[Unicode]

Twitch ကနေ Ban ခံလိုက်ရတဲ့ အမေရိကန်သမ္မတ Donald Trump

 

အမေရိကန်သမ္မတဖြစ်သူ Donald Trump ဟာ ပြီးခဲ့တဲ့ ၂၀၁၉ အောက်တိုဘာလမှာ ကိုယ်ပိုင် Twitch ချန်နယ်တစ်ခုကို စတင်ပြုလုပ်ခဲ့ပါတယ်။ စတင်တာ တစ်နှစ်တောင် မပြည့်သေးတဲ့ ယခုအချိန်မှာတော့ သမ္မတကြီးရဲ့ ယင်း Twitch ချန်နယ်ဟာ အမုန်းပွားတဲ့ အကြောင်းအရာများ ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ယာယီ ban ခံလိုက်ရပါပြီ။

“အမုန်းပွားစေတဲ့ ပြုမူပြောဆိုမှုများကို Twitch ပေါ်မှာ လက်သင့်မခံထားပါဘူး။ ကျွန်တော်တို့ရဲ့ မူဝါဒနဲ့ စည်းကမ်းချက်များအရ သမ္မတကြီး Trump ရဲ့ ချန်နယ်ကို ယာယီ ban ဖို့ ဆုံးဖြတ်လိုက်ကြပြီး stream ထဲက အမုန်းပွားတဲ့ comment များနဲ့ အကြောင်းအရာများအားလုံးကိုလည်း ဖယ်ရှားသွားမှာပါ” လို့ Twitch ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

Twitch ဟာ Trump ရဲ့ ချန်နယ်ထဲက စည်းကမ်းချိုးဖောက်တဲ့ အကြောင်းအရာ ၂ ခုကို ဥပမာအနေနဲ့ ထုတ်ဖော်ပြသခဲ့ပါတယ်။ ယင်းတို့ကတော့ Twitch ပေါ်မှာ တင်ထားခဲ့တဲ့ ၂၀၁၆ ခုနှစ်က လူထုစည်းရုံးရေးပွဲတစ်ခုမှာပြောသွားခဲ့တဲ့ စကားများနဲ့ ပြီးခဲ့တဲ့လအတွင်းက တူလ်ဆာမြို့ ဥအုတ်ကလာဟိုးမားပြည်နယ်မှာ ပြောသွားခဲ့တဲ့ စကားများပဲဖြစ်ပါတယ်။ ၂ ခေါက်စလုံးမှာ Trump ဟာ မက္ကဆီကိုနိုင်ငံက အမေရိကန်ကို မူးယစ်ဆေးဝါးရောင်းဝယ်သူများနဲ့ မုဒိန်းသမားများ ပို့ဆောင်နေကြောင်း စွပ်စွဲပြောကြားသွားခဲ့ပါတယ်။

Twitch ပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုအရ ယင်းတို့ဟာ Trump ရဲ့အဖွဲ့ကို စည်းကမ်းချိုးဖောက်မှုများနဲ့ ပတ်သက်ပြီး သည်းခံမှာ မဟုတ်ကြောင်း လွန်ခဲ့တဲ့နှစ်တည်းက အကြောင်းကြားစာပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးသမားများ အပါအဝင် မည်သူမဆို Twitch ရဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရမှာဖြစ်ကြောင်း၊ မည်သို့သော အကြောင်းအရာမှာမဆို စည်းကမ်းဖောက်ဖျက်မှုများ ပါဝင်နေခဲ့ရင် အရေးယူခံရမှာဖြစ်ကြောင်း တို့ကိုလည်း ပြောသွားခဲ့ပါတယ်။

Trump ရဲ့ Twitch ချန်နယ်ကို ban ထားမယ့် အချိန်ကာလအတိအကျကိုတော့ ကြေညာခဲ့ခြင်း မရှိပါဘူး။ Trump ရဲ့ Twitch ချန်နယ်ကို ban သွားတဲ့နေ့မှာပဲ Reddit က r/The_Donald ကို အမုန်းပွားစေတဲ့အကြောင်းအရာများပါဝင်နေကြောင်း သတ်မှတ်ပြီး ban သွားခဲ့ပါသေးတယ်။

ဒါကြောင့်လက်ရှိအချိန်မှာတော့ Donald Trump ရဲ့လှုပ်ရှားမှုများကို Facebook နဲ့ Twitter တို့ပေါ်ကနေပဲ အဓိကကြည့်ရှုနိုင်ကြမှာပါ။ Streaming ပလက်ဖောင်များပေါ်မှာ အမုန်းပွားတဲ့ ပြုမူပြောဆိုမှုများ မလုပ်သင့်ကြောင်း ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: pcgamer


[ZwaGyi]

Twitch ကေန Ban ခံလိုက္ရတဲ့ အေမရိကန္သမၼတ Donald Trump

 

