Dota 2 ဟီးရိုးအသစ် Hoodwink အကြောင်း သိကောင်းစရာ

 

Dota 2 ရဲ့ patch အသစ် mistwood ကတော့ ဒီဇင်ဘာလလယ်မှာ ထွက်မယ်လို့ Valve က ကတိပေးခဲ့တဲ့ အတိုင်း ဒီဇင်ဘာ 18 ရက်နေ့က ထွက်ရှိခဲ့ပါတယ်။ အဓိက အပြောင်းအလဲတွေ အနေနဲ့ hero အသစ် Hoodwink ပါလာပြီး hero တိုင်းအတွက်လည်း Aghanim’s Scepter လိုမျိုး Aghanim shard ဆိုပြီးတော့ item အသစ်တစ်ခု ပါလာမှာ ဖြစ်ပါတယ်။

သူ့ရဲ့သဘောတရား ကတော့ scepter နဲ့တူမှာ ဖြစ်ပြီး 1400 ပေးရမှာ ဖြစ်ပါတယ်။ ပွဲစလို့ မိနစ် ၂၀ နေမှ ဝယ်နိုင်မှာဖြစ်ပြီး scepter လိုပဲ spell တစ်ခုကို ပြောင်းရင်ပြောင်း၊ ပြောင်းရင် spell အသစ်တစ်ခု ရလာမှာ ဖြစ်ပါတယ်။ Talent ကို တိုးစရာကုန်သွားလို့ Scepter ability ဘက် လှည့်လာသလိုပါပဲ။

Hero အသစ်ကတော့ scepter ရော shard ရော ရဦးမှာ မဟုတ်ပါဘူး။ တစ်ခြား အပြောင်းအလဲတွေ အနေနဲ့ကတော့ hero buff/nerf, item changes တွေနဲ့ neutral item တွေ အလဲအလှယ် လုပ်ထားပေးတာ ကိုတွေ့ရပါတယ်။ ပထမဦးဆုံးအနေနဲ့ စိတ်ဝင်စားဖို့ ကောင်းနေတာကတော့ Hero အသစ် hoodwink ပါပဲ။ Agility hero တစ်ကောင်ဖြစ်တဲ့ Hoodwink ဟာ active spell 4 ကွက် ပါပါတယ်။

Level 1 Acorn shot ဟာ witch doctor ရဲ့ paralyzing cask နဲ့ သဘောတရားတူမှာ ဖြစ်ပြီး Damage ပိုထိ stun duration ပိုတိုပါတယ်။ မြေကြီးပေါ်ကိုထောက်သုံးမယ်ဆိုရင် သစ်ပင်တစ်ပင် ပေါက်လာပြီး acorn လေးဟာ သစ်ပင်ကနေ ဆက် bounce မှာ ဖြစ်ပါတယ်။ Damage type က တော့ physical ဖြစ်ပါတယ်။ Hoodwink ရဲ့ physical damage ကိုသုံးတာ ဖြစ်ပြီး physical attack တစ်ခုအနေနဲ့ သတ်မှတ်လို့ Early game ရော late game မှာ Damage တော်တော် ပြင်းတဲ့ spell ဖြစ်ပါတယ်။ Attack modifier တွေနဲ့လည်း တွဲဖို့အဆင်ပြေပါတယ်။

Level 2 Bushwhack ကတော့ meepo ရဲ့ earth bind နဲ့ ဆင်ပါတယ်။ AOE နည်းနည်းပိုကျယ်ပြီး Cast range ပိုများပါတယ်။ မတူတာက AoE ထဲမှာ သစ်ပင်တစ်ပင်ရှိနေမှ အဲဒီ့ သစ်ပင်ဆီကို ဆွဲယူပြီး stun စေမှာ ဖြစ်ပါတယ်။ Stun နေစဉ် enemy hero တွေက vision zero ဖြစ်နေမှာ ပါ။ သစ်ပင်ထောင်လို့ရတဲ့ Acorn shot နဲ့ တွဲသုံးလို့ အဆင်ပြေပါတယ်။

