[Unicode]

WePlay! Bukovel Minor ပွဲကို ရောက်နေခဲ့တဲ့ Dendi နဲ့ အင်တာဗျူး

 

2020 ရဲ့ ပထမဆုံး Minor ဖြစ်တဲ့ WePlay Bukovel Dota2 Tournament ကတော့ အောင်မြင်စွာ ပြီးစီးသွားခဲ့ပါပြီ။ ကျွန်တော်တို့ Gaming Noodle ရဲ့ Preview ထဲကအတိုင်း “Nigma ကို ဘယ်သူတားဆီးနိုင်မှာလဲ” ဆိုတဲ့ မေးခွန်းအတွက် အဖြေကို ရှာမတွေ့ခဲ့ကြပါဘူး။ “Upper bracket is for bi***es” ဆိုတဲ့ Miracle ရဲ့ စကားအတိုင်း Lower Bracket ကနေတက်ပြီး RNG ကို 3-1 နဲ့ အနိုင်ရကာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံအတွင်းမှာ ကျင်းပခဲ့တဲ့ WePlay! Bukovel Minor ဟာ Dendi နေထိုင်တဲ့ မြို့နဲ့အလွန်နီးပြီး မော်တော်ကားနဲ့ သွားရင် ၃ နာရီခန့်သာ ကြာမြင့်ပါတယ်။ DPC season အတွက်လည်း အကြုံးဝင်တဲ့ ဒီပွဲမှာ Dendi ဟာ ရုရှားဘာသာ analyst တစ်ဦးအနေနဲ့ သွားရောက်အားဖြည့်ပါဝင်ခဲ့ပါတယ်။

ပြိုင်ပွဲမတိုင်မီမှာ Dendi ကို VPEsports က တွေ့ဆုံပြီး အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။ အင်တာဗျူးထဲမှာတော့ သူ့ရဲ့ ရှေ့ဆက်ပြုလုပ်သွားမယ့်အစီအစဉ်များ၊ Na’Vi က ထွက်ခွာလာခဲ့ပြီးနောက် အတွေ့အကြုံများ၊ ၈ နှစ် ကစားခဲ့တဲ့ အသင်းကနေ ထွက်ခွာလာခဲ့ချိန် ခံစားချက်၊ ယခု WePlay! Bukovel Minor ပွဲနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်များ စသဖြင့် မေးမြန်းထားခဲ့ပါတယ်။

Question: မင်္ဂလာပါ Dendi ရေ။ ကျွန်တော်တို့နောက်ဆုံးတစ်ခေါက် အင်တာဗျူးခဲ့တုန်းက Na’Vi ကနေ မထွက်ရသေးဘူးနော်။ ဒီတော့ ပထမဆုံးမေးခွန်းအနေနဲ့ Na’Vi က ထွက်ပြီး အခုလို free agent တစ်ယောက်ဖြစ်လာတဲ့အတွက် ဘဝမှာ ဘယ်လိုအပြောင်းအလဲတွေ ကြုံတွေ့ခဲ့ရလဲ ဆိုတာ သိချင်ပါတယ်။ အခုအချိန်မှာ အလုပ်နဲ့ ပတ်သက်လို့ရော စိတ်ပေါ့ပေါ့ပါးပါးပဲလား ဒါမှမဟုတ် အလုပ်တွေ ပိုများလာလား။ ဘယ်လို ခြေလှမ်းတွေ ထပ်လှမ်းဦးမယ်ဆိုတာ ဖြေကြားပေးပါဦး။

Answer: ဟုတ်ကဲ့။ ထွက်လိုက်ပြီး တစ်နှစ်လောက်တော့ ကျွန်တော် လွတ်လပ်သွားခဲ့တယ်ဗျ။ စိတ်ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်ကိုယ်ကိုလည်း အချိန်ပိုပေးနိုင်ခဲ့တယ်။ နောက်ပိုင်းကျတော့ ကျွန်တော် Tigers အသင်းမှာ ကစားတယ်။ ဘဝမှာ အရမ်းပြောင်းလဲသွားတာမျိုးတော့ မရှိပါဘူး။ အချိန်ရသမျှ လေ့ကျင့်တယ်။ အရင်တုန်းကလိုပဲ အမြဲလေ့ကျင့်ဖြစ်နေတာဆိုတော့ ဘာမှ မပြောင်းဘူးလို့တောင် ပြောလို့ ရပါတယ်။

ကိုယ်ပိုင်ရည်မှန်းချက်လည်း အခုထိ ရှိပါသေးတယ်။ တတ်စွမ်းသမျှလည်း ကြိုးစားနေပါတယ်။ Na’Vi မှာ ကစားတုန်းကဆိုရင် အပြင်ကပေးတဲ့ ဖိအားတွေလည်း များတယ်။ ဒီတော့ ခြုံငုံပြောရရင် ထွက်လာတုန်းခဏတော့ လွတ်လပ်သွားတာပေါ့ဗျာ။

Question: Na’Vi က ထွက်လာပြီးတော့ အရှေ့တောင်အာရှဘက် ရောက်သွားခဲ့တာကို ပရိသတ်အများစုက အံ့သြနေကြတယ်ဗျ။ Dendi အနေနဲ့ ဘာဖြစ်လို့ Tigers အသင်းကို ဝင်ခဲ့တာဖြစ်မလဲ။

