[Unicode]

“တရုတ် Dota 2 pro ကစားသမား Sylar လတ်တလော ဘာတွေလုပ်နေလဲ”

 

နာမည်ကျော်တရုတ် Dota 2 ကစားသမားတစ်ဦးဖြစ်တဲ့ Sylar ဟာ LGD Gaming, Vici Gaming, EHOME, VGJ.Thunder စတဲ့ အသင်းကြီးအမြောက်အများမှာ ပြောင်းလဲကစားခဲ့ဖူးသူပါ။ ကြီးမားတဲ့အောင်မြင်မှုများအနေနဲ့ Vici Gaming နဲ့အတူ The International 2014 မှာ ဒုတိယနေရာရခဲ့သလို The International 2012 နဲ့ 2015 တို့မှာလည်း တတိယနေရာ ရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ မေဂျာပွဲများနဲ့ ပြိုင်ပွဲပေါင်းများစွာမှာလည်း အနိုင်ရပြီး ဆုအမြောက်အများ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ သူဟာ Team Aster နဲ့ Team Sirius ကြားမှာ အကူးအပြောင်းများပြုလုပ်နေခဲ့ပြီး TI9 ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။ Position 5 အဖြစ် ခေတ္တပြောင်းလဲကစားပြီး Team Sirius ကို ဦးဆောင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာပါ။ Sylar ကို Max+ က အင်တာဗျူးပြုလုပ်ခဲ့ပြီး မေးခွန်းများ မေးမြန်းခဲ့ပါတယ်။

Q: မင်္ဂလာပါ Sylar ရေ။ အင်တာဗျူး လာဖြေပေးလို့ ကျေးဇူးပါ။ ပရိသတ်တွေအနေနဲ့ TI9 ပြီးထဲက Sylar ရဲ့ သတင်းကို မကြားကြရသေးလို့ အတော်များများက သိချင်နေကြပါတယ်။ ရှေ့ကို ဘာအစီအစဉ်တွေ ရှိလဲဆိုတာလေး ပြောပြပေးပါဦး။

Sylar: ဟုတ်ကဲ့ပါ။ TI9 အပြီးမှာ ကျွန်တော် ခဏအနားယူပြီး ကိုယ့်ကိုယ်ကို ပြင်ဆင်နေတာပါ။ Pro အဖြစ်ကစားလာတာ ကြာခဲ့ပြီမို့ competitive ကစားသမားပုံစံကို ထိန်းသိမ်းထားဖို့ အရေးပါသလို စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကလည်း အရေးကြီးကြောင်း သတိထားမိလာလို့ပါ။ ဒါကြောင့်လည်း နှစ်ခုလုံး ပိုကောင်းလာအောင် အာရုံစိုက် ပြင်ဆင်နေပါတယ်။

Q: TI9 အပြီး အသင်းအရွှေ့အပြောင်းတွေ လုပ်ကြတော့ ဘယ်အသင်းကိုမှ မဝင်ခဲ့ဘူးနော်။ ခဏအနားယူပြီး ပြန်ပြိုင်မှာလား ဒါမှမဟုတ် ပြိုင်ပွဲ မဝင်တော့ပဲ streamer အဖြစ်ပဲ ရပ်တည်တော့မယ်လို့ စဉ်းစားထားလား။

Sylar: ကျွန်တော်နဲ့ ကိုက်ညီတဲ့အသင်းရှိရင်တော့ သေချာပေါက် ပြန်ပြိုင်မှာပါ။ Competitive လည်း ကစားချင်ပါတယ်။ လောလောဆယ်တော့ အရင် competitive ကစားသမားလက်အတိုင်းပြန်ဖြစ်အောင် pub ပွဲတွေ ကစားနေပါတယ်။ အရင်နှစ်တွေတုန်းက တခြားနိုင်ငံက pub star တွေ pro ဖြစ်လာတာ အတော်များများလည်း သတိထားမိကြမှာပါ။ ဒါကြောင့်လည်း pub ပွဲကစားတာဟာ competitive ကစားသမားလက်ကို ပြန်ထိန်းထားနိုင်မယ်လို့ ကျွန်တော်ယုံပါတယ်။

