[Zawgyi]

Gamer ေတြ ဆယ္ႏွစ္တိတိ ပီဇာဖရီးစားႏိုင္မယ့္ အခြင့္အေရး

 

လာမယ့္ ႏိုဝင္ဘာလမွာ က်င္းပမယ့္ 2019 ဖိလစ္ပိုင္ဆီးဂိမ္းမွာ Esports ဟာ ဆုတံဆိပ္ေပးအပ္မယ့္ ၿပိဳင္ပြဲအေနနဲ႔ ဂိမ္း ၆ ခုအထိ ပါလာမယ္လို႔ ေၾကညာထားေပမယ့္ ယခုအခ်ိန္အထိေတာ့ ဂိမ္း (၅) မ်ိဳးကိုသာ အတည္ျပဳထားပါေသးတယ္။ အဲဒီဂိမ္းေတြကေတာ့ PC ဂိမ္းမွာဆို Dota2 နဲ႔ Starcraft II ၊ Console မွာဆိုရင္ Tekken 7 နဲ႔ Mobile မွာ Arena of Valor (AOV) နဲ႔ Mobile Legends တို႔ပါ။

ေဒသတြင္းႏိုင္ငံေတြဟာ SEA အုိလံပစ္ၿပိဳင္ပြဲအတြက္ ယခုအခ်ိန္မွာ အသဲအသန္ ျပင္ဆင္ေနၿပီး လူေရြးခ်ယ္မႈ ၿပီးစီးသြားတဲ့ ႏိုင္ငံေတြလည္း ရွိေနပါၿပီ။ Esports ဖြံၿဖိဳးတိုးတက္ေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ “မေလးရွား” မွာေတာ့ သူတို႔ရဲ႕ အသက္အငယ္ဆံုး ဝန္ႀကီးျဖစ္တဲ့ (၂၆) ႏွစ္အရြယ္ လူငယ္နဲ႔ အားကစားေရးရာ ဝန္ႀကီးကိုယ္တိုင္ ဒီလာမယ့္ ဆီးဂိမ္း Esports ပြဲအတြက္ ဆုတံဆိပ္ေတြ ေမွ်ာ္မွန္းထားပါတယ္။

အစိုးရနည္းတူပဲ မေလးရွားရဲ႕ အနာဂတ္ဆီးဂိမ္း Esports ဆုတံဆိပ္ဆုရွင္ေတြကို ပံ့ပိုးမွာကေတာ့ “ဒိုမီႏို” ပီဇာပဲ ျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံ အေျခစိုက္ ဒိုမီႏို ပီဇာကိုေတာ့ ကြာလာလမ္ပူၿမိဳ႕မွာ ဖြင့္လွစ္ထားၿပီး သူဟာ မေလးရွားအသင္း ဆီးဂိမ္း Esports ၿပိဳင္ပြဲရဲ႕ ပထမ၊ ဒုတိယ၊ တတိယ ရရွိသူတိုင္းအတြက္ ပီဇာ အခမဲ့စားရမယ့္ အစီအစဥ္ေတြ ရွိေနပါတယ္။

လာမယ့္ ဖိလစ္ပိုင္ဆီးဂိမ္းရဲ႕ Esports ၿပိဳင္ပြဲမွာ ထိပ္ဆံုး (၃) သင္းအတြင္း ပါဝင္ခဲ့မယ္ဆိုရင္ မေလးရွား Esports အသင္းသားတစ္ေယာက္စီကို

ေရႊတံဆိပ္ဆုရရင္ – (၁၀) ႏွစ္စာ ပီဇာ စားသံုးခြင့္

ေငြတံဆိပ္ဆုရရင္ – (၅) ႏွစ္စာ ပီဇာ စားသံုးခြင့္

ေၾကးတံဆိပ္ဆုရရင္ – (၂) ႏွစ္စာ ပီဇာ စားသံုးခြင့္

ဆိုၿပီး ခ်ီးျမင့္မွာ ျဖစ္ၿပီး ထိုကာလအတြင္းမွာ Regular Pizza ကို တစ္ပါတ္လွ်င္ တစ္ခ်ပ္ႏႈန္း စားသံုးခြင့္ျပဳမယ္လို႔ သိရပါတယ္။

ဆီးဂိမ္းမွာ အေရွ႕ေတာင္အာရွ ေဒသတြင္း (၁၁) ႏိုင္ငံသာ ပါဝင္ရမွာျဖစ္ၿပီး Esports အတြက္ေတာင္ ႏိုင္ငံ အားလံုးပါဝင္ဖို႔ မေသခ်ာတဲ့အေနအထားမွာ ဒီအခြင့္အေရးဟာ မေလးရွား esports player ေတြအတြက္ ထူးရွယ္အခြင့္အေရးပါပဲ။