Answer: Na’Vi က ထွက်လာတော့ ပထမဆုံး ကျွန်တော် ဝင်မယ့်အသင်းအပေါ်မှာ အများကြီး မျှော်လင့်ထားခဲ့မိတယ်။ အဲဒါကြောင့်လည်း အင်အားကြီးဖို့ အလားအလာရှိမယ့် အသင်းကို ရှာခဲ့တယ်။ ကိုယ့်ကိုယ်ကို ခေတ်နောက်ပြန်ဆွဲသလို ခံစားရမှာစိုးလို့ CIS အသင်းတွေဆီမှာလည်း မကစားချင်ဘူး။ ကျွန်တော့်ကိုခေါ်ချင်တဲ့ အသင်းတော်တော်များများရဲ့ ရည်ရွယ်ချက်တွေကို သေချာ မသိတာလည်း ပါတယ်။

တချို့က ကျွန်တော့်နာမည်နဲ့ ပုံရိပ်ကို အသုံးချချင်လို့ သက်သက်ခေါ်တာမျိုးတွေလည်း ရှိမယ်။ ဒီတော့ တခြားရွေးလို့ ရမယ့်ဟာ ရှာခဲ့တယ်။ အဲဒီအချိန်မှာပဲ Theeban (1437) က ကျွန်တော့်ကို Tigers ဆီ လာဖို့ ကမ်းလှမ်းတယ်။ သူပြောတဲ့ထဲမှာ ကျွန်တော်နဲ့ အတူအသင်းထဲမှာ ပါလာမယ့် Mushi က အရင်ထဲက ကျွန်တော်လေးစားရတဲ့ ကစားသမားဖြစ်သလို MoonMeander ကလည်း ထိပ်တန်းကစားသမား ဖြစ်နေတယ်။ Xepher ကိုတော့ အရင်က မသိသေးပါဘူး။ ဒါပေမယ့် အကုန်ပေါင်းလိုက်တော့ အတော်လေးအဆင်ပြေတဲ့ လူစာရင်းမို့ ကျွန်တော်လည်း အဲဒီအသင်းထဲ ဝင်ဖြစ်သွားခဲ့တယ်။

Tigers မှာ ကစားခဲ့တာက အတွေ့အကြုံကောင်းတစ်ခုပါပဲ။ ကျွန်တော်က ဂိမ်းနဲ့ ပတ်သတ်တဲ့ ဗဟုသုတ များများလိုချင်သလို ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့ လိုအပ်တဲ့အရာတွေကိုလည်း သိချင်တယ်။ နောက်ပိုင်းမှာ ဘယ်လိုပဲ ဖြစ်သွားပါစေ၊ Tigers က ကျွန်တော်လိုအပ်တဲ့ အတွေ့အကြုံကောင်းတွေ အများကြီး ပေးခဲ့ပါတယ်။ အဲဒီတုန်းက ပျော်လည်း ပျော်တယ်။ ကျွန်တော်တို့ ကွာလာလမ်ပူမြို့ကို အတူတူသွားတယ်။ အစားအသောက်တွေ ကောင်းသလို Dota လည်း ကောင်းကောင်း ကစားခဲ့ကြပါတယ်။ ပထမဆုံးအကြိမ် လွတ်လွတ်လပ်လပ်ဖြစ်နေခဲ့တာမို့လားတော့ မသိဘူး။ အရမ်းပျော်ခဲ့ပါတယ်။

Question: ဟုတ်ကဲ့ပါ။ လက်ရှိအချိန်မှာ ကိုယ်ပိုင်အသင်းထောင်ဖို့ အပြင်းအထန် ကြိုးပမ်းနေတာကိုလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက အသင်းလူစာရင်းအကြောင်း တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ ပါတဲ့ ကစားသမား ၂ ယောက်က အခုအချိန် Dendi ဆီမှာ မရှိပဲ တခြားအသင်းကို ရောက်နေတယ်နော်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဘာပြောချင်လဲ။ ကိုယ်ပိုင်အသင်းအဖွဲ့အစည်းရော ထောင်ဖြစ်ဦးမှာလား။

Answer: ဒီလိုကိစ္စတွေကတော့ အသင်းတိုင်းမှာ ရှိတဲ့ ပြဿနာတွေပါပဲ။ လူမှုရေးပြဿနာတွေ ပေါင်းသင်းဆက်ဆံရေး ပြဿနာတွေ မျိုးစုံ ရှိမယ်။ အင်အားကြီးအသင်းပဲ ဖြစ်ဖြစ် အသင်းငယ်လေးပဲ ဖြစ်ဖြစ် ပြဿနာတွေ ကြုံရမယ်။ ဒါတွေကို ရင်ဆိုင် ဖြေရှင်းကြရမှာပါပဲ။ လူငယ်အသင်းတွေဆိုရင်တော့ ကြုံရမယ့် ပြဿနာတွေက ပိုရှုပ်ထွေးပါတယ်။

ဥပမာ လွန်ခဲ့တဲ့ တစ်လလောက်က အသင်းသစ်တစ်ခု ဖွဲ့လိုက်ပြီ ဆိုပါစို့။ ၂ ပတ် ၃ ပတ်လောက်ကြာလို့ ခက်ခဲတဲ့အချိန်တွေရောက်လာရင် ခေါင်းဆောင် ဒါမှမဟုတ် အတွေ့အကြုံရှိတဲ့ ကစားသမားတွေက ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားမယ်။ ငယ်ရွယ်တဲ့သူတွေကျတော့ အလွယ်တကူပဲ တခြားအဆင်ပြေတဲ့နေရာကို ခုန်ကူးသွားရော။ ဘာမှလည်း ပြန်မကြည့် စဉ်းလည်း မစဉ်းစားကြဘူး။