Q: အသင်းအပြောင်းအရွှေ့ကာလတုန်းက အဆက်အသွယ်လုပ်ခဲ့တဲ့အသင်းတွေရော ရှိခဲ့လား။

Sylar: ၂ သင်း ၃ သင်းလောက် ရှိခဲ့ပါတယ်။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ အဓိက က ကျွန်တော် အဆင်သင့်မဖြစ်သေးတာကြောင့်လို့ ကျွန်တော်ထင်တယ်။ နောက်လထဲမှာ pub ဂိမ်းများများ ကစားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာရင် အသင်းတစ်သင်းကို ကိုယ်တိုင်သွားဆက်သွယ်မှာပါ။ နောက်တစ်ခုက အသင်းတွေနဲ့ စာချုပ်ကိစ္စ အဆင်မပြေသေးလို့ပါ။ အသင်းတစ်သင်းထဲဝင်ဖို့ကိစ္စတွေက ထင်ထားတာထက်ရှုပ်ထွေးပါတယ်။

Q: MDL Chengdu Major ကို ဝင်ပြိုင်ဖို့ရော အစီအစဉ်ရှိလား။ BurNIng နဲ့ အတူတူ stream တွေ cast တွေ ပြန်လုပ်ဖို့ရော စဉ်းစားထားလား။

Sylar: ကျွန်တော် သဘောကျမယ့်ပွဲတွေ ရှိလာရင်တော့ ဝင်ကြည့်ဖြစ်မှာပါ။ ကျွန်တော်က professional caster လည်း မဟုတ်တော့ ဂိမ်းထဲက ကောင်းနိုးရာရာမြင်တာလေးတွေ ရွေးပြောတာပဲ များပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ ပြိုင်ပွဲပြန်ဝင်ဖို့အတွက် competitive ကစားသမားလက်တက်လာဖို့ပဲ လောလောဆယ် အာရုံစိုက်ထားပါတယ်။ ဒါကြောင့်လည်း pub ပွဲတွေ ကစားဖို့ကလွဲရင် တခြား ဘာလုပ်မယ်ဆိုတာ သိပ်မစဉ်းစားမိသေးပါဘူး။

Syler at Vici Gaming

Q: နောက်ထပ် မေးချင်တာတစ်ခုက ပြိုင်ပွဲတွေမှာ Sylar ရဲ့ signature hero တစ်ကောင်ဖြစ်ပြီး ပွဲတွေမှာ ကစားလေ့ရှိတဲ့ Lycan အကြောင်းပါ။ Lycan ရဲ့ Aghanim’s Scepter နဲ့ ပတ်သတ်ပြီးတော့ရော ဘယ်လိုထင်လဲ။

Sylar: ကျွန်တော် Lycan ကိုင်တဲ့ပွဲ အတော်များများမှာ Scepter ဆက်ဖူးပါတယ်။ Scepter ဆက်လိုက်ရင် Lycan farm တာ ပိုမြန်လာတယ်လို့တော့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် late game ရောက်ရင် ပြိုင်ဘက်အသင်းရဲ့ အမာကောင် offlane hero တွေကို မနိုင်တာများတယ်။ အဲလို hero တွေ ဟိုဘက်က မပါရင်တော့ Scepter ဆက်ပြီး mid-late game ကစားလို့ ကောင်းပါတယ်။

Scepter ဆက်လိုက်ရင် early-mid game မှာ pushing လုပ်ဖို့ရော fighting လုပ်ဖို့ပါ အားနည်းသွားလို့ အသင်းဖော်တွေက သဘောမကျကြတာများတယ်။ Lycan ကိုင်ရင် အနောက်မှာနေတဲ့ အပျော့ကောင်တွေကို လိုက်သတ်ပြီး push လုပ်ဖို့က အတော်လေးအရေးကြီးပါတယ်။ ဒါကြောင့်လည်း ကစားသမားအတော်များများက ပြိုင်ပွဲတွေမှာ Necronomicon ကိုပဲ ပိုဦးစားပေး ဆက်နေကြတာပါ။