Level 3 Scurry ကတော့ သုံးလိုက်ရင် သစ်ပင်တွေကြားထဲမှာ အတားအဆီး မရှိသွားနိုင်မှာ ဖြစ်ပါတယ်။ Passive အနေနဲ့ သစ်ပင်နား ကပ်လိုက်ရင် bonus evasion ရစေမှာပါ။ Level 15 talent ပါ ယူလိုက်မယ်ဆိုရင် တော့ invisible ပါပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ငြိမ်နေမှ ရမှာ ပါ။ လှုပ်လိုက်တာနဲ့ ပြန်ပေါ်သွားမှာပါ။

Ultimate sharpshooter ကတော့ vector targeting ability နည်းနည်းဆန်ပါတယ်။ Channeling spell တစ်ခုဖြစ်ပြီး channel လုပ်လေလေ damage ပိုများလေလေ ဝေးဝေးပြေးလေလေပါ။ သုံးလိုက်မယ်ဆိုရင် Hoodwink ဟာ လက်ရှိနေရာမှာ ရပ်နေပြီး right click နဲ့ လိုချင်တဲ့ နေရာကို ချိန်လို့ရပါမယ်။ Damage ကတော့ ၆၀၀/၁၀၀၀/၁၄၀၀ အထိပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် break effect လဲ ပေးဦးမှာပါ။

Possible Role

1. Position 4
သူ့ရဲ့ Ability တွေကိုကြည့်မယ်ဆိုရင် Disable ပါတာရယ်၊ nuke ကောင်းတာ ရယ်၊ escape ပါတာရယ်က သူ့ကို pos 4 roamer ကောင်း တစ်ကောင် ဖြစ်စေမှာပါ။ ဒါ့အပြင် ultimate ကလည်း high damage nuke အပြင် break effect ပါပေးလို့ရတဲ့ အတွက် pos 4 အနေနဲ့ သုံးရတာ တန်ပါတယ်။

2. Position 2
Mid lane မှာ သစ်ပင် မရှိဘူး ဆိုပေမယ့် Acorn shot ကပေးမယ့် သစ်ပင်က iron wood branch လိုမျိုး အသုံးချနိုင်မှာ ဖြစ်လို့ level 2 အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် spell တွေက level တက်တာနဲ့အညီ ကြမ်းလာတဲ့ အတွက် level dependent hero တစ်ကောင်လို့ ပြောလို့ရပြီး mid နဲ့ လိုက်ဖက်နိုင်မယ် လို့ထင်ပါတယ်။

3. Position 1
Position 1 အနေနဲ့ ကတော့ အရမ်းကြီး အားကိုးလို့ ကောင်းမယ် မထင်ပါဘူး။ ဒါပေမယ့် high damage output ပေးနိုင်တာ ကြောင့် ကိုယ်ကသာ ဦးအောင် လုပ်နိုင်မယ်ဆိုရင် damage တော်တော် ထွက်မယ့် hero တစ်ကောင်ဖြစ်ပါတယ်။

Hoodwink ဟာ level များဖို့ လိုသလို အနည်းငယ်ပျော့တဲ့ hero တစ်ကောင် ဖြစ်တာကြောင့် pos 5 နဲ့ 3 အတွက်တော့ အရမ်း အဆင်မပြေလောက်ပါဘူး။

Talent and item build

Talent တွေအနေနဲ့ကတော့ ရှင်းပါတယ်။ Core တစ်ကောင်လို့ ဆော့မလား support တစ်ကောင်လို ဆော့မလား ဆိုပြီး ၂ ခု ခွဲနိုင်ပါတယ်။ Core ဆိုရင်တော့ level 15 နဲ့ 20 မှာ agility နဲ့ armor corruption တွေက အသုံးဝင်နိုင်ပြီးတော့ ပွဲအခြေအနေပေါ် မူတည်ပြီး ကျန်တဲ့ talent တွေကတော့ survival နဲ့ disable အတွက်အသုံးဝင်ပါတယ်။

Item အနေနဲ့ dragon lance ဟာ acorn shot ရဲ့ cast range ကိုပါတိုးစေမှာ ဖြစ်ပြီး attack modifier ဖြစ်တဲ့ maelstorm တို့ desolator တို့ဟာ acorn shot နဲ့လိုက်ပြီး ထွက်မှာဖြစ်လို့ စဉ်းစားမယ်ဆိုရင် စဉ်းစားသင့်ပါတယ်။ ရန်သူဘက်က point targeted disable အရမ်းများရင် linkin sphere လေးက မဆိုးသလို skadi ကလဲ defensive ရော offensive ပါ အသုံးဝင်မယ့် item တစ်ခုဖြစ်ပါတယ်။

