CS:GO Player Roles မ်ားအေၾကာင္း

 

အသင္းအဖြဲ႕နဲ႔ ကစားရတဲ့ အားကစားေတြ (ဥပမာ – ေဘာလုံး၊ ေဘ့စ္ေဘာ) တုိ႔မွာ ကစားသမားေတြ အတြက္ မတူညီတဲ့ Position နဲ႔ Role ေတြ ရွိၾကပါတယ္။ ဒီလိုပဲ e-Sports လို႔ေခၚတဲ့ Competitive ဂိမ္းေတြမွာလဲ အသင္းလိုက္ကစားရတဲ့ အမ်ဳိးအစားေတြမွာ သက္ဆုိင္ရာ Role နဲ႔ Position ေတြ၊ Position ကိုလုိက္ျပီး သတ္မွတ္ေပးထားတဲ့ Role ေတြ ရွိၾကပါတယ္။

ဒီထဲကမွ Dota 2, LOL အခုဆုိ Mobile Legend, Arena of Valor စတဲ့ Three-corridors စတုိင္ MOBA ဂိမ္းေတြမွာ ကစားသမားေတြရဲ႕ Role က အရမ္းသိသာထင္ရွားေပမယ့္ ကၽြန္ေတာ္တုိ႔ငယ္ငယ္ထဲက ေပ်ာ္ေပ်ာ္ၾကီး ေဆာ့လာတဲ့ ေကာင္တာ Counter Strike ဂိမ္းကေတာ့ ဒီလိုမဟုတ္ပါဘူး။

ကိုယ္က်တဲ့ဘက္က Counter-side ျဖစ္ေနရင္ေတာင္ Bomb site ေတြေပၚ မူတည္ျပီး ေနရာခ်တာေတြ ဘာေတြရွိဦးမယ္။ T-side ဆုိလို႔ကေတာ့ မ်ားေသာအားျဖင့္ ၾကဳံသလုိ ထြက္ပစ္ၾကတာပါပဲ။ တကယ္လဲ Counter Strike ဟာ အေျခအေနနဲ႔ အခ်ိန္အခါ အေျပာင္းအလဲျမန္ဆန္ျပီး အရမ္း Dynamic ျဖစ္တဲ့ ဂိမ္းတစ္ခု ျဖစ္တဲ့အတြက္ေၾကာင့္ ပြဲတုိင္းပုံေသၾကီး မင္းက ဘယ္လမ္းသြား ဆုိျပီး လုပ္လုိ႔မရပါ။

ဒါေပမယ့္ လူငါးေယာက္ပါတဲ့ Unit တစ္ခုအျဖစ္ ေဆာ့ရတဲ့အတြက္ အခ်ိန္ၾကာလာတာနဲ႔အမွ် ကစားသမားေတြဟာ အသင္းတစ္ခုအေနနဲ႔ အႏုိင္ရဖို႔ ပိုျပီးထိေရာက္မယ့္ အၾကမ္းဖ်င္းစည္းမ်ဥ္းေတြကို ထုတ္ေဖာ္ဖန္တီးလာခဲ့ၾကပါတယ္။ အခုပုိစ့္မွာေတာ့ Competitive ေတြမွာ ကစားသမားငါးေယာက္ပါတဲ့ Unit တစ္ခု အေနနဲ႔ လႈပ္ရွားေလ့ရွိတဲ့ Role ေတြကို ရွင္းျပမွာပါ။ အမွားလည္း ပါေကာင္းပါႏုိင္ပါတယ္။ ဒါေပမယ့္ CSGO ကို အေပ်ာ္တမ္းပဲ ကစားေနတဲ့ သူငယ္ခ်င္းေတြၾကားမွာ Role ေတြရဲ႕ အေရးပါပုံနဲ႔ သေဘာသဘာဝကို သတိထားမိသြားရင္ေတာင္ မနည္းဘူး ဆုိတဲ့စိတ္နဲ႔ ေဖာ္ျပသြားမွာပါ။ တစ္ပုံခ်င္းစီ ေထာက္ျပီး ဖတ္ရႈသြားႏိုင္ပါတယ္။

The Entry Fragger

Entry သုိ႔မဟုတ္ Entry Fragger ဆုိတာ ရွင္းရွင္းေျပာရရင္ ကိုယ့္ဘက္က တုိက္စစ္ဆင္ရမယ့္ အခ်ိန္မွာ ေရွ႕ဆုံးက ဝင္ခ်တဲ့ ကစားသမားပါပဲ။ ဒါ့ေၾကာင့္ Entry လို႔ေခၚတာ ျဖစ္တယ္။ Entry Fragger ေတြဟာ Terrorist side မွာ Bomb ေထာင္မယ့္ေနရာကို တက္ရင္ တစ္ဖက္က ေထာက္ထားတဲ့ CT ေတြၾကားထဲ ပထမဆုံးေျပးဝင္ျပီး ကိုယ့္အသင္းအတြက္ လမ္းဖြင့္ေပးရမယ့္ သူပါ။