Q: ဟုတ်ကဲ့ပါ။ အသစ်ထွက်လာမယ့် Outlanders update နဲ့ ပတ်သတ်ပြီးတော့ရော ဘာတွေ မျှော်လင့်ထားသေးလဲ။

Sylar: Patch အသစ်ထွက်လာရင် အကြောင်းအရာအသစ်တွေ ပါလာပြီး ပိုပျော်ဖို့ကောင်းလာလိမ့်မယ်လို့တော့ ကျွန်တော်ထင်တယ်။ အခုလက်ရှိ patch ကို ကျွန်တော်တို့ကစားနေခဲ့တာကလည်း အတော်ကြာခဲ့ပြီလေ။ Gameplay နဲ့ mechanic အပြောင်းအလဲတွေလာရင် ပိုစိတ်ဝင်စားစရာကောင်းလာလိမ့်မယ်လို့တော့ ကျွန်တော်မျှော်လင့်မိပါတယ်။

Q: အရင်နှစ် Team Aster မှာ ကစားခဲ့တုန်းက ပရိသတ်တွေက အတော်လေးမျှော်လင့်ခဲ့ကြပေမယ့် အဆင်မပြေခဲ့တာနဲ့ ပတ်သတ်ပြီးတော့ရော ဘာကြောင့်လို့ထင်လဲ။ အသင်းရဲ့ အဓိကလိုအပ်ချက်ကရော ဘာဖြစ်လိမ့်မယ်လို့ ယူဆလဲ။

Sylar: Playstyle လိမ္မာပါးနပ်မှု မရှိခဲ့ကြဘူးလို့ ကျွန်တော်ထင်တယ်။ ညှိနှိုင်းပြီးတော့ role တွေ ပြောင်းခဲ့ကြတယ်။ ဒါပေမယ့် တစ်ယောက်ချင်းစီက ကိုယ်ရတဲ့ role မှာ အဆင်မပြေကြဘူး။ ပူးပေါင်းနိုင်အောင်လည်း ကြိုးစားတယ်။ ဒါပေမယ့် ပိုကောင်းအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အများကြီးရှုံးပြီး အခြေအနေတွေပိုဆိုးသွားခဲ့တာပါ။

Q: Team Aster ပရောဂျက်နဲ့ ပတ်သတ်ပြီးတော့ နောင်တရတာမျိုးရော ရှိလား။

Sylar: အသင်းကနေ ကျွန်တော်ကိုယ်တိုင်ပဲ ထွက်ခွာဖို့ စပြောခဲ့တာပါ။ Dota 2 pro လောက မှာ ကျွန်တော်ကစားလာတာ ၈ နှစ် ၉ နှစ်လောက်တော့ ရှိပြီ။ ထွက်မယ့်အကြောင်း ကျွန်တော်က စပြောတာကတော့ ဒါပထမဆုံးပါ။ Team Aster အနေနဲ့ ရှေ့ဆက်ပြီး ဘယ်လိုမှ အဆင်ပြေဖို့မမြင်ဘူး။ ဒီအတိုင်းပဲ ဆက်ကစားနေကြမယ်ဆိုရင် ကျွန်တော်ရော အသင်းသားတွေပါ အခြေအနေမကောင်း ပိုဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ယူဆခဲ့ပါတယ်။

Q: Team Sirius မှာ support နေရာ ပြောင်းကစားခဲ့ပြီးမှ carry ပြန်ပြောင်းကစားခဲ့တယ်နော်။ ဘာလို့ role ပြောင်းပြီး ကစားခဲ့တာလဲ ဆိုတာလေး ပြောပြပေးပါဦး။

