[Unicode]

Dota 2 ရဲ့ တစ်ချိန်တည်းဝင်ရောက်ကစားသူအများဆုံးပမာဏကို ကျော်လွန်သွားခဲ့တဲ့ CS:GO

 

Valve ရဲ့ Dota 2 ဂိမ်းဟာ Steam ပေါ်မှာ တစ်ချိန်တည်းဝင်ရောက်ကစားသူပမာဏများစွာရရှိပြီး စံချိန်တင်ထားနိုင်ခဲ့တဲ့ဂိမ်းတစ်ခုပါ။ ဒါပေမယ့် Valve ရဲ့ အခြားဂိမ်းတစ်ခုဖြစ်တဲ့ CS: GO ဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက စ လို့ ကစားသူပမာဏ တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး ယခုအချိန်မှာတော့ Dota 2 ရဲ့ စံချိန်ကိုပါ ကျော်လွန်သွားခဲ့ပါပြီ။

၂၀၁၂ ခုနှစ်မှာ စတင်ထွက်ရှိလာခဲ့တဲ့ CS: GO ဟာ လက်ရှိအချိန်မှာ သမိုင်းကြောင်းတစ်လျှောက် ကစားသူအများဆုံး အခြေအနေကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လနဲ့ ယခုလ ၂ လ အတွင်းမှာတင် ကစားသူဦးရေ သုံးသိန်းနီးပါး တိုးပွားလာခဲ့ပြီး ယခုအချိန်မှာလည်း ဆက်လက်တိုးပွားနေဆဲပဲ ဖြစ်ပါတယ်။

Dota 2 ဟာ တစ်ချိန်တည်းဝင်ရောက်ကစားသူအများဆုံးပမာဏ ၁.၂၉ သန်းကျော်ကို ၂၀၁၆ ခုနှစ်တုန်းက ရရှိခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းနှစ်များမှာတော့ ယင်းစံချိန်ကို ပြန်လည်ကျော်လွန်နိုင်ခြင်း မရှိခဲ့ပါဘူး။ ယခု CS: GO ရရှိသွားခဲ့တဲ့ ပမာဏဟာ ၁.၃ သန်းကျော်ဖြစ်တဲ့အတွက် Dota 2 ထက် များပြားသွားခဲ့တာ ဖြစ်ပါတယ်။

CS: GO ကစားသူများပြားလာရခြင်းအကြောင်းအရင်းများကတော့ များစွာရှိပါတယ်။ ယင်းတို့ထဲမှာ Covid-19 ကို ရှောင်ရှားဖို့အတွက် လူအများအိမ်တွင်းအောင်းပြီး ဂိမ်းကစားနေကြတဲ့အချက်ပါဝင်သလို နာမည်ကျော် FPS ဂိမ်းသစ်တစ်ခုဖြစ်တဲ့ Valorant ရဲ့ beta ဗားရှင်း ထွက်ပေါ်လာမှုကလည်း CS: GO ကစားသူများပြားလာအောင် သွယ်ဝိုက်ကူညီလျက်ရှိပါတယ်။

Valorant ကို Esports လောကအတွင်းမှာ စမ်းသပ်ကစားလိုသူ လွန်စွာများပြားနေပေမယ့် beta key ရှိမှသာ ဝင်ရောက်ကစားနိုင်မှာပါ။ ဒါကြောင့် FPS ဂိမ်းအမျိုးအစားချင်းတူညီတဲ့ CS: GO ကို ခေတ္တဝင်ရောက်ကစားပြီး အသစ်ထွက်လာမယ့် Valorant အတွက် ပြင်ဆင်နေကြတာဖြစ်ကြောင်းလည်း အချို့က သုံးသပ်နေကြပါတယ်။

Valorant Gameplay

ဗီဒီယိုဂိမ်းတစ်ခုဆက်လက်ရှင်သန်နိုင်ရေးအတွက် ကစားသူများပြားနေဖို့အချက်ဟာ လွန်စွာအရေးကြီးလှပါတယ်။ ဒါကြောင့် CS: GO မှာ ကစားသူများနဲ့ စည်းကားနေတဲ့သတင်းကို ဂန္ထဝင်ဂိမ်းချစ်သူပရိသတ်များအတွက် ဝမ်းမြောက်ဖွယ် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: vpesports


[ZawGyi]

Dota 2 ရဲ႕ တစ္ခ်ိန္တည္းဝင္ေရာက္ကစားသူအမ်ားဆုံးပမာဏကို ေက်ာ္လြန္သြားခဲ့တဲ့ CS:GO

 

