[Unicode]

ခြေရောလက်ပါ မရှိတော့ပေမယ့် PUBG Mobile Streamer ကောင်းတစ်ယောက်အဖြစ် ရပ်တည်လာနိုင်သူ

 

အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ ထိုင်းနိုင်ငံသား Nong Golf ဟာ လတ်တလောမှာ နာမည်ကျော်ကြားရေပန်းစားလာနေတဲ့ PUBG Mobile streamer လေးတစ်ဦးပါ။ Facebook ပေါ်က သူ့ရဲ့ game streaming page ဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကမှ စတင်ခဲ့တာဖြစ်ပေမယ့် တစ်လတောင် မပြည့်သေးတဲ့ ယခုအချိန်မှာ follower ပေါင်း ၄ သောင်းခွဲနီးပါး ရရှိလို့ နေပါပြီ။

အခြားသာမန် streamer များနဲ့ မတူညီတဲ့အချက်ကတော့ Nong Golf မှာ လက် ၂ ဘက်လုံးရော ခြေ ၂ ဘက်လုံးပါ မရှိတော့တာပါ။ ဒါကြောင့် သူဟာ PUBG Mobile ကို ကစားနိုင်ဖို့အတွက် stylus တစ်ချောင်းကို ပါးစပ်မှာကိုက်ပြီး အသုံးပြုရပါတယ်။ ဒါပေမယ့် Nong Golf ဟာ သာမန်လူများနည်းတူ ဂိမ်းကို ကောင်းစွာကစားပြနေနိုင်တဲ့အတွက် ပရိသတ်များ အံ့အားသင့်နေရပါတယ်။

Nong Golf ဟာ ပြီးခဲ့တဲ့ ၄ နှစ်ကျော်က မတော်တဆ ဓာတ်လိုက်မှုတစ်ခုကို ကြုံတွေ့ခဲ့ရပြီးနောက် သူ့ရဲ့ လက်များနဲ့ ခြေများကို ဖြတ်တောက်လိုက်ရတာဖြစ်ပါတယ်။ ယင်းမတိုင်မီကတော့ သူဟာ ဆွဇ်ဇာလန်ဖွား ထိုင်းဘောလုံးသမား Charyl Chappuis လိုမျိုး နာမည်ကျော်ဘောလုံးသမားတစ်ဦးဖြစ်ချင်တဲ့ ရည်မှန်းချက်ရှိခဲ့ဖူးပါတယ်။

“မတော်တဆဖြစ်ပြီး အစပိုင်းမှာတော့ ကျွန်တော်အရမ်းစိတ်ဓာတ်ကျသွားတယ်။ နောက်ပိုင်းကျတော့ ကျွန်တော်ဗီဒီယိုဂိမ်းတွေ စ ကစားဖြစ်ခဲ့တယ်။ ကျွန်တော်အတွေးမလွန်နေစေဖို့အတွက် ဂိမ်းတွေက အကူအညီပေးပါတယ်။ ဂိမ်းကစားရင်း သူငယ်ချင်းအသစ်တွေလည်း ရခဲ့တယ်” လို့ Nong Golf က အင်တာဗျူးတစ်ခုအတွင်းမှာ ပြောသွားခဲ့ပါတယ်။

Nong Golf ဟာ သူ့ရဲ့ stream ကို ဦးလေးဖြစ်သူရဲ့ အကြံပေးချက်အရ စတင်ခဲ့တာပါ။ ယခုဆိုရင်တော့ Nong Golf ဟာ stream ကနေ ဝင်ငွေရရှိအောင် ပြုလုပ်နေနိုင်ရုံသာမက အခြားသူများကိုလည်း သူ့ရဲ့အကြောင်းကို ပြောပြပြီး ဘဝကို လွယ်လွယ်အရှုံးမပေးကြစေဖို့အတွက် စိတ်ခွန်အားများ မျှဝေပေးနေပါပြီ။

“ကျွန်တော်တို့ဟာ အခြားသူများကိုလည်း Nong Golf လိုပဲ စိတ်ခွန်အားတွေရှိလာပြီး ဘဝကို အရှုံးမပေးကြဖို့ တိုက်တွန်းလိုပါတယ်။ စိတ်ဓာတ်ကျနေရင် မိမိကိုယ်ကို ပြန်အားပေးလိုက်ပါ။ ခြေရောလက်ပါ အကောင်းပကတိရှိနေရဲ့သားနဲ့ ငါ ဘာလို့ ဘဝကို ရင်မဆိုင်ရဲရမှာလဲ ဆိုပြီးတော့ပေါ့” လို့ Nong Golf ရဲ့ ဦးလေးဖြစ်သူက အင်တာဗျူးအတွင်းမှာ ပြောသွားခဲ့ပါတယ်။

