[Unicode]

League of Legends ကို ပြောင်းလဲကစားတော့မယ့် Dota2 Pro ကစားသမား

 

“Garter” ဟာ Dota ကို Warcraft III မှာထဲက ကစားခဲ့တာဖြစ်ပြီး ၂၀၀၇ က စလို့ Dota pro အဖြစ် စတင်ရပ်တည်ခဲ့သူပါ။ Solo mid နဲ့ carry role များကို ကစားလေ့ရှိတဲ့ Garter ဟာ အထိုက်အလျောက် လူသိထင်ရှားအောင်မြင်ခဲ့တဲ့ အယ်လ်ဘေးနီးယားနိုင်ငံသား Dota 2 pro တစ်ဦးဖြစ်ခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် Garter အတွက် ကြီးမားတဲ့အောင်မြင်မှုများနဲ့ ဝေးကွာနေခဲ့ရပေမယ့် သူဟာ လက်ရှိ Dota 2 လောကရဲ့ ထိပ်သီးကစားသမားများ ဖြစ်ကြတဲ့ Ceb, miCKe, 33, iNSaNiA, qojqva, DeMoN တို့နဲ့ တစ်သင်းထဲ အတူတကွ ကစားခဲ့ဖူးတဲ့ သမိုင်းကြောင်းများ ရှိပါတယ်။

 

အထူးသဖြင့် Garter ကို ၂၀၁၆ နှစ်ဦးပိုင်းကနေ ၂၀၁၇ နှစ်လယ်ပိုင်းလောက်အထိ Prodota Gaming မှာ ကစားခဲ့သူအဖြစ် လူသိများပါတယ်။ ထိုစဉ်က Prodota Gaming ဟာ ထူးခြားတဲ့ လက်စွမ်းများ ပြသနိုင်ခဲ့ပြီး ProDota Cup ပြိုင်ပွဲ ၄ ခု၊ StarLadder ProSeries season 18 နဲ့ Dota 2 Stars Arena ပြိုင်ပွဲများမှာ ပထမရရှိခဲ့ပါတယ်။

၂၀၁၉ အကုန် ၂၀၂၀ အရောက်မှာတော့ Garter ဟာ “အဟောင်းကို ပစ်ပြီး အသစ်ကို ရှာမယ်” လို့ ကြွေးကျော်ခဲ့ပြီးနောက် Dota 2 လောကကို စွန့်ခွာကာ League of Legends pro တစ်ယောက်ဖြစ်အောင် ကြိုးပမ်းနေပါပြီ။ အနားယူစွန့်ခွာခဲ့တဲ့ Dota 2 လောကနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများနဲ့ အခက်အခဲများကိုလည်း Garter က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ယခင်က ကျွန်တော့်အတွက် အလွန်ခက်ခဲခဲ့ပေမယ့် ယခုအချိန်မှာတော့ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါပြီ။ Dota 2 ဟာ အလွန်ကောင်းတဲ့ဂိမ်းတစ်ခုဖြစ်သလို အလွန်ကောင်းမွန်တဲ့ အသင်းဖော်များ၊ ကစားသမားများနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ပျက်စီးနေပြီး အကျိုးအမြတ်ရစရာ မရှိတဲ့ စနစ်တစ်ခုအတွင်းမှာပဲ ရုန်းကန်နေလို့ မဖြစ်တော့ပါဘူး။ ဒါကြောင့် ယခုနှစ်သစ်မှာ Dota 2 ကို စွန့်လွှတ်ပြီး အသစ် စတင်တော့မှာပါ။

“Dota 2 အင်အားကြီးအသင်းများဟာ သင့်အသင်းငယ်ထဲက ကစားသမားကောင်းများကို အချိန်မရွေး ဆွဲခေါ်သွားနိုင်ပါတယ်။ တစ်ချို့ဆိုရင် လစာ ဒေါ်လာ ၅၀၀ လောက်နဲ့ ပြောင်းသွားကြတာမျိုးတေင် ရှိပါတယ်။ Season တစ်ခုရဲ့ အလယ်ပိုင်း၊ qualifier ပွဲမတိုင်မီ တစ်ရက်အလို၊ ပြိုင်ပွဲရက်များ စ တဲ့ အရေးကြီးအချိန်တွေမှာ ကစားသမားများကို လာရောက်ခေါ်ယူသွားခဲ့တဲ့အတွက် အခက်အခဲများစွာ ကြုံခဲ့ရပါတယ်။

