Diablo ဆိုတဲ့ ဂိမ္းနာမည္ကို ဂိမ္းဝါသနာရွင္ အေတာ္မ်ားမ်ား ၾကားဖူးနားဝ ရွိေနၾကမွာပါ။ ၁၉၉၆ ႏွစ္ကုန္ေလာက္မွာ Blizzard North က ဖန္တီးျပီး ကမၻာေက်ာ္ Blizzard Entertainment ကေန ထုတ္လုပ္လိုက္တဲ့ ဒီဂိမ္းဟာ ေနာက္ပိုင္းထြက္လာတဲ့ Blizzard ရဲ႕ ဂိမ္းမ်ား ေအာင္ျမင္ဖုိ႔ ေမြးဖြားလာခဲ့သလိုပါပဲ။ Action role-playing အမ်ိဳးအစားျဖစ္ျပီး ကစားသမားေဟာင္းမ်ား အလြန္ၾကိဳက္ႏွစ္သက္ခဲ့ၾကတဲ့ ဒီဂိမ္းကို ပရိုဂရမ္မာ မ်ားက web browser ေပၚ တင္ဖုိ႔ အရင္ႏွစ္ထဲက ၾကိဳးစားေနခဲ့ၾကတာ ယခုေတာ့ ေအာင္ျမင္ခဲ့ပါျပီ။

မူလဂိမ္းရဲ႕ အရသာနဲ႔ အႏွစ္သာရတို႔ မပ်က္ေစပဲ brower ထဲမွာ ကစားလုိ႔ရတဲ့ ဂိမ္းတစ္ခုျဖစ္လာေစဖုိ႔ GalaXyHaXz နဲ႔ Devilution project တို႔ ပူးေပါင္းျပီး ျပဳလုပ္ခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာ update မ်ားနဲ႔ fix မ်ား ျပဳလုပ္ရာမွာ အဆင္ေျပေစဖုိ႔ မူလ source code မ်ားကို အေကာင္းဆုံးျဖစ္ေအာင္ ျပန္လည္မြန္းမံျခင္းမ်ား ျပဳလုပ္ခဲ့ၾကျပီး လူတိုင္းေဆာ့ကစားႏိုင္ေစဖုိ႔အတြက္ Rivsoft ေပၚမွာ တင္ခဲ့ၾကပါတယ္။


လက္ရွိမွာ diablo.rivsoft.net ကေန ဝင္ေရာက္ကစားႏိုင္ေနျပီျဖစ္ျပီး ေဆာ့ကစားမယ္ဆိုရင္ browser ကို အသုံးျပဳျပီး အဲဒီ webpage ကို အရင္သြားေရာက္ရမွာပါ။ ျပီးေနာက္ download it from GitHub ဆိုတာကို ရွာေဖြ ႏိွပ္ျပီး ၅၀ မက္ဂါဘိုက္ခန္႔ရွိတဲ့ ဂိမ္းဖိုင္ကို download ျပဳလုပ္ရပါမယ္။ ထုိ႔ေနာက္ အဲဒီဖိုင္ကို webpage ထဲကို တစ္ဖန္ျပန္ drop လုပ္ ထည့္သြင္းလိုက္တာနဲ႔ Diablo ဂိမ္းကို စတင္ ကစားႏိုင္ျပီပဲျဖစ္ပါတယ္။ တကယ္လို႔ ကိုယ့္မွာ GOG က ဝယ္ယူထားတဲ့ မူရင္း Diablo ဂိမ္းရွိေနခဲ့ရင္ေတာ့ DIABDAT.MPQ ဆိုတဲ့ဖိုင္ကို ရွာေဖြျပီး drop လုပ္ ထည့္သြင္းရင္လည္း အလားတူပဲ ေဆာ့ကစားႏိုင္မွာပါ။ PC နဲ႔ ကစားရင္ ပိုမို အဆင္ေျပပါလိမ့္မယ္။