Entry Fragger ေကာင္းတစ္ေယာက္အတြက္ လုိအပ္တဲ့ အရည္အခ်င္းကေတာ့ လွ်င္ျမန္ျပီး တိက်တဲ့ Aim ရွိရပါမယ္။ ဒါမွသာ ၾကိဳေနရာယူထားတဲ့ CT ေတြနဲ႔ ယွဥ္ပစ္ႏုိင္မွာကိုး။ ဒါ့အျပင္ CT ဘက္ကလူေတြ ေနရာယူတတ္တဲ့ Position ေတြကိုလည္း ႏွံ႔ႏွံ႔စပ္စပ္ သိနားလည္ထားဖို႔ လိုပါတယ္။ လက္ဘယ္ေလာက္ျမန္ျမန္ Blindspot ကေန ပစ္ခ်သြားရင္ ေသမွာပါပဲ။

ေစာင့္ဆုိင္းေနတဲ့ ရန္သူေတြထဲကုိ ပထမဆုံးဝင္သြားရမယ့္ သူျဖစ္တဲ့ Entry Fragger ဟာ လက္ျမန္မႈ၊ ပါးနပ္မႈနဲ႔ ဝင္ရဲတဲ့ သတၱိ အကုန္လုံးျပည့္စုံေနဖို႔ လုိအပ္ပါတယ္။ Entry Position ဟာ အရင္ဆုံးေသဖို႔ အျဖစ္ႏုိင္ဆုံးေနရာ ျဖစ္ေသာ္လည္း သူေသသြားေပမယ့္ ကိုယ့္အသင္းကို လိုအပ္တဲ့ ေနရာယူလုိ႔ ရေအာင္ လမ္းဖြင့္ေပးႏုိင္ခဲ့တယ္၊ ဥပမာ – Bomb Site ထဲ ေရာက္သြားေစခဲ့တယ္ ဆုိရင္ သူ႕တာဝန္ေက်တယ္လို႔ သတ္မွတ္လို႔ ရပါတယ္။ T-side မွာေနရတဲ့ အသင္းအတြက္ ကိုယ္က Bomb ေထာင္ျပီး ေနရာျပန္ယူႏုိင္ဖို႔ဟာ အေရးၾကီးဆုံးပါပဲ။

Support

Support Role ဟာ CSGO မွာလည္း MOBA ေတြလိုပဲ အေရးအပါဆုံး ေနရာတစ္ခုပါ။ Support Player ေတြရဲ႕ တာဝန္က T နဲ႔ CT side ကိုလုိက္ျပီး ႏွစ္မ်ဳိးကြဲပါတယ္။

T-side မွာ Support player ေတြဟာ Entry Fragger ရဲ႕လက္တကမ္းအကြာကေန ကပ္လုိက္ရတဲ့ Position ျဖစ္ျပီး အဓိက တာဝန္ႏွစ္ခု ရွိျပန္တယ္။ ပထမတစ္ခုက Entry Fragger နဲ႔အတူ လိုက္တုိးဝင္သြားျပီး Entry Fragger နဲ႔ယွဥ္ပစ္ေနတဲ့ ရန္သူ CT ကို လိုက္ပစ္ရင္း ေရွ႕တုိးေနရာယူေပးႏုိင္ဖို႔ ျဖစ္ပါတယ္။ Entry ဟာ မၾကာခဏ ေသဖို႔နီးတာေၾကာင့္ Support Player က Entry က်သြားရင္လည္း တစ္ဖက္ CT ကို Trade အေနနဲ႔ ျပန္ယူႏုိင္ရမယ္၊ ဒါမွမဟုတ္ ေရွ႕တက္ဖုိ႔ အေရးပါတဲ့ Angle တစ္ခုကို ရယူႏုိင္ရမွာ ျဖစ္တယ္။

ေနာက္တာဝန္တစ္ခုကေတာ့ Grenade ေတြ ပစ္ေပးဖို႔ပါ။ Entry Fragger က ရန္သူရွိမယ့္ ေနရာေတြကို Flash နဲ႔ Smoke ၾကဲျပီး ဝင္သြားမယ္ဆုိရင္ Support Player ေတြက Entry နဲ႔ ပူးေပါင္းျပီး Flash / Smoke ထပ္လုိအပ္မယ့္ ေနရာေတြကို ေနာက္ကေန ပစ္တင္ေပးရမွာပါ။ Support player ေကာင္းျဖစ္ဖို႔က Entry ရဲ႕ လႈပ္ရွားမႈကို ၾကည့္ျပီး ဘယ္ေနရာကို အားျဖည့္ေပးရမယ္၊ ဘယ္ Angle ကို စြဲယူထားရမယ္ဆုိတာ သိဖို႔ရယ္၊ Teamwork နဲ႔ Coordination ေကာင္းဖို႔၊ ကိုယ့္အသင္းသားေတြကို ေနာက္ကေန ေစာင့္ၾကည့္ျပီး လုိအပ္တဲ့ ေနရာကို ခ်က္ခ်င္းျဖည့္ေပးႏုိင္ဖို႔ လိုတယ္။

CT-side ဘက္မွာေတာ့ Support Player ေတြဟာ အကူအညီလိုအပ္တဲ့ ေနရာေတြကို ပထမဆုံး Rotate ေပးရတဲ့ သူေတြ ျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ Support role ကစားတဲ့သူဟာ Score board မွာေတာ့ ေအာက္ဆုံး ေရာက္ေနဖို႔ မ်ားတယ္။ ပြဲတစ္ပြဲမွာ အေရးပါသေလာက္ အႏုိင္ရရင္လည္း ေက်းဇူးတင္ခံရမယ့္ ေနရာမ်ဳိးေတာ့ မဟုတ္ပါဘူး။