လူငယ်ကစားသမားတွေနဲ့ ပတ်သက်ရင် ဒါတွေ ခဏခဏဖြစ်ပါတယ်။ အခုတော့ မြင်နေကျ ဖြစ်သွားပါပြီ။ CIS မှာဆို ခဏခဏဖြစ်တယ်။ ကစားသမားတွေကလည်း အသင်းပေါင်းစုံမှာ ရောနေတာပါပဲ။ ငယ်ရွယ်တဲ့သူတွေက ခက်ခဲ့တဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတာမျိုး မလုပ်ချင်ကြဘူး။ တကယ်တမ်းကျတော့ ပြဿနာကို ရင်ဆိုင်ပြီး ရုန်းကန်ဖြေရှင်းမှ ပိုသန်မာလာမှာပါ။

ကျွန်တော့် ကိုယ်ပိုင်အသင်းအဖွဲ့အစည်း ထောင်ဖြစ်မှာပါ။ ဒီအတွက်လည်း စိတ်လှုပ်ရှားနေပါတယ်။

Question: Bukovel Minor နဲ့ ပတ်သက်ပြီးတော့ရော ဘာပြောချင်လဲ။ ဒီပွဲက WePlay! ရဲ့ ပထမဆုံး DPC tournament ဖြစ်သလို သူတို့နဲ့ ပူးပေါင်းပြီး အလုပ်လုပ်တာကလည်း Dendi အတွက် ပထမဆုံးအကြိမ်နော်။ ဟုတ်လား မသိဘူး။

Answer: ဟုတ်ပါတယ်။ ကျွန်တော် သူတို့ရဲ့ အွန်လိုင်းစတူဒီယို ဆင်ထားတဲ့ပုံတွေကို အရင်နှစ်ထဲက မြင်ဖူးပါတယ်။ CS: GO ရဲ့ Forget of Masters LAN ပွဲပါ။ သူတို့ရဲ့ အပြင်အဆင်တွေကိုလည်း သဘောကျတယ်။ သူတို့ရဲ့ ဖန်တီးမှုတွေကလည်း ကောင်းမွန်ပြီး ထူးခြားတယ်လို့လဲ ကျွန်တော်မြင်တယ်။

ဒါကြောင့်လည်း Dota 2 Minor အတွက် သူတို့နဲ့ အလုပ်တွဲလုပ်ရတာကိုလည်း ကျွန်တော်ပျော်ပါတယ်။ Bukovel ရဲ့ ဆောင်းရာသီပုံပြင်လေးတစ်ပုဒ်ထဲမှာ ပါဝင်နေရသလိုလည်း ခံစားမိတယ်။ ဒီကနေ ကျွန်တော့်နေတဲ့ Lviv မြို့ကို ကားနဲ့သွားရင်လည်း ၃ နာရီလောက်ပဲ ကြာမှာပါ။

Question: ကျွန်တော်ထင်တာတော့ ဒီ Minor ပွဲကို လာတဲ့သူအားလုံးက Lviv လေဆိပ်ကနေတစ်ဆင့် Bukovel ကို လာရတာဆိုတော့ အကုန်လုံး Dendi မြို့ကို ရောက်ဖူးသွားပြီလို့ပြောရမှာပေါ့နော်။

Answer: (ရယ်လျက်) ဟုတ်ပါ့ဗျာ။ အမှန်ပါပဲ။ လူတိုင်းကတော့ Lviv ကနေ လာရတာဗျ။ ဒါပေမယ့် မြို့ကို လှည့်ပတ်ကြည့်ရှုဖို့ကျတော့ အချိန်မရကြပါဘူးဗျာ။ ကျွန်တော့်မြို့က အရမ်းလှပါတယ်။

Question: Esports လောကထဲက လူတော်တော်အများများအတွက် နေရာတစ်ခုရောက်ရင် ကြိုက်သလို လည်ပတ်နိုင်ဖို့ ဘယ်တော့မှ အချိန်မလုံလောက်ဖြစ်ကြရတယ်ဗျာ။ Dendi ဆိုလည်း နေရာတွေအများကြီး ရောက်ဖူးပြီး လည်ပတ်ဖို့ကျတော့ အချိန်မရဖြစ်နေခဲ့မှာပေါ့နော်။

Answer: ဟုတ်ပါတယ်။ တကယ်မှန်ကန်တဲ့အချက်ပါ။

Question: Minor ပွဲ မတိုင်မီ တစ်ရက်က nerf တွေချည်းပဲ ပါတဲ့ 7.23f ကို Valve က ထုတ်ခဲ့တယ်နော်။ အဲဒီထဲမှာ meta ထဲက တစ်ချို့အရေးကြီး hero တွေကိုမှ IceFrog က ရွေး nerf လိုက်တာ တွေ့ရတယ်။ Doom, Puck နဲ့ Viper တို့ကို nerf လိုက်တာက Bukovel Minor ပွဲအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာမယ်လို့ မြင်လား။

