[Unicode]

CS:GO မှာ Support ကစားသမားဆိုတာ ဘာလဲ?

By KaeKae (Zaw Yair Naung)

 

အခုလောလောဆယ် CS:GO လောကမှာအငြင်းပွားနေတဲ့ ကိစ္စတစ်ခုရှိပါတယ်။ အဲ့တာက တခြား MOBA ဂိမ်းတွေလို Roles တွေ သတ်သတ်မှတ်မှတ် ထားသင့် မထားသင့်ဆိုတာပါပဲ။ တချို့ကတော့ ဒါကို လက်မခံကြပါဘူး။ Player တိုင်းဟာစိတ်ကြိုက် ပုံစံနဲ့ကစားခွင့်ရှိပြီး ပွဲတစ်ပွဲကို အနိုင်ရဖို့ဆိုတာ အသင်းသားတွေကြားက Chemistry နဲ့ Skills ‌အပေါ်မှာပဲ မှီခိုတယ်လို့ သတ်မှတ်ထားကြပါတယ်။ ကျွန်တော့်အနေနဲ့ ဆိုရင်တော့ ဒီကိစ္စမှာ Roles တွေသာ သတ်သတ်မှတ်မှတ်ရှိမယ်ဆိုရင် ဂိမ်းက ပိုပြီး စနစ်တကျဖြစ်ပြီးပွဲကိုချဉ်းကပ်ရတာ ပိုလွယ်မယ်လို့ ထင်ပါတယ်။

လူတိုင်းဟာ Flashbang ပစ်တတ်ပါတယ်။ဒါပေမယ့် ပြိုင်ပွဲမှာ Map ခုနှစ်ခုရှိတယ်ဆိုပါစို့။ကိုယ့်အသင်းက ဒီဟာထဲမှ ငါးခုမှာရှိတဲ့ Flashbangs, Smokes, Molotovs တွေကို အသင်းကို အကျိုးဖြစ်အောင် အသုံးပြုနိုင်ဖို့က အချိန်တော်တော်ယူရမှာပါ။အဲ့တော့ player တိုင်းက Grenades တွေပစ်ဖို့ လေ့ကျင့်ထားရမယ်…ဟုတ်ပြီ။ ဒါပေမယ့် ဒီဟာကိုပဲ အသင်းမှာတစ်ယောက်ယောက်က လုံးဝကျွမ်းကျွမ်းကျင်ကျင် လေ့ကျင့်ထားမယ်ဆိုရင်ရော ? map ရဲ့ဘယ် angle ကဖြစ်ဖြစ် flash ပြနိုင်ရင်ရော ?

Support တစ်ယောက်က ဘာတွေလုပ်မလဲ ?

Support player တစ်ယောက်အနေနဲ့ဘာလုပ်သင့်လဲဆိုတာ အကြမ်းဖျင်းပြောရရင် Grenades အမျိုးအစားတွေကို အချိန်ယူလေ့လာမယ် ဘယ်အချိန် ဘယ်လို ပစ်မလဲဆိုတာကို အာရုံစိုက်သင့်ပါတယ်။ In-Game Leader က ပြိုင်ဘက်အသင်း ရဲ့ကစားပုံက အရမ်းထူးဆန်းနေပြီ၊ ဥပမာ နေရာတစ်ခုထဲကနေ သီးသန့် တိုက်နေပြီဆိုရင် Support player အနေနဲ့ သီးသန့် Grenades တွေနဲ့ ဒီအခြေအနေကို ဘယ်လိုပြောင်းနိုင်လဲဆိုတာ အဓိကကျသွားပါပြီ။

ဒီလိုဖြစ်ဖို့ဆိုတာကလည်း အသင်းသားတွေကြားက Communication ကအရမ်းအရေးကြီးပါတယ်။ Support Player အတွက်က သူ့ Team mates တွေကပြောပြတဲ့ ပြိုင်ဘက်ရဲ့ Playing style ပေါ်မူတည်ပြီး ပြောင်းလဲ လှုပ်ရှား ရမှာပါ။ ကျွန်တော့်အမြင်အရဆိုရင် Support Player တစ်ယောက်က တခြား player တွေထက် Tactical ပိုင်းကို ပိုအာရုံစိုက်သင့်ပါတယ်။