အဓိက ကေတာ့ Kingdom of Khanduras ထဲက သူရဲေကာင္းတစ္ေယာက္ အေနနဲ႔ Diablo ကမၻာၾကီးထဲမွာ ရွာေဖြသြားလာ ကစားရမွာပါ။ ခရီးစဥ္တစ္ေလွ်ာက္ item မ်ား ရရွိမွာျဖစ္သလို spell မ်ား သုံးရင္း ရန္သူမ်ားကို ႏိွမ္နင္းရမွာပါ။ Non-player characters (NPCs) မ်ားနဲ႔လည္း အဆက္အသြယ္ျပဳလုပ္စကားေျပာရမွာေတြ ပါဝင္ပါတယ္။ ခရီးစဥ္တစ္ေလွ်ာက္မွာ dungeon အဆင့္ ၁၆ ခုကို ေက်ာ္ျဖတ္ျပီး ေနာက္ဆုံး ငရဲကို ဝင္ေရာက္ကာ Diablo, the Lord of Terror ကို ရင္ဆိုင္ရမွာပါ။

[image from macobserver]
လြန္ခဲ့တဲ့ ႏွစ္ ၂၀ ေက်ာ္က ထြက္ရွိခဲ့တဲ့ ကစားသမားမ်ား အၾကိဳက္ Diablo ဂိမ္းကေတာ့ browser ပၚမွာ ေဆာ့ကစားႏိုင္ဖုိ႔ ျပန္လည္ေပၚထြက္လာခဲ့ပါျပီ။ Blizzard ဟာ မူလက ထြန္းေတာက္ခဲ့တဲ့ဂိမ္းမ်ားကို ယခုတေလာ ျပန္လည္ မြန္းမံေနျပီး Diablo ဟာလည္း ထို ဂိမ္းမ်ားထဲက တစ္ခုပါ။ Download လည္း မ်ားမ်ားစားစားျပဳလုပ္ဖုိ႔ မလိုပဲ ကစားရလြယ္ကူတဲ့ Diablo ဟာ လက္ရွိ ထြန္းကားေနတဲ့ဂိမ္းေလာကရဲ႕ အတိတ္ကို ျပန္လည္ ေအာက္ေမ့ဖြယ္ တည္ရွိေနပါေတာ့တယ္။ Video game အေၾကာင္းအရာမ်ားနဲ႔ esport သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

#GamingNoodle #Freetoplay #Diablo #ComBo


“မူလပထမဆုံး Diablo ဂိမ်းကို browser မှ ဝင်ရောက်ကစားနိုင်ပြီ”

Diablo ဆိုတဲ့ ဂိမ်းနာမည်ကို ဂိမ်းဝါသနာရှင် အတော်များများ ကြားဖူးနားဝ ရှိနေကြမှာပါ။ ၁၉၉၆ နှစ်ကုန်လောက်မှာ Blizzard North က ဖန်တီးပြီး ကမ္ဘာကျော် Blizzard Entertainment ကနေ ထုတ်လုပ်လိုက်တဲ့ ဒီဂိမ်းဟာ နောက်ပိုင်းထွက်လာတဲ့ Blizzard ရဲ့ ဂိမ်းများ အောင်မြင်ဖို့ မွေးဖွားလာခဲ့သလိုပါပဲ။ Action role-playing အမျိုးအစားဖြစ်ပြီး ကစားသမားဟောင်းများ အလွန်ကြိုက်နှစ်သက်ခဲ့ကြတဲ့ ဒီဂိမ်းကို ပရိုဂရမ်မာ များက web browser ပေါ် တင်ဖို့ အရင်နှစ်ထဲက ကြိုးစားနေခဲ့ကြတာ ယခုတော့ အောင်မြင်ခဲ့ပါပြီ။

