The Internaitional 2019 (TI9) ပြိုင်ပွဲကြီးနီးကပ်လာသလို 2018-2019 Dota Pro Circuit ပြီးဆုံးဖို့အတွက်လည်း StarLadder Ukarine Minor နှင့် EPICENTER Major နှစ်ခုသာ ကျန်ရှိပါတော့တယ်။ လက်တလော ပြီးစီးခဲ့တဲ့ MDL Disneyland Major မှာ အသုံးပြုခဲ့တဲ့ Version ကတော့ v7.21d ဖြစ်ပြီး ၄င်း Version ဟာ မတ်ခ်ျလ ၂၄ ရက်နေ့ကတည်းက ထွက်ရှိခဲ့တဲ့ Version တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ယနေ့အထိ တွက်ကြည့်ရင် ဒီ Version ရဲ့ သက်တမ်းဟာ ၅၄ ရက် တိတိ ရှိပြီဖြစ်ပါတယ်။

MDL Major ဟာ မေလ ၁၂ ရက်နေ့မှာ ပြီးစီးခဲ့ပေမယ့် နောက်လာမယ့် EPICENTER Major Qualifier ပွဲစဉ်များဟာ ၁၆ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် v7.21d ကို ချက်ချင်း upgrade လုပ်ဖို့ အဆင်မပြေတဲ့အတွက် ဆက်လက်အသုံးပြုနေရတာဖြစ်ပြီး Dota 2 ဟာလည်း Version အသစ်တစ်ခု ပြောင်းဖို့ လိုအပ်နေတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါကြောင့် EPICENTER MAJOR Qualifier ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ South East Asia Qualifer ဟာ လာမယ့် ၁၉ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။ မြန်မာစံတော်ချိန်နဲ့ဆိုရင် လာမယ့် ၂ဝ ရက် (တနင်္လာနေ့) မနက် (၂) နာရီ ဝန်းကျင်လောက်ဖြစ်ပါတယ်။ အဆိုပါ အချိန်မှာ v7.21e သို့မဟုတ် v7.22 အနေနဲ့ထွက်လာမယ့် Version ဟာ TI အတွက် အသုံးပြုမယ့် Patch တစ်ခုအနေဖြင့် ထွက်မလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ နှစ်တွေက The International ပြိုင်ပွဲများမှာ အသုံးပြုခဲ့တဲ့ Version များကို ပြန်လည်စုစည်းရာ၌ အောက်ပါ ရက်စွဲများကို တွေ့ရမှာဖြစ်ပါတယ်။

================

The International 2014 (TI4)

Version – v6.81b

Date – 2nd-June-2014

================

The International 2015 (TI5)

Version – v6.84c

Date – 18th-May-2015

================

The International 2016 (TI6)

Version – v6.88b

Date – 12th-July-2016

(v6.88b မတိုင်ခင် အကြီးဆုံး Patch ဖြစ်သည့် v6.88 ကို ဇွန်လ (၁၂)ရက်တွင် ထုတ်ပေးခဲ့တာဖြစ်ပါတယ်)

================

The International 2017 (TI7)

Version – v7.06e

Date – 2nd-July-2017

(v7.06e မတိုင်ခင် အကြီးဆုံး Patch ဖြစ်သည့် v7.06 ကို မေလ (၁၅)ရက်တွင် ထုတ်ပေးခဲ့တာဖြစ်ပါတယ်)

================

The International 2018 (TI8)

Version – v7.19

Date – 29th-July-2018

(7.19 မတိုင်ခင် အကြီးဆုံး Patch ဖြစ်တဲ့ v7.16 ကို မေလ (၂၇) ရက်နေ့မှာ ထုတ်ပေးခဲ့တာဖြစ်ပါတယ်)

================

အထက်ပါ အချက်အလက်များကို ကြည့်သည့်အခါ TI6, TI7, TI8 (၃) ခုစလုံးဟာ ဇူလိုင်လမှာ ထွက်ရှိတဲ့ Version များကိုသာ အသုံးပြုတာဖြစ်ပြီး TI6, TI7 တွင် သုံးခဲ့သော Version များဟာလည်း June နှင့် May လ တွင် ထွက်ရှိခဲ့သော Version များကို Balance လုပ်ပေးသည့် Version များကို အသုံးပြုပြီး ကစားစေခဲ့သည်ကို တွေ့ရပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ မေလ အလယ်ကို ကျော်လာပြီဖြစ်လို့ အခုရရှိမယ့် Patch ဟာ TI patch ဖြစ်ဖို့ သေချာသလောက်ရှိနေပါပြီ။ Epicenter Major Qualifier အပြီး၊ တနင်္လာနေ့ မနက်တွင် ထွက်မည့် Version ဟာ v7.21e ထက် v7.22 ဖြစ်ဖို့ အလားအလာ များပါတယ်။ ဒီကြားထဲ Starladder Minor ဝန်းကျင်တွင် Balanced patch များ ထွက်နေမှာဖြစ်ပြီး June 22-30 တွင် ကျင်းပမည့် EPICENTER အပြီးမှာ ပြင်ဆင်ပေးမယ့် v7.22 ရဲ့ နောက်ဆက်တွဲ Balanced Patch တစ်ခုဟာ TI9 တွင် အသုံးပြုမယ့် Version ဖြစ်လာနိုင်ချေအရှိဆုံးဖြစ်ပါတယ်။

#Dota2 #GamingNoodle #KoBoo