Pub ဂိမ္းေတြမွာေတာ့ ဘယ္သူမွ Score board ေအာက္မေရာက္ခ်င္တဲ့အတြက္ Support role ဟာ ရွာဖို႔ခက္မွာ မလြဲပါဘူး။ ဒါ့အျပင္ သူစိမ္းေတြနဲ႔ Teamwork ရွိဖို႔၊ အခ်င္းခ်င္းယုံၾကည္မႈရွိဖို႔ဆုိတာလည္း မျဖစ္ႏုိင္ပါ။ တကယ္လို႔ Matchmaking ဂိမ္းေတြထဲမွာ Player တစ္ေယာက္က ေျဖးေျဖးမွန္မွန္ပဲ သြားေနမယ္၊ တစ္ခါတေလ လုိအပ္တဲ့ အခ်က္အလက္ေတြရသြားလို႔ ကာဗာပစ္ေပးရမယ့္ ေနရာကို အျမန္ဆုံးေျပးလာျပီး ကိုယ့္ကို ကူပစ္ေပးမယ္၊ Kill trade လုပ္ေပးမယ္ဆုိရင္ေတာ့ ဒီလိုလူေတြကို Matchmaking မွာ Support အျဖစ္ ကစားေပးတဲ့ သူေတြလို႔ သတ္မွတ္ႏုိင္ပါတယ္။

The Lurker

Lurker ေတြကေတာ့ Support နဲ႔ ေျပာင္းျပန္၊ တစ္ကိုယ္ေတာ္ လႈပ္ရွားမႈကို ပိုဦးစားေပးရတဲ့ သူေတြပါ။ ဒီ Role ရဲ႕ လုပ္ေဆာင္ပုံက ေျမပုံရဲ႕ အေရးပါတဲ့ေနရာေတြကို တိတ္တဆိတ္ လွည့္ပတ္သြားရင္း ရန္သူေတြကို Flank (ႏွစ္ဖက္ညွပ္ပစ္) ႏုိင္ဖို႔ ၾကိဳးစားရတဲ့ ေနရာျဖစ္တယ္။ ခ်ိန္သားကိုက္လႈပ္ရွားႏုိင္တဲ့အခါ တစ္ဖက္က Rotate လုပ္လာတဲ့၊ ဒါမွမဟုတ္ သူ႔အသင္းကို ကူညီဖို႔ေျပးလာတဲ့ ရန္သူကို အငိုက္ဖမ္းျပီး ရွင္းပစ္ရင္း ကိုယ့္အသင္းရဲ႕ လႈပ္ရွားမႈနဲ႔ အႏုိင္ရဖို႔ အခြင့္အေရးကို ကာကြယ္ေပးရတာပါပဲ။ ဒါ့ေၾကာင့္ သူတုိ႔ကို Backstabber (ေနာက္ေက်ာကေန ဓါးနဲ႔ ထိုးတဲ့သူ) လို႔လည္း ေခၚတယ္။

Lurker ေကာင္းတစ္ေယာက္ျဖစ္ဖို႔အတြက္ ေျမပုံေပၚမွာ Position ယူႏုိင္ဖို႔၊ ဘယ္အခ်ိန္မွာ ရန္သူနဲ႔ Engage လုပ္ရမယ္ဆုိတာ သိဖို႔လိုပါတယ္။ Lurker တစ္ေယာက္ဟာ သူ႕ကို ရန္သူ တစ္ေယာက္ မျမင္ဘဲ ေက်ာ္သြားရင္ ခ်က္ခ်င္းရွင္းပစ္မလား၊ ဒါမွမဟုတ္ ကိုယ့္အသင္းကို Information ေပးျပီး ေနာက္ထပ္ရန္သူေတြ ပါလာဖို႔ ေစာင့္ဆုိင္းရင္း ဘယ္အခ်ိန္မွာ ေက်ာ္သြားတဲ့ ရန္သူေနာက္ေက်ာကေန ဝင္ပစ္ရမလဲ ဆုိတာကို ဆုံးျဖတ္ႏုိင္ရမွာပါ။

ျပိဳင္ပြဲေတြမွာ အေရးပါတဲ့ role ျဖစ္သလို Matchmaking မွာလည္း Lurker ေကာင္းေကာင္းနဲ႔ ရန္သူ ျဖစ္ရတာ မေခ်ာင္ပါဘူး။ ပရုိေတြရဲ႕ ကစားပုံကို အတုခုိးရေကာင္းမွန္းသိတဲ့ Level ေတြမွာေတာ့ Lurker role ဟာ ေတာ္ေတာ္မ်ားမ်ား သေဘာက်တတ္တဲ့ Role (Support နဲ႔တကယ္ေျပာင္းျပန္) ျဖစ္ေနမွာပါ။

Leader (in-game Leader)