Support Player က Bomb ကို carry မယ်ဆိုရင် အဓိကအားဖြင့် Bomb ထောင်မယ် ဒါမှမဟုတ် Bomb ကိုရှင်းလင်းမယ့်သူလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုကစားတာက အကောင်းဆုံးဖြစ်မလဲဆိုတာကိုကတော့ ပွဲများများဆော့ပြီး အမျိုးမျိုးစမ်းကြည့်မှ သိနိုင်မှာပါ။ Support ရဲ့ကစားပုံကြောင့် ပုံမှန်ဆိုရင် Last Man အဖြစ်ကျန်ခဲ့နိုင်ပါတယ်။ အဲ့တော့ ဒီလိုအချိန်မျိုးမှာ တစ်ဖက်က Player တွေနဲ့ ရင်ဆိုင်တဲ့အခါ ဘယ်လို အခြေအနေမျိုးမှာဖြစ်ပါစေ အနိုင်ယူဖို့ကလည်းအရေးကြီးလာပြန်ပါတယ်။ (1 on 1 ဒါမှမဟုတ် 1 on X,X=ကြိုက်တဲ့အရေအတွက်ဖြစ်နိုင်)

ပွဲချိန်ပြင်ပမှာဆိုရင်လည်း Support player က Leader နဲ့စကားပြောပြီး ဘယ်လိုအချိန်မှာ ဘာလုပ်သင့်တယ် ဘယ်လို Grenades ကိုအဓိကထားလေ့ကျင့်သင့်တယ်ဆိုတာကို ဆွေးနွေးသင့်ပါတယ်။ အကောင်းဆုံးကတော့ In-Game Leader က Support Role ကစားတာမျိုးပါ။ သူတို့က ဘယ်အချိန်မှာ ဘာကိုလုပ်သင့်သလဲ Grenades ကိုဘယ်လို ပစ်သင့်သလဲဆိုတာ အသိဆုံးမို့လို့ပါပဲ။

Proတစ်ယောက် Support ကစားပြတဲ့ ပွဲ !

Brazil CS:GO အသင်းတစ်သင်းဖြစ်တဲ့ Lumiosity က Virtus.Pro အသင်းနဲ့ကစားခဲ့တဲ့ MLG Columbus မှာလက်စွမ်းပြသွားတာပါ။ Lumiosity က လုံးဝ Comeback တွေကိုစနစ်တကျကစားပြပြီး အဲ့ပွဲတင်မဟုတ်ပဲ Major ကိုပါအရယူသွားခဲ့တာပါ။ အဲ့ Major မှ Support Type ပုံစံမျိုးကစားပြသွားတာက Lincoln “Fnx” Lau ပါ။ Pure Support ဆိုပြီး သတ်မှတ်လို့မရပေမယ့် Support တစ်ယောက်ရဲ့ ကစားပုံကစားကွက်မျိုးကိုလှလှပပ ပြသွားပါတယ်။

စစချင်းမှာ Fnx က Flashbang နဲ့ Playground ရဲ့ Park အပေါ်နားလေးမှာနေရာယူပါတယ်။ Gabriel “Fallen” Toledo က AWP နဲ့ချောင်းဖို့ တာဝန်ယူပါတယ်။ လှုပ်ရှားမှုကို သတိထားမိပြီဆိုတာနဲ့သူတို့ဘက်က Fnx က Flash ကိုစပစ်ပြီး Marcelo ‘coldzera’ David, FalleN နဲ့အတူ Fnx ကပါဝင်ပစ်မယ်ဆိုတဲ့ Plan ပါ။