Answer: အသေအချာပါပဲ။ ဒီ nerf တွေဟာ ပြိုင်ပွဲဝင်အသင်းတွေအတွက် ကြီးမားတဲ့ သက်ရောက်မှုတွေဖြစ်နိုင်ပါတယ်။ ဥပမာပြောရရင် လောလောဆယ် Doom နဲ့ Puck ဟာ pick rate အမြင့်ဆုံး hero တွေထဲမှာ ပါတယ်။ ရန်သူအသင်းရဲ့ draft ထဲမှာ Doom ပါလာဖို့ များသလို Doom လာရင်လည်း သူ့ကို မနိုင်တဲ့ hero တွေ pick လို့ မဖြစ်ဘူး။ ဒီတော့ အတော်များများက ရန်သူ Doom လာရင် counter လို့ ရမယ့် hero တွေ ရွေးပြီး လေ့ကျင့်ထားကြမယ်။

နည်းဗျူဟာ ကြိုစဉ်းစားထားကြတဲ့အထဲမှာလည်း အဲဒီ counter hero တွေ ပါနေမှာပဲ။ Puck လည်း အတူတူပါပဲ။ ဒီတော့ Doom တို့ Puck တို့ကို nerf လိုက်ရင် draft တွေပါ အကုန်ပြောင်းကုန်မယ်။ ကြိုမစဉ်းစားထားသလို ကြိုလည်း မလေ့ကျင့်ထားတဲ့ hero တွေ pick ပြီး ကစားတဲ့ အသင်းတွေ ရှိလာမယ်။ Patch တစ်ခုမှာ ပါလာတဲ့ အသေးစား nerf လေး ၅ ခုက meta တစ်ခုလုံးကို ကြီးကြီးမားမား ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။

တစ်ချို့အသင်းတွေက လိုက်လျောညီထွေဖြစ်အောင် ကြိုးစားကြမယ်။ တစ်ချို့ဆိုလည်း patch ပြောင်းပြီး ခဏလေးအတွင်းမှာတင် အသစ်စဉ်းစားမိတာတွေ ရှိလာမယ်။ တစ်ချို့ကတော့ အရင်လေ့ကျင့်ခဲ့တဲ့ပုံစံအတိုင်းပဲ အကောင်းဆုံးကစားနိုင်အောင် ကြိုးစားမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ပွဲရဲ့ အစပိုင်းရက်တွေမှာတော့ အသင်းတွေရဲ့ ကျပန်းကစားကွက်တွေနဲ့ ပရမ်းပတာဖြစ်နေတာတွေ မြင်ကြရမှာပါပဲ။ ပြိုင်ပွဲအတွေ့အကြုံပိုရှိထားတဲ့အသင်းတွေက အသာစီးရနေမယ်။ အတွေ့အကြုံသိပ်မရှိပဲ ကြိုးစားမှုကိုပဲ အခြေခံထားတဲ့ အသင်းတွေအတွက်ကတော့ ဒီ patch အသစ်ထွက်လာတာ ကံဆိုးတာပါပဲ။ သူတို့ဆို ရက်ပေါင်းများစွာ မနားမနေ စခန်းသွင်းလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြရမှာပါ။

Question: ဟုတ်ကဲ့ပါ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်တစ်ကြိမ်လည်း ထပ်ဆုံချင်ပါသေးတယ်။ ပရိသတ်ကိုရော ဘာများ ပြောချင်သေးလဲ မသိဘူး။

Answer: ဟုတ်ကဲ့။ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို အားပေးပြီး စောင့်ကြည့်နေကြတဲ့ ပရိသတ်အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

source: VPEsports

Photos: WePlay! Esports


[Zawgyi]

WePlay! Bukovel Minor ပြဲကို ေရာက္ေနခဲ့တဲ့ Dendi နဲ႔ အင္တာဗ်ဴး

 

2020 ရဲ႕ ပထမဆုံး Minor ျဖစ္တဲ့ WePlay Bukovel Dota2 Tournament ကေတာ့ ေအာင္ျမင္စြာ ၿပီးစီးသြားခဲ့ပါၿပီ။ ကြၽန္ေတာ္တို႔ Gaming Noodle ရဲ႕ Preview ထဲကအတိုင္း “Nigma ကို ဘယ္သူတားဆီးႏိုင္မွာလဲ” ဆိုတဲ့ ေမးခြန္းအတြက္ အေျဖကို ရွာမေတြ႕ခဲ့ၾကပါဘူး။ “Upper bracket is for bi***es” ဆိုတဲ့ Miracle ရဲ႕ စကားအတိုင္း Lower Bracket ကေနတက္ၿပီး RNG ကို 3-1 နဲ႔ အႏိုင္ရကာ ဗိုလ္စြဲႏိုင္ခဲ့ပါတယ္။

ယူကရိန္းႏိုင္ငံအတြင္းမွာ က်င္းပခဲ့တဲ့ WePlay! Bukovel Minor ဟာ Dendi ေနထိုင္တဲ့ ျမိဳ႕နဲ႕အလြန္နီးျပီး ေမာ္ေတာ္ကားနဲ႔ သြားရင္ ၃ နာရီခန္႔သာ ၾကာျမင့္ပါတယ္။ DPC season အတြက္လည္း အၾကံဳးဝင္တဲ့ ဒီပြဲမွာ Dendi ဟာ ရုရွားဘာသာ analyst တစ္ဦးအေနနဲ႔ သြားေရာက္အားျဖည့္ပါဝင္ခဲ့ပါတယ္။