Sylar: ကျွန်တော် အဲဒီတုန်းက support နေရာက ကစားချင်ခဲ့ပါတယ်။ အသင်းမှာ ဦးဆောင်ပြီး ဆုံးဖြတ်ချနိုင်မယ့်သူ မရှိသလောက် နည်းနေလို့ပါ။ ဒါကြောင့် support နေရာက ကြိုးစားကစားကြည့်ပြီး ဦးဆောင်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းကျ ကျွန်တော်ကိုယ်တိုင်က support ကစားတာ အရမ်းမကောင်းသလို Team Sirius ကလည်း အသင်းသစ် ဖြစ်နေတာမို့ စိတ်ပူစရာတွေများလာတယ်။ ဒါကြောင့် ကျွန်တော် အတွေ့အကြုံများတဲ့ carry နေရာကနေပဲ ပြန်ပြောင်းကစားခဲ့တာပါ။

Q: ပြိုင်ပွဲကစားလာခဲ့တဲ့ သက်တမ်းတစ်လျှောက် သတိရလွမ်းဆွတ်မိဆုံး အချိန်တွေရော ရှိလား။ ဘာကြောင့်လဲ။

Sylar: ရလဒ်ကောင်းတွေ အများဆုံးရခဲ့တာကတော့ ၂၀၁၂ ခုနှစ်လို့ထင်တယ်။ Dota 2 မှာ pro အဖြစ် ကျွန်တော် ဝင်ရောက်ကစားခဲ့တဲ့ ဒုတိယမြောက်နှစ်ပါ။ အတော်စိတ်ကျေနပ်စရာကောင်းခဲ့ပါတယ်။ အပျော်ဆုံးကတော့ TI5 မှာပါ။ အဲဒီ ၂ နှစ်ကို ကျွန်တော် သတိအရဆုံးပါပဲ။

Q: Sylar ရဲ့ ပရိသတ်တွေကိုရော ဘာများ ပြောချင်သေးလဲ။

Sylar: အားလုံးကို ကျေးဇူးတင်ပါတယ်လို့။ ပြီးခဲ့တဲ့နှစ်တွေတုန်းက အခြေအနေမကောင်းခဲ့ပေမယ့် ကျွန်တော် အားမလျော့ပါဘူး။ ပြဿနာတွေမျိုးစုံရှိခဲ့ပေမယ့် အနာဂတ်မှာ ပိုကောင်းလာအောင် ပြင်ဆင်မှုတွေလည်း ထိထိရောက်ရောက်လုပ်နေပါပြီ။ အားပေးလာခဲ့တဲ့ ပရိသတ်ကို အထူးပဲ ကျေးဇူးတင်ပါတယ်လို့ ထပ်ပြောပါရစေ။

Source: VPesports


[ZawGyi]

“တရုတ္ Dota 2 pro ကစားသမား Sylar လတ္တေလာ ဘာေတြလုပ္ေနလဲ”

 

နာမည္ေက်ာ္တရုတ္ Dota 2 ကစားသမားတစ္ဦးျဖစ္တဲ့ Sylar ဟာ LGD Gaming, Vici Gaming, EHOME, VGJ.Thunder စတဲ့ အသင္းၾကီးအေျမာက္အမ်ားမွာ ေျပာင္းလဲကစားခဲ့ဖူးသူပါ။ ၾကီးမားတဲ့ေအာင္ျမင္မႈမ်ားအေနနဲ႔ Vici Gaming နဲ႕အတူ The International 2014 မွာ ဒုတိယေနရာရခဲ့သလို The International 2012 နဲ႔ 2015 တို႔မွာလည္း တတိယေနရာ ရယူထားႏိုင္ခဲ့သူ ျဖစ္ပါတယ္။ ေမဂ်ာပြဲမ်ားနဲ႔ ျပိဳင္ပြဲေပါင္းမ်ားစြာမွာလည္း အႏိုင္ရျပီး ဆုအေျမာက္အမ်ား ရရွိခဲ့ပါတယ္။