ဒါပေမယ့်ဘယ်သူမှ မ Push လာတဲ့အတွက် Coldzera ကအရင်ဆုံး Molotov တစ်လုံးကို သစ်ပင်တွေနား အရင်စပစ်လိုက်ပါတယ်။ Fnx ရဲ့ Flash ကိုစောင့်တယ်။ ပြီးတာနဲ့ Coldzera က အရင်ဆုံးပြိုင်ဘက် Sniper ဆီက Bait Shot ကိုယူဖို့ခုန်ထွက်ပါတယ်။ အဲ့အချိန်မှာပဲ FalleN က AWP နဲ့ Position Out နေတဲ့ ကောင်တွေကို ရှယ်ကျွေးပါတယ်။

Lincoln “Fnx” Lau

နောက်တစ်ကွက်ကတော့ fnx က restroom ထဲကို ခုန်ပြီးဝင်ပါတယ်။ CT ရှိနေရင် Coldzera သတ်ဖို့ပါ။ ဒါပေမယ့်ရှိမနေပါဘူး။ A-Site ကို ခုန်ရင်းခုန်ရင်းနဲ့ပဲ ဘာတွေရှိနိုင်မလဲကို Fnx ကသွားကြည့်ပါတယ်။ Sites နဲ့နီးလာပြီဆိုတာနဲ့ သူ Smoke တစ်လုံးစပစ်ထည့်လိုက်ပါတယ်။ Sites နဲ့နီးလာတော့သူကံကောင်းပြီး Flashbang တစ်ခုထပ်ရလိုက်ပါတယ်။ ပြီးတော့ Smoke တွေမပျောက်ခင်မှာပဲ Molotov တစ်လုံးပစ်ထည့်ပြီးတော့ အသင်းအတွက် ပစ်ကွင်းကောင်းကောင်းရအောင်ဖန်တီးပေးပါတယ်။

coldzera လည်းထွက်လာပြီဆိုတာနဲ့ Fnx က အလျင်အမြန် push ပြီး bomb ကို plant လုပ်တယ်၊ ပြီးတော့ VP က ပေါ်လာတဲ့ ကောင်တွေကို တစ်ကောင်ပြီးတစ်ကောင် နေရာကောင်းကနေ အေးဆေး ထိုင်ပစ် နေတော့တာပါပဲ။အပေါ်က Fnx ကစားပုံကိုကြည့်မယ်ဆိုရင် Support player ဆိုတာ အသင်းနိုင်ဖို့အတွက် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ပြောင်းလဲပြီး ဆော့နိုင်တယ်ဆိုတာကိုပါ သိရမှာပါ။

နောက်ရက်တွေမှာတော့ ဘယ်လိုလူတွေက Support ဆော့သင့်သလဲဆိုတာရယ် ဘယ်လို Train သင့်သလဲဆိုတာရယ်ကို တင်ပေးသွားမှာဖြစ်ပါတယ်

By KaeKae (Zaw Yair Naung)

KaeKae (Page-Kae2 CSGO) ဟာ ပြည်တွင်းနာမည်ကျော် CSGO Pro တစ်ယောက်ဖြစ်ပြီး မြန်မာပြည် ထိပ်တန်း CSGO အသင်းတွေဖြစ်တဲ့ Alter-Howl, B-Beast နဲ့ Impunity Esports တို့မှာ ကစားဖူးတဲ့ အတွေ့အကြုံများ ရှိသူ တစ်ဦးပါ။ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး World Electronic Sports Games (WESG) 2019 SEA Finals ကို မလေးရှားနိုင်ငံမှာလည်း သွားရောက်ယှဉ်ပြိုင်ဖူးပါတယ်။


[ZawGyi]

CS:GO မွာ Support ကစားသမားဆိုတာ ဘာလဲ?