ျပိဳင္ပြဲမတိုင္မီမွာ Dendi ကို VPEsports က ေတြ႔ဆုံျပီး အင္တာဗ်ဴးျပဳလုပ္ခဲ့ပါတယ္။ အင္တာဗ်ဴးထဲမွာေတာ့ သူ႔ရဲ႕ ေရွ႕ဆက္ျပဳလုပ္သြားမယ့္အစီအစဥ္မ်ား၊ Na’Vi က ထြက္ခြာလာခဲ့ျပီးေနာက္ အေတြ႕အၾကံဳမ်ား၊ ၈ ႏွစ္ ကစားခဲ့တဲ့ အသင္းကေန ထြက္ခြာလာခဲ့ခ်ိန္ ခံစားခ်က္၊ ယခု WePlay! Bukovel Minor ပြဲနဲ႔ ပတ္သက္တဲ့ ထင္ျမင္ခ်က္မ်ား စသျဖင့္ ေမးျမန္းထားခဲ့ပါတယ္။

Question: မဂၤလာပါ Dendi ေရ။ ကြ်န္ေတာ္တို႕ေနာက္ဆုံးတစ္ေခါက္ အင္တာဗ်ဴးခဲ့တုန္းက Na’Vi ကေန မထြက္ရေသးဘူးေနာ္။ ဒီေတာ့ ပထမဆုံးေမးခြန္းအေနနဲ႔ Na’Vi က ထြက္ျပီး အခုလို free agent တစ္ေယာက္ျဖစ္လာတဲ့အတြက္ ဘဝမွာ ဘယ္လိုအေျပာင္းအလဲေတြ ၾကံဳေတြ႕ခဲ့ရလဲ ဆိုတာ သိခ်င္ပါတယ္။ အခုအခ်ိန္မွာ အလုပ္နဲ႔ ပတ္သက္လို႔ေရာ စိတ္ေပါ့ေပါ့ပါးပါးပဲလား ဒါမွမဟုတ္ အလုပ္ေတြ ပိုမ်ားလာလား။ ဘယ္လို ေျခလွမ္းေတြ ထပ္လွမ္းဦးမယ္ဆိုတာ ေျဖၾကားေပးပါဦး။

Answer: ဟုတ္ကဲ့။ ထြက္လိုက္ျပီး တစ္ႏွစ္ေလာက္ေတာ့ ကြ်န္ေတာ္ လြတ္လပ္သြားခဲ့တယ္ဗ်။ စိတ္ေပါ့ေပါ့ပါးပါးနဲ႔ ကိုယ့္ကုိယ္ကိုလည္း အခ်ိန္ပိုေပးႏိုင္ခဲ့တယ္။ ေနာက္ပိုင္းက်ေတာ့ ကြ်န္ေတာ္ Tigers အသင္းမွာ ကစားတယ္။ ဘဝမွာ အရမ္းေျပာင္းလဲသြားတာမ်ိဳးေတာ့ မရွိပါဘူး။ အခ်ိန္ရသမွ် ေလ့က်င့္တယ္။ အရင္တုန္းကလိုပဲ အျမဲေလ့က်င့္ျဖစ္ေနတာဆိုေတာ့ ဘာမွ မေျပာင္းဘူးလို႔ေတာင္ ေျပာလို႔ ရပါတယ္။

ကိုယ္ပိုင္ရည္မွန္းခ်က္လည္း အခုထိ ရွိပါေသးတယ္။ တတ္စြမ္းသမွ်လည္း ၾကိဳးစားေနပါတယ္။ Na’Vi မွာ ကစားတုန္းကဆိုရင္ အျပင္ကေပးတဲ့ ဖိအားေတြလည္း မ်ားတယ္။ ဒီေတာ့ ျခံဳငုံေျပာရရင္ ထြက္လာတုန္းခဏေတာ့ လြတ္လပ္သြားတာေပါ့ဗ်ာ။

Question: Na’Vi က ထြက္လာျပီးေတာ့ အေရွ႕ေတာင္အာရွဘက္ ေရာက္သြားခဲ့တာကို ပရိသတ္အမ်ားစုက အံ့ၾသေနၾကတယ္ဗ်။ Dendi အေနနဲ႔ ဘာျဖစ္လို႔ Tigers အသင္းကို ဝင္ခဲ့တာျဖစ္မလဲ။

Answer: Na’Vi က ထြက္လာေတာ့ ပထမဆုံး ကြ်န္ေတာ္ ဝင္မယ့္အသင္းအေပၚမွာ အမ်ားၾကီး ေမွ်ာ္လင့္ထားခဲ့မိတယ္။ အဲဒါေၾကာင့္လည္း အင္အားၾကီးဖုိ႔ အလားအလာရွိမယ့္ အသင္းကို ရွာခဲ့တယ္။ ကိုယ့္ကိုယ္ကို ေခတ္ေနာက္ျပန္ဆြဲသလို ခံစားရမွာစိုးလုိ့ CIS အသင္းေတြဆီမွာလည္း မကစားခ်င္ဘူး။ ကြ်န္ေတာ့္ကိုေခၚခ်င္တဲ့ အသင္းေတာ္ေတာ္မ်ားမ်ားရဲ႕ ရည္ရြယ္ခ်က္ေတြကို ေသခ်ာ မသိတာလည္း ပါတယ္။