ျပီးခဲ့တဲ့ႏွစ္ကေတာ့ သူဟာ Team Aster နဲ႔ Team Sirius ၾကားမွာ အကူးအေျပာင္းမ်ားျပဳလုပ္ေနခဲ့ျပီး TI9 ကိုလည္း ဝင္ေရာက္ယွဥ္ျပိဳင္ခြင့္မရခဲ့ပါဘူး။ Position 5 အျဖစ္ ေခတၱေျပာင္းလဲကစားျပီး Team Sirius ကို ဦးေဆာင္ဖုိ႔ ၾကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တာပါ။ Sylar ကို Max+ က အင္တာဗ်ဴးျပဳလုပ္ခဲ့ျပီး ေမးခြန္းမ်ား ေမးျမန္းခဲ့ပါတယ္။

Q: မဂၤလာပါ Sylar ေရ။ အင္တာဗ်ဴး လာေျဖေပးလို႔ ေက်းဇူးပါ။ ပရိသတ္ေတြအေနနဲ႔ TI9 ျပီးထဲက Sylar ရဲ႕ သတင္းကို မၾကားၾကရေသးလို႔ အေတာ္မ်ားမ်ားက သိခ်င္ေနၾကပါတယ္။ ေရွ႕ကို ဘာအစီအစဥ္ေတြ ရွိလဲဆိုတာေလး ေျပာျပေပးပါဦး။

Sylar: ဟုတ္ကဲ့ပါ။ TI9 အျပီးမွာ ကြ်န္ေတာ္ ခဏအနားယူျပီး ကိုယ့္ကိုယ္ကို ျပင္ဆင္ေနတာပါ။ Pro အျဖစ္ကစားလာတာ ၾကာခဲ့ျပီမို့ competitive ကစားသမားပုံစံကို ထိန္းသိမ္းထားဖုိ့ အေရးပါသလုိ စိတ္ဓာတ္ပိုင္းဆိုင္ရာေတြကလည္း အေရးၾကီးေၾကာင္း သတိထားမိလာလုိ့ပါ။ ဒါေၾကာင့္လည္း ႏွစ္ခုလုံး ပိုေကာင္းလာေအာင္ အာရုံစိုက္ ျပင္ဆင္ေနပါတယ္။

Q: TI9 အျပီး အသင္းအေရႊ႕အေျပာင္းေတြ လုပ္ၾကေတာ့ ဘယ္အသင္းကိုမွ မဝင္ခဲ့ဘူးေနာ္။ ခဏအနားယူျပီး ျပန္ျပိဳင္မွာလား ဒါမွမဟုတ္ ျပိဳင္ပြဲ မဝင္ေတာ့ပဲ streamer အျဖစ္ပဲ ရပ္တည္ေတာ့မယ္လုိ့ စဥ္းစားထားလား။

Sylar: ကြ်န္ေတာ္နဲ႔ ကိုက္ညီတဲ့အသင္းရွိရင္ေတာ့ ေသခ်ာေပါက္ ျပန္ျပိဳင္မွာပါ။ Competitive လည္း ကစားခ်င္ပါတယ္။ ေလာေလာဆယ္ေတာ့ အရင္ competitive ကစားသမားလက္အတိုင္းျပန္ျဖစ္ေအာင္ pub ပြဲေတြ ကစားေနပါတယ္။ အရင္ႏွစ္ေတြတုန္းက တျခားႏိုင္ငံက pub star ေတြ pro ျဖစ္လာတာ အေတာ္မ်ားမ်ားလည္း သတိထားမိၾကမွာပါ။ ဒါေၾကာင့္လည္း pub ပြဲကစားတာဟာ competitive ကစားသမားလက္ကို ျပန္ထိန္းထားႏိုင္မယ္လုိ့ ကြ်န္ေတာ္ယုံပါတယ္။