Leader role ဟာ ဘယ္ Competitive မွာမဆုိ အေရးၾကီးပါတယ္။ အသင္းတစ္သင္းမွာ လူငါးေယာက္ ရွိရင္ သူတုိ႔ေခါင္းထဲမွာ ဆုံးျဖတ္ခ်က္ ငါးမ်ဳိး ရွိေနမွာပါ။ In-game Leader က အေျခအေနေပၚ အသင့္ေတာ္ဆုံး ျဖစ္ႏုိင္မယ့္ ဆုံးျဖတ္ခ်က္တစ္ခုတည္းကို ခ်ေပးရမယ့္သူ ျဖစ္တယ္။ ဒါေပမယ့္ သူက Coach မဟုတ္ဘူးဗ်၊ သူကလဲ ဂိမ္းထဲမွာ ေဆာ့ေနတာ။ သူ႕ရဲ႕ Performance က်မသြားေအာင္လဲ ၾကိဳးစားရင္းနဲ႔ ဂိမ္းရဲ႕ Flow ကို၊ ရန္သူေတြရဲ႕ Position ကုိ ဖတ္ဖို႔ပါ ၾကိဳးစားေနရတာပါ။

Leader ဟာ Support လည္းျဖစ္ႏုိင္တယ္ Lurker လည္း ျဖစ္ႏုိင္တယ္၊ AWP သမားလည္း ျဖစ္ႏုိင္တယ္။ အဓိက အခ်က္က ဘာလုပ္ရမယ္ဆုိတာကို ရွင္းလင္းတဲ့ ဆုံးျဖတ္ခ်က္တစ္ခုတည္း ခ်ေပးႏုိင္မယ့္ သူပါ။ ေကာင္တာလို ေရြ႕လ်ားမႈျမန္တဲ့၊ အေျခအေနအေျပာင္းအလဲျမန္တဲ့ ဂိမ္းေပၚမွာ ကစားေနရင္း Strategy နဲ႔ Tactic ကုိပါ စဥ္းစားေပးရမယ့္သူက IGL (In-game Leader) ျဖစ္ပါတယ္။ ဒါဟာ MOBA ဂိမ္းေတြထက္ ပိုျပီး ခက္ခဲတဲ့ အာရုံစုိက္မႈ ျဖစ္မွာပါ။

ဒါေတြက Play Style ေပၚမူတည္ျပီး ခြဲျခားလို႔ရတဲ့ Role ေတြျဖစ္ျပီး ေသနတ္ေပၚမူတည္ျပီး ခြဲရရင္ေတာ့ ႏွစ္မ်ဳိးပဲ ရွိပါတယ္။ အဲ့ဒါကေတာ့ AWP သမားနဲ႔ Rifler ရုိင္ဖယ္သမားပါပဲ။ ရုိင္ဖယ္ေတြဟာ ေကာင္တာဂိမ္းရဲ႕ အဓိက Weapon ေတြျဖစ္တာကို ျငင္းလို႔မရပါဘူး။

ေျမပုံေပၚကို လုိက္ျပီး ေသခ်ာေလ့က်င့္ထားတဲ့ AWP သမား ေတြဟာလည္း ပြဲတစ္ပြဲရဲ႕ အဆုံးအျဖတ္ျဖစ္ျပီး ကစားသမားတစ္ေယာက္ကို အခြင့္အေရးေလး တစ္ခုထဲ ရရုံနဲ႔ ရွင္းပစ္ဖုိ႔ အခြင့္အလမ္း အမ်ားဆုံးျဖစ္တယ္။ ေျမပုံနဲ႔ ကစားေနတဲ့ အေျခအေနေပၚလုိက္ျပီး တစ္ခါတေလမွာ ဒုတိယ AWP သမား ထားဖို႔ မထားဖို႔ကိုလည္း ဆုံးျဖတ္ၾကရပါတယ္။ ဒါေပမယ့္ AWP သုံးလက္နဲ႔ အထက္ ဝယ္ဖို႔ ဆုိတာကေတာ့ အင္မတန္ရွားပါးတဲ့ အေျခအေနပါ။

အေရွ႕မွာ ေျပာခဲ့တာေတြ အားလုံးက တကယ္ေတာ့ အသုံးမဝင္လွပါဘူး။ Player တစ္ေယာက္က Role တစ္ခုကို အေသထားေဆာ့ဖို႔ ဆုိတာ Counter Strike လို ဂိမ္းမ်ဳိးမွာ မရွိႏုိင္ပါဘူး။ စကၠန္႔နဲ႔အမွ် ေျပာင္းလဲေနတဲ့ ပြဲရဲ႕ အေျခအေနကို ဖတ္ျပီး ကိုယ္ဘယ္လိုေဆာ့မယ္ဆုိတာကို ျမန္ျမန္ဆန္ဆန္ဆုံးျဖတ္ခ်က္ ခ်ေနရမွာပါပဲ။

အခု ရွင္းျပခ်က္ေတြဟာ ကစားသမားေတြက ဘယ္လိုအခ်ိန္မွာ ဘာလုပ္ေနတာ ဘာေၾကာင့္ဆုိတဲ့ အခ်က္ကို ရွင္းျပဖို႔ သက္သက္ ျဖစ္ပါတယ္။ Player တစ္ေယာက္ဟာ ေျမပုံေပၚလိုက္ျပီး၊ ဒါမွမဟုတ္ အေျခအေနေပၚလုိက္ျပီး သူ႕ရဲ႕ အားသာခ်က္ အားနည္းခ်က္ ရွိတတ္တဲ့အတြက္ IGL က ဘယ္သူကို ဘာလုပ္ဖို႔ ေျပာင္းလဲဆုံးျဖတ္ေပးႏုိင္တယ္။ အေရးၾကီးတာကေတာ့ ပြဲရဲ႕ အေျခအေနေပၚကို လိုက္ျပီး အလုပ္သင့္ဆုံးလို႔ ထင္တာကို လုပ္လိုက္ဖို႔ပါပဲ။