တခ်ိဳ႕က က်ြန္ေတာ့္နာမည္နဲ႔ ပုံရိပ္ကို အသုံးခ်ခ်င္လို႔ သက္သက္ေခၚတာမ်ိဳးေတြလည္း ရွိမယ္။ ဒီေတာ့ တျခားေရြးလို႔ ရမယ့္ဟာ ရွာခဲ့တယ္။ အဲဒီအခ်ိန္မွာပဲ Theeban (1437) က ကြ်န္ေတာ့္ကို Tigers ဆီ လာဖုိ႔ ကမ္းလွမ္းတယ္။ သူေျပာတဲ့ထဲမွာ က်ြန္ေတာ္နဲ႔ အတူအသင္းထဲမွာ ပါလာမယ့္ Mushi က အရင္ထဲက ကြ်န္ေတာ္ေလးစားရတဲ့ ကစားသမားျဖစ္သလို MoonMeander ကလည္း ထိပ္တန္းကစားသမား ျဖစ္ေနတယ္။ Xepher ကိုေတာ့ အရင္က မသိေသးပါဘူး။ ဒါေပမယ့္ အကုန္ေပါင္းလိုက္ေတာ့ အေတာ္ေလးအဆင္ေျပတဲ့ လူစာရင္းမို႔ ကြ်န္ေတာ္လည္း အဲဒီအသင္းထဲ ဝင္ျဖစ္သြားခဲ့တယ္။

Tigers မွာ ကစားခဲ့တာက အေတြ႕အၾကံဳေကာင္းတစ္ခုပါပဲ။ ကြ်န္ေတာ္က ဂိမ္းနဲ႔ ပတ္သတ္တဲ့ ဗဟုသုတ မ်ားမ်ားလိုခ်င္သလို ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္လာဖုိ႔ လိုအပ္တဲ့အရာေတြကိုလည္း သိခ်င္တယ္။ ေနာက္ပိုင္းမွာ ဘယ္လိုပဲ ျဖစ္သြားပါေစ၊ Tigers က ကြ်န္ေတာ္လိုအပ္တဲ့ အေတြ႔အၾကံဳေကာင္းေတြ အမ်ားၾကီး ေပးခဲ့ပါတယ္။ အဲဒီတုန္းက ေပ်ာ္လည္း ေပ်ာ္တယ္။ က်ြန္ေတာ္တို့ ကြာလာလမ္ပူျမိဳ႕ကို အတူတူသြားတယ္။ အစားအေသာက္ေတြ ေကာင္းသလို Dota လည္း ေကာင္းေကာင္း ကစားခဲ့ၾကပါတယ္။ ပထမဆုံးအၾကိမ္ လြတ္လြတ္လပ္လပ္ျဖစ္ေနခဲ့တာမို႔လားေတာ့ မသိဘူး။ အရမ္းေပ်ာ္ခဲ့ပါတယ္။

Question: ဟုတ္ကဲ့ပါ။ လက္ရွိအခ်ိန္မွာ ကိုယ္ပိုင္အသင္းေထာင္ဖုိ႔ အျပင္းအထန္ ၾကိဳးပမ္းေနတာကိုလည္း ေတြ႕ရပါတယ္။ ျပီးခဲ့တဲ့တစ္ေခါက္တုန္းက အသင္းလူစာရင္းအေၾကာင္း တင္ခဲ့တဲ့ ဗီဒီယိုထဲမွာ ပါတဲ့ ကစားသမား ၂ ေယာက္က အခုအခ်ိန္ Dendi ဆီမွာ မရွိပဲ တျခားအသင္းကို ေရာက္ေနတယ္ေနာ္။ အဲဒါနဲ႔ ပတ္သက္ျပီးေတာ့ေရာ ဘာေျပာခ်င္လဲ။ ကိုယ္ပိုင္အသင္းအဖြဲ႔အစည္းေရာ ေထာင္ျဖစ္ဦးမွာလား။

Answer: ဒီလိုကိစၥေတြကေတာ့ အသင္းတိုင္းမွာ ရွိတဲ့ ျပႆနာေတြပါပဲ။ လူမႈေရးျပႆနာေတြ ေပါင္းသင္းဆက္ဆံေရး ျပႆနာေတြ မ်ိဳးစုံ ရွိမယ္။ အင္အားၾကီးအသင္းပဲ ျဖစ္ျဖစ္ အသင္းငယ္ေလးပဲ ျဖစ္ျဖစ္ ျပႆနာေတြ ၾကံဳရမယ္။ ဒါေတြကို ရင္ဆိုင္ ေျဖရွင္းၾကရမွာပါပဲ။ လူငယ္အသင္းေတြဆိုရင္ေတာ့ ၾကံဳရမယ့္ ျပႆနာေတြက ပိုရႈပ္ေထြးပါတယ္။