Against the Hoodwink

Hoodwink ဟာ agility hero တစ်ကောင်ဖြစ်လို့ spell ဒဏ်မခံနိုင်ပါဘူး။ Disable ကောင်းကောင်း ပေးနိုင်မယ်ဆိုရင် ခဏလေးနဲ့ အပြတ်ရှင်းလို့ရပါတယ်။ နောက်ပြီး Vision ပေးတဲ့ hero တွေဖြစ်တဲ့ bounty hunter တို့ slardar တို့နဲ့လဲ counter နိုင်ပါတယ်။ သစ်ပင်ရှင်းမယ့် Beastmaster တို့ timbersaw တို့လည်း မဆိုးပါဘူး။ Nature prophet ကတော့ သူချုပ်ထားလည်း ပြေးထွက်သွားမှာ ဖြစ်တဲ့အတွက် တော်တော်လေး အဆင်မပြေပါဘူး။

Tips and tricks

Acorn shot က ပေးမယ့် tree ဟာ vision ပါပေးတဲ့ အတွက် high ground မတက်ခင်မှာ သုံးပေးလို့ရပါတယ်။ Ward တွေချိုးဖို့လည်း အဆင်ပြေစေမှာပါ။ Level 2 bushwhack ကိုလဲ acorn shot နဲ့ တွဲသုံးမယ်ဆိုရင် သေချာသလောက်ရှိမယ့် AoE disable တစ်ခု ဖြစ်ပါတယ်။ Scurry ကတော့ escape power တော်တော်လေး ကောင်းတဲ့ ability တစ်ခုဖြစ်သလို ganking အတွက်လည်း အသုံးပြုနိုင်ပါတယ်။

Atos ဟာလည်း ultimate အတွက် setup ကောင်းတစ်ခု ဖြစ်နိုင်ပါသေးတယ်။ Late game မှာ atos+maelstorm အဖြစ် Gleipnir (item အသစ်) သွားလို့ရတဲ့အတွက် စဉ်းစားစရာ item တစ်ခုပါပဲ။

Valve ရဲ့ ထုံးစံအတိုင်း hero အသစ်ထွက်တယ် ဆိုရင်တော့ broken ဖြစ်နေကျပဲမို့ hoodwink ဟာလဲ broken ဖြစ်တယ်လို့ ပြောလို့ရတဲ့ hero တစ်ကောင်ဖြစ်ပါတယ်။ Battle မှာဆိုရင် hit box ကလည်း ကျဉ်းသလို လှစ်လှစ်လှစ်လှစ်နဲ့ အတော်ဖမ်းရခက်တဲ့ hero တစ်ကောင်ဖြစ်ပါတယ်။

အနည်းငယ်ပျော့တဲ့အတွက် မိရင်တော့ သေနိုင်ပါတယ်။ တဖြည်းဖြည်း နဲ့တော့ nerf သွားမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် Acorn shot damage, bushwhack vision reduction တွေနဲ့ Ultimate ရဲ့ damage တွေကို ထပ်လျှော့သွားဦးမယ်လို့ ယူဆရပါတယ်။ မ nerf ခင်တော့ တော်တော်လေး ပျော်ဖို့ကောင်းတဲ့ hero တစ်ကောင်ဖြစ်ပါတယ်။ core တစ်ကောင်အနေနဲ့ ထက်စာရင် support အနေနဲ့ battle မှာ အာရုံနောက်ရတာ တော်တော် ပျော်ဖို့ကောင်းမှာပါ။

အခုတစ်ခါတော့ New hero လေးကို ပဲ အဓိက ထားပြီး တင်ဆက်ပေးထားပေမယ့် ထပ်မံပြီးတော့ broken ဖြစ်တဲ့ aghanim shard ability တွေ၊ 7.28 မှာ meta ဖြစ်လာနိုင်ချေရှိတဲ့ hero တွေ၊ item changes တွေအကြောင်းကိုလည်း တင်ဆက်ပေးသွားဦးမှာ ဖြစ်ပါတယ်။
#iNtAnGibL3 #GamingNoodle