[Unicode]

Rocket League အသင်းဖွဲ့စည်းလိုက်ပြီဖြစ်တဲ့ David Beckham ရဲ့ Guild Esports

 

ကမ္ဘာကျော်ဘောလုံးကြယ်ပွင့်ဟောင်း David Beckham ပူးတွဲပိုင်ဆိုင်တဲ့ Guild Esports ကတော့ Rocket League ပရော်ဖက်ရှင်နယ်အသင်းတည်ထောင်ပြီး Esports နယ်ပယ်ထဲကို ပထမဦးဆုံး ခြေလှမ်း စတင်လှမ်းလိုက်ပြီပဲ ဖြစ်ပါတယ်။ Guild Esports ဟာ လန်ဒန်အခြေစိုက် Esports အဖွဲ့အစည်းတစ်ခုဖြစ်ပြီး စတင်ဖွဲ့စည်းခဲ့စဉ်က The Lords Esports နာမည်ကိုအသုံးပြုခဲ့ပေမယ့် ၂၀၂၀ ခုနှစ် ဇွန်လ ၂၅ ရက်အရောက်မှာတော့ Guild Esports လို့အမည်ပြောင်းလဲပြီး David Beckham ကိုပါပူးတွဲပိုင်ရှင်တစ်ဦးအဖြစ် တစ်ဆက်တည်းကြေညာသွားခဲ့ပါတယ်။

Guild Esports ဟာ Rocket League, FIFA နဲ့ Fortnite အသင်းတွေကိုဖွဲ့စည်းမှာဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားခဲ့ပြီးတစ်လခန့်အကြာမှာ Rocket League အသင်းကိုအောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပါတယ်။ Rocket League ဟာ လူကြိုက်များတဲ့ Competitive, Sport အမျိုးအစားဂိမ်းတစ်ခုဖြစ်ပြီး Esports နယ်ပယ်မှာလည်း ထိုက်သင့်တဲ့အားပေးထောက်ခံမှုရရှိထားတဲ့ ဂိမ်းလည်းဖြစ်ပါတယ်။ Rocket League အသင်းတစ်သင်းမှာ ကစားသမား ၃ ဦးနဲ့ နည်းပြတစ်ဦးပါဝင်လေ့ရှိပြီး Guild Esports ကတော့ ကစားသမားတွေနေရာမှာ Team Singularity မှာကစားလျက်ရှိတဲ့ Noly နဲ့ Tho, mousesports အသင်းမှာ ကစားခဲ့ဖူးတဲ့ Scrub Killa တို့နဲ့အားဖြည့်ထားကာ Rocket League Championship Seires ချန်ပီယံဟောင်း Vitality အသင်းရဲ့နည်းပြ Gregan ကိုတော့ Head Coach အဖြစ်ခေါ်ယူထားပါတယ်။

ဒီ Rocket League အသင်းကို ပူးတွဲပိုင်ရှင်ရာထူးရထားတဲ့ David Beckham ကိုယ်တိုင်က Esports ရဲ့ဖိအားဒဏ်ကိုရင်ဆိုင်ဖြေရှင်းနည်း၊ ကိုယ်ရောစိတ်ပါကျန်းမာရေးနဲ့ညီညွှတ်အောင်နေထိုင်နည်း စတာတွေကို သင်ကြားပြသပေးသွားဦးမှာပါ။ Guild Esports Rocket League အသင်းဟာ ဩဂုတ်လ ၁ ရက်နေ့မှာစတင်ကျင်းပမယ့် RLCS X Europe ပြိုင်ပွဲမှာ ပွဲဦးထွက် အဖြစ် ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်တယ်လို့လည်း တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

Esports နယ်ပယ်ဟာ အရှိန်ဟုန်ပြင်းပြင်းနဲ့ဖွံ့ဖြိုးတိုးတက်လျက်ရှိတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေ မျက်စိကျလျက်ရှိတဲ့ နယ်ပယ်တစ်ခုပါ။ အဲဒီလိုရင်းနှီးမြှုပ်နှံသူတွေထဲမှာ Drake လို ဂရမ်မီဆုရှင်အဆိုတော်တွေ၊ Michael Jordan လို အားကစားလောကရဲ့ဂန္တဝင်တွေနဲ့ အခြားနယ်ပယ်က ဆယ်လီဘရစ်တီတွေလည်း များစွာပါဝင်နေပါတယ်။ ဘောလုံးလောကထဲမှာ Esports အသင်းကိုပထမဦးဆုံးတည်ထောင်ခဲ့သူဟာ အာဆင်နယ်ကွင်းလယ်ကစားသမား Mesut Ozil ဖြစ်ပြီး ယခုအခါမှာတော့ David Beckham တစ်ယောက်လည်း အဆိုပါစာရင်းထဲကိုပါဝင်လာပြီပဲဖြစ်ပါတယ်။

source- esportsobserver


[ZawGyi]

Rocket League အသင္းဖြဲ႕စည္းလိုက္ၿပီျဖစ္တဲ့ David Beckham ရဲ႕ Guild Esports

 