အေမရိကန္သမၼတျဖစ္သူ Donald Trump ဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ေအာက္တိုဘာလမွာ ကိုယ္ပိုင္ Twitch ခ်န္နယ္တစ္ခုကို စတင္ျပဳလုပ္ခဲ့ပါတယ္။ စတင္တာ တစ္ႏွစ္ေတာင္ မျပည့္ေသးတဲ့ ယခုအခ်ိန္မွာေတာ့ သမၼတႀကီးရဲ႕ ယင္း Twitch ခ်န္နယ္ဟာ အမုန္းပြားတဲ့ အေၾကာင္းအရာမ်ား ပါဝင္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ယာယီ ban ခံလိုက္ရပါၿပီ။

“အမုန္းပြားေစတဲ့ ျပဳမူေျပာဆိုမႈမ်ားကို Twitch ေပၚမွာ လက္သင့္မခံထားပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ မူဝါဒနဲ႔ စည္းကမ္းခ်က္မ်ားအရ သမၼတႀကီး Trump ရဲ႕ ခ်န္နယ္ကို ယာယီ ban ဖို႔ ဆုံးျဖတ္လိုက္ၾကၿပီး stream ထဲက အမုန္းပြားတဲ့ comment မ်ားနဲ႔ အေၾကာင္းအရာမ်ားအားလုံးကိုလည္း ဖယ္ရွားသြားမွာပါ” လို႔ Twitch ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာပါတယ္။

Twitch ဟာ Trump ရဲ႕ ခ်န္နယ္ထဲက စည္းကမ္းခ်ိဳးေဖာက္တဲ့ အေၾကာင္းအရာ ၂ ခုကို ဥပမာအေနနဲ႔ ထုတ္ေဖာ္ျပသခဲ့ပါတယ္။ ယင္းတို႔ကေတာ့ Twitch ေပၚမွာ တင္ထားခဲ့တဲ့ ၂၀၁၆ ခုႏွစ္က လူထုစည္း႐ုံးေရးပြဲတစ္ခုမွာေျပာသြားခဲ့တဲ့ စကားမ်ားနဲ႔ ၿပီးခဲ့တဲ့လအတြင္းက တူလ္ဆာၿမိဳ႕အုတ္ကလာဟိုးမားျပည္နယ္မွာ ေျပာသြားခဲ့တဲ့ စကားမ်ားပဲျဖစ္ပါတယ္။ ၂ ေခါက္စလုံးမွာ Trump ဟာ မကၠဆီကိုႏိုင္ငံက အေမရိကန္ကို မူးယစ္ေဆးဝါးေရာင္းဝယ္သူမ်ားနဲ႔ မုဒိန္းသမားမ်ား ပို႔ေဆာင္ေနေၾကာင္း စြပ္စြဲေျပာၾကားသြားခဲ့ပါတယ္။

Twitch ေျပာေရးဆိုခြင့္ရွိသူရဲ႕ အဆိုအရ ယင္းတို႔ဟာ Trump ရဲ႕အဖြဲ႕ကို စည္းကမ္းခ်ိဳးေဖာက္မႈမ်ားနဲ႔ ပတ္သက္ၿပီး သည္းခံမွာ မဟုတ္ေၾကာင္း လြန္ခဲ့တဲ့ႏွစ္တည္းက အေၾကာင္းၾကားစာေပးပို႔ခဲ့တယ္လို႔ ဆိုပါတယ္။ ႏိုင္ငံေရးသမားမ်ား အပါအဝင္ မည္သူမဆို Twitch ရဲ႕ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာၾကရမွာျဖစ္ေၾကာင္း၊ မည္သို႔ေသာ အေၾကာင္းအရာမွာမဆို စည္းကမ္းေဖာက္ဖ်က္မႈမ်ား ပါဝင္ေနခဲ့ရင္ အေရးယူခံရမွာျဖစ္ေၾကာင္း တို႔ကိုလည္း ေျပာသြားခဲ့ပါတယ္။

Trump ရဲ႕ Twitch ခ်န္နယ္ကို ban ထားမယ့္ အခ်ိန္ကာလအတိအက်ကိုေတာ့ ေၾကညာခဲ့ျခင္း မရွိပါဘူး။ Trump ရဲ႕ Twitch ခ်န္နယ္ကို ban သြားတဲ့ေန႔မွာပဲ Reddit က r/The_Donald ကို အမုန္းပြားေစတဲ့အေၾကာင္းအရာမ်ားပါဝင္ေနေၾကာင္း သတ္မွတ္ၿပီး ban သြားခဲ့ပါေသးတယ္။

ဒါေၾကာင့္လက္ရွိအခ်ိန္မွာေတာ့ Donald Trump ရဲ႕လႈပ္ရွားမႈမ်ားကို Facebook နဲ႔ Twitter တို႔ေပၚကေနပဲ အဓိကၾကည့္ရႈႏိုင္ၾကမွာပါ။ Streaming ပလက္ေဖာင္မ်ားေပၚမွာ အမုန္းပြားတဲ့ ျပဳမူေျပာဆိုမႈမ်ား မလုပ္သင့္ေၾကာင္း ဗဟုသုတအျဖစ္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: pcgamer