[Unicode]

အသင်းသစ်ရှာတွေ့သွားတဲ့ Dendi

 

Dota2 ပရိသတ်တွေရဲ့ လူချစ်လူခင်အများဆုံး Legend တစ်ယောက်လို့ဆိုရမယ့် ယူကရိန်းနိုင်ငံသား Dota2 ကစားသမား Danil “Dendi” Ishutin ဟာ အသင်းသစ်ကို ရှာတွေ့သွားပြီပဲ ဖြစ်ပါတယ်။

အသင်းလက်မဲ့ ဖြစ်နေတာ အတော်ကြာနေခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် Mid ကစားသမား Dendi ဟာ သူအချိန်အတန်ကြာ ရှာဖွေနေတဲ့ အသင်းကိုတော့ ဖွဲ့စည်းလိုက်နိုင်ပါပြီ။ သူတို့ရဲ့ သတင်းကို စတင်ဖွင့်ဟခဲ့သူကတော့ နာမည်ကျော် Dota2 Caster “V1lat” ဖြစ်ပြီး သူ့ရဲ့ Twitter မှာ ကြောညာခဲ့တာပါ။ အသင်းနာမည်ကတော့ “Viet Flashbacks” ဖြစ်ပြီး Commonwealth of Independent States (CIS) အခြေစိုက်အသင်းပဲ ဖြစ်ပါတယ်။

Viet Flashbacks Roster

1. 🇺🇦V-Tune
2.🇺🇦Dendi
3.🇷🇺Nongrata
4.🇷🇸Lebron
5.🇷🇺KingR

ကစားသမားတွေအနေနဲ့ နာမည်ရှိပြီးသား CIS အခြစိုက်ကစားသမားတွေနဲ့သာ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ၁၉ နှစ်အရွယ် Carry ကစားသမား V-Tune ကတော့ လတ်တလော အောင်မြင်မှု ရရှိနေသူတစ်ဦးဖြစ်ပြီး နောက်ဆုံး Minor Dota Summit မှာ HellRaisers အသင်းနဲ့ တတိယအထိ ရရှိခဲ့ပါတယ်။

Lebron ကတော့ ၂၀၁၈ မှာ Dendi နဲ့အတူ NaVi မှာ ကစားဖူးတဲ့ အတွေ့အကြုံရှိပြီး KingR ကတော့ Gambit, Team Empire အစရှိတဲ့ အသင်းတွေမှယ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံရှိ Support တစ်ယောက်ပဲ ဖြစ်ပါတယ်။ nongrata ကလည်း FlyToMoon, Winstrike စတဲ့ အသင်းတွေမှာကစားခဲ့ဖူးတဲ့ offlaner တစ်ယောက်ပါ။

ယခုလူစာရင်းကတော့ လက်ရှိ bootcamp တစ်ခုမှာ အချိန်အတန်ကြာလေ့ကျင့်နေခဲ့ပြီး လာမယ့် Major Open Qualifier မှာ စတင်ယှဉ်မှာ စတင်ယှဉ်ပြိုင်မယ်လို့ V1lat က ပြောကြားခဲ့ပါတယ်။ စာရေးသူအမြင်အရ ယခုလူစာရင်းဟာ Dendi တို့လို အတွေ့အကြုံရှိ CIS ကစားသမားတွေကို V-Tune တို့လို တက်သစ်စ Carry နဲ့ တွဲဖက်ထားလို့ အလားအလာရှိတဲ့ အသင်းတစ်သင်းလို့ ထင်မြင်မိပါတယ်။

Dendi ကို ချစ်တဲ့ ပရိသတ်တွေအတွက်လည်း Dendi ကို ကမ္ဘာ့ Esports စင်မြင့်ထက်မှာ ပြန်လည်မြင်တွေ့ခွင့် ရရှိနိုင်ဦးမလားဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ် ခင်ဗျာ။


[ZawGyi]

