[Unicode]

Steam ပေါ်မှာ ဝင်ရောက်ကစားသူအများဆုံးဖြစ်လာတဲ့ CS: GO

 

Steam Charts ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်များအရ ပြီးခဲ့တဲ့ အောက်တိုဘာလက CS: GO ဟာ Steam ပေါ်မှာ ဝင်ရောက်ကစားသူအများဆုံးဂိမ်းဖြစ်လာခဲ့ပါတယ်။ CS: GO ဒီလို စံချိန်တင်နိုင်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်က Dota 2 နဲ့ PUBG တို့လို အခြားဂိမ်းများကသာ နေရာယူထားခဲ့ကြတာပါ။

CS: GO ဟာ အောက်တိုဘာလအတွင်းမှာ ကစားသူပေါင်း ၇၄၇,၉၃၇ အထိ ရရှိထားနိုင်ခဲ့ပါတယ်။ Dota 2 ဟာ ၇၃၉,၉၂၄ နဲ့ ဒုတိယနေရာမှာ ရှိပြီး PUBG ကတော့ ၆၃၇,၈၇၀ နဲ့ တတိယနေရာကို ရယူထားနိုင်ခဲ့ပါတယ်။ CS: GO ဟာ ရပ်တည်လာခဲ့တဲ့ သက်တမ်းတစ်လျှောက် စက်တင်ဘာလနဲ့ အောက်တိုဘာလများမှာ ပျှမ်းမျှကစားသူဦးရေအများဆုံး ဖြစ်လာခဲ့တာပါ။

 

သြဂုတ်လအတွင်း ဘာလင်မှာ ကျင်းပခဲ့တဲ့ StarLadder Berlin Major ပြိုင်ပွဲကြောင့်လည်း CS: GO ကစားသူအရေအတွက် မြင့်တက်လာခဲ့ရတာပါ။ Major ပွဲများ ကျင်းပချိန်မှာ CS: GO ကို စွန့်ခွာသွားခဲ့ကြတဲ့ ကစားသမားဟောင်းများဟာ pro ကစားသမားများနဲ့ အသင်းများရဲ့ ယှဉ်ပြိုင်မှုကို ကြည့်ရှုဖို့ ပြန်လည်ရောက်ရှိလာတတ်ပါတယ်။ ဒီဇင်ဘာလ ၂၀၁၈ က စလို့ CS: GOကို အခမဲ့ကစားခွင့်ပြုလိုက်ခြင်းဟာလည်း ကစားသူဦးရေ တစ်နေ့ထက်တစ်နေ့ များပြားလာစေခဲ့ပါတယ်။

Starladder Berlin Major 2019 Champion Astralis

CS: GO ကို လူကြိုက်များလာမှုဟာ de_cache လို့ အမည်ပေးထားတဲ့ map တစ်ခုကို Valve က ပြန်လည်ထည့်သွင်းပေးလိုက်တာကြောင့်လည်း ပါဝင်ပါတယ်။ ဂိမ်းရဲ့ workshop ပေါ်မှာ အောက်တိုဘာ ၁၀ ရက်နေ့တည်းက တင်ထားခဲ့တဲ့ ဒီ map ကို casual, deathmatch နဲ့ scrimmage server များမှာ ကစားနိုင်အောင် အောက်တိုဘာ ၁၈ ရက်နေ့မှာ ထည့်သွင်းပေးခဲ့တာပါ။ Competitive match ပွဲများမှာ de_cache ကို ကစားနိုင်ဖို့အတွက်ကတော့ FACEIT နဲ့ ESEA တို့လို third-party matchmaking platform တစ်ခု လိုအပ်ပါတယ်။

ပြီးခဲ့တဲ့လမှာ CS: GO ရဲ့ ပျှမ်းမျှကစားသူဦးရေဟာအများဆုံးဖြစ်ခဲ့ပေမယ့် ဂိမ်းကို တစ်ချိန်တည်းဝင်ရောက်ကစားသူအများဆုံးဖြစ်ခဲ့တာကတော့ ၂၀၁၆ ဧပြီလအတွင်းမှာပါ။ ထိုစဉ်က MLG Columbus Major အပြီးမှာ CS: GO ကို ကစားသူပေါင်း ၈၅၀,၄၈၅ က တစ်ချိန်တည်းဝင်ရောက်ကစားခဲ့ကြပါတယ်။

CS: GO တစ်ဖန် ပြန်လည်ခေတ်စားလာမှုနဲ့ အတူ FPS ဂိမ်းများ ပိုမိုခေတ်စားလာဦးမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရဦးမှာပါ။ လာမယ့် ၂၀၂၀ မှာ ပလက်ဖောင်းမျိုးစုံအတွက်ထွက်ရှိလာမယ့် FPS ဂိမ်းများကိုလည်း စောင့်ရကျိုးနပ်လောက်အောင် ကောင်းမွန်လိမ့်မယ်လို့ gamer အများက မျှော်လင့်လျက်ရှိကြပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှအမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

Source: Dotesports


[Zawgyi]

Steam ေပၚမွာ ဝင္ေရာက္ကစားသူအမ်ားဆုံးျဖစ္လာတဲဲ့ CS: GO

 