Q: အသင္းအေျပာင္းအေရႊ႕ကာလတုန္းက အဆက္အသြယ္လုပ္ခဲ့တဲ့အသင္းေတြေရာ ရွိခဲ့လား။

Sylar: ၂ သင္း ၃ သင္းေလာက္ ရွိခဲ့ပါတယ္။ ဒါေပမယ့္ အလုပ္မျဖစ္ခဲ့ပါဘူး။ အဓိက က ကြ်န္ေတာ္ အဆင္သင့္မျဖစ္ေသးတာေၾကာင့္လို႔ ကြ်န္ေတာ္ထင္တယ္။ ေနာက္လထဲမွာ pub ဂိမ္းမ်ားမ်ား ကစားျပီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိလာရင္ အသင္းတစ္သင္းကို ကိုယ္တိုင္သြားဆက္သြယ္မွာပါ။ ေနာက္တစ္ခုက အသင္းေတြနဲ႔ စာခ်ဳပ္ကိစၥ အဆင္မေျပေသးလို႔ပါ။ အသင္းတစ္သင္းထဲဝင္ဖုိ႔ကိစၥေတြက ထင္ထားတာထက္ရႈပ္ေထြးပါတယ္။

 

Q: MDL Chengdu Major ကို ဝင္ျပိဳင္ဖုိ႔ေရာ အစီအစဥ္ရွိလား။ BurNIng နဲ႔ အတူတူ stream ေတြ cast ေတြ ျပန္လုပ္ဖုိ႔ေရာ စဥ္းစားထားလား။

Sylar: ကြ်န္ေတာ္ သေဘာက်မယ့္ပြဲေတြ ရွိလာရင္ေတာ့ ဝင္ၾကည့္ျဖစ္မွာပါ။ ကြ်န္ေတာ္က professional caster လည္း မဟုတ္ေတာ့ ဂိမ္းထဲက ေကာင္းႏိုးရာရာျမင္တာေလးေတြ ေရြးေျပာတာပဲ မ်ားပါတယ္။ ကြ်န္ေတာ္ေျပာခဲ့သလိုပဲ ျပိဳင္ပြဲျပန္ဝင္ဖုိ႔အတြက္ competitive ကစားသမားလက္တက္လာဖုိ႔ပဲ ေလာေလာဆယ္ အာရုံစိုက္ထားပါတယ္။ ဒါေၾကာင့္လည္း pub ပြဲေတြ ကစားဖုိ႔ကလြဲရင္ တျခား ဘာလုပ္မယ္ဆိုတာ သိပ္မစဥ္းစားမိေသးပါဘူး။

Syler at Vici Gaming

 

Q: ေနာက္ထပ္ ေမးခ်င္တာတစ္ခုက ျပိဳင္ပြဲေတြမွာ Sylar ရဲ႕ signature hero တစ္ေကာင္ျဖစ္ျပီး ပြဲေတြမွာ ကစားေလ့ရွိတဲ့ Lycan အေၾကာင္းပါ။ Lycan ရဲ႕ Aghanim’s Scepter နဲ႔ ပတ္သတ္ျပီးေတာ့ေရာ ဘယ္လိုထင္လဲ။

Sylar: ကြ်န္ေတာ္ Lycan ကိုင္တဲ့ပြဲ အေတာ္မ်ားမ်ားမွာ Scepter ဆက္ဖူးပါတယ္။ Scepter ဆက္လိုက္ရင္ Lycan farm တာ ပိုျမန္လာတယ္လို႔ေတာ့ ကြ်န္ေတာ္ထင္တယ္။ ဒါေပမယ့္ late game ေရာက္ရင္ ျပိဳင္ဘက္အသင္းရဲ႕ အမာေကာင္ offlane hero ေတြကို မႏိုင္တာမ်ားတယ္။ အဲလို hero ေတြ ဟိုဘက္က မပါရင္ေတာ့ Scepter ဆက္ျပီး mid-late game ကစားလို႔ ေကာင္းပါတယ္။