မူလဂိမ်းရဲ့ အရသာနဲ့ အနှစ်သာရတို့ မပျက်စေပဲ brower ထဲမှာ ကစားလို့ရတဲ့ ဂိမ်းတစ်ခုဖြစ်လာစေဖို့ GalaXyHaXz နဲ့ Devilution project တို့ ပူးပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ update များနဲ့ fix များ ပြုလုပ်ရာမှာ အဆင်ပြေစေဖို့ မူလ source code များကို အကောင်းဆုံးဖြစ်အောင် ပြန်လည်မွန်းမံခြင်းများ ပြုလုပ်ခဲ့ကြပြီး လူတိုင်းဆော့ကစားနိုင်စေဖို့အတွက် Rivsoft ပေါ်မှာ တင်ခဲ့ကြပါတယ်။

လက်ရှိမှာ diablo.rivsoft.net ကနေ ဝင်ရောက်ကစားနိုင်နေပြီဖြစ်ပြီး ဆော့ကစားမယ်ဆိုရင် browser ကို အသုံးပြုပြီး အဲဒီ webpage ကို အရင်သွားရောက်ရမှာပါ။ ပြီးနောက် download it from GitHub ဆိုတာကို ရှာဖွေ နှိပ်ပြီး ၅၀ မက်ဂါဘိုက်ခန့်ရှိတဲ့ ဂိမ်းဖိုင်ကို download ပြုလုပ်ရပါမယ်။ ထို့နောက် အဲဒီဖိုင်ကို webpage ထဲကို တစ်ဖန်ပြန် drop လုပ် ထည့်သွင်းလိုက်တာနဲ့ Diablo ဂိမ်းကို စတင် ကစားနိုင်ပြီပဲဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ GOG က ဝယ်ယူထားတဲ့ မူရင်း Diablo ဂိမ်းရှိနေခဲ့ရင်တော့ DIABDAT.MPQ ဆိုတဲ့ဖိုင်ကို ရှာဖွေပြီး drop လုပ် ထည့်သွင်းရင်လည်း အလားတူပဲ ဆော့ကစားနိုင်မှာပါ။ PC နဲ့ ကစားရင် ပိုမို အဆင်ပြေပါလိမ့်မယ်။

အဓိက ကတော့ Kingdom of Khanduras ထဲက သူရဲကောင်းတစ်ယောက် အနေနဲ့ Diablo ကမ္ဘာကြီးထဲမှာ ရှာဖွေသွားလာ ကစားရမှာပါ။ ခရီးစဉ်တစ်လျှောက် item များ ရရှိမှာဖြစ်သလို spell များ သုံးရင်း ရန်သူများကို နှိမ်နင်းရမှာပါ။ Non-player characters (NPCs) များနဲ့လည်း အဆက်အသွယ်ပြုလုပ်စကားပြောရမှာတွေ ပါဝင်ပါတယ်။ ခရီးစဉ်တစ်လျှောက်မှာ dungeon အဆင့် ၁၆ ခုကို ကျော်ဖြတ်ပြီး နောက်ဆုံး ငရဲကို ဝင်ရောက်ကာ Diablo, the Lord of Terror ကို ရင်ဆိုင်ရမှာပါ။

[image from macobserver]

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ထွက်ရှိခဲ့တဲ့ ကစားသမားများ အကြိုက် Diablo ဂိမ်းကတော့ browser ပါ်မှာ ဆော့ကစားနိုင်ဖို့ ပြန်လည်ပေါ်ထွက်လာခဲ့ပါပြီ။ Blizzard ဟာ မူလက ထွန်းတောက်ခဲ့တဲ့ဂိမ်းများကို ယခုတလော ပြန်လည် မွန်းမံနေပြီး Diablo ဟာလည်း ထို ဂိမ်းများထဲက တစ်ခုပါ။ Download လည်း များများစားစားပြုလုပ်ဖို့ မလိုပဲ ကစားရလွယ်ကူတဲ့ Diablo ဟာ လက်ရှိ ထွန်းကားနေတဲ့ဂိမ်းလောကရဲ့ အတိတ်ကို ပြန်လည် အောက်မေ့ဖွယ် တည်ရှိနေပါတော့တယ်။ Video game အကြောင်းအရာများနဲ့ esport သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

#GamingNoodle #Freetoplay #Diablo #ComBo