Lion – 90000 shards ဆိုပြီး အသီးသီး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
TI9 တုန်းက ရောင်းချပေးခဲ့တဲ့ Trove Carafe Treasure ကိုလည်း Dota 2 Store ကနေ တိုက်ရိုက်ဝယ်ယူနိုင်ခွင့်ဟာလည်း ၂ ပတ်သာ ကျန်တော့သည့်အကြောင်းကို ဖော်ပြထားပါသေးတယ်။
မည်သို့ပင်ဆိုစေကာမူ Dota Plus ဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ Ranked Season 4 မှာ Rank အမြောက်အများ ထွက်ပါစေကြောင်းဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
by KoBoo yahooyeeha