အားလုံးပဲ CS ကစားမိတဲ့ အခ်ိန္ေလးမွာ ဒီ role ေတြရဲ႕ ဖြင့္ဆုိခ်က္ေတြကို သတိရျပီး ပြဲထဲမွာ ပိုထိေရာက္တဲ့ ဆုံးျဖတ္ခ်က္ ခ်ႏုိင္ၾကပါေစဗ်ာ။

================================================

[Unicode]

CS:GO Player Roles များအကြောင်း

 

အသင်းအဖွဲ့နဲ့ ကစားရတဲ့ အားကစားတွေ (ဥပမာ – ဘောလုံး၊ ဘေ့စ်ဘော) တို့မှာ ကစားသမားတွေ အတွက် မတူညီတဲ့ Position နဲ့ Role တွေ ရှိကြပါတယ်။ ဒီလိုပဲ e-Sports လို့ခေါ်တဲ့ Competitive ဂိမ်းတွေမှာလဲ အသင်းလိုက်ကစားရတဲ့ အမျိုးအစားတွေမှာ သက်ဆိုင်ရာ Role နဲ့ Position တွေ၊ Position ကိုလိုက်ပြီး သတ်မှတ်ပေးထားတဲ့ Role တွေ ရှိကြပါတယ်။

ဒီထဲကမှ Dota 2, LOL အခုဆို Mobile Legend, Arena of Valor စတဲ့ Three-corridors စတိုင် MOBA ဂိမ်းတွေမှာ ကစားသမားတွေရဲ့ Role က အရမ်းသိသာထင်ရှားပေမယ့် ကျွန်တော်တို့ငယ်ငယ်ထဲက ပျော်ပျော်ကြီး ဆော့လာတဲ့ ကောင်တာ Counter Strike ဂိမ်းကတော့ ဒီလိုမဟုတ်ပါဘူး။

ကိုယ်ကျတဲ့ဘက်က Counter-side ဖြစ်နေရင်တောင် Bomb site တွေပေါ် မူတည်ပြီး နေရာချတာတွေ ဘာတွေရှိဦးမယ်။ T-side ဆိုလို့ကတော့ များသောအားဖြင့် ကြုံသလို ထွက်ပစ်ကြတာပါပဲ။ တကယ်လဲ Counter Strike ဟာ အခြေအနေနဲ့ အချိန်အခါ အပြောင်းအလဲမြန်ဆန်ပြီး အရမ်း Dynamic ဖြစ်တဲ့ ဂိမ်းတစ်ခု ဖြစ်တဲ့အတွက်ကြောင့် ပွဲတိုင်းပုံသေကြီး မင်းက ဘယ်လမ်းသွား ဆိုပြီး လုပ်လို့မရပါ။

ဒါပေမယ့် လူငါးယောက်ပါတဲ့ Unit တစ်ခုအဖြစ် ဆော့ရတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ကစားသမားတွေဟာ အသင်းတစ်ခုအနေနဲ့ အနိုင်ရဖို့ ပိုပြီးထိရောက်မယ့် အကြမ်းဖျင်းစည်းမျဉ်းတွေကို ထုတ်ဖော်ဖန်တီးလာခဲ့ကြပါတယ်။ အခုပိုစ့်မှာတော့ Competitive တွေမှာ ကစားသမားငါးယောက်ပါတဲ့ Unit တစ်ခု အနေနဲ့ လှုပ်ရှားလေ့ရှိတဲ့ Role တွေကို ရှင်းပြမှာပါ။ အမှားလည်း ပါကောင်းပါနိုင်ပါတယ်။ ဒါပေမယ့် CSGO ကို အပျော်တမ်းပဲ ကစားနေတဲ့ သူငယ်ချင်းတွေကြားမှာ Role တွေရဲ့ အရေးပါပုံနဲ့ သဘောသဘာဝကို သတိထားမိသွားရင်တောင် မနည်းဘူး ဆိုတဲ့စိတ်နဲ့ ဖော်ပြသွားမှာပါ။ တစ်ပုံချင်းစီ ထောက်ပြီး ဖတ်ရှုသွားနိုင်ပါတယ်။

The Entry Fragger

Entry သို့မဟုတ် Entry Fragger ဆိုတာ ရှင်းရှင်းပြောရရင် ကိုယ့်ဘက်က တိုက်စစ်ဆင်ရမယ့် အချိန်မှာ ရှေ့ဆုံးက ဝင်ချတဲ့ ကစားသမားပါပဲ။ ဒါ့ကြောင့် Entry လို့ခေါ်တာ ဖြစ်တယ်။ Entry Fragger တွေဟာ Terrorist side မှာ Bomb ထောင်မယ့်နေရာကို တက်ရင် တစ်ဖက်က ထောက်ထားတဲ့ CT တွေကြားထဲ ပထမဆုံးပြေးဝင်ပြီး ကိုယ့်အသင်းအတွက် လမ်းဖွင့်ပေးရမယ့် သူပါ။