ဥပမာ လြန္ခဲ့တဲ့ တစ္လေလာက္က အသင္းသစ္တစ္ခု ဖြဲ႔လိုက္ျပီ ဆိုပါစို႔။ ၂ ပတ္ ၃ ပတ္ေလာက္ၾကာလို႔ ခက္ခဲတဲ့အခ်ိန္ေတြေရာက္လာရင္ ေခါင္းေဆာင္ ဒါမွမဟုတ္ အေတြ႕အၾကံဳရွိတဲ့ ကစားသမားေတြက ျပႆနာကို ေျဖရွင္းဖုိ႔ ၾကိဳးစားမယ္။ ငယ္ရြယ္တဲ့သူေတြက်ေတာ့ အလြယ္တကူပဲ တျခားအဆင္ေျပတဲ့ေနရာကို ခုန္ကူးသြားေရာ။ ဘာမွလည္း ျပန္မၾကည့္ စဥ္းလည္း မစဥ္းစားၾကဘူး။

လူငယ္ကစားသမားေတြနဲ႔ ပတ္သက္ရင္ ဒါေတြ ခဏခဏျဖစ္ပါတယ္။ အခုေတာ့ ျမင္ေနက် ျဖစ္သြားပါျပီ။ CIS မွာဆို ခဏခဏျဖစ္တယ္။ ကစားသမားေတြကလည္း အသင္းေပါင္းစုံမွာ ေရာေနတာပါပဲ။ ငယ္ရြယ္တဲ့သူေတြက ခက္ခဲ့တဲ့ ျပႆနာေတြကို ရင္ဆိုင္ေျဖရွင္းတာမ်ိဳး မလုပ္ခ်င္ၾကဘူး။ တကယ္တမ္းက်ေတာ့ ျပႆနာကို ရင္ဆိုင္ျပီး ရုန္းကန္ေျဖရွင္းမွ ပိုသန္မာလာမွာပါ။

က်ြန္ေတာ့္ ကိုယ္ပိုင္အသင္းအဖြဲ႔အစည္း ေထာင္ျဖစ္မွာပါ။ ဒီအတြက္လည္း စိတ္လႈပ္ရွားေနပါတယ္။

 

Question: Bukovel Minor နဲ႔ ပတ္သက္ျပီးေတာ့ေရာ ဘာေျပာခ်င္လဲ။ ဒီပြဲက WePlay! ရဲ႕ ပထမဆုံး DPC tournament ျဖစ္သလို သူတို႔နဲ႔ ပူးေပါင္းျပီး အလုပ္လုပ္တာကလည္း Dendi အတြက္ ပထမဆုံးအၾကိမ္ေနာ္။ ဟုတ္လား မသိဘူး။

Answer: ဟုတ္ပါတယ္။ ကြ်န္ေတာ္ သူတို႔ရဲ႕ အြန္လိုင္းစတူဒီယို ဆင္ထားတဲ့ပုံေတြကို အရင္ႏွစ္ထဲက ျမင္ဖူးပါတယ္။ CS: GO ရဲ႕ Forget of Masters LAN ပြဲပါ။ သူတို႔ရဲ႕ အျပင္အဆင္ေတြကိုလည္း သေဘာက်တယ္။ သူတို႔ရဲ႕ ဖန္တီးမႈေတြကလည္း ေကာင္းမြန္ျပီး ထူးျခားတယ္လို႔လဲ ကြ်န္ေတာ္ျမင္တယ္။

ဒါေၾကာင့္လည္း Dota 2 Minor အတြက္ သူတို႔နဲ႔ အလုပ္တြဲလုပ္ရတာကိုလည္း ကြ်န္ေတာ္ေပ်ာ္ပါတယ္။ Bukovel ရဲ႕ ေဆာင္းရာသီပုံျပင္ေလးတစ္ပုဒ္ထဲမွာ ပါဝင္ေနရသလိုလည္း ခံစားမိတယ္။ ဒီကေန ကြ်န္ေတာ့္ေနတဲ့ Lviv ျမိဳ႕ကို ကားနဲ႔သြားရင္လည္း ၃ နာရီေလာက္ပဲ ၾကာမွာပါ။

Question: ကြ်န္ေတာ္ထင္တာေတာ့ ဒီ Minor ပြဲကို လာတဲ့သူအားလုံးက Lviv ေလဆိပ္ကေနတစ္ဆင့္ Bukovel ကို လာရတာဆိုေတာ့ အကုန္လုံး Dendi ျမိဳ႕ကို ေရာက္ဖူးသြားျပီလို႔ေျပာရမွာေပါ့ေနာ္။

Answer: (ရယ္လ်က္) ဟုတ္ပါ့ဗ်ာ။ အမွန္ပါပဲ။ လူတိုင္းကေတာ့ Lviv ကေန လာရတာဗ်။ ဒါေပမယ့္ ျမိဳ႕ကို လွည့္ပတ္ၾကည့္ရႈဖုိ႔က်ေတာ့ အခ်ိန္မရၾကပါဘူးဗ်ာ။ ကြ်န္ေတာ့္ျမိဳ႕က အရမ္းလွပါတယ္။

Question: Esports ေလာကထဲက လူေတာ္ေတာ္အမ်ားမ်ားအတြက္ ေနရာတစ္ခုေရာက္ရင္ ၾကိဳက္သလို လည္ပတ္ႏိုင္ဖုိ႔ ဘယ္ေတာ့မွ အခ်ိန္မလုံေလာက္ျဖစ္ၾကရတယ္ဗ်ာ။ Dendi ဆိုလည္း ေနရာေတြအမ်ားၾကီး ေရာက္ဖူးျပီး လည္ပတ္ဖုိ႔က်ေတာ့ အခ်ိန္မရျဖစ္ေနခဲ့မွာေပါ့ေနာ္။

