[Zawgyi]

DEUS Esports အႏုိင္ရသြားတဲ့ OPPO | PUBG Mobile Myanmar Championship

 

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာေတာ့ အသင္းေပါင္း ၆၀၀ ေက်ာ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ OPPO | PUBG Mobile Myanmar Championship ၿပိဳင္ပြဲရဲ႕ ဖိုင္နယ္ပြဲစဥ္ကို ရန္ကုန္ၿမိဳ႕၊ ကမာၻေအးဘုရားလမ္းေပၚက Melia Hotel မွာ က်င္းပခဲ့ပါတယ္။ ခမ္းခမ္းနားနားက်င္းပထားသလို လာေရာက္ၾကည့္ရႈသူေတြအတြက္ အေပ်ာ္တမ္းေသနတ္ပစ္ေလ့က်င့္ကြင္းငယ္၊ PUBG Mobile UI ပုံစံ Photo Booth စတာေတြအျပင္ ကံစမ္းမဲအစီအစဥ္ေတြ၊ ႏုိင္ငံေက်ာ္အဆုိေတာ္ Big Bag ရဲ႕ ေဖ်ာ္ေျဖမႈေတြ စသျဖင့္ ပါဝင္ခဲ့ပါတယ္။

ေနာက္ဆုံးဖိုင္နယ္ၿပိဳင္ပြဲမွာေတာ့ ဒုတိယအဆင့္ျဖစ္တဲ့ ၆၄ သင္း အုပ္စုအဆင့္ကေန တက္လာတဲ့ အသင္း ၁၆ သင္းသာ က်န္ရွိေတာ့ၿပီး 5 Rounds ယွဥ္ၿပိဳင္ခဲ့ရာမွာ တစ္ပြဲမွ Chicken Dinner မရခဲ့ေပမယ့္ ရမွတ္ေကာင္းတဲ့ DEUS Esports အသင္းက ခ်န္ပီယံဆုကို ဆြတ္ခူးရရွိခဲ့ၿပီး ပထမဆုနဲ႔အတူ ဆုေၾကးေငြ အေမရိကန္ေဒၚလာ ၁၅၀၀၀ ကိုပါ ရရွိခဲ့ပါတယ္။

PUBG Mobile ၿပိဳင္ပြဲေတြကို ျပည္တြင္းမွာ ၿမိဳင္ၿမိဳင္ဆုိင္ဆုိင္က်င္းပလာၾကၿပီး ၿပိဳင္ပြဲတစ္ခုနဲ႔တစ္ခုမွာ ထြက္ရွိလာတဲ့ ခ်န္ပီယံေတြကလည္း မတူညီတာ မ်ားပါတယ္။ အခုခ်န္ပီယံျဖစ္သြားတဲ့ DEUS Esports အသင္းမွာ ယခင္ Team No Trend မွာ ကစားခဲ့တဲ့ Zero, Kendo, blinkz တုိ႔သုံးဦး၊ ယခင္ Team AoJ ကစားသမားေဟာင္း Wicked နဲ႔အတူ Trojan Esports အသင္းသားေဟာင္း LuYoteMar ကပါ နည္းျပအျဖစ္ ပါဝင္ထားတာျဖစ္ပါတယ္။

စိတ္ဝင္စားစရာေကာင္းတာက DEUS Esports အသင္းရဲ႕ပုိင္ရွင္ျဖစ္သူဟာ နာမည္ေက်ာ္သရုပ္ေဆာင္တစ္ဦးျဖစ္တဲ့ အကယ္ဒမီ ျမင့္ျမတ္ ျဖစ္တယ္လို႔လည္း သတင္းရင္းျမစ္မ်ားက ဆုိပါတယ္။ ဒါ့ေၾကာင့္ ျမန္မာႏုိင္ငံရဲ႕ တြင္က်ယ္လာတဲ့ Esports ျမင္ကြင္းထဲကို ႏုိင္ငံေက်ာ္ေတြလည္း ဝါသနာအရ ဝင္ေရာက္လာၾကၿပီလားလို႔ ဝမ္းေျမာက္စရာပါ။