Entry Fragger ကောင်းတစ်ယောက်အတွက် လိုအပ်တဲ့ အရည်အချင်းကတော့ လျှင်မြန်ပြီး တိကျတဲ့ Aim ရှိရပါမယ်။ ဒါမှသာ ကြိုနေရာယူထားတဲ့ CT တွေနဲ့ ယှဉ်ပစ်နိုင်မှာကိုး။ ဒါ့အပြင် CT ဘက်ကလူတွေ နေရာယူတတ်တဲ့ Position တွေကိုလည်း နှံ့နှံ့စပ်စပ် သိနားလည်ထားဖို့ လိုပါတယ်။ လက်ဘယ်လောက်မြန်မြန် Blindspot ကနေ ပစ်ချသွားရင် သေမှာပါပဲ။

စောင့်ဆိုင်းနေတဲ့ ရန်သူတွေထဲကို ပထမဆုံးဝင်သွားရမယ့် သူဖြစ်တဲ့ Entry Fragger ဟာ လက်မြန်မှု၊ ပါးနပ်မှုနဲ့ ဝင်ရဲတဲ့ သတ္တိ အကုန်လုံးပြည့်စုံနေဖို့ လိုအပ်ပါတယ်။ Entry Position ဟာ အရင်ဆုံးသေဖို့ အဖြစ်နိုင်ဆုံးနေရာ ဖြစ်သော်လည်း သူသေသွားပေမယ့် ကိုယ့်အသင်းကို လိုအပ်တဲ့ နေရာယူလို့ ရအောင် လမ်းဖွင့်ပေးနိုင်ခဲ့တယ်၊ ဥပမာ – Bomb Site ထဲ ရောက်သွားစေခဲ့တယ် ဆိုရင် သူ့တာဝန်ကျေတယ်လို့ သတ်မှတ်လို့ ရပါတယ်။ T-side မှာနေရတဲ့ အသင်းအတွက် ကိုယ်က Bomb ထောင်ပြီး နေရာပြန်ယူနိုင်ဖို့ဟာ အရေးကြီးဆုံးပါပဲ။

Support

Support Role ဟာ CSGO မှာလည်း MOBA တွေလိုပဲ အရေးအပါဆုံး နေရာတစ်ခုပါ။ Support Player တွေရဲ့ တာဝန်က T နဲ့ CT side ကိုလိုက်ပြီး နှစ်မျိုးကွဲပါတယ်။

T-side မှာ Support player တွေဟာ Entry Fragger ရဲ့လက်တကမ်းအကွာကနေ ကပ်လိုက်ရတဲ့ Position ဖြစ်ပြီး အဓိက တာဝန်နှစ်ခု ရှိပြန်တယ်။ ပထမတစ်ခုက Entry Fragger နဲ့အတူ လိုက်တိုးဝင်သွားပြီး Entry Fragger နဲ့ယှဉ်ပစ်နေတဲ့ ရန်သူ CT ကို လိုက်ပစ်ရင်း ရှေ့တိုးနေရာယူပေးနိုင်ဖို့ ဖြစ်ပါတယ်။ Entry ဟာ မကြာခဏ သေဖို့နီးတာကြောင့် Support Player က Entry ကျသွားရင်လည်း တစ်ဖက် CT ကို Trade အနေနဲ့ ပြန်ယူနိုင်ရမယ်၊ ဒါမှမဟုတ် ရှေ့တက်ဖို့ အရေးပါတဲ့ Angle တစ်ခုကို ရယူနိုင်ရမှာ ဖြစ်တယ်။

နောက်တာဝန်တစ်ခုကတော့ Grenade တွေ ပစ်ပေးဖို့ပါ။ Entry Fragger က ရန်သူရှိမယ့် နေရာတွေကို Flash နဲ့ Smoke ကြဲပြီး ဝင်သွားမယ်ဆိုရင် Support Player တွေက Entry နဲ့ ပူးပေါင်းပြီး Flash / Smoke ထပ်လိုအပ်မယ့် နေရာတွေကို နောက်ကနေ ပစ်တင်ပေးရမှာပါ။ Support player ကောင်းဖြစ်ဖို့က Entry ရဲ့ လှုပ်ရှားမှုကို ကြည့်ပြီး ဘယ်နေရာကို အားဖြည့်ပေးရမယ်၊ ဘယ် Angle ကို စွဲယူထားရမယ်ဆိုတာ သိဖို့ရယ်၊ Teamwork နဲ့ Coordination ကောင်းဖို့၊ ကိုယ့်အသင်းသားတွေကို နောက်ကနေ စောင့်ကြည့်ပြီး လိုအပ်တဲ့ နေရာကို ချက်ချင်းဖြည့်ပေးနိုင်ဖို့ လိုတယ်။

CT-side ဘက်မှာတော့ Support Player တွေဟာ အကူအညီလိုအပ်တဲ့ နေရာတွေကို ပထမဆုံး Rotate ပေးရတဲ့ သူတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် Support role ကစားတဲ့သူဟာ Score board မှာတော့ အောက်ဆုံး ရောက်နေဖို့ များတယ်။ ပွဲတစ်ပွဲမှာ အရေးပါသလောက် အနိုင်ရရင်လည်း ကျေးဇူးတင်ခံရမယ့် နေရာမျိုးတော့ မဟုတ်ပါဘူး။