Nong Golf ကို PUBG Mobile အသိုင်းအဝိုင်းအတွင်းက နာမည်​​ကျော်ကစားသမားများဖြစ်ကြတဲ့ RRQ Athena အသင်းက G9, MiTH အသင်းက Online24, နာမည်ကျော်သရုပ်ဆောင်နဲ့ PUBG Mobile ကစားသမားဖြစ်သူ Pharunyoo Rojanawuttitham တို့ဟာ မကြာသေးမီက လာရောက်တွေ့ဆုံခဲ့ကြပါတယ်။ ယင်းတို့ဟာ Nong Golf နဲ့အတူ ရယ်မောပျော်ရွှင်စွာ စကားများပြောဆိုနေခဲ့ကြပြီး ဂိမ်းများကိုလည်း အတူတကွ ဆော့ကစားခဲ့ကြပါတယ်။

မညိသို့ပင်​ဖြစ်စေ Nong Golf ဟာ ယခုအချိန်မှာတော့ ဆိုးရွားခဲ့တဲ့အတိတ်ကို မေ့ပျောက်ထားပြီး အနာဂတ်အတွက် အကောင်းဆုံးကြိုးပမ်းလို့ နေပါပြီ။ ဘဝကို လွယ်လွယ်အရှုံးမပေးတဲ့ Nong Golf ရဲ့ စိတ်ဓာတ်ဟာ အားကျအတုယူဖွယ်ကောင်းတာမို့ ပရိသတ်အတွက် ဖော်ပြပေးလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: TheSmartLocal, Sanook

https://www.facebook.com/golf.no.hand.gaming/


[ZawGyi]

ေျခေရာလက္ပါ မရွိေတာ့ေပမယ့္ PUBG Mobile streamer ေကာင္းတစ္ေယာက္အျဖစ္ ရပ္တည္လာႏိုင္သူ

 

အသက္ ၁၈ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ထိုင္းႏိုင္ငံသား Nong Golf ဟာ လတ္တေလာမွာ နာမည္ေက်ာ္ၾကားေရပန္းစားလာေနတဲ့ PUBG Mobile streamer ေလးတစ္ဦးပါ။ Facebook ေပၚက သူ႔ရဲ႕ game streaming page ဟာ ၿပီးခဲ့တဲ့ ေမလ ၂၈ ရက္ေန႔ကမွ စတင္ခဲ့တာျဖစ္ေပမယ့္ တစ္လေတာင္ မျပည့္ေသးတဲ့ ယခုအခ်ိန္မွာ follower ေပါင္း ၄ ေသာင္းခြဲနီးပါး ရရွိလို႔ ေနပါၿပီ။

အျခားသာမန္ streamer မ်ားနဲ႔ မတူညီတဲ့အခ်က္ကေတာ့ Nong Golf မွာ လက္ ၂ ဘက္လုံးေရာ ေျခ ၂ ဘက္လုံးပါ မရွိေတာ့တာပါ။ ဒါေၾကာင့္ သူဟာ PUBG Mobile ကို ကစားႏိုင္ဖို႔အတြက္ stylus တစ္ေခ်ာင္းကို ပါးစပ္မွာကိုက္ၿပီး အသုံးျပဳရပါတယ္။ ဒါေပမယ့္ Nong Golf ဟာ သာမန္လူမ်ားနည္းတူ ဂိမ္းကို ေကာင္းစြာကစားျပေနႏိုင္တဲ့အတြက္ ပရိသတ္မ်ား အံ့အားသင့္ေနရပါတယ္။

Nong Golf ဟာ ၿပီးခဲ့တဲ့ ၄ ႏွစ္ေက်ာ္က မေတာ္တဆ ဓာတ္လိုက္မႈတစ္ခုကို ႀကဳံေတြ႕ခဲ့ရၿပီးေနာက္ သူ႔ရဲ႕ လက္မ်ားနဲ႔ ေျခမ်ားကို ျဖတ္ေတာက္လိုက္ရတာျဖစ္ပါတယ္။ ယင္းမတိုင္မီကေတာ့ သူဟာ ဆြဇ္ဇာလန္ဖြား ထိုင္းေဘာလုံးသမား Charyl Chappuis လိုမ်ိဳး နာမည္ေက်ာ္ေဘာလုံးသမားတစ္ဦးျဖစ္ခ်င္တဲ့ ရည္မွန္းခ်က္ရွိခဲ့ဖူးပါတယ္။