Steam Charts ဝက္ဘ္ဆိုက္ရဲ႕ ေဖာ္ျပခ်က္မ်ားအရ ျပီးခဲ့တဲ့ ေအာက္တိုဘာလက CS: GO ဟာ Steam ေပၚမွာ ဝင္ေရာက္ကစားသူအမ်ားဆုံးဂိမ္းျဖစ္လာခဲ့ပါတယ္။ CS: GO ဒီလို စံခ်ိန္တင္ႏိုင္တာဟာ ပထမဆုံးအၾကိမ္ျဖစ္ျပီး ယခင္က Dota 2 နဲ႔ PUBG တို႔လို အျခားဂိမ္းမ်ားကသာ ေနရာယူထားခဲ့ၾကတာပါ။

CS: GO ဟာ ေအာက္တိုဘာလအတြင္းမွာ ကစားသူေပါင္း ၇၄၇,၉၃၇ အထိ ရရွိထားႏိုင္ခဲ့ပါတယ္။ Dota 2 ဟာ ၇၃၉,၉၂၄ နဲ႔ ဒုတိယေနရာမွာ ရွိျပီး PUBG ကေတာ့ ၆၃၇,၈၇၀ နဲ႔ တတိယေနရာကို ရယူထားႏိုင္ခဲ့ပါတယ္။ CS: GO ဟာ ရပ္တည္လာခဲ့တဲ့ သက္တမ္းတစ္ေလွ်ာက္ စက္တင္ဘာလနဲ႔ ေအာက္တိုဘာလမ်ားမွာ ပွ်မ္းမွ်ကစားသူဦးေရအမ်ားဆုံး ျဖစ္လာခဲ့တာပါ။

ၾသဂုတ္လအတြင္း ဘာလင္မွာ က်င္းပခဲ့တဲ့ StarLadder Berlin Major ျပိဳင္ပြဲေၾကာင့္လည္း CS: GO ကစားသူအေရအတြက္ ျမင့္တက္လာခဲ့ရတာပါ။ Major ပြဲမ်ား က်င္းပခ်ိန္မွာ CS: GO ကို စြန္႕ခြာသြားခဲ့ၾကတဲ့ ကစားသမားေဟာင္းမ်ားဟာ pro ကစားသမားမ်ားနဲ႔ အသင္းမ်ားရဲ႕ ယွဥ္ျပိဳင္မႈကို ၾကည့္ရႈဖုိ႔ ျပန္လည္ေရာက္ရွိလာတတ္ပါတယ္။ ဒီဇင္ဘာလ ၂၀၁၈ က စလို႔ CS: GOကို အခမဲ့ကစားခြင့္ျပဳလိုက္ျခင္းဟာလည္း ကစားသူဦးေရ တစ္ေန႔ထက္တစ္ေန႔ မ်ားျပားလာေစခဲ့ပါတယ္။

Starladder Berlin Major 2019 Champion Astralis

CS: GO ကို လူၾကိဳက္မ်ားလာမႈဟာ de_cache လို႔ အမည္ေပးထားတဲ့ map တစ္ခုကို Valve က ျပန္လည္ထည့္သြင္းေပးလိုက္တာေၾကာင့္လည္း ပါဝင္ပါတယ္။ ဂိမ္းရဲ႕ workshop ေပၚမွာ ေအာက္တိုဘာ ၁၀ ရက္ေန႔တည္းက တင္ထားခဲ့တဲ့ ဒီ map ကို casual, deathmatch နဲ႔ scrimmage server မ်ားမွာ ကစားႏိုင္ေအာင္ ေအာက္တိုဘာ ၁၈ ရက္ေန႔မွာ ထည့္သြင္းေပးခဲ့တာပါ။ Competitive match ပြဲမ်ားမွာ de_cache ကို ကစားႏိုင္ဖုိ႔အတြက္ကေတာ့ FACEIT နဲ႔ ESEA တို႔လို third-party matchmaking platform တစ္ခု လိုအပ္ပါတယ္။

ျပီးခဲ့တဲ့လမွာ CS: GO ရဲ႕ ပွ်မ္းမွ်ကစားသူဦးေရဟာအမ်ားဆုံးျဖစ္ခဲ့ေပမယ့္ ဂိမ္းကို တစ္ခ်ိန္တည္းဝင္ေရာက္ကစားသူအမ်ားဆုံးျဖစ္ခဲ့တာကေတာ့ ၂၀၁၆ ဧျပီလအတြင္းမွာပါ။ ထိုစဥ္က MLG Columbus Major အျပီးမွာ CS: GO ကို ကစားသူေပါင္း ၈၅၀,၄၈၅ က တစ္ခ်ိန္တည္းဝင္ေရာက္ကစားခဲ့ၾကပါတယ္။

CS: GO တစ္ဖန္ ျပန္လည္ေခတ္စားလာမႈနဲ႕ အတူ FPS ဂိမ္းမ်ား ပိုမိုေခတ္စားလာဦးမလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ၾကရဦးမွာပါ။ လာမယ့္ ၂၀၂၀ မွာ ပလက္ေဖာင္းမ်ိဳးစုံအတြက္ထြက္ရွိလာမယ့္ FPS ဂိမ္းမ်ားကိုလည္း ေစာင့္ရက်ိဳးနပ္ေလာက္ေအာင္ ေကာင္းမြန္လိမ့္မယ္လို့ gamer အမ်ားက ေမ်ွာ္လင့္လ်က္ရွိၾကပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႕ သတင္းမ်ားကို Gaming Noodle မွအျမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: Dotesports