Round 5 ခုမွာ Chicken Dinner ရခဲ့တဲ့အသင္းေတြကေတာ့ CJ7, Rest In Peace, T7 Challengers, Yangon Galacticos, Rest In Peace (အစဥ္လိုက္) ျဖစ္ပါတယ္။ အသင္းေတြရဲ႕ ေနာက္ဆုံး Standing နဲ႔ ရရွိသြားတဲ့ ဆုေၾကးေငြေတြကေတာ့ –

1. DEUS Esports – US$ 15,000

2. T7 Challengers – US$ 8,000

3. Rest In Peace – US$ 6,000

4. Alive or Dead – US$ 3,000

5. Yangon Galacticos – US$ 1,000

6. Myrmidon MM – US$ 1,000

7. Team Fuhrer – US$ 1,000

8. CJ7 – US$ 1,000

9. Angels of Death – US$ 500

10. Sama Dojo – US$ 500

11. Underdog – US$ 500

12. Team Fury Juniro – US$ 500

13. Unrated – US$ 500

14. Monster Demons – US$ 500

15. CSD Esports – US$ 500

16. I Cloud Esports – US$ 500 တုိ႔ အသီးသီးျဖစ္ပါတယ္။

အခုႏွစ္ထဲမွာ မုိဘုိင္းဂိမ္းကစားသူဦးေရ တဟုန္ထိုးျမင့္တက္လာမႈနဲ႔အတူ စမတ္ဖုန္းကုမၸဏီၾကီးေတြနဲ႔ မုိဘုိင္းေအာ္ပေရတာေတြက ႀကီးမွဴးက်င္းပတဲ့ Mobile Esports ၿပိဳင္ပြဲေတြ လစဥ္လတုိင္းျမင္ေတြ႕လာရတာ ဝမ္းသာစရာပါပဲ။ ဒါေပမယ့္ PUBG Mobile ဂိမ္းမွာ ေလာေလာဆယ္ ျမန္မာႏုိင္ငံအတြက္ National League ပုံစံမ်ဳိး က်င္းပေပးတာ မရွိေသးသလို အခုပြဲၿပီးသြားတဲ့အခါမွာလည္း ၂၀၁၉ အကုန္ေလာက္ထိ Tencent မွ တရားဝင္က်င္းပမယ့္ ၿပိဳင္ပြဲႀကီးေတြ ရွိဦးမွာမဟုတ္ဘဲ ႏုိဝင္ဘာလထဲမွာ က်င္းပမယ့္ King of Hill ၿပိဳင္ပြဲတစ္ခုသာ ရွိေတာ့မယ္လို႔လည္း သိရပါတယ္။ Gaming Noodle ကေန ျပည္တြင္းျပည္ပ Esports နဲ႔ ဗီဒီယုိဂိမ္းအေၾကာင္းအရာေတြကို စုံလင္စြာ တင္ဆက္ေပးေနပါတယ္။


[Unicode]

DEUS Esports အနိုင်ရသွားတဲ့ OPPO | PUBG Mobile Myanmar Championship

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ အသင်းပေါင်း ၆၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ OPPO | PUBG Mobile Myanmar Championship ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်ကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်က Melia Hotel မှာ ကျင်းပခဲ့ပါတယ်။ ခမ်းခမ်းနားနားကျင်းပထားသလို လာရောက်ကြည့်ရှုသူတွေအတွက် အပျော်တမ်းသေနတ်ပစ်လေ့ကျင့်ကွင်းငယ်၊ PUBG Mobile UI ပုံစံ Photo Booth စတာတွေအပြင် ကံစမ်းမဲအစီအစဉ်တွေ၊ နိုင်ငံကျော်အဆိုတော် Big Bag ရဲ့ ဖျော်ဖြေမှုတွေ စသဖြင့် ပါဝင်ခဲ့ပါတယ်။

နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲမှာတော့ ဒုတိယအဆင့်ဖြစ်တဲ့ ၆၄ သင်း အုပ်စုအဆင့်ကနေ တက်လာတဲ့ အသင်း ၁၆ သင်းသာ ကျန်ရှိတော့ပြီး 5 Rounds ယှဉ်ပြိုင်ခဲ့ရာမှာ တစ်ပွဲမှ Chicken Dinner မရခဲ့ပေမယ့် ရမှတ်ကောင်းတဲ့ DEUS Esports အသင်းက ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီး ပထမဆုနဲ့အတူ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၅၀၀၀ ကိုပါ ရရှိခဲ့ပါတယ်။