ကမာၻေက်ာ္ေဘာလုံးၾကယ္ပြင့္ေဟာင္း David Beckham ပူးတြဲပိုင္ဆိုင္တဲ့ Guild Esports ကေတာ့ Rocket League ပေရာ္ဖက္ရွင္နယ္ အသင္းတည္ေထာင္ၿပီး Esports နယ္ပယ္ထဲကို ပထမဦးဆုံး ေျခလွမ္း စတင္လွမ္းလိုက္ၿပီပဲ ျဖစ္ပါတယ္။ Guild Esports ဟာ လန္ဒန္အေျခစိုက္ Esports အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး စတင္ဖြဲ႕စည္းခဲ့စဥ္က The Lords Esports နာမည္ကိုအသုံးျပဳခဲ့ေပမယ့္ ၂၀၂၀ ခုႏွစ္ ဇြန္လ ၂၅ ရက္အေရာက္မွာေတာ့ Guild Esports လို႔အမည္ေျပာင္းလဲၿပီး David Beckham ကိုပါပူးတြဲပိုင္ရွင္တစ္ဦးအျဖစ္ တစ္ဆက္တည္းေၾကညာသြားခဲ့ပါတယ္။

Guild Esports ဟာ Rocket League, FIFA နဲ႔ Fortnite အသင္းေတြကိုဖြဲ႕စည္းမွာျဖစ္ေၾကာင္း တရားဝင္ထုတ္ျပန္ထားခဲ့ၿပီးတစ္လခန႔္အၾကာမွာ Rocket League အသင္းကိုေအာင္ျမင္စြာဖြဲ႕စည္းႏိုင္ခဲ့ပါတယ္။ Rocket League ဟာ လူႀကိဳက္မ်ားတဲ့ Competitive, Sport အမ်ိဳးအစားဂိမ္းတစ္ခုျဖစ္ၿပီး Esports နယ္ပယ္မွာလည္း ထိုက္သင့္တဲ့အားေပးေထာက္ခံမႈရရွိထားတဲ့ ဂိမ္းလည္းျဖစ္ပါတယ္။ Rocket League အသင္းတစ္သင္းမွာ ကစားသမား ၃ ဦးနဲ႔ နည္းျပတစ္ဦးပါဝင္ေလ့ရွိၿပီး Guild Esports ကေတာ့ ကစားသမားေတြေနရာမွာ Team Singularity မွာကစားလ်က္ရွိတဲ့ Noly နဲ႔ Tho, mousesports အသင္းမွာ ကစားခဲ့ဖူးတဲ့ Scrub Killa တို႔နဲ႔အားျဖည့္ထားကာ Rocket League Championship Seires ခ်န္ပီယံေဟာင္း Vitality အသင္းရဲ႕နည္းျပ Gregan ကိုေတာ့ Head Coach အျဖစ္ေခၚယူထားပါတယ္။

ဒီ Rocket League အသင္းကို ပူးတြဲပိုင္ရွင္ရာထူးရထားတဲ့ David Beckham ကိုယ္တိုင္က Esports ရဲ႕ဖိအားဒဏ္ကိုရင္ဆိုင္ေျဖရွင္းနည္း၊ ကိုယ္ေရာစိတ္ပါက်န္းမာေရးနဲ႔ညီၫႊတ္ေအာင္ေနထိုင္နည္း စတာေတြကို သင္ၾကားျပသေပးသြားဦးမွာပါ။ Guild Esports Rocket League အသင္းဟာ ဩဂုတ္လ ၁ ရက္ေန႔မွာစတင္က်င္းပမယ့္ RLCS X Europe ၿပိဳင္ပြဲမွာ ပြဲဦးထြက္ အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ သြားမွာျဖစ္တယ္လို႔လည္း တရားဝင္ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါေသးတယ္။

Esports နယ္ပယ္ဟာ အရွိန္ဟုန္ျပင္းျပင္းနဲ႔ဖြံ႕ၿဖိဳးတိုးတက္လ်က္ရွိတာေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံသူေတြ မ်က္စိက်လ်က္ရွိတဲ့ နယ္ပယ္တစ္ခုပါ။ အဲဒီလိုရင္းႏွီးျမႇဳပ္ႏွံသူေတြထဲမွာ Drake လို ဂရမ္မီဆုရွင္အဆိုေတာ္ေတြ၊ Michael Jordan လို အားကစားေလာကရဲ႕ဂႏၲဝင္ေတြနဲ႔ အျခားနယ္ပယ္က ဆယ္လီဘရစ္တီေတြလည္း မ်ားစြာပါဝင္ေနပါတယ္။ ေဘာလုံးေလာကထဲမွာ Esports အသင္းကိုပထမဦးဆုံးတည္ေထာင္ခဲ့သူဟာ အာဆင္နယ္ကြင္းလယ္ကစားသမား Mesut Ozil ျဖစ္ၿပီး ယခုအခါမွာေတာ့ David Beckham တစ္ေယာက္လည္း အဆိုပါစာရင္းထဲကိုပါဝင္လာၿပီပဲျဖစ္ပါတယ္။

source- esportsobserver