အသင္းသစ္ရွာေတြ႕သြားတဲ့ Dendi

Dota2 ပရိသတ္ေတြရဲ႕ လူခ်စ္လူခင္အမ်ားဆုံး Legend တစ္ေယာက္လို႔ဆိုရမယ့္ ယူကရိန္းႏိုင္ငံသား Dota2 ကစားသမား Danil “Dendi” Ishutin ဟာ အသင္းသစ္ကို ရွာေတြ႕သြားၿပီပဲ ျဖစ္ပါတယ္။

အသင္းလက္မဲ့ ျဖစ္ေနတာ အေတာ္ၾကာေနခဲ့တဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္ Mid ကစားသမား Dendi ဟာ သူအခ်ိန္အတန္ၾကာ ရွာေဖြေနတဲ့ အသင္းကိုေတာ့ ဖြဲ႕စည္းလိုက္ႏိုင္ပါၿပီ။ သူတို႔ရဲ႕ သတင္းကို စတင္ဖြင့္ဟခဲ့သူကေတာ့ နာမည္ေက်ာ္ Dota2 Caster “V1lat” ျဖစ္ၿပီး သူ႔ရဲ႕ Twitter မွာ ေၾကာညာခဲ့တာပါ။ အသင္းနာမည္ကေတာ့ “Viet Flashbacks” ျဖစ္ၿပီး Commonwealth of Independent States (CIS) အေျခစိုက္အသင္းပဲ ျဖစ္ပါတယ္။

Viet Flashbacks Roster

1. 🇺🇦V-Tune
2.🇺🇦Dendi
3.🇷🇺Nongrata
4.🇷🇸Lebron
5.🇷🇺KingR

ကစားသမားေတြအေနနဲ႔ နာမည္ရွိၿပီးသား CIS အျခစိုက္ကစားသမားေတြနဲ႔သာ ဖြဲ႕စည္းထားတာျဖစ္ပါတယ္။ ၁၉ ႏွစ္အ႐ြယ္ Carry ကစားသမား V-Tune ကေတာ့ လတ္တေလာ ေအာင္ျမင္မႈ ရရွိေနသူတစ္ဦးျဖစ္ၿပီး ေနာက္ဆုံး Minor Dota Summit မွာ HellRaisers အသင္းနဲ႔ တတိယအထိ ရရွိခဲ့ပါတယ္။

Lebron ကေတာ့ ၂၀၁၈ မွာ Dendi နဲ႔အတူ NaVi မွာ ကစားဖူးတဲ့ အေတြ႕အႀကဳံရွိၿပီး KingR ကေတာ့ Gambit, Team Empire အစရွိတဲ့ အသင္းေတြမွယ ကစားခဲ့ဖူးတဲ့ အေတြ႕အႀကဳံရွိ Support တစ္ေယာက္ပဲ ျဖစ္ပါတယ္။ nongrata ကလည္း FlyToMoon, Winstrike စတဲ့ အသင္းေတြမွာကစားခဲ့ဖူးတဲ့ offlaner တစ္ေယာက္ပါ။

ယခုလူစာရင္းကေတာ့ လက္ရွိ bootcamp တစ္ခုမွာ အခ်ိန္အတန္ၾကာေလ့က်င့္ေနခဲ့ၿပီး လာမယ့္ Major Open Qualifier မွာ စတင္ယွဥ္မွာ စတင္ယွဥ္ၿပိဳင္မယ္လို႔ V1lat က ေျပာၾကားခဲ့ပါတယ္။ စာေရးသူအျမင္အရ ယခုလူစာရင္းဟာ Dendi တို႔လို အေတြ႕အႀကဳံရွိ CIS ကစားသမားေတြကို V-Tune တို႔လို တက္သစ္စ Carry နဲ႔ တြဲဖက္ထားလို႔ အလားအလာရွိတဲ့ အသင္းတစ္သင္းလို႔ ထင္ျမင္မိပါတယ္။

Dendi ကို ခ်စ္တဲ့ ပရိသတ္ေတြအတြက္လည္း Dendi ကို ကမာၻ႔ Esports စင္ျမင့္ထက္မွာ ျပန္လည္ျမင္ေတြ႕ခြင့္ ရရွိႏိုင္ဦးမလားဆိုတာ ဆက္လက္ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္ ခင္ဗ်ာ။