PUBG Mobile ပြိုင်ပွဲတွေကို ပြည်တွင်းမှာ မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပလာကြပြီး ပြိုင်ပွဲတစ်ခုနဲ့တစ်ခုမှာ ထွက်ရှိလာတဲ့ ချန်ပီယံတွေကလည်း မတူညီတာ များပါတယ်။ အခုချန်ပီယံဖြစ်သွားတဲ့ DEUS Esports အသင်းမှာ ယခင် Team No Trend မှာ ကစားခဲ့တဲ့ Zero, Kendo, blinkz တို့သုံးဦး၊ ယခင် Team AoJ ကစားသမားဟောင်း Wicked နဲ့အတူ Trojan Esports အသင်းသားဟောင်း LuYoteMar ကပါ နည်းပြအဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက DEUS Esports အသင်းရဲ့ပိုင်ရှင်ဖြစ်သူဟာ နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ် ဖြစ်တယ်လို့လည်း သတင်းရင်းမြစ်များက ဆိုပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ တွင်ကျယ်လာတဲ့ Esports မြင်ကွင်းထဲကို နိုင်ငံကျော်တွေလည်း ဝါသနာအရ ဝင်ရောက်လာကြပြီလားလို့ ဝမ်းမြောက်စရာပါ။

Round 5 ခုမှာ Chicken Dinner ရခဲ့တဲ့အသင်းတွေကတော့ CJ7, Rest In Peace, T7 Challengers, Yangon Galacticos, Rest In Peace (အစဉ်လိုက်) ဖြစ်ပါတယ်။ အသင်းတွေရဲ့ နောက်ဆုံး Standing နဲ့ ရရှိသွားတဲ့ ဆုကြေးငွေတွေကတော့ –

1. DEUS Esports – US$ 15,000

2. T7 Challengers – US$ 8,000

3. Rest In Peace – US$ 6,000

4. Alive or Dead – US$ 3,000

5. Yangon Galacticos – US$ 1,000

6. Myrmidon MM – US$ 1,000

7. Team Fuhrer – US$ 1,000

8. CJ7 – US$ 1,000

9. Angels of Death – US$ 500

10. Sama Dojo – US$ 500

11. Underdog – US$ 500

12. Team Fury Juniro – US$ 500

13. Unrated – US$ 500

14. Monster Demons – US$ 500

15. CSD Esports – US$ 500

16. I Cloud Esports – US$ 500 တို့ အသီးသီးဖြစ်ပါတယ်။

အခုနှစ်ထဲမှာ မိုဘိုင်းဂိမ်းကစားသူဦးရေ တဟုန်ထိုးမြင့်တက်လာမှုနဲ့အတူ စမတ်ဖုန်းကုမ္ပဏီကြီးတွေနဲ့ မိုဘိုင်းအော်ပရေတာတွေက ကြီးမှူးကျင်းပတဲ့ Mobile Esports ပြိုင်ပွဲတွေ လစဉ်လတိုင်းမြင်တွေ့လာရတာ ဝမ်းသာစရာပါပဲ။ ဒါပေမယ့် PUBG Mobile ဂိမ်းမှာ လောလောဆယ် မြန်မာနိုင်ငံအတွက် National League ပုံစံမျိုး ကျင်းပပေးတာ မရှိသေးသလို အခုပွဲပြီးသွားတဲ့အခါမှာလည်း ၂၀၁၉ အကုန်လောက်ထိ Tencent မှ တရားဝင်ကျင်းပမယ့် ပြိုင်ပွဲကြီးတွေ ရှိဦးမှာမဟုတ်ဘဲ နိုဝင်ဘာလထဲမှာ ကျင်းပမယ့် King of Hill ပြိုင်ပွဲတစ်ခုသာ ရှိတော့မယ်လို့လည်း သိရပါတယ်။ Gaming Noodle ကနေ ပြည်တွင်းပြည်ပ Esports နဲ့ ဗီဒီယိုဂိမ်းအကြောင်းအရာတွေကို စုံလင်စွာ တင်ဆက်ပေးနေပါတယ်။