Scepter ဆက္လိုက္ရင္ early-mid game မွာ pushing လုပ္ဖုိ႔ေရာ fighting လုပ္ဖုိ႔ပါ အားနည္းသြားလို႔ အသင္းေဖာ္ေတြက သေဘာမက်ၾကတာမ်ားတယ္။ Lycan ကိုင္ရင္ အေနာက္မွာေနတဲ့ အေပ်ာ့ေကာင္ေတြကို လိုက္သတ္ျပီး push လုပ္ဖုိ႔က အေတာ္ေလးအေရးၾကီးပါတယ္။ ဒါေၾကာင့္လည္း ကစားသမားအေတာ္မ်ားမ်ားက ျပိဳင္ပြဲေတြမွာ Necronomicon ကိုပဲ ပိုဦးစားေပး ဆက္ေနၾကတာပါ။

Q: ဟုတ္ကဲ့ပါ။ အသစ္ထြက္လာမယ့္ Outlanders update နဲ႔ ပတ္သတ္ျပီးေတာ့ေရာ ဘာေတြ ေမွ်ာ္လင့္ထားေသးလဲ။

Sylar: Patch အသစ္ထြက္လာရင္ အေၾကာင္းအရာအသစ္ေတြ ပါလာျပီး ပိုေပ်ာ္ဖုိ႔ေကာင္းလာလိမ့္မယ္လို႔ေတာ့ ကြ်န္ေတာ္ထင္တယ္။ အခုလက္ရွိ patch ကို ကြ်န္ေတာ္တို႔ကစားေနခဲ့တာကလည္း အေတာ္ၾကာခဲ့ျပီေလ။ Gameplay နဲ႔ mechanic အေျပာင္းအလဲေတြလာရင္ ပိုစိတ္ဝင္စားစရာေကာင္းလာလိမ့္မယ္လို႔ေတာ့ ကြ်န္ေတာ္ေမ်ွာ္လင့္မိပါတယ္။

 

Q: အရင္ႏွစ္ Team Aster မွာ ကစားခဲ့တုန္းက ပရိသတ္ေတြက အေတာ္ေလးေမွ်ာ္လင့္ခဲ့ၾကေပမယ့္ အဆင္မေျပခဲ့တာနဲ႔ ပတ္သတ္ျပီးေတာ့ေရာ ဘာေၾကာင့္လို႔ထင္လဲ။ အသင္းရဲ႕ အဓိကလုိအပ္ခ်က္ကေရာ ဘာျဖစ္လိမ့္မယ္လို႔ ယူဆလဲ။

Sylar: Playstyle လိမၼာပါးနပ္မႈ မရွိခဲ့ၾကဘူးလို႔ ကြ်န္ေတာ္ထင္တယ္။ ညိွႏႈိင္းျပီးေတာ့ role ေတြ ေျပာင္းခဲ့ၾကတယ္။ ဒါေပမယ့္ တစ္ေယာက္ခ်င္းစီက ကိုယ္ရတဲ့ role မွာ အဆင္မေျပၾကဘူး။ ပူးေပါင္းႏိုင္ေအာင္လည္း ၾကိဳးစားတယ္။ ဒါေပမယ့္ ပိုေကာင္းေအာင္ မလုပ္ႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ ကြ်န္ေတာ္တို႔ အမ်ားၾကီးရႈံးျပီး အေျခအေနေတြပိုဆိုးသြားခဲ့တာပါ။

Q: Team Aster ပေရာဂ်က္နဲ႔ ပတ္သတ္ျပီးေတာ့ ေနာင္တရတာမ်ိဳးေရာ ရွိလား။

Sylar: အသင္းကေန ကြ်န္ေတာ္ကိုယ္တိုင္ပဲ ထြက္ခြာဖုိ႔ စေျပာခဲ့တာပါ။ Dota 2 pro ေလာက မွာ ကြ်န္ေတာ္ကစားလာတာ ၈ ႏွစ္ ၉ ႏွစ္ေလာက္ေတာ့ ရွိျပီ။ ထြက္မယ့္အေၾကာင္း ကြ်န္ေတာ္က စေျပာတာကေတာ့ ဒါပထမဆုံးပါ။ Team Aster အေနနဲ႔ ေရွ႕ဆက္ျပီး ဘယ္လိုမွ အဆင္ေျပဖုိ႔မျမင္ဘူး။ ဒီအတိုင္းပဲ ဆက္ကစားေနၾကမယ္ဆိုရင္ ကြ်န္ေတာ္ေရာ အသင္းသားေတြပါ အေျခအေနမေကာင္း ပိုျဖစ္လာလိမ့္မယ္လို႔ ကြ်န္ေတာ္ယူဆခဲ့ပါတယ္။