Pub ဂိမ်းတွေမှာတော့ ဘယ်သူမှ Score board အောက်မရောက်ချင်တဲ့အတွက် Support role ဟာ ရှာဖို့ခက်မှာ မလွဲပါဘူး။ ဒါ့အပြင် သူစိမ်းတွေနဲ့ Teamwork ရှိဖို့၊ အချင်းချင်းယုံကြည်မှုရှိဖို့ဆိုတာလည်း မဖြစ်နိုင်ပါ။ တကယ်လို့ Matchmaking ဂိမ်းတွေထဲမှာ Player တစ်ယောက်က ဖြေးဖြေးမှန်မှန်ပဲ သွားနေမယ်၊ တစ်ခါတလေ လိုအပ်တဲ့ အချက်အလက်တွေရသွားလို့ ကာဗာပစ်ပေးရမယ့် နေရာကို အမြန်ဆုံးပြေးလာပြီး ကိုယ့်ကို ကူပစ်ပေးမယ်၊ Kill trade လုပ်ပေးမယ်ဆိုရင်တော့ ဒီလိုလူတွေကို Matchmaking မှာ Support အဖြစ် ကစားပေးတဲ့ သူတွေလို့ သတ်မှတ်နိုင်ပါတယ်။

The Lurker

Lurker တွေကတော့ Support နဲ့ ပြောင်းပြန်၊ တစ်ကိုယ်တော် လှုပ်ရှားမှုကို ပိုဦးစားပေးရတဲ့ သူတွေပါ။ ဒီ Role ရဲ့ လုပ်ဆောင်ပုံက မြေပုံရဲ့ အရေးပါတဲ့နေရာတွေကို တိတ်တဆိတ် လှည့်ပတ်သွားရင်း ရန်သူတွေကို Flank (နှစ်ဖက်ညှပ်ပစ်) နိုင်ဖို့ ကြိုးစားရတဲ့ နေရာဖြစ်တယ်။ ချိန်သားကိုက်လှုပ်ရှားနိုင်တဲ့အခါ တစ်ဖက်က Rotate လုပ်လာတဲ့၊ ဒါမှမဟုတ် သူ့အသင်းကို ကူညီဖို့ပြေးလာတဲ့ ရန်သူကို အငိုက်ဖမ်းပြီး ရှင်းပစ်ရင်း ကိုယ့်အသင်းရဲ့ လှုပ်ရှားမှုနဲ့ အနိုင်ရဖို့ အခွင့်အရေးကို ကာကွယ်ပေးရတာပါပဲ။ ဒါ့ကြောင့် သူတို့ကို Backstabber (နောက်ကျောကနေ ဓါးနဲ့ ထိုးတဲ့သူ) လို့လည်း ခေါ်တယ်။

Lurker ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် မြေပုံပေါ်မှာ Position ယူနိုင်ဖို့၊ ဘယ်အချိန်မှာ ရန်သူနဲ့ Engage လုပ်ရမယ်ဆိုတာ သိဖို့လိုပါတယ်။ Lurker တစ်ယောက်ဟာ သူ့ကို ရန်သူ တစ်ယောက် မမြင်ဘဲ ကျော်သွားရင် ချက်ချင်းရှင်းပစ်မလား၊ ဒါမှမဟုတ် ကိုယ့်အသင်းကို Information ပေးပြီး နောက်ထပ်ရန်သူတွေ ပါလာဖို့ စောင့်ဆိုင်းရင်း ဘယ်အချိန်မှာ ကျော်သွားတဲ့ ရန်သူနောက်ကျောကနေ ဝင်ပစ်ရမလဲ ဆိုတာကို ဆုံးဖြတ်နိုင်ရမှာပါ။

ပြိုင်ပွဲတွေမှာ အရေးပါတဲ့ role ဖြစ်သလို Matchmaking မှာလည်း Lurker ကောင်းကောင်းနဲ့ ရန်သူ ဖြစ်ရတာ မချောင်ပါဘူး။ ပရိုတွေရဲ့ ကစားပုံကို အတုခိုးရကောင်းမှန်းသိတဲ့ Level တွေမှာတော့ Lurker role ဟာ တော်တော်များများ သဘောကျတတ်တဲ့ Role (Support နဲ့တကယ်ပြောင်းပြန်) ဖြစ်နေမှာပါ။

Leader (in-game Leader)

Leader role ဟာ ဘယ် Competitive မှာမဆို အရေးကြီးပါတယ်။ အသင်းတစ်သင်းမှာ လူငါးယောက် ရှိရင် သူတို့ခေါင်းထဲမှာ ဆုံးဖြတ်ချက် ငါးမျိုး ရှိနေမှာပါ။ In-game Leader က အခြေအနေပေါ် အသင့်တော်ဆုံး ဖြစ်နိုင်မယ့် ဆုံးဖြတ်ချက်တစ်ခုတည်းကို ချပေးရမယ့်သူ ဖြစ်တယ်။ ဒါပေမယ့် သူက Coach မဟုတ်ဘူးဗျ၊ သူကလဲ ဂိမ်းထဲမှာ ဆော့နေတာ။ သူ့ရဲ့ Performance ကျမသွားအောင်လဲ ကြိုးစားရင်းနဲ့ ဂိမ်းရဲ့ Flow ကို၊ ရန်သူတွေရဲ့ Position ကို ဖတ်ဖို့ပါ ကြိုးစားနေရတာပါ။