ေသခ်ာတာကေတာ့ ၿပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ Esports ပြဲစဥ္ေတြရွိေနေတာ့ ကၽြန္ေတာ္တို႔လို ပရိသတ္ေတြအတြက္ ပ်င္းစရာ မေကာင္းေတာ့ဘူးေပါ့ခင္ဗ်ာ။

===================================

[Unicode]

Gamer တွေ ဆယ်နှစ်တိတိ ပီဇာဖရီးစားနိုင်မယ့် အခွင့်အရေး

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် 2019 ဖိလစ်ပိုင်ဆီးဂိမ်းမှာ Esports ဟာ ဆုတံဆိပ်ပေးအပ်မယ့် ပြိုင်ပွဲအနေနဲ့ ဂိမ်း ၆ ခုအထိ ပါလာမယ်လို့ ကြေညာထားပေမယ့် ယခုအချိန်အထိတော့ ဂိမ်း (၅) မျိုးကိုသာ အတည်ပြုထားပါသေးတယ်။ အဲဒီဂိမ်းတွေကတော့ PC ဂိမ်းမှာဆို Dota2 နဲ့ Starcraft II ၊ Console မှာဆိုရင် Tekken 7 နဲ့ Mobile မှာ Arena of Valor (AOV) နဲ့ Mobile Legends တို့ပါ။

ဒေသတွင်းနိုင်ငံတွေဟာ SEA အိုလံပစ်ပြိုင်ပွဲအတွက် ယခုအချိန်မှာ အသဲအသန် ပြင်ဆင်နေပြီး လူရွေးချယ်မှု ပြီးစီးသွားတဲ့ နိုင်ငံတွေလည်း ရှိနေပါပြီ။ Esports ဖွံဖြိုးတိုးတက်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ “မလေးရှား” မှာတော့ သူတို့ရဲ့ အသက်အငယ်ဆုံး ဝန်ကြီးဖြစ်တဲ့ (၂၆) နှစ်အရွယ် လူငယ်နဲ့ အားကစားရေးရာ ဝန်ကြီးကိုယ်တိုင် ဒီလာမယ့် ဆီးဂိမ်း Esports ပွဲအတွက် ဆုတံဆိပ်တွေ မျှော်မှန်းထားပါတယ်။

အစိုးရနည်းတူပဲ မလေးရှားရဲ့ အနာဂတ်ဆီးဂိမ်း Esports ဆုတံဆိပ်ဆုရှင်တွေကို ပံ့ပိုးမှာကတော့ “ဒိုမီနို” ပီဇာပဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ အခြေစိုက် ဒိုမီနို ပီဇာကိုတော့ ကွာလာလမ်ပူမြို့မှာ ဖွင့်လှစ်ထားပြီး သူဟာ မလေးရှားအသင်း ဆီးဂိမ်း Esports ပြိုင်ပွဲရဲ့ ပထမ၊ ဒုတိယ၊ တတိယ ရရှိသူတိုင်းအတွက် ပီဇာ အခမဲ့စားရမယ့် အစီအစဉ်တွေ ရှိနေပါတယ်။

လာမယ့် ဖိလစ်ပိုင်ဆီးဂိမ်းရဲ့ Esports ပြိုင်ပွဲမှာ ထိပ်ဆုံး (၃) သင်းအတွင်း ပါဝင်ခဲ့မယ်ဆိုရင် မလေးရှား Esports အသင်းသားတစ်ယောက်စီကို

ရွှေတံဆိပ်ဆုရရင် – (၁၀) နှစ်စာ ပီဇာ စားသုံးခွင့်

ငွေတံဆိပ်ဆုရရင် – (၅) နှစ်စာ ပီဇာ စားသုံးခွင့်

ကြေးတံဆိပ်ဆုရရင် – (၂) နှစ်စာ ပီဇာ စားသုံးခွင့်

ဆိုပြီး ချီးမြင့်မှာ ဖြစ်ပြီး ထိုကာလအတွင်းမှာ Regular Pizza ကို တစ်ပါတ်လျှင် တစ်ချပ်နှုန်း စားသုံးခွင့်ပြုမယ်လို့ သိရပါတယ်။

ဆီးဂိမ်းမှာ အရှေ့တောင်အာရှ ဒေသတွင်း (၁၁) နိုင်ငံသာ ပါဝင်ရမှာဖြစ်ပြီး Esports အတွက်တောင် နိုင်ငံ အားလုံးပါဝင်ဖို့ မသေချာတဲ့အနေအထားမှာ ဒီအခွင့်အရေးဟာ မလေးရှား esports player တွေအတွက် ထူးရှယ်အခွင့်အရေးပါပဲ။

သေချာတာကတော့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ Esports ပွဲစဉ်တွေရှိနေတော့ ကျွန်တော်တို့လို ပရိသတ်တွေအတွက် ပျင်းစရာ မကောင်းတော့ဘူးပေါ့ခင်ဗျာ။

 

Reference : Domino Malaysia Twitter

#Domino #Pizza #Malaysia #Esports #SEAGame