“အကောင်းဆုံးဥပမာတစ်ခုကတော့ Dendi ရဲ့ လက်ရှိအသင်း MR ကနေ ပြောင်းရွေ့သွားတဲ့ offlane ကစားသမား nongrata ပါ။ Rivalry Winter Blast ပြိုင်ပွဲကို MR အနိုင်ရသွားပြီးတာနဲ့ နောက်တစ်နေ့မှာ nongrata ကို Team Spirit က လာရောက်ခေါ်ယူသွားပါတယ်။ ဒီလို အင်အားကြီးအသင်းများရဲ့ ခေါ်ယူမှုဟာ အသင်းငယ်လေးများရဲ့ ဖွံ့ဖြိုးမှုကို ဖျက်လိုဖျက်ဆီးလုပ်သလို ဖြစ်နေပါတယ်။” စသဖြင့် Garter က ပြောခဲ့ပါတယ်။

Garter ဟာ Dota 2 ကစားရတာကို လွန်စွာနှစ်သက်ပေမယ့် Dota 2 pro လောကမှာ အင်အားကြီးအသင်းများသာ ကြီးစိုးနေပြီး အသင်းငယ်များအတွက် ရပ်တည်ဖို့ ခက်ခဲလှကြောင်း ပြောကြားခဲ့တာပါ။ Dota 2 ranked matchmaking ဟာ ကစားသမားတစ်ဦးချင်းစီအတွက် ကိုက်ညီတဲ့ အသင်းဖော်များ ရှာဖွေမပေးနိုင်တဲ့ အားနည်းချက်ကိုလည်း Garter က ထောက်ပြခဲ့ပါသေးတယ်။

ယခုအချိန်မှာ Garter လိုပဲ Dota 2 လောက ကနေ League of Legends ကို ပြောင်းဖို့ ကြိုးစားနေသူ အမြောက်အများ ပေါ်ပေါက်နေကြပါတယ်။ နှစ်ပေါင်းများစွာ ကစားလာခဲ့တဲ့ Dota 2 အမာခံ ကစားသမားများ အခြားဂိမ်းများပေါ်ကို ရွေ့ပြောင်းနေခြင်းဟာ Dota 2 လောကအတွက် ဝမ်းနည်းဖွယ်ပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: dotesports


[Zawgyi]

League of Legends ကို ေျပာင္းလဲကစားေတာ့မယ့္ Dota2 Pro ကစားသမား

 

“Garter” ဟာ Dota ကို Warcraft III မွာထဲက ကစားခဲ့တာျဖစ္ျပီး ၂၀၀၇ က စလို႔ Dota pro အျဖစ္ စတင္ရပ္တည္ခဲ့သူပါ။ Solo mid နဲ႔ carry role မ်ားကို ကစားေလ့ရွိတဲ့ Garter ဟာ အထိုက္အေလ်ာက္ လူသိထင္ရွားေအာင္ျမင္ခဲ့တဲ့ အယ္လ္ေဘးနီးယားႏိုင္ငံသား Dota 2 pro တစ္ဦးျဖစ္ခဲ့ပါတယ္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ Garter အတြက္ ၾကီးမားတဲ့ေအာင္ျမင္မႈမ်ားနဲ႔ ေဝးကြာေနခဲ့ရေပမယ့္ သူဟာ လက္ရွိ Dota 2 ေလာကရဲ႕ ထိပ္သီးကစားသမားမ်ား ျဖစ္ၾကတဲ့ Ceb, miCKe, 33, iNSaNiA, qojqva, DeMoN တို႔နဲ႔ တစ္သင္းထဲ အတူတကြ ကစားခဲ့ဖူးတဲ့ သမိုင္းေၾကာင္းမ်ား ရွိပါတယ္။

အထူးသျဖင့္ Garter ကို ၂၀၁၆ ႏွစ္ဦးပိုင္းကေန ၂၀၁၇ ႏွစ္လယ္ပိုင္းေလာက္အထိ Prodota Gaming မွာ ကစားခဲ့သူအျဖစ္ လူသိမ်ားပါတယ္။ ထုိစဥ္က Prodota Gaming ဟာ ထူးျခားတဲ့ လက္စြမ္းမ်ား ျပသႏိုင္ခဲ့ျပီး ProDota Cup ျပိဳင္ပြဲ ၄ ခု၊ StarLadder ProSeries season 18 နဲ႔ Dota 2 Stars Arena ျပိဳင္ပြဲမ်ားမွာ ပထမရရွိခဲ့ပါတယ္။