Leader ဟာ Support လည်းဖြစ်နိုင်တယ် Lurker လည်း ဖြစ်နိုင်တယ်၊ AWP သမားလည်း ဖြစ်နိုင်တယ်။ အဓိက အချက်က ဘာလုပ်ရမယ်ဆိုတာကို ရှင်းလင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုတည်း ချပေးနိုင်မယ့် သူပါ။ ကောင်တာလို ရွေ့လျားမှုမြန်တဲ့၊ အခြေအနေအပြောင်းအလဲမြန်တဲ့ ဂိမ်းပေါ်မှာ ကစားနေရင်း Strategy နဲ့ Tactic ကိုပါ စဉ်းစားပေးရမယ့်သူက IGL (In-game Leader) ဖြစ်ပါတယ်။ ဒါဟာ MOBA ဂိမ်းတွေထက် ပိုပြီး ခက်ခဲတဲ့ အာရုံစိုက်မှု ဖြစ်မှာပါ။

ဒါတွေက Play Style ပေါ်မူတည်ပြီး ခွဲခြားလို့ရတဲ့ Role တွေဖြစ်ပြီး သေနတ်ပေါ်မူတည်ပြီး ခွဲရရင်တော့ နှစ်မျိုးပဲ ရှိပါတယ်။ အဲ့ဒါကတော့ AWP သမားနဲ့ Rifler ရိုင်ဖယ်သမားပါပဲ။ ရိုင်ဖယ်တွေဟာ ကောင်တာဂိမ်းရဲ့ အဓိက Weapon တွေဖြစ်တာကို ငြင်းလို့မရပါဘူး။

မြေပုံပေါ်ကို လိုက်ပြီး သေချာလေ့ကျင့်ထားတဲ့ AWP သမား တွေဟာလည်း ပွဲတစ်ပွဲရဲ့ အဆုံးအဖြတ်ဖြစ်ပြီး ကစားသမားတစ်ယောက်ကို အခွင့်အရေးလေး တစ်ခုထဲ ရရုံနဲ့ ရှင်းပစ်ဖို့ အခွင့်အလမ်း အများဆုံးဖြစ်တယ်။ မြေပုံနဲ့ ကစားနေတဲ့ အခြေအနေပေါ်လိုက်ပြီး တစ်ခါတလေမှာ ဒုတိယ AWP သမား ထားဖို့ မထားဖို့ကိုလည်း ဆုံးဖြတ်ကြရပါတယ်။ ဒါပေမယ့် AWP သုံးလက်နဲ့ အထက် ဝယ်ဖို့ ဆိုတာကတော့ အင်မတန်ရှားပါးတဲ့ အခြေအနေပါ။

အရှေ့မှာ ပြောခဲ့တာတွေ အားလုံးက တကယ်တော့ အသုံးမဝင်လှပါဘူး။ Player တစ်ယောက်က Role တစ်ခုကို အသေထားဆော့ဖို့ ဆိုတာ Counter Strike လို ဂိမ်းမျိုးမှာ မရှိနိုင်ပါဘူး။ စက္ကန့်နဲ့အမျှ ပြောင်းလဲနေတဲ့ ပွဲရဲ့ အခြေအနေကို ဖတ်ပြီး ကိုယ်ဘယ်လိုဆော့မယ်ဆိုတာကို မြန်မြန်ဆန်ဆန်ဆုံးဖြတ်ချက် ချနေရမှာပါပဲ။

အခု ရှင်းပြချက်တွေဟာ ကစားသမားတွေက ဘယ်လိုအချိန်မှာ ဘာလုပ်နေတာ ဘာကြောင့်ဆိုတဲ့ အချက်ကို ရှင်းပြဖို့ သက်သက် ဖြစ်ပါတယ်။ Player တစ်ယောက်ဟာ မြေပုံပေါ်လိုက်ပြီး၊ ဒါမှမဟုတ် အခြေအနေပေါ်လိုက်ပြီး သူ့ရဲ့ အားသာချက် အားနည်းချက် ရှိတတ်တဲ့အတွက် IGL က ဘယ်သူကို ဘာလုပ်ဖို့ ပြောင်းလဲဆုံးဖြတ်ပေးနိုင်တယ်။ အရေးကြီးတာကတော့ ပွဲရဲ့ အခြေအနေပေါ်ကို လိုက်ပြီး အလုပ်သင့်ဆုံးလို့ ထင်တာကို လုပ်လိုက်ဖို့ပါပဲ။

အားလုံးပဲ CS ကစားမိတဲ့ အချိန်လေးမှာ ဒီ role တွေရဲ့ ဖွင့်ဆိုချက်တွေကို သတိရပြီး ပွဲထဲမှာ ပိုထိရောက်တဲ့ ဆုံးဖြတ်ချက် ချနိုင်ကြပါစေဗျာ။

 

#Motaku #GamingNoodle #Kyitha