Answer: ဟုတ္ပါတယ္။ တကယ္မွန္ကန္တဲ့အခ်က္ပါ။

Question: Minor ပြဲ မတိုင္မီ တစ္ရက္က nerf ေတြခ်ည္းပဲ ပါတဲ့ 7.23f ကို Valve က ထုတ္ခဲ့တယ္ေနာ္။ အဲဒီထဲမွာ meta ထဲက တစ္ခ်ိဳ႕အေရးၾကီး hero ေတြကိုမွ IceFrog က ေရြး nerf လိုက္တာ ေတြ႕ရတယ္။ Doom, Puck နဲ႔ Viper တို႔ကို nerf လိုက္တာက Bukovel Minor ပြဲအေပၚ ၾကီးမားတဲ့ သက္ေရာက္မႈေတြ ရွိလာမယ္လို႔ ျမင္လား။

Answer: အေသအခ်ာပါပဲ။ ဒီ nerf ေတြဟာ ျပိဳင္ပြဲဝင္အသင္းေတြအတြက္ ၾကီးမားတဲ့ သက္ေရာက္မႈေတြျဖစ္ႏိုင္ပါတယ္။ ဥပမာေျပာရရင္ ေလာေလာဆယ္ Doom နဲ႔ Puck ဟာ pick rate အျမင့္ဆုံး hero ေတြထဲမွာ ပါတယ္။ ရန္သူအသင္းရဲ႕ draft ထဲမွာ Doom ပါလာဖုိ႔ မ်ားသလို Doom လာရင္လည္း သူ႔ကို မႏိုင္တဲ့ hero ေတြ pick လို႔ မျဖစ္ဘူး။ ဒီေတာ့ အေတာ္မ်ားမ်ားက ရန္သူ Doom လာရင္ counter လို႔ ရမယ့္ hero ေတြ ေရြးျပီး ေလ့က်င့္ထားၾကမယ္။

နည္းဗ်ဴဟာ ၾကိဳစဥ္းစားထားၾကတဲ့အထဲမွာလည္း အဲဒီ counter hero ေတြ ပါေနမွာပဲ။ Puck လည္း အတူတူပါပဲ။ ဒီေတာ့ Doom တို့ Puck တို႔ကို nerf လိုက္ရင္ draft ေတြပါ အကုန္ေျပာင္းကုန္မယ္။ ၾကိဳမစဥ္းစားထားသလို ၾကိဳလည္း မေလ့က်င့္ထားတဲ့ hero ေတြ pick ျပီး ကစားတဲ့ အသင္းေတြ ရွိလာမယ္။ Patch တစ္ခုမွာ ပါလာတဲ့ အေသးစား nerf ေလး ၅ ခုက meta တစ္ခုလုံးကို ၾကီးၾကီးမားမား ေျပာင္းလဲပစ္လိုက္ႏိုင္ပါတယ္။

တစ္ခ်ိဳ႕အသင္းေတြက လိုက္ေလ်ာညီေထြျဖစ္ေအာင္ ၾကိဳးစားၾကမယ္။ တစ္ခ်ိဳ႕ဆိုလည္း patch ေျပာင္းျပီး ခဏေလးအတြင္းမွာတင္ အသစ္စဥ္းစားမိတာေတြ ရွိလာမယ္။ တစ္ခ်ိဳ႕ကေတာ့ အရင္ေလ့က်င့္ခဲ့တဲ့ပုံစံအတိုင္းပဲ အေကာင္းဆုံးကစားႏိုင္ေအာင္ ၾကိဳးစားမယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ပါ၊ ပြဲရဲ႕ အစပိုင္းရက္ေတြမွာေတာ့ အသင္းေတြရဲ႕ က်ပန္းကစားကြက္ေတြနဲ႔ ပရမ္းပတာျဖစ္ေနတာေတြ ျမင္ၾကရမွာပါပဲ။ ျပိဳင္ပြဲအေတြ႕အၾကံဳပိုရွိထားတဲ့အသင္းေတြက အသာစီးရေနမယ္။ အေတြ႕အၾကံဳသိပ္မရွိပဲ ၾကိဳးစားမႈကိုပဲ အေျခခံထားတဲ့ အသင္းေတြအတြက္ကေတာ့ ဒီ patch အသစ္ထြက္လာတာ ကံဆိုးတာပါပဲ။ သူတို႔ဆုိ ရက္ေပါင္းမ်ားစြာ မနားမေန စခန္းသြင္းေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ၾကရမွာပါ။

Question: ဟုတ္ကဲ့ပါ။ အခုလို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ေနာက္တစ္ၾကိမ္လည္း ထပ္ဆုံခ်င္ပါေသးတယ္။ ပရိသတ္ကိုေရာ ဘာမ်ား ေျပာခ်င္ေသးလဲ မသိဘူး။

Answer: ဟုတ္ကဲ့။ ကြ်န္ေတာ္ကလည္း ေက်းဇူးတင္ပါတယ္။ ကြ်န္ေတာ့္ကို အားေပးျပီး ေစာင့္ၾကည့္ေနၾကတဲ့ ပရိသတ္အားလုံးကို အထူးပဲ ေက်းဇူးတင္ပါတယ္လို႔ ေျပာခ်င္ပါတယ္။

source: VPEsports

Photos: WePlay! Esports