Zawgyi

ယခုႏွစ္ E3 ျပပြဲကေတာ့ စိတ္လႈပ္ရွားစရာအျပည့္ပါပဲ။ Keanu Reeves ပါဝင္တဲ့ Cyberpunk 2077 ဂိမ္းရဲ႕ မိတ္ဆက္ Teaser ကိုျမင္ရၿပီးတဲ့ေနာက္ အခုတစ္ခါ Game of Thrones စီးရီးရဲ႕ ဖန္တီးရွင္ George R.R Martin ဟာ Dark Souls ဂိမ္းေတြကို ထုတ္လုပ္ခဲ့တဲ့ Fromsoftware နဲ႔ေပါင္းၿပီး ဂိမ္းအသစ္တစ္ခုကို မိတ္ဆက္လာခဲ့ပါၿပီ။

Dark Souls ရဲ႕ဖန္တီးရွင္ Hidetaka Miyazaki နဲ႔ ဘက္ဆဲလားစာေရးဆရာႀကီး G R.R. Martin တုိ႔ ပူးေပါင္းထားတဲ့ ဗီဒီယုိဂိမ္းရဲ႕အမည္ကေတာ့ “Elden Ring” ျဖစ္ပါတယ္။ သူတုိ႔ႏွစ္ဦး ေပါင္းစပ္အၾကံဥာဏ္ထုတ္ထားတဲ့ စိတ္ကူးယဥ္ကမာၻထဲမွာ ေဆာ့ကစားရမယ့္ ဂိမ္းတစ္ခုပါ။

Sekiro: Shadows Die Twice

Fromsoftware ဟာ Dark Souls ဂိမ္းစီးရီးအျပင္ မၾကာေသးခင္က ေဟာ့ေနတဲ့ Sekiro: Shadows Die Twice ကိုလည္း ထုတ္လုပ္ထားသူပါ။ ဒီဂိမ္းဟာ မေမွ်ာ္လင့္ထားတာေတာ့ မဟုတ္ဘဲ ၿပီးခဲ့တဲ့ေသာၾကာေန႔ထဲက သတင္းေတြ ထြက္ေနခဲ့တာပါ။

မုိက္ခရုိေဆာ့ဖ္ရဲ႕ Xbox News ဘေလာ့ဂ္မွာေတာ့ Miyazaki မွ ဒီဂိမ္းရဲ႕ အျခား FrowSoft ဂိမ္းေတြနဲ႔ အဓိက ကြာျခားခ်က္က “Open World” စတုိင္လ္ ေဆာ့ကစားရမွာျဖစ္ပါတယ္လို႔ ဆုိခဲ့ပါတယ္။ ဒါ့အျပင္ သီးသန္႔ဆန္းျပားၿပီး ေၾကာက္မက္ဖြယ္ Boss ေတြနဲ႔လည္း ခ်ရမယ္လို႔ ဆုိတယ္။ Trailer ထဲမွာေတာ့ ထြက္ရွိရက္ မပါဝင္ေပမယ့္ Elden Ring ဂိမ္းဟာ Xbox One, PS4 နဲ႔ PC ပလက္ေဖာင္းေတြမွာ ေဆာ့ကစားႏုိင္မွာပါ။

Ref – Kotaku

Unicode

ယခုနှစ် E3 ပြပွဲကတော့ စိတ်လှုပ်ရှားစရာအပြည့်ပါပဲ။ Keanu Reeves ပါဝင်တဲ့ Cyberpunk 2077 ဂိမ်းရဲ့ မိတ်ဆက် Teaser ကိုမြင်ရပြီးတဲ့နောက် အခုတစ်ခါ Game of Thrones စီးရီးရဲ့ ဖန်တီးရှင် George R.R Martin ဟာ Dark Souls ဂိမ်းတွေကို ထုတ်လုပ်ခဲ့တဲ့ Fromsoftware နဲ့ပေါင်းပြီး ဂိမ်းအသစ်တစ်ခုကို မိတ်ဆက်လာခဲ့ပါပြီ။

Dark Souls ရဲ့ဖန်တီးရှင် Hidetaka Miyazaki နဲ့ ဘက်ဆဲလားစာရေးဆရာကြီး G R.R. Martin တို့ ပူးပေါင်းထားတဲ့ ဗီဒီယိုဂိမ်းရဲ့အမည်ကတော့ “Elden Ring” ဖြစ်ပါတယ်။ သူတို့နှစ်ဦး ပေါင်းစပ်အကြံဉာဏ်ထုတ်ထားတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ဆော့ကစားရမယ့် ဂိမ်းတစ်ခုပါ။

Sekiro: Shadows Die Twice

Fromsoftware ဟာ Dark Souls ဂိမ်းစီးရီးအပြင် မကြာသေးခင်က ဟော့နေတဲ့ Sekiro: Shadows Die Twice ကိုလည်း ထုတ်လုပ်ထားသူပါ။ ဒီဂိမ်းဟာ မမျှော်လင့်ထားတာတော့ မဟုတ်ဘဲ ပြီးခဲ့တဲ့သောကြာနေ့ထဲက သတင်းတွေ ထွက်နေခဲ့တာပါ။

မိုက်ခရိုဆော့ဖ်ရဲ့ Xbox News ဘလော့ဂ်မှာတော့ Miyazaki မှ ဒီဂိမ်းရဲ့ အခြား FrowSoft ဂိမ်းတွေနဲ့ အဓိက ကွာခြားချက်က “Open World” စတိုင်လ် ဆော့ကစားရမှာဖြစ်ပါတယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် သီးသန့်ဆန်းပြားပြီး ကြောက်မက်ဖွယ် Boss တွေနဲ့လည်း ချရမယ်လို့ ဆိုတယ်။ Trailer ထဲမှာတော့ ထွက်ရှိရက် မပါဝင်ပေမယ့် Elden Ring ဂိမ်းဟာ Xbox One, PS4 နဲ့ PC ပလက်ဖောင်းတွေမှာ ဆော့ကစားနိုင်မှာပါ။

Ref – Kotaku