Q: Team Sirius မွာ support ေနရာ ေျပာင္းကစားခဲ့ျပီးမွ carry ျပန္ေျပာင္းကစားခဲ့တယ္ေနာ္။ ဘာလို႔ role ေျပာင္းျပီး ကစားခဲ့တာလဲ ဆိုတာေလး ေျပာျပေပးပါဦး။

Sylar: ကြ်န္ေတာ္ အဲဒီတုန္းက support ေနရာက ကစားခ်င္ခဲ့ပါတယ္။ အသင္းမွာ ဦးေဆာင္ျပီး ဆုံးျဖတ္ခ်ႏိုင္မယ့္သူ မရွိသေလာက္ နည္းေနလို႔ပါ။ ဒါေၾကာင့္ support ေနရာက ၾကိဳးစားကစားၾကည့္ျပီး ဦးေဆာင္ခဲ့တယ္။ ဒါေပမယ့္ ေနာက္ပိုင္းက် ကြ်န္ေတာ္ကိုယ္တိုင္က support ကစားတာ အရမ္းမေကာင္းသလို Team Sirius ကလည္း အသင္းသစ္ ျဖစ္ေနတာမုိ႔ စိတ္ပူစရာေတြမ်ားလာတယ္။ ဒါေၾကာင့္ ကြ်န္ေတာ္ အေတြ႕အၾကံဳမ်ားတဲ့ carry ေနရာကေနပဲ ျပန္ေျပာင္းကစားခဲ့တာပါ။

Q: ျပိဳင္ပြဲကစားလာခဲ့တဲ့ သက္တမ္းတစ္ေလွ်ာက္ သတိရလြမ္းဆြတ္မိဆုံး အခ်ိန္ေတြေရာ ရွိလား။ ဘာေၾကာင့္လဲ။

Sylar: ရလဒ္ေကာင္းေတြ အမ်ားဆုံးရခဲ့တာကေတာ့ ၂၀၁၂ ခုႏွစ္လို႔ထင္တယ္။ Dota 2 မွာ pro အျဖစ္ ကြ်န္ေတာ္ ဝင္ေရာက္ကစားခဲ့တဲ့ ဒုတိယေျမာက္ႏွစ္ပါ။ အေတာ္စိတ္ေက်နပ္စရာေကာင္းခဲ့ပါတယ္။ အေပ်ာ္ဆုံးကေတာ့ TI5 မွာပါ။ အဲဒီ ၂ ႏွစ္ကို ကြ်န္ေတာ္ သတိအရဆုံးပါပဲ။

Q: Sylar ရဲ႕ ပရိသတ္ေတြကိုေရာ ဘာမ်ား ေျပာခ်င္ေသးလဲ။

Sylar: အားလုံးကို ေက်းဇူးတင္ပါတယ္လို႔။ ျပီးခဲ့တဲ့ႏွစ္ေတြတုန္းက အေျခအေနမေကာင္းခဲ့ေပမယ့္ ကြ်န္ေတာ္ အားမေလ်ာ့ပါဘူး။ ျပႆနာေတြမ်ိဳးစုံရွိခဲ့ေပမယ့္ အနာဂတ္မွာ ပိုေကာင္းလာေအာင္ ျပင္ဆင္မႈေတြလည္း ထိထိေရာက္ေရာက္လုပ္ေနပါျပီ။ အားေပးလာခဲ့တဲ့ ပရိသတ္ကို အထူးပဲ ေက်းဇူးတင္ပါတယ္လို႔ ထပ္ေျပာပါရေစ။

Source: VPesports