၂၀၁၉ အကုန္ ၂၀၂၀ အေရာက္မွာေတာ့ Garter ဟာ “အေဟာင္းကို ပစ္ျပီး အသစ္ကို ရွာမယ္” လို႔ ေၾကြးေက်ာ္ခဲ့ျပီးေနာက္ Dota 2 ေလာကကို စြန္႔ခြာကာ League of Legends pro တစ္ေယာက္ျဖစ္ေအာင္ ၾကိဳးပမ္းေနပါျပီ။ အနားယူစြန္႔ခြာခဲ့တဲ့ Dota 2 ေလာကနဲ႔ ပတ္သတ္တဲ့ အေၾကာင္းအရာမ်ားနဲ႔ အခက္အခဲမ်ားကုိလည္း Garter က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ယခင္က ကြ်န္ေတာ့္အတြက္ အလြန္ခက္ခဲခဲ့ေပမယ့္ ယခုအခ်ိန္မွာေတာ့ ဆုံးျဖတ္ခ်က္ ခ်ႏိုင္ခဲ့ပါျပီ။ Dota 2 ဟာ အလြန္ေကာင္းတဲ့ဂိမ္းတစ္ခုျဖစ္သလို အလြန္ေကာင္းမြန္တဲ့ အသင္းေဖာ္မ်ား၊ ကစားသမားမ်ားနဲ႔လည္း ေတြ႔ဆုံခဲ့ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ပ်က္စီးေနျပီး အက်ိဳးအျမတ္ရစရာ မရွိတဲ့ စနစ္တစ္ခုအတြင္းမွာပဲ ရုန္းကန္ေနလို႔ မျဖစ္ေတာ့ပါဘူး။ ဒါေၾကာင့္ ယခုႏွစ္သစ္မွာ Dota 2 ကို စြန္႔လႊတ္ျပီး အသစ္ စတင္ေတာ့မွာပါ။

“Dota 2 အင္အားၾကီးအသင္းမ်ားဟာ သင့္အသင္းငယ္ထဲက ကစားသမားေကာင္းမ်ားကို အခ်ိန္မေရြး ဆြဲေခၚသြားႏိုင္ပါတယ္။ တစ္ခ်ိဳ႕ဆိုရင္ လစာ ေဒၚလာ ၅၀၀ ေလာက္နဲ႔ ေျပာင္းသြားၾကတာမ်ိဳးေတင္ ရွိပါတယ္။ Season တစ္ခုရဲ႕ အလယ္ပိုင္း၊ qualifier ပြဲမတိုင္မီ တစ္ရက္အလို၊ ျပိဳင္ပြဲရက္မ်ား စ တဲ့ အေရးၾကီးအခ်ိိန္ေတြမွာ ကစားသမားမ်ားကို လာေရာက္ေခၚယူသြားခဲ့တဲ့အတြက္ အခက္အခဲမ်ားစြာ ၾကံဳခဲ့ရပါတယ္။

“အေကာင္းဆုံးဥပမာတစ္ခုကေတာ့ Dendi ရဲ႕ လက္ရွိအသင္း MR ကေန ေျပာင္းေရြ႕သြားတဲ့ offlane ကစားသမား nongrata ပါ။ Rivalry Winter Blast ျပိဳင္ပြဲကို MR အႏိုင္ရသြားျပီးတာနဲ႔ ေနာက္တစ္ေန႔မွာ nongrata ကို Team Spirit က လာေရာက္ေခၚယူသြားပါတယ္။ ဒီလို အင္အားၾကီးအသင္းမ်ားရဲ႕ ေခၚယူမႈဟာ အသင္းငယ္ေလးမ်ားရဲ႕ ဖြံ႕ျဖိဳးမႈကို ဖ်က္လိုဖ်က္ဆီးလုပ္သလို ျဖစ္ေနပါတယ္။” စသျဖင့္ Garter က ေျပာခဲ့ပါတယ္။

Garter ဟာ Dota 2 ကစားရတာကို လြန္စြာႏွစ္သက္ေပမယ့္ Dota 2 pro ေလာကမွာ အင္အားၾကီးအသင္းမ်ားသာ ၾကီးစိုးေနျပီး အသင္းငယ္မ်ားအတြက္ ရပ္တည္ဖုိ႔ ခက္ခဲလွေၾကာင္း ေျပာၾကားခဲ့တာပါ။ Dota 2 ranked matchmaking ဟာ ကစားသမားတစ္ဦးခ်င္းစီအတြက္ ကိုက္ညီတဲ့ အသင္းေဖာ္မ်ား ရွာေဖြမေပးႏိုင္တဲ့ အားနည္းခ်က္ကိုလည္း Garter က ေထာက္ျပခဲ့ပါေသးတယ္။

ယခုအခ်ိန္မွာ Garter လိုပဲ Dota 2 ေလာက ကေန League of Legends ကို ေျပာင္းဖုိ႔ ၾကိဳးစားေနသူ အေျမာက္အမ်ား ေပၚေပါက္ေနၾကပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ကစားလာခဲ့တဲ့ Dota 2 အမာခံ ကစားသမားမ်ား အျခားဂိမ္းမ်ားေပၚကို ေရြ႕ေျပာင္းေနျခင္းဟာ Dota 2 ေလာကအတြက္ ဝမ္းနည္းဖြယ္ပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: dotesports