Valve ရဲ႕ Dota 2 ဂိမ္းဟာ Steam ေပၚမွာ တစ္ခ်ိန္တည္းဝင္ေရာက္ကစားသူပမာဏမ်ားစြာရရွိၿပီး စံခ်ိန္တင္ထားႏိုင္ခဲ့တဲ့ဂိမ္းတစ္ခုပါ။ ဒါေပမယ့္ Valve ရဲ႕ အျခားဂိမ္းတစ္ခုျဖစ္တဲ့ CS: GO ဟာ ၿပီးခဲ့တဲ့ႏွစ္ေႏွာင္းပိုင္းက စ လို႔ ကစားသူပမာဏ တျဖည္းျဖည္းျမင့္တက္လာခဲ့ၿပီး ယခုအခ်ိန္မွာေတာ့ Dota 2 ရဲ႕ စံခ်ိန္ကိုပါ ေက်ာ္လြန္သြားခဲ့ပါၿပီ။

၂၀၁၂ ခုႏွစ္မွာ စတင္ထြက္ရွိလာခဲ့တဲ့ CS: GO ဟာ လက္ရွိအခ်ိန္မွာ သမိုင္းေၾကာင္းတစ္ေလွ်ာက္ ကစားသူအမ်ားဆုံး အေျခအေနကို ေရာက္ရွိေနတာလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့မတ္လနဲ႔ ယခုလ ၂ လ အတြင္းမွာတင္ ကစားသူဦးေရ သုံးသိန္းနီးပါး တိုးပြားလာခဲ့ၿပီး ယခုအခ်ိန္မွာလည္း ဆက္လက္တိုးပြားေနဆဲပဲ ျဖစ္ပါတယ္။

Dota 2 ဟာ တစ္ခ်ိန္တည္းဝင္ေရာက္ကစားသူအမ်ားဆုံးပမာဏ ၁.၂၉ သန္းေက်ာ္ကို ၂၀၁၆ ခုႏွစ္တုန္းက ရရွိခဲ့တာပါ။ ဒါေပမယ့္ ေနာက္ပိုင္းႏွစ္မ်ားမွာေတာ့ ယင္းစံခ်ိန္ကို ျပန္လည္ေက်ာ္လြန္ႏိုင္ျခင္း မရွိခဲ့ပါဘူး။ ယခု CS: GO ရရွိသြားခဲ့တဲ့ ပမာဏဟာ ၁.၃ သန္းေက်ာ္ျဖစ္တဲ့အတြက္ Dota 2 ထက္ မ်ားျပားသြားခဲ့တာ ျဖစ္ပါတယ္။

CS: GO ကစားသူမ်ားျပားလာရျခင္းအေၾကာင္းအရင္းမ်ားကေတာ့ မ်ားစြာရွိပါတယ္။ ယင္းတို႔ထဲမွာ Covid-19 ကို ေရွာင္ရွားဖို႔အတြက္ လူအမ်ားအိမ္တြင္းေအာင္းၿပီး ဂိမ္းကစားေနၾကတဲ့အခ်က္ပါဝင္သလို နာမည္ေက်ာ္ FPS ဂိမ္းသစ္တစ္ခုျဖစ္တဲ့ Valorant ရဲ႕ beta ဗားရွင္း ထြက္ေပၚလာမႈကလည္း CS: GO ကစားသူမ်ားျပားလာေအာင္ သြယ္ဝိုက္ကူညီလ်က္ရွိပါတယ္။

Valorant ကို Esports ေလာကအတြင္းမွာ စမ္းသပ္ကစားလိုသူ လြန္စြာမ်ားျပားေနေပမယ့္ beta key ရွိမွသာ ဝင္ေရာက္ကစားႏိုင္မွာပါ။ ဒါေၾကာင့္ FPS ဂိမ္းအမ်ိဳးအစားခ်င္းတူညီတဲ့ CS: GO ကို ေခတၱဝင္ေရာက္ကစားၿပီး အသစ္ထြက္လာမယ့္ Valorant အတြက္ ျပင္ဆင္ေနၾကတာျဖစ္ေၾကာင္းလည္း အခ်ိဳ႕က သုံးသပ္ေနၾကပါတယ္။

Valorant Gameplay

 

ဗီဒီယိုဂိမ္းတစ္ခုဆက္လက္ရွင္သန္ႏိုင္ေရးအတြက္ ကစားသူမ်ားျပားေနဖို႔အခ်က္ဟာ လြန္စြာအေရးႀကီးလွပါတယ္။ ဒါေၾကာင့္ CS: GO မွာ ကစားသူမ်ားနဲ႔ စည္းကားေနတဲ့သတင္းကို ဂႏၴဝင္ဂိမ္းခ်စ္သူပရိသတ္မ်ားအတြက္ ဝမ္းေျမာက္ဖြယ္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: vpesports