By KaeKae (Zaw Yair Naung)

 

အခုေလာေလာဆယ္ CS:GO ေလာကမွာအျငင္းပြားေနတဲ့ ကိစၥတစ္ခုရွိပါတယ္။ အဲ့တာက တျခား MOBA ဂိမ္းေတြလို Roles ေတြ သတ္သတ္မွတ္မွတ္ ထားသင့္ မထားသင့္ဆိုတာပါပဲ။ တခ်ိဳ႕ကေတာ့ ဒါကို လက္မခံၾကပါဘူး။ Player တိုင္းဟာစိတ္ႀကိဳက္ ပုံစံနဲ႔ကစားခြင့္ရွိၿပီး ပြဲတစ္ပြဲကို အႏိုင္ရဖို႔ဆိုတာ
အသင္းသားေတြၾကားက Chemistry နဲ႔ Skills ‌အေပၚမွာပဲ မွီခိုတယ္လို႔ သတ္မွတ္ထားၾကပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ဆိုရင္ေတာ့ ဒီကိစၥမွာ Roles ေတြသာ သတ္သတ္မွတ္မွတ္ရွိမယ္ဆိုရင္ ဂိမ္းက ပိုၿပီး စနစ္တက်ျဖစ္ၿပီးပြဲကိုခ်ဥ္းကပ္ရတာ ပိုလြယ္မယ္လို႔ ထင္ပါတယ္။

လူတိုင္းဟာ Flashbang ပစ္တတ္ပါတယ္။ဒါေပမယ့္ ၿပိဳင္ပြဲမွာ Map ခုႏွစ္ခုရွိတယ္ဆိုပါစို႔။ကိုယ့္အသင္းက ဒီဟာထဲမွ ငါးခုမွာရွိတဲ့ Flashbangs, Smokes, Molotovs ေတြကို အသင္းကို အက်ိဳးျဖစ္ေအာင္ အသုံးျပဳႏိုင္ဖို႔က အခ်ိန္ေတာ္ေတာ္ယူရမွာပါ။အဲ့ေတာ့ player တိုင္းက Grenades ေတြပစ္ဖို႔ ေလ့က်င့္ထားရမယ္…ဟုတ္ၿပီ။ ဒါေပမယ့္ ဒီဟာကိုပဲ အသင္းမွာတစ္ေယာက္ေယာက္က လုံးဝကြၽမ္းကြၽမ္းက်င္က်င္ ေလ့က်င့္ထားမယ္ဆိုရင္ေရာ ? map ရဲ႕ဘယ္ angle ကျဖစ္ျဖစ္ flash ျပႏိုင္ရင္ေရာ ?

Support တစ္ေယာက္က ဘာေတြလုပ္မလဲ ?

Support player တစ္ေယာက္အေနနဲ႔ဘာလုပ္သင့္လဲဆိုတာ အၾကမ္းဖ်င္းေျပာရရင္ Grenades အမ်ိဳးအစားေတြကို အခ်ိန္ယူေလ့လာမယ္ ဘယ္အခ်ိန္ ဘယ္လို ပစ္မလဲဆိုတာကို အာ႐ုံစိုက္သင့္ပါတယ္။ In-Game Leader က ၿပိဳင္ဘက္အသင္း ရဲ႕ကစားပုံက အရမ္းထူးဆန္းေနၿပီ၊ ဥပမာ ေနရာတစ္ခုထဲကေန သီးသန႔္ တိုက္ေနၿပီဆိုရင္ Support player အေနနဲ႔ သီးသန႔္ Grenades ေတြနဲ႔ ဒီအေျခအေနကို ဘယ္လိုေျပာင္းႏိုင္လဲဆိုတာ အဓိကက်သြားပါၿပီ။

ဒီလိုျဖစ္ဖို႔ဆိုတာကလည္း အသင္းသားေတြၾကားက Communication ကအရမ္းအေရးႀကီးပါတယ္။ Support Player အတြက္က သူ႔ Team mates ေတြကေျပာျပတဲ့ ၿပိဳင္ဘက္ရဲ႕ Playing style ေပၚမူတည္ၿပီး ေျပာင္းလဲ လႈပ္ရွား ရမွာပါ။ ကြၽန္ေတာ့္အျမင္အရဆိုရင္ Support Player တစ္ေယာက္က တျခား player ေတြထက္ Tactical ပိုင္းကို ပိုအာ႐ုံစိုက္သင့္ပါတယ္။