“မေတာ္တဆျဖစ္ၿပီး အစပိုင္းမွာေတာ့ ကြၽန္ေတာ္အရမ္းစိတ္ဓာတ္က်သြားတယ္။ ေနာက္ပိုင္းက်ေတာ့ ကြၽန္ေတာ္ဗီဒီယိုဂိမ္းေတြ စ ကစားျဖစ္ခဲ့တယ္။ ကြၽန္ေတာ္အေတြးမလြန္ေနေစဖို႔အတြက္ ဂိမ္းေတြက အကူအညီေပးပါတယ္။ ဂိမ္းကစားရင္း သူငယ္ခ်င္းအသစ္ေတြလည္း ရခဲ့တယ္” လို႔ Nong Golf က အင္တာဗ်ဴးတစ္ခုအတြင္းမွာ ေျပာသြားခဲ့ပါတယ္။

Nong Golf ဟာ သူ႔ရဲ႕ stream ကို ဦးေလးျဖစ္သူရဲ႕ အႀကံေပးခ်က္အရ စတင္ခဲ့တာပါ။ ယခုဆိုရင္ေတာ့ Nong Golf ဟာ stream ကေန ဝင္ေငြရရွိေအာင္ ျပဳလုပ္ေနႏိုင္႐ုံသာမက အျခားသူမ်ားကိုလည္း သူ႔ရဲ႕အေၾကာင္းကို ေျပာျပၿပီး ဘဝကို လြယ္လြယ္အရႈံးမေပးၾကေစဖို႔အတြက္ စိတ္ခြန္အားမ်ား မွ်ေဝေပးေနပါၿပီ။

“ကြၽန္ေတာ္တို႔ဟာ အျခားသူမ်ားကိုလည္း Nong Golf လိုပဲ စိတ္ခြန္အားေတြရွိလာၿပီး ဘဝကို အရႈံးမေပးၾကဖို႔ တိုက္တြန္းလိုပါတယ္။ စိတ္ဓာတ္က်ေနရင္ မိမိကိုယ္ကို ျပန္အားေပးလိုက္ပါ။ ေျခေရာလက္ပါ အေကာင္းပကတိရွိေနရဲ႕သားနဲ႔ ငါ ဘာလို႔ ဘဝကို ရင္မဆိုင္ရဲရမွာလဲ ဆိုၿပီးေတာ့ေပါ့” လို႔ Nong Golf ရဲ႕ ဦးေလးျဖစ္သူက အင္တာဗ်ဴးအတြင္းမွာ ေျပာသြားခဲ့ပါတယ္။

Nong Golf ကို PUBG Mobile အသိုင္းအဝိုင္းအတြင္းက နာမည္​​ေက်ာ္ကစားသမားမ်ားျဖစ္ၾကတဲ့ RRQ Athena အသင္းက G9, MiTH အသင္းက Online24, နာမည္ေက်ာ္သ႐ုပ္ေဆာင္နဲ႔ PUBG Mobile ကစားသမားျဖစ္သူ Pharunyoo Rojanawuttitham တို႔ဟာ မၾကာေသးမီက လာေရာက္ေတြ႕ဆုံခဲ့ၾကပါတယ္။ ယင္းတို႔ဟာ Nong Golf နဲ႔အတူ ရယ္ေမာေပ်ာ္႐ႊင္စြာ စကားမ်ားေျပာဆိုေနခဲ့ၾကၿပီး ဂိမ္းမ်ားကိုလည္း အတူတကြ ေဆာ့ကစားခဲ့ၾကပါတယ္။

မညိသို႔ပင္​ျဖစ္ေစ Nong Golf ဟာ ယခုအခ်ိန္မွာေတာ့ ဆိုး႐ြားခဲ့တဲ့အတိတ္ကို ေမ့ေပ်ာက္ထားၿပီး အနာဂတ္အတြက္ အေကာင္းဆုံးႀကိဳးပမ္းလို႔ ေနပါၿပီ။ ဘဝကို လြယ္လြယ္အရႈံးမေပးတဲ့ Nong Golf ရဲ႕ စိတ္ဓာတ္ဟာ အားက်အတုယူဖြယ္ေကာင္းတာမို႔ ပရိသတ္အတြက္ ေဖာ္ျပေပးလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: TheSmartLocal, Sanook

https://www.facebook.com/golf.no.hand.gaming/