Support Player က Bomb ကို carry မယ္ဆိုရင္ အဓိကအားျဖင့္ Bomb ေထာင္မယ္ ဒါမွမဟုတ္ Bomb ကိုရွင္းလင္းမယ့္သူလည္းျဖစ္ႏိုင္ပါတယ္။ ဘယ္လိုကစားတာက အေကာင္းဆုံးျဖစ္မလဲဆိုတာကိုကေတာ့ ပြဲမ်ားမ်ားေဆာ့ၿပီး အမ်ိဳးမ်ိဳးစမ္းၾကည့္မွ သိႏိုင္မွာပါ။ Support ရဲ႕ကစားပုံေၾကာင့္ ပုံမွန္ဆိုရင္ Last Man အျဖစ္က်န္ခဲ့ႏိုင္ပါတယ္။ အဲ့ေတာ့ ဒီလိုအခ်ိန္မ်ိဳးမွာ တစ္ဖက္က Player ေတြနဲ႔ ရင္ဆိုင္တဲ့အခါ ဘယ္လို အေျခအေနမ်ိဳးမွာျဖစ္ပါေစ အႏိုင္ယူဖို႔ကလည္းအေရးႀကီးလာျပန္ပါတယ္။ (1 on 1 ဒါမွမဟုတ္ 1 on X,X=ႀကိဳက္တဲ့အေရအတြက္ျဖစ္ႏိုင္)

ပြဲခ်ိန္ျပင္ပမွာဆိုရင္လည္း Support player က Leader နဲ႔စကားေျပာၿပီး ဘယ္လိုအခ်ိန္မွာ ဘာလုပ္သင့္တယ္ ဘယ္လို Grenades ကိုအဓိကထားေလ့က်င့္သင့္တယ္ဆိုတာကို ေဆြးေႏြးသင့္ပါတယ္။ အေကာင္းဆုံးကေတာ့ In-Game Leader က Support Role ကစားတာမ်ိဳးပါ။ သူတို႔က ဘယ္အခ်ိန္မွာ ဘာကိုလုပ္သင့္သလဲ Grenades ကိုဘယ္လို ပစ္သင့္သလဲဆိုတာ အသိဆုံးမို႔လို႔ပါပဲ။

Proတစ္ေယာက္ Support ကစားျပတဲ့ ပြဲ !

Brazil CS:GO အသင္းတစ္သင္းျဖစ္တဲ့ Lumiosity က Virtus.Pro အသင္းနဲ႔ကစားခဲ့တဲ့ MLG Columbus မွာလက္စြမ္းျပသြားတာပါ။ Lumiosity က လုံးဝ Comeback ေတြကိုစနစ္တက်ကစားျပၿပီး အဲ့ပြဲတင္မဟုတ္ပဲ Major ကိုပါအရယူသြားခဲ့တာပါ။ အဲ့ Major မွ Support Type ပုံစံမ်ိဳးကစားျပသြားတာက Lincoln “Fnx” Lau ပါ။ Pure Support ဆိုၿပီး သတ္မွတ္လို႔မရေပမယ့္ Support တစ္ေယာက္ရဲ႕ ကစားပုံကစားကြက္မ်ိဳးကိုလွလွပပ ျပသြားပါတယ္။

စစခ်င္းမွာ Fnx က Flashbang နဲ႔ Playground ရဲ႕ Park အေပၚနားေလးမွာေနရာယူပါတယ္။ Gabriel “Fallen” Toledo က AWP နဲ႔ေခ်ာင္းဖို႔ တာဝန္ယူပါတယ္။ လႈပ္ရွားမႈကို သတိထားမိၿပီဆိုတာနဲ႔သူတို႔ဘက္က Fnx က Flash ကိုစပစ္ၿပီး Marcelo ‘coldzera’ David, FalleN နဲ႔အတူ Fnx ကပါဝင္ပစ္မယ္ဆိုတဲ့ Plan ပါ။

ဒါေပမယ့္ဘယ္သူမွ မ Push လာတဲ့အတြက္ Coldzera ကအရင္ဆုံး Molotov တစ္လုံးကို သစ္ပင္ေတြနား အရင္စပစ္လိုက္ပါတယ္။ Fnx ရဲ႕ Flash ကိုေစာင့္တယ္။ ၿပီးတာနဲ႔ Coldzera က အရင္ဆုံးၿပိဳင္ဘက္ Sniper ဆီက Bait Shot ကိုယူဖို႔ခုန္ထြက္ပါတယ္။ အဲ့အခ်ိန္မွာပဲ FalleN က AWP နဲ႔ Position Out ေနတဲ့ ေကာင္ေတြကို ရွယ္ေကြၽးပါတယ္။

Lincoln “Fnx” Lau

ေနာက္တစ္ကြက္ကေတာ့ fnx က restroom ထဲကို ခုန္ၿပီးဝင္ပါတယ္။ CT ရွိေနရင္ Coldzera သတ္ဖို႔ပါ။ ဒါေပမယ့္ရွိမေနပါဘူး။ A-Site ကို ခုန္ရင္းခုန္ရင္းနဲ႔ပဲ ဘာေတြရွိႏိုင္မလဲကို Fnx ကသြားၾကည့္ပါတယ္။ Sites နဲ႔နီးလာၿပီဆိုတာနဲ႔ သူ Smoke တစ္လုံးစပစ္ထည့္လိုက္ပါတယ္။ Sites နဲ႔နီးလာေတာ့သူကံေကာင္းၿပီး Flashbang တစ္ခုထပ္ရလိုက္ပါတယ္။ ၿပီးေတာ့ Smoke ေတြမေပ်ာက္ခင္မွာပဲ Molotov တစ္လုံးပစ္ထည့္ၿပီးေတာ့ အသင္းအတြက္ ပစ္ကြင္းေကာင္းေကာင္းရေအာင္ဖန္တီးေပးပါတယ္။

coldzera လည္းထြက္လာၿပီဆိုတာနဲ႔ Fnx က အလ်င္အျမန္ push ၿပီး bomb ကို plant လုပ္တယ္၊ ၿပီးေတာ့ VP က ေပၚလာတဲ့ ေကာင္ေတြကို တစ္ေကာင္ၿပီးတစ္ေကာင္ ေနရာေကာင္းကေန ေအးေဆး ထိုင္ပစ္ ေနေတာ့တာပါပဲ။အေပၚက Fnx ကစားပုံကိုၾကည့္မယ္ဆိုရင္ Support player ဆိုတာ အသင္းႏိုင္ဖို႔အတြက္ ဘယ္လိုအေျခအေနမွာျဖစ္ျဖစ္ ေျပာင္းလဲၿပီး ေဆာ့ႏိုင္တယ္ဆိုတာကိုပါ သိရမွာပါ။

ေနာက္ရက္ေတြမွာေတာ့ ဘယ္လိုလူေတြက Support ေဆာ့သင့္သလဲဆိုတာရယ္ ဘယ္လို Train သင့္သလဲဆိုတာရယ္ကို တင္ေပးသြားမွာျဖစ္ပါတယ္

By KaeKae (Zaw Yair Naung)

KaeKae (Page-Kae2 CSGO) ဟာ ျပည္တြင္းနာမည္ေက်ာ္ CSGO Pro တစ္ေယာက္ျဖစ္ၿပီး ျမန္မာျပည္ ထိပ္တန္း CSGO အသင္းေတြျဖစ္တဲ့ Alter-Howl, B-Beast နဲ႔ Impunity Esports တို႔မွာ ကစားဖူးတဲ့ အေတြ႕အႀကဳံမ်ား ရွိသူ တစ္ဦးပါ။ ျမန္မာႏိုင္ငံ ကိုယ္စားျပဳၿပီး World Electronic Sports Games (WESG) 2019 SEA Finals ကို မေလးရွားႏိုင္ငံမွာလည္း သြားေရာက္ယွဥ္ၿပိဳင္ဖူးပါတယ္။